Monday, December 9, 2013

အတိတ်နိမိတ် ယုံကြည်မှု

" အတိတ်နိမိတ် ယုံကြည်မှု " ★★★★★★★★★★★★★★


ပုထုဇဉ် မှန်သမျှ နိမိတ်ကောက်တဲ့သူတွေ များတယ်။ ယုတ်စွအဆုံး မျက်ခုံးလှုပ်တာေ တာင် လာဘ်ရမယ်လို့ နိမိတ်ကောက်ကြတယ်။ လက်ဖဝါးယားလျှင် ငွေရမယ်လို့ နိမိတ်ကောက်တတ်ကြတယ်။ အိမ်မြှောင် စုတ်ထိုးတာ၊ ငှက်မြည်တာ၊ ခွေးဟောင်တာမကျန် ပုထုဇဉ် တွေက နိမိတ်ကောက်တတ်ကြတယ်။ နိမိတ်ကောက်တဲ့အတိုင်း မှန်သွားလျှင် ဒီဟာကိုမြင်လို့၊ ဒီအသံကို ကြားလို့ရယ်လို့ ယူဆသွားတတ်ကြတယ်။


အတိတ်နိမိတ်ဆိုတာ ရှေ့ပြေး၊ နေမထွက်ခင် ထင်လာတဲ့ အရုဏ်အရောင်ပဲ။ မကြာခင် နေမင်း ထွက်ပေါ်လာမှာပဲလို့ သိသလို နိမိတ်ထင်ပြီး အကျိုးအမြတ် ပေါ်လာလျှင်လည်း ဒီအကျိုးအမြတ်ဟာ ငါပြုလုပ်ခဲ့ဖူး တဲ့ ကံကြောင့်ဆိုတာ ပြတ်ပြတ်သားသား သိထားဖို့လိုတယ်။ ဒီလို ကံကြောင့်ဆိုတာ မမြင်ဘဲ ကံကို မျက်ကွယ်ပြုပြီး ဒီအတိတ်နိမိတ်ကြောင့် ဒီလို ဖြစ်တာပဲလို့ ယုံကြည်ခဲ့လျှင် မင်္ဂလိကဒိဋ္ဌိ လို့ခေါ်တယ်။ မင်္ဂလိကဒိဋ္ဌိ ဆိုတာ အယူမှားမို့ မိစ္ဆာဒိဋ္ဌိ လို့ ခေါ်တယ်။


( ထီးချိုင့်မြို့ တည်တော ဆရာတော်ဘုရားကြီး )


( Credit to လှိုင်တိုး )


ဗုဒ္ဓဘုရားရှင် တိုင်း၏ အဆုံးအမ

*ဗုဒ္ဓဘုရားရှင် တိုင်း၏ အဆုံးအမ * ★★★★★★★★★★★


သဗ္ဗပါပဿ အ ကရဏံ ကုသလ ဥပသမ္ပန္ဒံ သစိတ္တ ပရိယောဒပနံ ဧတံဗုဒ္ဓါန သာသနံ ။


၁။အလုံးစုံသော မ ကောင်းမှုတရားမှန်သမျှကို ကံသုံးပါးဖြင့် မပြုလုပ် ရခြင်းသည်၎င်း။


၂။လူ နတ် နိဗ္ဗာန် သုံးတန်သောချမ်း သာ ကောင်းသောတရားမှ န်သမျှကို ကံသုံးပါး ဖြင့်ပြုလုပ် ရခြင်းသည်၎င်း။


၃။မိမိစိတ်ကို ထက်ဝန်းကျင် စင်ကြယ်စွာ ထားတတ် နေတတ် ကျင့်သုံးတတ် ရခြင်းသည်၎င်း။ ဤတရားသုံးပါးသည် ဂင်္ဂါဝါဠု သဲစုမက ပွင့် တော်မူကြကုန်သော ဘုရားရှင် တို့၏ အဆုံးအမစကားသြဝါ ