Tuesday, February 25, 2014

သမထနှင့် ၀ိပဿနာလက္ခဏာ

သမထနှင့် ၀ိပဿနာလက္ခဏာ

နီဝရဏတရားတို့ငြိမ်းစေတတ်သောကြောင့် သမထမည်၏။ ရုပ်မှန်း၊ နာမ်မှန်း၊ အနိစ္စ အချက်မှန်း၊ ဒုက္ခအချက်မှန်း၊အနတ္တ အချက် တို့ကို မသိပဲလျက် ထွက်သက်လေ နှင့်ဝင် သက်လေတို့ကိုသာအာရုံပြု၍ မှတ်နေလျှင် ``သမထ´´ပင်ဖြစ်၏။

ရုပ်မှန်း၊ နာမ်မှန်း၊ အနိစ္စ အချက်မှန်း၊ ဒုက္ခ အချက်မှန်း၊ အနတ္တအချက်တို့ကို မသိပဲလျက် ထိုရုပ်နာမ်တို့၏ အဖြစ်အပျက်ကိုလက္ခဏာတင် ၍ သုံးသပ်ပါမှု ``၀ိပဿနာ´´ဖြစ်လေတော့၏။ နားမလည်လျှင်သီသီလေးနှင့် တစ်သက်လုံးလွဲ ချော်တတ်၏။

အနိစ္စ အစရှိသည်၏ အစွမ်းအားဖြင့် အထူးထူး အပြားပြားကုန်သော အခြင်းအရာတို့ဖြင့် သင်္ခါရ ဖြစ်သောရုပ်နာမ်တရားတို့ကိုမြင်တတ်၏။ ထို့ကြောင့် ၀ိပဿနာမည်၏။ ဤ ၀ိပဿနာ ဟူ သောအမည်သည် ပညာ၏အမည်တည်း။

သင်္ခါရဖြစ်သော ရုပ်နာမ်တရားတို့ကို အထူးထူး အပြားပြားသော အခြင်းအရာတို့ဖြင့် အနိစ္စလက္ခ ဏာ၊ဒုက္ခလက္ခဏာ၊ အနတ္တလက္ခအားဖြင့်ရှုတတ် မြင်တတ်သောကြောင့် ၀ိပဿနာမည်၏။

ထိုထွက်သက်နှင့် ၀င်သက်လေတို့သည် ၀ါယော ဓာတ်ဟု ဆိုရသော်လည်း ပထ၀ီဓာတ်၊ အာပေါ ဓာတ်၊ တေဇောဓာတ်လည်းပါမြဲဖြစ်လေသည်။

ထွက်သက်လေမဟာဘုတ်နှင့် ၀င်သက်လေမဟာ ဘုတ်သည်ရုပ်၊ ထွက်သက် လေမှန်းသိသောစိတ် သည်နာမ်။

ထွက်သက်လေ၊ ၀င်သက်လေတို့သည်ဘာမျှမသိ တတ်၊ စိတ်ကသာသိတတ်သည်။ ထို့ကြောင့် မသိ လျှင်ရုပ် သိလျှင်နာမ်၊ ရုပ်နာမ်နှစ်ပါးမှတ်။

မူလသပိတ်အိုင်ဆရာတော်ဦးကိတ္တိ၏သြ၀ါဒ