Monday, December 30, 2013

MM Android Helper Tool Version 1.1.3 (For PC)

MM Android Helper Tool Version 1.1.3 (For PC)

အရင် Versionတွေမှာ ဖွင့်မရတဲ့ပြသာနာများကိြုေ ဖရှင်းပေးထားပါတယ်.

ဒီ Toolကို အသုံးပြုဖို့မိမိ PC မှာ .net 4.0 နဲ့ အထက်ရှိရပါမယ်။

.net မရှိသေးသူများဒီမှာဒေါင်းပါ။

ဒီ Version မှာတော့ New Year အမှတ်တရအနေနဲ့

သီချင်းတစ်ပုဒ်ထည့်ပေးထားပါတယ်။

New Functionတွေကတော့

- Huawei Oem Hacker

ဖြစ်ပါတယ်။

ဒီ Toolမှာစုစုပေါင်းလုပ်ေ ဆာင်နိုင်မဲ့ Function တွေကတော့

- Application Installer

- System Editor (App & Font)

- System App & Font Back Up

- Custom Recovery Flasher

- Devices Information Checking

- Adb Process Killer

- Huawei Bootloader Unlocking

- Auto Driver Download

- Huawei OEM Hacker

တို့ကိုလုပ်နိုင်ပါတယ်။

System Appတွေ Font တွေ Back upလုပ်ပြီးသွားရင်

MM AndroidHelperToolရဲ့ Font Back Upနဲ့ APPBackupFolder ထဲမှာ

တွေရနိုင်ပါတယ်။

မိမိ လိုအပ်တဲ့ Driver ကို တိုက်ရိုက်ဒေါင်းပေးနိုင်ပါတယ်။

Bootloader Unlock ကို လွယ်လွယ်ကူကူလုပ်နိုင်ပါတယ်။

Huawei ဖုန်းများရဲ့ Oem Img တွေကိုလဲ အလွယ်တကူ Back Up, Restore

လုပ်နိုင်ပါတယ်။

နောက်ပိုင်းVersion အသစ်ထွက်တိုင်းAuto Update လုပ်ပေးမဲ့စနစ်ထည့်သွင်း

ထားလို့ User တွေအတွက် အသုံးဝင်ပါတယ်။

ဒီမှာဒေါင်းလိုက်ပါ

credit to ***
http://www.myanmarmobilesoftwaredevelo per.com/?p=9701

အချိတ်ထည်များ၏ သမိုင်းကြောင်း

အချိတ်သမိုင်း

ပုဂံခေတ်တွင် အချိတ်ထည် ၏ပုံစံများကို ကျောက်စာများ၌တွေ့ရသည် ဟု ကျောက်စာဝန်ထောက်ဟောင်း ဦးမြ၏မှတ်တမ်းများအရ သိရပါသည် ... အမျိုးသမီးဝတ်ဆင်မှု အဖြစ် အပယ်ရတနာ လိုဏ်ဂူ ဘုရားအတွင်းဘက်ရှိ မဟာယနဂိုဏ်း ပန်းချီဆေးရေးများတွင် ရေးဆွဲထားသော တာရာဒေဝီ နတ်သမီး၏ ထဘီမှာ အချိတ်ဆင်ဖြစ်သည်ကိုတွေ့ရသည် ...

ပုဂံ ဥပါလိသိမ်အတွင်းမှ ပန်းချီများသည် အင်းဝခေတ်နောက်ပိုင်းလက်ရာများဖြစ်သည် မင်းညီမင်းသား ရံရွေပုံများကို အချိတ်ပုဆိုး အချိတ်ထဘီအဖြစ် တွေ့ရသောကြောင့် အချိတ်ကို ပုဆိုးအဖြစ် အမျိုးသားများဝတ်ဆင်ခြင်း ကို သက်သေအဖြစ်တွေ့ရသည်

သို့သော် အချိတ်ဟူသော ဝေါဟာရကို ညောင်ရမ်းခေတ်မှသာ စတင်သုံးစွဲခဲ့ကြသည် .... ညောင်ရမ်းခေတ် ဝန်ကြီးပဒေသရာဇာ၏ သူဇာပျို့တွင် " ရွှေချည်ချယ်ဘက် လက်ချိတ်ယက်သည် ကပ်ကွက်ကျူးကျော် ဝတ်လဲတော် ကို " ဟု ရေးဖွဲ့ထားပြီး ဟံသာဝတီပါမင်း၏ အမှာတော်ပုံတွင် " လက်ချိတ်လွန်းပျံ ဧကနံ သည်တွင် အစပေါ်လေပြီ " ဟူ၍တွေ့ရသည့်အတွက် ၁၀၉၅ ခုနှစ်မှ ၁၁၁၃ ခုနှစ်အတွင်း အချိတ် ဟူသော ဝေါဟာရ ပါ ပေါ်ပေါက်ခဲ့ပြီကိုတွေ့ရသည်

မင်းတုန်းမင်းတရား ဝတ်ဆင်သောပုဆိုးမှာ ရာမ ဇာတ်လုံးဖော် အချိတ်ထည်ဖြစ်၍ ကြက်တူရွေးရုပ်ပါသော ရွှေခဲချိတ်လိုက်းကို ပုဆိုး၏ အနားမြိတ်၌ ထည့်ရသည် ....

အမရပူရခေတ်ဦး ဗလာပုဆိုးအဖြစ် အချိတ်ဆင် ၃၇ မျိုးမှာ စောင်းတော်ပိုက် , ပေါင်တူစင်း, ပေါင်ဖို ပေါင်မ , ရဲစင်း , တစ်ကြောင်းထိုး , လောကဓာတ် , နဒီဆံကွဲ ,ပတိမ်းဆင် , နှစ်ကိုယ်တွေ့ , ဆောင်တော်ကူး , ရွှေဘိုရိုး, ရွှေဘို နန်းသိမ်း , တိမ်ခိုးဆင် , ကွက်တုံး , စလွယ်စင်း , အဝါစင်း , လိမ္မော်စင်း , ရဲကွက် , နှစ်ထပ်လောကဓာတ် , ရွှေဘို ထိပ်တင် , သံပါတ်ဆင် , ငွေပန်းဆင် , ဒေဝီစင်း , ကျောက်စိမ်းစင်း , မရန်းစင်း , ဒေါနစင်း ,ဘုံတိုင်ဆင် , ရာသက်ပန် ,အဖြူကွက် , ပတ္တမြားဆင် , ဖရဲအူဆင် , ဖူးညိုဆင် (ယောက်ျားမင်းသမီး ဦးဖူးညို ဝတ်ဆင်သော အဆင် ) တို့ဖြစ်၍

ချိတ်အဆင် အနေဖြင့် စာတိုးဆင် ( စာတိုးအရပ်မှ ရက်သောအဆင် ), မြို့ရှေ့ကြီး ဆင် (သို့) မြို့ရေကြီးဆင်( နန်းတော်ရှေ့ ရပ်မှ ရက်သော အဆင် ), မြို့ရေကွဲ ,ရဲရောင်ခံ ၍ ရက်သော ရဲချိတ် , ကျေးငှက်ရုပ်ပါ၍ ကျေးတရာဆင် , ကြက်မြီး, ကေလိပ်ဝဏ္ဏ, ကြိုးကြီး , စိန်နားပန် , သုံးခင်းပန်းဝတ် , အတွင်းဆင် , ကုလားပန်း , စိန်တစ်ခက် , မြတစ်ခက် ,နှစ်ပွင့်ဆိုင် , လိပ်ပြာဆင် ,ကြာဖူးကြာခိုင် , ရွှေတစ်ဆုပ် ငွေတစ်ဆုပ်, ရှစ်ပွင့်ဆိုင်ကြိုးကြီး , ခုနစ်အိမ်ဆင် , ကြိုးကြီး ထိပ်ခေါင်တင် , ရဲဆင်းပန်းဝတ် ,သုံးစင်း နဝရတ် , ဆောင်တော်ကူးဆင် , ဒင်္ဂါးပန်း, တောင်ထိပ်ပန်း , ဖီလာချိတ် , ကိုက်ချိတ် ဟူ၍ အမျိုးမျိုး ရှိကြသည် ...ပုဆိုးရော ထဘီ အဖြစ်ပါ ဝတ်ဆင်ကြသည် ...

