Labels
- andriod ဆိုင်ရာ download များ
- android ဆိုင်ရာ down loadများ
- android ဆိုင်ရာ download များ
- androidဆိုင်ရာ down loadများ
- ကဗျာများ
- ကိုးကွယ်မှု
- ချက်နည်း ပြုတ်နည်း
- ဂါထာတော်များ
- စိတ်အာဟာရ
- ဓမ္မပဒ
- ပညာရေး
- ဘာသာရေး
- မဟာစည်ဆရာတော်ကြီး၏ အဆိုအမိန့်များ
- မိုးကုတ်ဆရာတော်ကြီး၏ အဆိုအမိန့်များ
- ရိုးရာ အစားအစာ
- လယ်တီဆရာတော်ကြီး၏ အဆိုအမိန့်များ
- သင်ယူလေ့လာ နည်းပညာ
- သင်ယူလေ့လာနည်းပညာ
- သုတအဖြာဖြာ မှတ်စရာ
- သုတအဖြာဖြာမှတ်စရာ
- ဆေးပညာ ဗဟုသုတ
- ဒေသန္တရ ဗဟုသုတ
- နိုင်ငံရေး နှင့် အမျိုးသားရေး
- နိုင်ငံရေးနှင့်အမျိုးသားရေး
Sunday, June 9, 2013
Sunday, June 2, 2013
၁။မေတ္တာသုတ်ဖြစ်ပေါ်လာရခြင်းအကြောင်း
၁။မေတ္တာသုတ်ဖြစ်ပေါ်လာရခြင်းအကြောင်း
သာဝတ္ထိ ပြည် ဇေတဝန် ကျောင်းတော် ၌ ဂေါတမ မြတ်စွာ ဘုရား သီတင်းသုံးစံနေတော်မူစဉ် ငါးရာသော ရဟန်းအစု တစ်စုသည် တစ်ခုသော ဝါဝင်ခါနီး ကာလ၌ မြတ်စွာဘုရား သခင်အား ဖူးမြော် ရှိခိုး၍ ကမ္မဋ္ဌာန်းနိဿယများယူကာ တောအုပ် တစ်ခုတွင် ဝါ ဆိုလျက် ကမ္မဋ္ဌာန်း တရားအားထုတ်ကြလေသည်။ ရဟန်းတော် များသည် တောအုပ်အနီး ရွာများတွင် နံနက်ဆွမ်းကို ပြည့်စုံစေလျက် ညအခါမှာ တောအုပ် တွင်းရှိ သစ်ပင် ကြီးများကို မှီခိုကာ တစ်ပင်လျှင် တစ်ပါးကျ သီတင်းသုံး၍တရားကျင့်တော်မူကြလေသည် ။ထို အချိန်တွင် သစ်ပင်ပေါ်ရှိ ရုက္ခစိုးများသည် ရဟန်းတော်များ၏ အထက်တွင် မနေဝံ့ကြ သဖြင့် မြေပြင်တွင် ဆင်း၍ဒုက္ခ ခံ ကာ နေထိုင်ကြရလေသည်။ အချို့ ရုက္ခ စိုးများမှာ ကလေးငယ်များရှိကြသဖြင့် ရဟန်းတော်များတစ်နေ့ ပြန်နိုးတစ်ရက်ပြန်နိုးစောင့်စား နေ ပါသော်လည်းရုတ်တရက် မပြန်တော့သဖြင့်အချင်းချင်း ညှိနှိုင်းကာ ငါးရာသော ရဟန်းတို့ကြောက်လန့်ထွက်ေ ပြးစေ ရေးအတွက်ေ ကြာက်မက်ဖွယ်ရာ ဘီလူးကြီး၊ နဂါးကြီးသဏ္ဌာန် ပြ၍ လည်းကောင်း၊ ထိတ်လန့်ဖွယ်ရာ အပုပ်နံ့ကြီးများဖြင့် လည်းကောင်းခြောက်လှန့်ဖျက် ဆီးကြတော့သည်။
ရဟန်းတော်များသည်တစ်ပါးစီ ခြောက်လှန့်ခံကြရသည် ဖြစ်ရာ ကမ္မဋ္ဌာန်းဘာဝနာ ကို အားထုတ်ရာတွင် သမာဓိ မရနိုင်တော့သည့်အဆုံးခေါင်းဆောင်မထေရ် ကြီးအား အသိပေးလျက် မြတ်စွာဘုရား ရှိရာ သာဝတ္ထိ ပြည် ဇေတဝန် ကျောင်းတော် သို့ ပြန်လာခဲ့ကြလေသည်။ ဘုရားသခင်၏ရှေ့ မှောက်၌ ဖြစ်ပျက်ပုံအကြောင်းများကို လျှောက်ထားသည့်အခါ ရှင်တော်မြတ်ဘုရားက ရဟန်းငါးရာ တို့ကို မေတ္တာ ကမ္မဋ္ဌာန်းစီးဖြန်းကြစေရန် မေတ္တာ သုတ်တော်ကို ဟောဖော်သင်ကြား၍ယင်းတောအုပ် သို့ပင် ပြန်လည် စေလွှတ်လိုက်လေသည်။ မေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်း၍မေတ္တာ သုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ် သွားသော ရဟန်းတော်ငါးရာ ကို ရုက္ခစိုး နတ်တို့သည် မနာလို စိတ်များ ပျောက်ကွယ်၍လူသဏ္ဌာန် ဖန်ဆင်းလျက် ခရီးဦးကြိုသူကြို၊ ခြေဆေးသူဆေး၊ သပိတ်ပွေ့သူက ပွေ့နှင့် လုပ်ကျွေးကြကာ ဝါကျွတ်သည့် အခါတွင် ရဟန်းငါးရာ တို့မှာ ကောင်းစွာ တရားထူးရသည် မှ စ၍မေတ္တာ သုတ်တော်ဖြစ်ပေါ်ရွတ်ဖတ်ခဲ့ကြပါသတည်း။ ဤကားမေတ္တာသုတ်ဖြစ်ပေါ်လာရခြင်းအကြောင်း ဖြစ်ပေ တည်း။
၂။မေတ္တာသုတ်ပါဠိ-အနက်
(၁ )ဟေ ၊အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။အနုဘာဝတော ၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည် ။ ဘီသနံ ၊ ကြောက်မက်ဖွယ် အာရုံမျိုးကို ။ နေ၀ ဒဿန္တိ ၊ မပြနိုင်ကြကုန် ။ယမှိစေ၀ ၊ အကြင်မေတ္တာသုတ် ပရိတ်တော်၌ သာလျှင် ။ ရတ္တိန္ဒိဝံ ၊ နေ့ညမပျက် အခါခပ်သိမ်း။အတန္ဒိတော ၊ပျင်းရိခြင်းမရှိဘဲ ။ အနုယုဉ္ဇန္တော ၊ထပ်တလဲလဲ စွဲမြဲရွတ်ပွား အားထုတ်သူသည် ။
(၂ )သုခံ ၊ချမ်းချမ်းသာသာ ။သုပတိ ၊ အိပ်စက်ရ၏ ။ သုတ္တော ၊ အိပ်ပျော်သည်ရှိသော် ။ ကိဉ္စိ ၊ တစ်စုံ တစ်ခုသော ။ပါပံ စ ၊ အိပ်မက်ဆိုးကိုလည်း ။နပဿတိ ၊ မမြင်မက်ရ။ ဧ၀ါမာဒိဂုဏူပေတံ ၊ ဤသို့အစ ရှိသော အကျိုးဂုဏ်အင် အာနိသင်နှင့်ပြည့်စုံသော ။တံပရိတ္တံ ၊ ထိုမေတ္တာသုတ် ပရိတ်တော်ကို ။မယံ ၊ငါတို့သည် ။ ဘဏာမ ၊ရွတ်ကြကုန်စို့
(၃ )သန္တံ ၊ငြိမ်သက်အေးချမ်းသော ။ပဒံ ၊ နိဗ္ဗာန်ကို ။ အဘိသမေစ္စ ၊အာရုံယူဘိ ထွင်းဖောက် မြင်သိ၍။( ၀ိဟရိတုကာမေန ၊ နေခြင်းငှာ အလိုရှိသော ) အတ္ထကုသလေန ၊အကျင့်အမျိုမျိုးအကျိုးစီးပွား၌ လိမ္မာသူသည် ။ယံ ကရဏီယံ ၊ပြုကျင့်ရမည့်သိက္ခာ သုံးရပ် အကျင့်မြတ်သည် ။အတ္ထိ ၊ ရှိ၏ ။တံ ၊ထိုသိက္ခာသုံးရပ် အကျင့် မြတ်ကို ။ ကရဏီယံ ၊ ပြုကျင့်ထိုက်ပေ၏။သက္ကော စ၊ စွမ်းနိုင်သူလည်း။အဿ ၊ ဖြစ်ရာ၏။ ဥဇူ စ ၊ ဖြောင့်မတ်သူလည်း။အဿ ၊ ဖြစ်ရာ၏။ သုဟုဇူ စ ၊ အလွန်ဖြောင့်မတ်သူလည်း။ အဿ ၊ဖြစ်ရာ၏ ။သုဝစော စ၊ ဆိုဆုံးမလွယ်သူလည်း ။အဿ ၊ဖြစ်ရာ၏။မုဒု စ၊ နုညံ့ပျော့ပျောင်းသူလည်း ။အဿ ၊ ဖြစ်ရာ၏။အနတိမာနိ စ၊ မာန်ထောင်လွှားခြင်းမရှိသူလည်း။အဿ ၊ ဖြစ်ရာ၏ ။
(၄ )သန္တုဿကော စ ၊တင်းတိမ်ရောင့်ရဲလွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏ ။သုဘရော စ ၊ အမွေးအမြူလွယ် သူလည်း။ အဿ ၊ဖြစ်ရာ၏ ။အပ္ပကိစ္စော စ ၊ နည်းပါးသောကိစ္စရှိသူလည်း။ အဿ ၊ဖြစ်ရာ၏ ။ သလ္လဟုက၀ုတ္တိ စ၊ ပေါ့ပါးသော အဖြစ်မျိုးရှိသူလည်း။ အဿ၊ ဖြစ်ရာ၏ ။သန္တိန္ဒြိယော စ ၊ငြိမ်သက်သော ဣနြေ္ဒ ရှိသူလည်း။အဿ ၊ ဖြစ်ရာ၏။ နိပကော စ ၊ ရင့်ကျက်သော ပညာရှိသူလည်း ။အဿ ၊ဖြစ်ရာ၏။ အပ္ပဂဗ္ဘော စ ၊ကြမ်းတမ်းရိုင်းပြခြင်း မရှိသူလည်း။ အဿ ၊ ဖြစ်ရာ၏။ကုလေသု ၊အိမ်သူ လူတို့၌ ။အနနုဂိဒ္ဓေါ စ၊ တွယ်တာမက်မောခြင်းမရှိသူလည်း။ အဿ ၊ဖြစ်ရာ၏ ။
(၅ )ယေန၊ အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့် ။ ၀ိညူ ၊ပညာရှိဖြစ်ကုန်သော ။ ပရေ ၊ သူတစ်ပါးတို့သည် ။ ဥပ၀ဒေယျုံ ၊ကဲ့ရဲ့ပြစ်တင်ကုန်ရာ၏။ ခုဒ္ဒံ ၊ ယုတ်ညံ့သော ။ တံ ၊ ထိုဒုစရိုက်မျိုးကို ။ကိဉ္စိ ၊အနည်းငယ်ကလေး အသေးအဖွဲမျှကိုပင် ။ နအာစရေ ၊မပြုကျင့်ရာ ။ သဗ္ဗသတ္တာ ၊ သတ္တ၀ါ မှန်သမျှတို့သည် ။ သုခိနော ၀ါ ၊ ကိုယ်၏ချမ်းသာခြင်းရှိကုန်သည်လည်းကောင်း။ခေမိနော ၀ါ ၊ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်လည်းကောင်း ။ဟောန္တု၊ ဖြစ်ကြပါစေကုန်သ တည်း။
(၆/၇) အန၀သေသာ ၊ကြွင်းမဲ့ဥဿုံ အလုံးစုန်ကုန်သော ၊ ယေ တသာ ၀ါ ၊အကြင် ထိတ်လန့် တတ်သော ပုထုဇဉ် သေက္ခသည်လည်းကောင်း။ယေ ထာဝရာ ၀ါ ၊ အကြင်မထိတ်မလန့် တည်တန့်ခိုင်မြဲသော ရဟန္တာ တို့သည်လည်းကောင်း။ယေ ဒီဃာ ၀ါ ၊အကြင် ခန္ဓာကိုယ်ရှည်လျှား သတ္တ၀ါ တို့သည်လည်းကောင်း။ယေ မဟန္တာ ၀ါ ၊အကြင်ခန္ဓာကိုယ် ကြီးမားသတ္တ၀ါ များသည်လည်းကောင်း။ယေ မဇ္ဈိမ ၀ါ ၊အကြင်မတိုမရှည် မကြီးမငယ် အရွယ်အလတ်စား သတ္တ၀ါတို့သည်လည်းကောင်း။ယေ ရဿကာ ၀ါ ၊ အကြင်ပုကွနိမ့်တိုခန္ဓာကိုယ် ရှိသော သတ္တ၀ါတို့သည်လည်းကောင်း။ယေ အဏုမာ ၀ါ ၊ အကြင်သေးငယ်မှုန်မွား သတ္တ၀ါများတို့သည်လည်းကောင်း ။ယေထူလာ ၀ါ ၊အကြင်ဝိုင်းစက်ဆူဖြိုးသတ္တ၀ါမျိုးတို့သ ည်လည်းကောင်း။ယေ ဒိဋ္ဌာ ၀ါ ၊အကြင်မြင်ဘူးသော သတ္တ၀ါတို့သည်လည်းကောင်း။ယေ အဒိဋ္ဌာ ၀ါ ၊ အကြင်မမြင်ဘူးသော သတ္တ၀ါ တို့သည်လည်းကောင်း။ ယေ ဒူရေ ၀သန္တိ ၊အကြင်အဝေးအရပ်၌ နေကြကုန်သော သတ္တ၀ါ တို့သည် လည်းကောင်း ။ယေ အ၀ိဒူရေ ၀သန္တိ ၊ အကြင်အနီးအရပ်၌ နေကြသောသတ္တ၀ါ တို့သည်လည်းကောင်း။ယေ ဘူတာ ၀ါ ၊ အကြင်နောင်မဖြစ်ရဖြစ်ပြီးသားဖြစ်ကြသော ရဟန္တာတို့သည်လည်းကောင်း။ယေ သမ္ဘဝေသီ ၀ါ၊ နောင်ဖြစ်ရမည့်ဘ၀ကိုရှာ အကြင်ပုထုဇဉ် သက္ခ သတ္တ၀ါတို့သည်လည်းကောင်း။ယေ ကေစိ ၊ အလုံးစုန်ကုန်သော ။ပါဏဘူတာ ၊သတ္တ၀ါတို့သည် ။ အတ္ထိ ၊ ရှိကုန်၏ ။ဣမေပိသဗ္ဗသတ္တာ ၊ဤအလုံးစုံကုန်သော သတ္တ၀ါတို့သည်လည်းကောင်း။သုခိတတ္တာ ၊ ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါးရှိကြကုန်သည်။ဘ၀န္တု၊ ဖြစ်ကြပါစေကုန်သတည်း။
(၈ )ပရော ၊ တစ်ပါးသူတစ်ယောက်သည် ။ပရံ ၊ သူတစ်ပါးအခြားသူတစ်ယောက်ကို ။နနိကုဗ္ဗေထ ၊ စဉ်းလဲသမှု လှည့်ပါတ်ခြင်း မပြုပါစေလင့် ။ကတ္ထစိ ၊ တစ်စုံတစ်ခုသောအရပ်၌ (ဘယ်အရပ်မှာမဆို) ကိဉ္စိ ၊ တစ်စုံတစ်ယောက်သော ။ နံ ၊ထိုသူတစ်ပါးကို ။ နာတိမညေထ၊ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့် ။ ဗျာရောသနာယ ၊ကိုယ်နှုတ်တို့ဖြင့် စော်ကားထိပါးနှိ ပ်စက်ခြင်းဖြင့်လည်းကောင်း။ ပဋိဃသညာယ ၊ ဒေါသစိတ်ဖြင့်လည်းကောင်း။အညမညဿ ၊ အချင်းချင်း (တစ်ယောက်သည် တစ်ယောက်)၏။ ဒုက္ခံ ၊ ဆင်းရဲခြင်းကို။နဣစ္ဆေယျ၊ အလိုမရှိပါစေလင့်။
(၉ )မာတာ ၊မွေးသည့်မိခင်ကျေးဇူးရှင်သည် ။နိယံပုတ္တံ ၊ မိမိရင်နှစ်သားရင်းဖြစ်သော ။ဧကပုတ္တံ ၊ တစ်ဦးတည်းသောသားကို ။အာယုသာ ၊ မိမိအသက်ဖြင့်သော်ပင် ။အနုရက္ခေ ယထာ ၊ အစဉ်မကွာကွယ်ကာ စောင့်ရှောက်သကဲ့သို့ ။ဧ၀မ္ပိ ၊ ဤအတူလည်း။သဗ္ဗဘူတေသု ၊ အလုံးစုံသောသတ္တ၀ါတို့၌ ။အပရိမာဏံ ၊အတိုင်းအတာပမာဏမရှိသော ။မာနသံ ၊ မေတ္တာစိတ်ကို ပွားများပါလေ။
(၁၀) ဥဒ္ဓံ ၊ အထက်လောက အရူပဘ၀၌လည်းကောင်း။ အဓော ၊ အောက်ပြည်လောက ကာမဘ၀၌လည်းကောင်း။ တိရိယံ ၊ အလယ်လောက ရူပဘ၀၌လည်းကောင်း။ သဗ္ဗလောကသ္မိံ၊အလုံးစုံသောလောက၌။အပရိမာဏံ ၊ အတိုင်းအတာ ပမာဏမရှိသော ။မေတ္တံ ၊မေတ္တာနှင့်ရှင်ေ သာ ။ မာနသံ ၊ စိတ်ကို ။ အဝေယံ ၊ ဒေါသဟူဘိအတွင်းရ န်လည်းမရှိသည်ကို။ အသပတ္တံ ၊ နှိပ်စက်ရန်မူ အပရန်သူလည်း မရှိသည်ကို ။(ကတွာ ၊ ပြု ၍) ဘာဝယေ ၊ ပွားများရာ၏။
(၁၁) တိဋ္ဌံ ၀ါ ၊ရပ်လျှက်သော်လည်းကောင်း။စရံ ၀ါ၊ သွားလျှက်သော်လည်းကောင်း။နိသိန္နော ၀ါ ၊ ထိုင်လျှက်သော်လည်းကောင်း ။သယာနော ၀ါ ၊ အိပ်လျှက်သော်လည်းကောင်း။ယာဝတာ ၊ အကြင်မျှလောက် ။ဝိတမိဒ္ဓေါ ၊ ကင်းသောအိပ်ချင် ငိုက်မည်းခြင်းရှိသည် ။အဿ ၊ ဖြစ်ရာ၏။ အထ ၊ ငိုက်မျဉ်းခြင်းကင်း ထိုအချိန်အတွင်း၌။ဧတံ သတိံ ၊ ထိုမေတ္တာယှဉ်ဘိ ဈာန်သတိကို ။ အဓိဋ္ဌေယျ ၊စွဲမြဲမကွာ ဆောက်တည်ရာ၏။ ဣဓ ၊ ဤဘုရားသာသနာတော်၌။ဧတံ ၊ မေတ္တာမကင်း ဈာန်ဖြင့်နေခြင်းကို ။ဗြဟ္မံ ၊ထူးမြတ်သော။ဝိဟာရံ ၊ နေခြင်းမျိုးဟူ၍။ အာဟု ၊မြတ်ဘုရားတို့ဟောကြားတော်မှုကုန်ပြီ။
(၁၂) သော ၊ ထိုမေတ္တာဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည ။ဒိဋ္ဌိဉ္စ ၊အတ္တဒိဋ္ဌိသို့လည်း ။ အနုပဂ္ဂမ္မ ၊ မစွဲမကပ်ရောက်မူ၍ ။သီလ၀ါ ၊ လောကုတ္တရာသီလရှိသူသည် ။ဒဿနေန ၊ သောတာပတ္တိမဂ်ဥာဏ်နှင့် ။သမ္မန္နော ၊ပြည့်စုံသူသည် ။ (သမာနော ၊ ဖြစ်လျှက် )ကာမေသု၊ ၀တ္ထုအာရုံကာမဂုဏ်တို့၌ ။ဂေဓံ ၊ ကိလေသာဖြင့် တွယ်တာမက်မောခြင်းကို ။ ၀ိနေယျ ၊တစ်စမကြွင်းအရှင်းပါယ်ရှားပြီးသော်။ ဇာတု ၊ စစ်စစ်ဧကန်အမှန်ပင် ။ပုန ၊ နောက်ထပ်တစ်ဖန် ။ ဂဗ္ဘသေယျံ ၊ ပဋိသန္ဓေနေခြင်းသို့။နဧတိ၊ မရောက်ရတော့ပေ။ (အဘိဓဇမဟာရဋ္ဌဂုရု သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ၏ ပရိတ်ကြီးနိဿယသစ်မှ ) ၃။မေတ္တာသုတ်ရွတ်ဆိုရကျိုး
မေတ္တာ သုတ်တော်ကိုအမြဲ မပြတ်ရွတ်ဖတ်သရဇ္ဈာယ်လေ့ ရှိသူ တို့မှာ အပလောက ပယောဂအခြောက်အလှန့် မခံရခြင်း ၊အနာရောဂါ ကင်းခြင်း၊ အိပ်မက်ဆိုး ၊နိမိတ်ဆိုး၊ အတတ်ဆိုး များမကြုံရခြင်း၊ လူ နတ် အများချစ်ခင်ကြခြင်း၊ အဆိပ်လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်းမှ စ၍ဗြဟ္မာ့ ဘုံ ရောက်သည် အထိ အကျိုးပေးနိုင်စွမ်း ရှိလေသည် ။
။။။။။။။။။။။။။။။။။။။။။။။။။။။။ Credit to Bhddhism Beams
ပဋ္ဌာန်းတရား မှတ်ဖွယ်များ (ပဋ္ဌာန်းကျမ်းကြီး၏ပမာဏ)
ပဋ္ဌာန်းတရား မှတ်ဖွယ်များ (ပဋ္ဌာန်းကျမ်းကြီး၏ပမာဏ) ပဋ္ဌာန်းကျမ်းကြီး၏ပမာဏကို ဆဋ္ဌမူအရ ကောက်နှုတ်ဖော်ပြ ရလျှင် ပါဠိတော်အုပ်ရေ (၅)အုပ်၊ စာမျက်နှာပေါင်း(၂၄၆၀)မျက်နှာရှိသည်၊ အသံမစဲ ရွတ်ဖတ်ရန်အချိန်(၁၃၂)နာရီ ကြာသည်။ (ပေယျာလ မြှုပ်ကွက်များကိုဖော်ပြရွတ်ဆိုလျှင် တစ်သက်လုံး ရွတ်ဖတ်၍ မကုန်နိုင်ပါ။)
(ပဋ္ဌာန်း၏အနက်သဘောနှင့် နက်နဲခြင်း) ပဋ္ဌာန်း၏ အနက်သဘော (၃)ရပ်ရှိသည်။ ထိုအနက်သဘောများမှာ---၁။ များစွာသော အကြောင်းတရားတို့ကို အကျယ်တဝင့် ဖွင့်ဆိုဝေဖန်ရာ ဖြစ်ခြင်း။ ၂။ (၂၄)ပါးသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံ အခြင်းအရာတို့ကိုအကျယ်တဝင့် ဖွင့်ဆိုဝေဖန်ရာ ဖြစ်ခြင်း။ ၃။ သဗ္ဗညုတဉာဏ်တော်၏မထိမပါးလူးလွန့်မြူးကွန့် ကျက်စားရာဖြစ်ခြင်းတို့ ဖြစ်ပါသည်။
(ပဋ္ဌာန်းတရားတော်၏နက်နဲခြင်း၎-မျိုးရှိရာ ထို ၄-မျိုးမှာ) ၁။ ဓမ္မဂမ္ဘီရ=ဝေါဟာရစကားလုံး၊ ပုဒ်၊ဝါကျတို့၏နက်နဲခြင်း။ ၂။ အတ္ထဂမ္ဘီရ=အနက်အဓိပ္ပါယ် သဘော၏နက်နဲခြင်း။ ၃။ ဒေသနာဂမ္ဘီရ=ဟောပုံဟောနည်းအစီအစဉ် နက်နဲခြင်း။ ၄။ ပဋိဝေဓဂမ္ဘီရ=ထိုးထွင်းသိမြင် ဉာဏ်ပညာ၏နက်နဲခြင်းတို့ ဖြစ်ပါသည်။
(ပဋ္ဌာန်းတရား ဟောကြားခဲ့ခြင်းနှင့် တန်ခိုးကြီးရခြင်း) မြတ်စွာဘုရားသည်ဤပဋ္ဌာန်းတရားတော်ကို ဟောကြားခဲ့ခြင်း မှာ---၁။ မြတ်စွာဘုရားသခင်သက်တော် (၄၂)နှစ်၊ဝါတော် (၇)ဝါမြောက်တွင် ဟောကြားခဲ့သည်။ ၂။ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်းပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် ဟောကြားခဲ့သည်။ ၃။ နတ်ဗြဟ္မာပရိသတ်အားဟောကြားခဲ့သည်။ ၄။ မယ်တော်မိနတ်သားအားနို့ဖိုးဆပ်တရားအဖြစ် ကျေးဇူးဆပ်လို၍ ဟောကြားခဲ့ခြင်းဖြစ်သည်။
ပဋ္ဌာန်းတရားတော်သည် အစွမ်းထက်၊ တန်ခိုးထက်သော တရားတော် ဖြစ်ပါသည်။ဤသို့လျှင် တန်ခိုးကြီးရခြင်းမှာလည်း ဂုဏ်ရည် ၃-ပါးနှင့် ပြည့်စုံသောကြောင့် ဖြစ်ပါသည်။ထို့ဂုဏ်ရည် ၃-ပါးမှာ---၁။ သိမ်မွေ့မြင့်မြတ်၍ နက်နဲကြီးကျယ်သော တရားဖြစ်ခြင်း။ ၂။ တန်ခိုးကြီးသည့် နတ်ဗြဟ္မာများ ရိုသေမြတ်နိုးသည့်တရား ဖြစ်ခြင်း။ ၃။ သာသနာ တည်တံ့ရေးအတွက်ရှေ့တန်းခံတပ်ကြီး ဖြစ်ခြင်းတို့မှာ ပဋ္ဌာန်းတရားတော်၏ဂုဏ်ရည်များဖြစ်ပါသည်။
(၂၄)ပစ္စည်းကို လောကဥပမာများနှင့်ပြထားပါသည်။ ၁။ ဟေတု ပစ္စယော=အကြောင်းဟိတ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (ရေသောက်မြစ်နှင့်တူ၏) ၂။ အာရမ္မဏ ပစ္စယော=အာရုံဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (တောင်ဝှေး, ကြိုးတန်းနှင့် တူ၏) ၃။ အဓိပတိ ပစ္စယော=အကြီးအကဲဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (စကြာမင်းအုပ်စိုးပုံနှင့်တူ၏) ၄။ အနန္တရ ပစ္စယော=အခြားမဲ့ဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (စကြာမင်းနတ်ရွာသံ၍သားကြီး အမွေဆက်ခံပုံနှင့်တူ၏) ၅။ သမနန္တရ ပစ္စယော=ကောင်းစွာ အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (စကြာမင်းတောထွက်၍သားကြီး အမွေဆက်ခံပုံနှင့်တူ၏) ၆။ သဟဇာတ ပစ္စယော=အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (ဆီမီးတောက်လာသော် အလင်းရောင်ဖြစ်ပေါ်လာပုံနှင့် တူ၏) ၇။ အညမည ပစ္စယော=အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။ (သုံးချောင်းထောက်နှင့် တူ၏) ၈။ နိဿယ ပစ္စယော=မှီရာ တည်ရာဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (သစ်ပင်စိုက်ရာ မှီရာ-တည်ရာ မြေကြီးနှင့် တူ၏) ၉။ ဥပနိဿယ ပစ္စယော=အားကြီးသောမှီရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (မိုးတွင်းရွာချသည့် မိုးကြီးနှင့် တူ၏) ၁၀။ပုရေဇာတ ပစ္စယော=ရှေးဦးစွာဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (ကမ္ဘာဦးက နေ,လတိုနှင့် တူ၏) ၁၁။ပစ္ဆာဇာတ ပစ္စယော=နောက်မှဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (ပေါက်ခါစ လင်းတငယ်လေးများအစာမျှော်နေပုံနှင့် တူ၏) ၁၂။အာသေဝန ပစ္စယော=အထပ်ထပ် မှီဝဲအပ်၊ ထုံအပ်သည်ဖြစ်၍ကျေးဇူးပြု တတ်သောတရား။(ရှေးရှေးထုံထားအပ်သော နံ့သာ, ရှေးရှေးသင်အံလေ့ကျက် ထားအပ်သော စာပေကျမ်းဂန်တို့နှင့် တူ၏) ၁၃။ကမ္မ ပစ္စယော=အကြောင်းကံဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (မျိုးစေ့နှင့် တူ၏) ၁၄။ဝိပါက ပစ္စယော=အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (ချမ်းအေးသော လေသည် ချမ်းအေးသောအရိပ်၌နေသူအား ချမ်းအေးစေခြင်းငှါ ကျေးဇူးပြုပုံနှင့် တူ၏) ၁၅။အာဟာရပစ္စယော=ထောက်ပံ့ခိုင်စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။(ပြိုမည့်အိမ်ကိုထောက်ကန်ထားသည့် ထောက်ကျားနှင့် တူ၏) ၁၆။ဣန္ဒြိယ ပစ္စယော=အစိုးရသည်ဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (မှူးမတ်များနှင့်တူ၏။ပဒေသရာဇ် ဘုရင်နှင့်တူ၏) ၁၇။ဈာန ပစ္စယော=ကပ်၍စူးစူးစိုက်စိုက်ရှုတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ် သောတရား။(သစ်ပင်ထိပ်ဖျား,တောင်ထိပ်ဖျားပေါ်သို့ တက်ကြည့်သူနှင့်တူ၏) ၁၈။မဂ္ဂ ပစ္စယော=ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား။(လမ်းနှင့် တူ၏။ကောင်းတဲ့လမ်းမကောင်းတဲ့လမ်း-ဟူ၍ နှစ်မျိုးရှိသကဲ့သို့ မဂ္ဂမည်သော တရားသည်လည်းကောင်းတဲ့တရား မကောင်းတဲ့တရားဟူ၍ နှစ်မျိုးရှိသည်) ၁၉။သမ္ပယုတ္တ ပစ္စယော=ယှဉ်တွဲ၍ကျေးဇူးပြုတတ်သောတရား။ (စတုမဓု ရောစပ်မှုနှင့် တူ၏) ၂၀။ဝိပ္ပယုတ္တ ပစ္စယော=မယဉ်မတွဲမူ၍ ကျေးဇူးပြုတတ်သောတရား။ (အချို, အချဉ်,အစပ်,အဖန်,အငန်,အခါးအရသာခြောက်ပါးနှ င့် တူ၏) ၂၁။အတ္ထိ ပစ္စယော=ထင်ရှားရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (မြေကြီး, မြင့်မိုရ်တောင်သည် မြက်, သစ်ပင်တို့အား ထောက်ပံ့ပုံနှင့်တူ၏) ၂၂။နတ္ထိ ပစ္စယော=ထင်ရှားမရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (ဆီမီးငြိမ်းသွားပုံနှင့် တူ၏) ၂၃။ဝိဂတ ပစ္စယော=ကင်းကွာသည်ဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (နေရောင် ကွယ်ပျောက်,လရောင် ရောက်လာပုံနှင့်တူ၏) ၂၄။အဝိဂတ ပစ္စယော=မကင်းမကွာမူ၍ ကျေးဇူးပြုတတ်သောတရား။ (မဟာသမုဒ္ဒရာ ရေသည် ငါး,လိပ်တို့အားမကင်းမကွာဘဲ ကျေးဇူးပြုပုံနှင့် တူ၏)
ပဋ္ဌာန်းကွယ်လျှင် သာသနာကွယ်လိမ့်မည်။ပဋ္ဌာန်းတန်ခိုး၊ ပဋ္ဌာန်းအကျိုးများကို လက်တွေ့သိရှိခံစားကြရပါသည်။ မြန်မာပြည် တနံတလျားရှိ ဗုဒ္ဓဘာသာဝင်တိုင်း မိမိတို့ကျေးရွာ၊နယ်ပယ်၊ မြို့ပြများတွင်“သက်ဝင်ယုံကြည် သဒ္ဓါမှီပြီးအရှည်ခိုင်မြဲ ပဋ္ဌာန်းပွဲကို ကျင်းပပူဇော်ကြပါက မုန်တိုင်းမမွှေ,ပဋ္ဌာန်းမြေသို့, ဆန်ရေစပါး,ပေါ ကြွယ်များပြီး, စီးပွားဥစ္စာ,တိုးတက်ကာဖြင့်,ရပ်ရွာအေးချမ်း, ဘေးမသန်းဘဲ, စိတ်ဝမ်းကြည်သာ,ရှိကြမည်မှာ, မလွဲဧကန်,ဖြစ်ပါသည်။
* အတုမရှိ၊မြတ်မုနိ၏ အဘိဓမ္မာ၊ မြတ်သြဇာတွင် ရသာဆီနှစ်၊ပဋ္ဌာန်းဖြစ်၏။ * သာသနာသုံးရပ်၊ မြဲခိုင်မတ်ဖို့ ခံတပ်ဆောက်တည်၊ ပဋ္ဌာန်းစည်ကို မြည်သံဟိန်းဟိန်း၊ မိုးသို့ခြိမ်းလျက် စောင့်ထိန်းဘာသာ၊သာသနာသည် ကမ္ဘာထွင်း၍ လင်းပါစေ---ဝဠာချင်း၍ဝင်းပါစေ---
"သိမှတ်ဖွယ်ရာပဋ္ဌာန်းအကြောင်းသိကောင်းစရာနှင့်ရွတ်ဆိုရကျိုး