မှီငြမ်း - ဆရာမကြီး ဒေါ်စောမုံညင်း ၏ မြန်မာ အမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှုစာအုပ်မှ ...

Android အတွက် Picsay proနဲ့ tubemate လာ ပြီနော်

Android အတွက် Picsay proနဲ့ tubemate လာ ပြီနော်

အခုတင် တာ လေးတွေ ကတော့ အ ဟောင်းတော့  အဟောင်းတွေ ပါဒေါင်းလော့ ယူလို့ မရ တဲ့ သူငယ်ချင်းတွေ အတွက်ပြန်တင် တာပါ...androidဖုန်းတွေ အတွက်ပါ ပုံတွေပေါ်မှာ စာ ရေးလို့  ရတဲ့ ဆော့ ၀ဲလေးနဲ့ ( picsay pro) နဲ့ youtube မှာ သီချင်းတွေနဲ့ ဗွီဒီယို ဖိုင်တွေ ကို ဒေါင်းလို့ ရစေ မယ့် ဆော့ဝဲ (tubemate)ဆော့ဝဲလေးပါ နော်။

သူငယ်ချင်းတို့ ဒေါင်းလော့ ယူမယ် ဆို ရင် ဒီမှာ ရှိတယ်နော်

http://www.zwmnna.com/2013/12/android-picsay-pro-tube-mate.html

..ဒီနေရာကိုနှိပ်ပြီးဒေါင်းပါ

VRoot v 1.7.4 for android(latest version) ..........................................................

VRoot v 1.7.4 for android(latest version) ..........................................................

Android phone/Tablet များအတွက် လက်ရှိ updateထွက်ရှိထားတဲ့ Android ဖုန်း/Tablet ပေါင်းစုံ (တရုတ်ဖုန်း/Tablet များပါမကျန်) အားလုံးနီးပါးကို Root လုပ်နိုင်စွမ်းရှိတဲ့ VRoot v1.7.4 ကိုတင်ပေးလိုက်ပါတယ်။ Android 1.5 မှ Android 4.2 အထိရှိတဲ့ Android Devices ပေါင်းများစွာကို Root လုပ်နိုင်ပါတယ်။ အသုံးပြုသူတွေကြားမှာလည်း တကယ်နာမည်ကြီးတဲ့ Root Tool လေးပါ။ အောက်က link မှာရယူနိုင်ပါတယ်။

ဒီနေရာကိုနှိပ်ပြီး ဒေါင်းလိုက်ပါ

ဒါန၏ထူးခြားသောအကျိုးတရားများ

ဒါန၏ထူးခြားသောအကျိုးးတရားများ

ကုသိုလ်ကံဖြစ်စေ အကုသိုလ်ကံဖြစ်စေ မူလကံနှင့်တူသော အကျိုးကိုပေးတတ်၏။စွန့်ကြဲပေးကမ်းးလှူဒါန်းသည့်အခါ ပေးလှူသူ၌ အလှူခံပုဂ္ဂိုလ်အားကောင်းကောင်းမွန်မွန် စားစေချင်သော ၀တ်စေချင် နေစေချင်သောစေတနာရှိ၏။ ထိုစေတနာသည် တူသောအကျိုးပေးသဖြင့် ပေးလှူသူသည် ဘဝများစွာ၌ကောင်းကောင်းမွန်မွန်စားရ ၀တ်ရ နေထိုင်ရသော အကျိုးကျေးဇူးများကိုရရှိခံစားရ မည်ဖြစ်၏။

မနာပဒါယီလဘတေမနာဝံ =မြတ်နိုးဖွယ်ရာပစည်းဝတ္တုကို ပေးလှူသူသည် မြတ်နိုးဖွယ်ရာ ပစည်းဝတ္ထုကိုရရှိနိုင်၏ဟု ဟောတော်မူသည်နှင့်အညီဒါနသည် တူညီသောအကျိုးတရားကို ပေးမည်မှာ သေချာ၏။သရက်စေ့မှ သရက်ပငါပေါက်၍ မရန်းစေ့မှ မရန်းပင်ပေါက်သည့်သဘောနှင့်တူ၏။ ဒါနသည်မိမိသူတစ်ပါးနှင့်နှစ်ဦးသား၏ အကျိုး၊ ပစုပ္ပန်လောကအကျိုး တမလွန်လောကအကျိုးအမျိုး မျိုးကိုပြီးစေနိုင်၏၊အခြံအရံ.အကျော်အစော်၊ ကျက်သရေ.စည်းစိမ်ချမ်းသာတို့ကိုလည်း ပေးစွမ်းနိုင်၏။ တရားသဖြင့်ရသောပစည်းဥစာကို တရားထူးရသောပုဂ္ဂိုလ်တို့အား လှူဒါန်းလျှင်ငရဲကြီးရှစ်ထပ် နှင့်အခြံအရံ ငရဲများကို လွန်မြောက်၍ နတ်ပြည်သို့လားရောက်ရ၏။ (သံ၊ ၁ ၂၀)

လွန်ကဲထူးချွန်မွန်မြတ်သော လောကီစည်းစိမ်နှင့် လောကုတ္တရာချမ်းသာအားလုံးတို့ကိုလည်း ဖြစ် ထွန်းပေါ်ပေါက် လာစေနိုင်၏။ (ဒီ။ဋီ၊ ၂။ ၆၈)

ထို့အပြင် သိကြားမင်းစည်းစိမ်.မာရ်နတ်မင်းစည်းစိမ်.ဗြဟ္မာမင်းစည်းစိမ်. စကြာမင်းစည်းစိမ်စသောလောကီစည်းစိမ်၊ သာဝကပါရမီဉာဏ်၊ ပစေကဗောဓိဉာဏ်.အဘိသမ္ဗောဓိဉာဏ်ဟုဆိုအပ်သော လောကုတ္တရာ စည်းစိမ်တို့ကိုလည်း ပေးစွမ်းနိုင်၏။ (ဒီ ။ ဋ္ဌ၊၂။ ၆၃)

ဒါနကြောင့်လည်း လူ့စည်းစိမ်.နတ်စည်းစိမ်၊ ရရှိသည်ကားထင်ရှား၏။ဗြဟ္မာပြည်သို့မူကာပေးလှူကာ မျှဖြင့် မလာရောက်နိုင်။ သို့စေကာမူ ဒါနစေတနာသည်သမထ၀ိပသနာစိတ်၏အခြံအရံဖြစ်၍ ပေးလှူပြီး နောက် ရန်သူ၌သော်လည်း နူးညံ့သည့်စိတ် ပေါ်ပေါက်လာပြီးလျှင်မေတ္တာ .ဂရုဏာ. မုဒိတာ. ဥပေကာ. ဟူသည့်ဗြဟ္မစိုရ်တရားတို့ကိုပွားများအားထုတ်ခဲ့ပါမူ ဗြဟ္မာပြည်သို့လားရောက်ရ၏(ဒီ၊၃။၂၁၄-၅)။

ဒါနသည်ဈာန်.၀ိပသနာ.မဂ်.ဖိုလ်.နိဗ္ဗာန်တို့ကိုရရှိရေးအတွက် အားကြီးသော မှီရာအကြောင်း အထောက် အပံ့=ဥပနိသယပစည်းဖြစ်ပေ၏။လှည်းဘီသည် လှည်းကိုဆွဲသောနွား၏ခြေးရာနောက် သို့ကပ်၍ လိုက်ဘိသကဲ့သို့ ဒါနသည်အလှူရှင်နောက်သို့တကောက်ကောက်ကပ်၍လိုက် ၏။ပစုပ္ပန်လောက ၌ဖြစ်စေ တမလွန်လောက၌ဖြစ်စေ ပေးလှူသူနောက်သို့ အစဉ်လိုက်၍ အကျိုးပေးလေသည်။ (သံ၊ ၁။ ၃၈)

သူတစ်ပါးတို့အားလိမ်လည်လှည့်ဖြား. ခိုးဝှက်လုယက်၍မတရားသဖြင့် ရအပ်သော အသပြာ၁၀ကုဋေ တန် အလှူသည်တောင်းရမ်း၍ဖြစ်စေ ကောက်သင်းကောက်၍ဖြစ်စေ တရားသောအလုပ်ဖြင့်ရှာဖွေ၍ သားမယာကို လုပ်ကျွေးမွေးမြူသော ဆင်းရဲသားတစ်ယောက်၏ အသပြာတစ်ကျပ်တန်အလှူကို ၂၅၆ပုံ ၁ပုံမျှမမီနိုင်။ လှူဖွယ်ဝတ္ထုတန်ဖိုးနည်းသော်လည်း သဒ္ဓါ. စေတနာ. ထက်သန်အားကြီးလျှင် ဆယ်ကုဋေတန်အလှူနှင့် ထပ်တူထပ်မျှအကျိုးရနိုင်သည်(ဗုဒ္ဓဘာသာလက်စွဲကျမ်း၊ ၁။ ၃၁၈)

ထမင်းချိုးကိုကပ်လှူသူ

ထမင်းချိုးကိုကပ်လှူသူ။ ••••••••••••••••••••••
ရှေးလူဖြစ်စဉ် ဆွေမျိုးပျက်စီးအထီးကျန်သော သူဆင်းရဲမဖြစ်ကာ သူတပါးအိမ်အဖီကိုအမှီပြုနေရသူ ဖြစ်ပါလျက်အသျှင်မဟာကဿပအားထမင်းချိုးကို ကိုယ်ထိလက်ရောက်လှူဒါန်းခဲ့သောကြောင့် ကွယ်လွန်သောအခါနိမ္မာနရတိနတ်ပြည်၌ ချမ်းသာပျော်ရွှင်စွာ ဖြစ်ရသော နတ်သမီးအကြောင်းဖြစ်၏။

(စည်းစိမ်ဥစ္စာဆွေမျိုးပြုန်းတီး၍) အထီးကျန်သော ဆင်းရဲသောသူတစ်ပါးအိမ်အဖီကို မှီ၍ နေရသော မိန်းမသည် . . ဆွမ်းအလို့ငှါလှည့်လည်လျက် ဆိတ်ဆိတ်နေကာ ရပ်တည်သော အရှင်ဘုရားအားကြည်ညိုစိတ်ရှိသည်ဖြစ်၍ ထမင်းချိုးကိုကိုယ်ထိလက်ရောက် ပေးလှူဖူးပါပြီ။ ထိုမိန်းမသည် လူ့ကိုယ်ခန္ဓာကို စွန့်၍ အဘယ်ဘဝသို့ လားရောက်ရလေသနည်း(ဟု သိကြားမင်းကမေး၏)။

(စည်းစိမ်ဥစ္စာဆွေမျိုးပြုန်းတီး၍) အထီးကျန်သော ဆင်းရဲသောသူတစ်ပါးအိမ်အဖီကို မှီ၍ နေရသော မိန်းမသည် . . ဆွမ်းအလို့ငှါလှည့်လည်လျက် ဆိတ်ဆိတ်နေကာ ရပ်တည်သော ငါ့အားကြည်ညိုစိတ်ရှိသည်ဖြစ်၍ ထမင်းချိုးကို ကိုယ်ထိလက်ရောက်ပေးလှူခဲ့ဖူး၏။ ထိုမိန်းမသည်လူ့ကိုယ်ခန္ဓာကို စွန့်၍ ဤလူ့ဘဝမှ ကင်းလွတ်စုတေ သောအခါတန်ခိုးကြီးသောနတ်တို့ရှိရာ နိမ္မာနရတိနတ်ပြည်၌ ချမ်းသာခြင်းသို့ ရောက်၍ မွေ့လျော် စံပျော်နေရ၏ဟု (အသျှင်မဟာကဿပမိန့်တော်မူ၏)။

အသျှင်မဟာကဿပ၌ကောင်းစွာ တည်စေသော, အထီးကျန်သော မိန်းမ၏ အလှူသည် အံ့ဖွယ်ရှိပေစွ။ သူတစ်ပါးတို့အိမ်မှဆောင်လာသော ထမင်းချိုးဟူသော လှူဖွယ်ဝတ္ထုဖြင့် ပေးလှူအပ်သော အလှူသည် ပြည့်စုံပေစွတကား။

အချင်းတို့- အင်္ဂါကြီးငယ်အလုံးစုံကောင်းခြင်းရှိသော လင်၏ ရှုမငြီးသော မိန်းမ သည်စကြာမင်း၏ မိဖုရားဖြစ်သော်လည်း ထိုမိဖုရားအဖြစ်သည်ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုး မရှိပေ။

ရွှေစင်နိက္ခတစ်သိန်း,မြင်းတစ်သိန်း,အဿထိုရ်မြင်းကသော ရထားတစ်သိန်း, ပတ္တမြားနားတောင်း ဝတ်ဆင်ကုန်သော သမီးကညာတစ်သိန်း(ဤအလုံးစုံတို့သည် လည်း) ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိကြပေကုန်။

ဟိမဝန္တာတောင်၌ ဖြစ်ကုန်သော, စဉ်းငယ်ညွတ်သော အစွယ်ရှိကုန်သော, ကြီးစွာသော စစ်ထိုးခြင်းကို ရွက်ဆောင်နိုင်ကုန်သော,ရွှေကကြိုးတပ်အပ်ကုန်သော, ရွှေတန်ဆာတို့ဖြင့် ဖွဲ့အပ်သောကိုယ်ရှိကုန်သော,မာတင်္ဂမျိုး၌ ဖြစ်ကုန်သော ဆင်အကောင်တစ်ရာတို့သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိကြပေ။

ဤလောက၌ အကြင်သူသည်ကျွန်းကြီးလေးကျွန်းတို့ကို အစိုးရခြင်းကို ပြုရာ၏။ ထိုသူ၏ ထိုစကြာဝတေးမင်း စည်းစိမ်သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိပေ။

(စိတ္တလတာဝဂ်။ အာစာမဒါယိကာဝိမာနဝတ္ထု)

မျိုးစောင့်ကဗျာ (ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာေ တာ်)

မျိုးစောင့်ကဗျာ

(ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာေ တာ်) ♕ ♕ ♕ ♕

တို့မြေဌာနီ၊ ရှေးခါဆီဝယ် မထေရ်အပေါင်း၊ စံရာကျောင်းမှ ငြိမ့်ငြောင်းသာယာ၊ မိန့်အာဏာကို ရပ်ရွာလူများ၊ လွန်လေးစားခဲ့ ခုကားသို့နှယ်၊ မဟုတ်ကွယ်၍ နယ်ပယ်ပွားစီး၊ သားသမီးတို့ ဘုန်းကြီးကျောင်းတွင်၊ စာမသင်တော့။

ထို့ပြင်မြို့နေ၊ ကလေးတွေက ဒို့မေဘာသာ၊ ဒို့မေစာကို သင်ရာကောင်းမျှ၊ မထင်ကြပဲ ပြင်ကလာပေး၊ စာပထွေးကို အလေးဂရု၊ အရေးပြု၏ ယခုလိုသာ၊ နှစ်ပေါင်းကြာလျှင် မြန်မာပြည်ဖွား၊ တိုင်းရင်းသားတို့ ဘုရားကိုစွန့်၊ တရားစွန့်၍ စွန့်လိမ့်မှန်စွာ၊ မြတ်သံဃာတည်း ထိုခါလူများ၊ ကိုယ်ကျင့်အားဖြင့် တရားမပါ၊ အမှားစာကြောင့် များစွာခုထက်၊ တိုး၍ပျက်လိမ့်။

သို့တွက်များပြား၊ ဘုန်းဘုရားတို့ တရားကိုယ်ကျင့်၊ လုံအောင်ကျင့်၍ မလင့်စေရ၊ ကိုယ့်ဒေသ၌ သိပ္ပဝိဇ္ဇာ၊ ပြသင့်ရာကို ကောင်းစွာပိုင်ပိုင်၊ ပြသနိုင်မှ ဘုန်းလှိုင်ဟောပြ၊ သြဝါဒကို စိတ်ကကြည်ဖြူ၊ လိုက်နာယူ၍ ကိုယ်မူနှုတ်ပြောင်း၊ စိတ်လည်းကောင်းလိမ့်  အကောင်းမကောင်း၊ အကြောင်းကြောင်းကို သောင်းပြောင်းကုန်စင်၊ အကုန်မြင်မည် မျိုးနှင့်သာသနာ တည်ကြောင်းတည်း။

♕ ♕ ♕ အရှင်ဇနကာဘိဝံသ (ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာေ တာ်)