"သိမှတ်ဖွယ်ရာပဋ္ဌာန်းအကြောင်းသိကောင်းစရာနှင့်ရွတ်ဆိုရကျိုး" ****************************** ******************
ယနေ့ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုနေကြသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးသူတော်စင်များအနေဖြင့် ၁။ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲ။ ၂။ပဋ္ဌာန်းတရားကိုပထမဦးဆုံးဆင်ခြင်သည့်နေရာ ၃။ပဋ္ဌာန်းတရားကို ဟောကြားခဲ့သော အချိန် ၄။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သောနေရာ ၅။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သောပုဂ္ဂိုလ် ၆။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သော ရည်ရွယ်ချက် ၇။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သော ရက်ပေါင်း ၈။ပဋ္ဌာန်းတရားကိုပြန့်ပွားအောင်ဖြန့်ဖြူးခဲ့သော ပုဂ္ဂိုလ် ၉။ပဋ္ဌာန်းတရားကျယ်ဝန်းပုံ ၁၀။ပဋ္ဌာန်းတရားတော်ရွတ်ဆိုရခြင်းကြောင့် ရရှိနိုင်သော အကျိုးတရားများ၊ဤဆယ်ချက်ကိုအကျဉ်းချုပ်သိထားဖို့ လိုပါတယ်။ ၁။ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲဆိုရင် ပဋ္ဌာန်းဆိုတဲ့ ဝေါဟာရသည် ပဋ္ဌာနဆိုတဲ့ပါဠိ ကနေဆင်းသက်လာတာပါ။ ပဋ္ဌာန=အမျိုးမျိုးသော အကြောင်း ပဋ္ဌာန=ဝေဖန်ခြင်း ပဋ္ဌာန=ကျက်စားသွားလာရာသို့ ဆိုပြီး အနက်သုံးမျိုးထွ က်ပါတယ်။ထို့ကြောင့် (က)။အကြောင်းအမျိုးမျိုးကိုဟောတ တ်သောကြောင့် ပဋ္ဌာန်း။ (ခ)။ကုသိုလ်စသော တရားတို့ကို (၂၄)ပစ္စည်းတို့ဖြင့် ဝေဖန်ထားသောကြောင့် ပဋ္ဌာန်း။(ဂ)။သဗ္ဗညုတဥာဏ်၏ လွတ်လွတ်လပ်လပ် ကျက်စားသွားလာရာကျမ်းဖြစ်သောကြောင့်ပဋ္ဌာန်းဟုခေါ်ဆိုခြင်းဖြစ်ပါတယ်။
(၂)။ပထမဆုံးဆင်ခြင်သည့်နေရာ ပဋ္ဌာန်းတရားကို မြတ်စွာဘုရားဘယ်နေရာမှာ ပထမဦးဆုံးစတင်ဆင်ခြင်ခဲ့သလဲလို့ဆိုတော့ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် (၂၁)ရက်အလွန် (၂၂)ရက်မှစ၍ ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူခိုက် အဘိဓမ္မာ(၇)ကျမ်းကို သုံးသပ် ဆင်ခြင်တော်မူပါတယ်။ ရှေ့ခြောက်ကျမ်းကိုသုံးသပ်တော်မူပြီးသည့်အထိ ရောင်ခြည်တော် ခြောက်သွယ် မထွက်ပေါ်မကွန့်မြူးသေးပဲ၊ပဋ္ဌာန်း ဒေသနာတော်ကြီးကိုသုံးသပ်ဆင်ခြင်တဲ့ အခါမှသာ ရောင်ခြည်တော်ခြောက်သွယ် ထွက်ပေါ်တော်မူလာတာပါ။ (ဥပမာ)ကြီးမားတဲ့ငါးကြီးတွေဟာ ကျဉ်းမြောင်းတဲ့မြစ်ချောင်း အင်းအိုင်မှာလှုပ်ရှားခွင့်မရဘဲမဟာသမုဒ္ဒရာကြီးထဲမှာသာ စိတ်ကြိုက်မြူးတူးလှုပ်ရှားခွင့်ရသလို မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဥာဏ်တော်ကြီးသည်လည်းပဋ္ဌာန်းဒေသနာတော်ကို ဆင်ခြင်သော အခါမှသာ ရောင်ခြည်တော်များထွက်ပေါ်ကွန့်မြူးသည်ထိကျက်စားနိုင်ခဲ့ပါတယ်။ ဒါကြောင့်နေအထောင် လအသောင်းနဲ့နှိုင်းစာလို့မရအောင်ဂုဏ်ရောင်ဆောင်တဲ့ ရောင်ခြည်တော်ခြောက်သွယ်ကို ထွက်ပေါ်စေတာဟာဖြင့် ဤပဋ္ဌာန်းတရားတော်ကြီး၏ထူးခြားချက်ပဲဖြစ်ပါတယ်။ဒီပဋ္ဌာန်း တရားတော်ကြီးကို စတုတ္ထသတ္တာဟ ရတနာဃရ စံအိမ်တော်မှာ စတင်ဆင်ခြင်ခဲ့တယ်လို့ မှတ်သားထားရပါမယ်။ယနေ့ ဗုဒ္ဓဘာသာဝင်တို့ တလူလူလွှင့်ထူနေကြတဲ့ သာသနာ့အလံတော်ဟာရောင်ခြည်တော်ခြောက်သွယ်ကို အမှတ်အသားပြုထားတဲ့ အလံတော်ဖြစ်ပါတယ်။ ဒီသာသနာ့အလံတော်ကိုမြင်တိုင်းဒီသာသနာ့အလံတော်ကို အသုံပြုတိုင်း ပဋ္ဌာန်း တရားတော်ကြီးကိုသတိရနေကြ ရမှာဖြစ်ပါတယ်။
၃။ဟောကြားခဲ့သောအချိန် ပဋ္ဌာန်းတရားတော်ကြီးကို ဘယ်အချိန်မှ ဘယ်ကာလမှာ ဟောခဲ့ပါသလဲဆိုတော့ မြတ်စွာဘုရားရှင်၆ဝါအလွန်၊(၇)ဝါအရောက် သက်တော်(၄၂)နှစ်အရွယ်မှာဟောကြားခဲ့ တယ်လို့မှတ်သားနိုင်ပါတယ်။
၎။ဟောကြားခဲ့သောနေရာ ပဋ္ဌာန်းတရားတော်ကြီးကို ဘယ်နေရာမှာဟောခဲ့ပါသလဲဆိုရင် မြတ်စွာဘုရားရှင်ဟာ တာဝတိံ သာနတ်ပြည် ပင်လယ်ကသစ်ပင်အရင်း ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက်မှာ ဟောခဲ့ပါတယ်။
၅။ဟောကြားခဲ့သော ပုဂ္ဂိုလ် ပဋ္ဌာန်းဒေသနာတော်ကြီးကို ဘယ်သူတွေဟောခဲ့သလဲလို့ ဆိုတော့ မြတ်စွာဘုရားရှင်ဟာ နတ်ဗြဟ္မာတို့ကိုဟောကြား ခဲ့တယ်လို့သိနိုင်ပါတယ်။
၆။ဟောကြားခဲ့သော ရည်ရွယ်ချက် ပဋ္ဌာန်းတရားတော်ကြီးကို ဘာရည်ရွယ်ချက်နဲ့ ဟောကြားခဲ့ပါသလဲလို့ဆိုရင် မြတ်စွာဘုရားရှင်ဟာ မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကိုအကြောင်းပြု၍နိုးဖိုးဆပ်တရားအဖြစ် ကျေးဇူးဆပ်လို၍ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။
၇။ဟောကြားခဲ့သော ရက်ပေါင်း ပဋ္ဌာန်းကျမ်းကို ရက်ပေါင်းမည်မျှကြာအောင် ဟောခဲ့သလဲ လို့ဆိုတော့ ရက်အတိအကျမဟုတ်သော်လည်းခန့်မှန်းတွက်ချ က်ကြည့်ချက်အရ အဘိဓမ္မာ(၇)ကျမ်းကို တာဝတိံသာနတ်ပြည် မှာ ရက်ပေါင်း(၉၀)၊(၃)လကြာအောင်ဟောကြားတော်မူရာ ဓမ္မသင်္ဂဏီ (၁၂)ရက်၊ဝိဘင်း(၁၂)ရက်၊ဓာတုကထာ(၆)ရက်၊၊ ပုဂ္ဂလပညတ္တိ(၇)ရက်၊ကတ္ထာဝတ္ထု(၈)ရက်၊ ယမိုက်(၂၀)ရက်၊ပ ဋ္ဌာန်းကျမ်း(၂၅)ရက် အသီးသီးဟောခဲ့တယ်လို့ အဆိုရှိပါတယ်။
၈။ပဋ္ဌာန်းတရား ပြန့်ပွားအောင် ဖြန့်ဖြူးပေးခဲ့သော ပုဂ္ဂိုလ် ပဋ္ဌာန်းတရား ပြန့်ပွားအောင်မည်သူ ကစတင်ဖြန့်ဖြူးခဲ့ပါသလဲ ဆိုတော့ ပဋ္ဌာန်းတရားကို မြတ်စွာဘုရားရှင်ကတာဝတိံသာ နတ်ပြည်မှာ နတ်ဗြဟ္မာတို့ကို အကျယ်အားဖြင့်ဟောတော်မူခဲ့ပါတယ်။အရှင်သာရိပုတ္တရာကိုဟောတော်မူတဲ့အခါ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားပြီးရင် ပညာအကြီးဆုံး အဂ္ဂသာဝကကြီးဖြစ်တော်မူလို့ အကျဉ်းနည်းနဲ့ဟောတော်မူတာပါ။ထိုမှတစ် ဆင့် အရှင်သာရိပုတ္တရာကလင်းနို့သားငါးရာဖြစ်ခဲ့ဖူးသော တပည့်ရဟန်းငါးရာကို မကျဉ်း မကျယ် အလယ်အလတ်နည်းဖြင့်သင်ကြားပို့ချဟော်တော်မူခဲ့ပါ တယ်။ ဒါကြောင့်ပဋ္ဌာန်းတရားတော်ကြီးကို ယနေ့ရဟန်း ရှင်လူတို့ နာယူ သင်ကြားပို့ချနေနိုင်ခြင်းမှာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ကျေးဇူးကြောင့်ဆိုတာ သိထားရပါမယ်။ ပဋ္ဌာန်းတရားပြန့်ပွားအောင် အရှင်သာရိပုတ္တရာက စတင်ဖြန့်ဖြူးခဲ့တယ်လို့အသိမှတ်ပြုရ မှာဖြစ်ပါတယ်။
၉။ပဋ္ဌာန်းတရားကျယ်ဝန်းပုံ ပဋ္ဌာန်းတရားဘယ်ပု ကျယ်ဝန်းသလဲဆိုတဲ့ အချက်ကို ပြောကြည့်ရင်။ ဒီကမ္ဘာလောကကြီးမှာ အကျယ်ဝန်းဆုံးဖြစ်တဲ့ အရာဌာနကြီး ၄ခုရှိပါတယ်။အဲဒီ(၄)ခုကဘာလဲလို့ဆိုတော့ (၁)။သံသာရ သာဂရ=သံသရာပင်လယ်ကြီး။ (၂)။ဇလ သာဂရ=ရေပင်လယ်ကြီး။ (၃)။နယ သာဂရ=နည်းပင်လယ်ခေါ်တဲ့ပဋ္ဌာန်းကျမ်းကြီး။(၄)။ ဥာဏသာဂရ=ဥာဏ်ပင်လယ်ကြီးလို့ခေါ်တဲ့ ဘုရားသခင်၏ သဗ္ဗညုတဥာဏ်တော်ကြီး။ဒီသာဂရ (၄)မျိုးတို့တွင် ပဋ္ဌာန်းကျမ်းကြီးကအလွန်ကျယ်ဝန်းလှတဲ့ နယသာဂရကြီးအဖြစ် မှတ်တမ်းတင်ခြင်းခံရပါတယ်။ဒါကြောင့် အနန္တနယ သမန္တပဋ္ဌာန်းကျမ်းကြီးလို့ခေါ်ဆိုကြတာပါ။
ပဋ္ဌာန်းကျမ်းကြီးရဲ့ကျယ်ဝန်းပုံကတော့ ပဋ္ဌာန်းပါဠိတော်သည် ဆဋ္ဌသံဂါယနာတင်ပါဠိတော် အုပ်ရေအားဖြင့် (၅)အုပ်ရှိပြီး စာမျက်နှာပေါင်း(၂၆၄၀)တိတိရှိပါတယ်။အသံမစဲ မနားတမ်း ရွတ်ဖတ်သွားမယ်ဆိုရင် နာရီပေါင်း(၁၃၂)နာရီ ရွတ်ဖတ်ရပါမယ်။ ပေယျာလ(မြှုပ်ကွက်)တွေကိုဖော်ပြီးရွယ်မယ်ဆိုရင် တစ်သက်လုံးရွတ်ဖတ်လို့မကုန်နိုင်လောက် အောင်များတယ်လို့ဆိုပါတယ်။သာမန်သူလို ကိုယ်လို ပုဂ္ဂိုလ်မျိုးကိုမဆိုထားဘိ၊ဂါထာပေါင်းတစ်သောင်းငါးထောင်၊ ပုဒ်ပေါင်းခြောက်သောင်းကိုခဏချင်းသင်ယူနိုင်သော အရှင်အာနန္ဒာ၊ မိုးသီးမိုးပေါက်ကိုပင်တစ်လုံးချင်းရေတွက်နိုင် သော အရှင်သာရိပုတ္တရာသော်မှ ဤပဋ္ဌာန်းဒေသနာ တော်ကို မြတ်စွာဘုရားဟောသည့်အတိုင်းအပြည့်အစုံရွတ်ဆိုဖို့မလွယ်ကူပါ။ပဋ္ဌာန်းကျမ်းတော်ကြီးမှာ ပါဠိအနေအားဖြင့် အနန္တ အပရိမာဏ အဆုံးအပိုင်းခြားမရှိအောင် ကျယ်ဝန်းလှသောကျမ်းကြီးဖြစ်၍ ထိုကျမ်းကြီး၏ ပုဒ်အစဉ်နှင့်အနက်အဓိပ္ပါယ်ကိုပြည့်ပြည့်စုံစုံ တစ်စုံတစ်ယောက်က ဖွင့်ပြမည်ဟု ကြိုးစားခဲ့လျှင် အသက်သာကုန်ဖွယ်ရာရှိပါတယ်။ပဋ္ဌာန်းကျမ်းကြီးကတော့ ကုန်နိုင်မည်မဟုတ်ဟု ဥဒါန်းစကားပင်ရှိနေပါတယ်။ ဒါဖြင့်ရင် ဤမျှလောက်ကျယ်ဝန်းတဲ့ ပဋ္ဌာန်းကျမ်းကြီးကို မြတ်စွာဘုရားရှင်(၂၅)ရက်အတွင်းပြီးစီးအောင် ဟောတော်မူနိုင်ခြင်းနှင့်ပတ်သတ်ပြီး မြတ်စွာဘုရားစကားတော် လျင်မြန်ပုံအကြောင်းကိုသိထားရပါမည်။ (က)။ပကတိသာမန်လူသားများစကားတစ်ခွန်းပြောတဲ့အချိန်မှာ အရှင်အာနန္ဒာက (၈)ခွန်းထိပြီးစီးအောင်ပြောနိုင်ပါတယ်။ (ခ)။အရှင်အာနန္ဒာကစကားတစ်ခွန်းပြောဆိုတဲ့အချိန်မှာ မြတ်စွာဘုရားရှင်က(၁၆)ခွန်းထိပြော ဆိုနိုင်ပါတယ်။ (ဂ)။ပကတိသာမန်လူတစ်ယောက်စကားတစ်ခွန်းပြောဆိုချိန်မှာ မြတ်စွာဘုရားရှင်က(၁၂၈) ခွန်းပြီးအောင်ပြောဆိုနိုင်တာကြောင့် ဟောကြားနိုင်ခဲ့ တယ်လို့သိရပါတယ်။ မြတ်စွာဘုရားရှင်ဤမျှလောက်စကားတော်လျင်မြန်ရခြင်းကလည်း ဘဝပေါင်းများစွာပါရမီတော် တွေကိုဖြည့်ကျင့်ခဲ့တဲ့ ပါရမီတော်တွေကြောင့်လည်းကောင်း၊ သဗ္ဗညုတဥာဏ်တော်ကြောင့် လည်းကောင်းစတဲ့အချက်တွေ ကြောင့်စကားတော် လျင်မြန်ရခြင်းအကြောင်းတရားလေးပါး ရှိပါတယ်။ ၁။ဇိဝှါမုဒု=လျှာတော်၏ကျယ်ပြန့်ပါးလျနူးညံ့ခြင်း။ ၂။ဒန္တ ဝရဏံ သုဖုသိတံ=နှုတ်ခမ်းတော် စေ့စပ်ထိမိခြင်း။ ၃။ဝစနံ အဂနိတံ=ပြောရာ ဟောရာ အခါ၌ လုံးကြွင်းလုံးကျ အထစ်အငေါ့မရှိခြင်း။ ၄။ဘဝင်္ဂပရိသော လဟုကော=ဘဝင်စိတ်အယဉ်လျင်မြန်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။
၁၀။ပဋ္ဌာန်းရွတ်ဆိုခြင်းကြောင့်ရနိုင်သောအကျိုးတရားများ ပဋ္ဌာန်းတရားတော်များကို ရွတ်ဆိုပူဇော်ခြင်း၊သင်ကြားနာယူ ခြင်း၏အကျိုးတရားများမှာ (၁)။လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့ ရုပ်နာမ် ဓမ္မ ခန္ဓာစဉ် သဘာဝပိုင်းခြား ဝေဖန်တတ်သော နာမရူပ ပရိစ္ဆေဒဥာဏ်ရင့် သန်စေခြင်းဟူသော ပထမအကျိုးတရား။
(၂)။မဂ်၊ဖိုလ်နိဗ္ဗာန် ရောက်ရာလမ်းကြောင်း အထောက်အပံ့ကောင်းဖြစ်နိုင်ခြင်းဟူသော ဒုတိယအကျိုးတရား။ (၃)။ဘေးဥပါဒ် အန္တရာယ် ရန်အသွယ်သွယ်တို့မှ ကင်းဝေး၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာ အေးမြခြင်းဟူသောတတိယအကျိုးတရား။(၄)။ ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့်ပြည့်စုံခြင်းဟူသော စတုတ္ထအကျိုးတရား များရရှိနိုင်ပါတယ်။ ပဋ္ဌာန်းရွတ်ဆို ပွားများခြင်းသည်ဓမ္မဒေသနာကုသိုလ်ဖြစ်ရုံမက သာသနဓမ္မာနုရက္ခိတသာသနာတော်၏တရားတော်ကို လူ့နှလုံးသားထဲမှာ စောင့်ရှောက်ထိန်းသိမ်းခိုင်မြဲအောင် ပြုလုပ်ရာရောက်လို့ကုသိုလ်ထူးများ အကျိုးတရားထူးများရနိုင်ပါတယ်။အဘိဓမ္မာ ပြန့်ပွားရေးအသင်းများ၊အဘိဓမ္မာစာမေးပွဲများ၊အဘိဓမ္မာသင်တန်းများ၊ပဋ္ဌာန်း သင်တန်းများ၊အသံမစဲ ပဋ္ဌာန်းပူဇော်ပွဲများကိုလုပ်ကိုင်ဆောင်ရွတ်နေကြတာဟာဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးအတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ထို့ကြောင့်မိမိတို့အနေနဲ့ အဘိဓမ္မာပဋ္ဌာန်းတရားတော်များကို တိုးတက်သည်ထက်တိုးတက် အောင် ပြန့်ပွားသည်ထက်ပြန့်ပွားအောင်အကုသိုလ်စိတ်ကင်း ရှင်းစွာဖြင့် စိတ်ဓာတ်ကို ကြည်ကြည်လင်လင်ထားရှိပြီး ပဋ္ဌာန်းတရားတော်ြ ကီးကိုရွတ်ဖတ်ကြပါ။နာယူကြပါ။ သင်ယူကြပါလို့နှိုးဆော်သမှုပြုလိုက်ရပါသည်။
ကိုးကား။ ။ဒေါက်တာအရှင်ကောဝိဒါစာရ၏ (ပဋ္ဌာန်းစာအုပ်) အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)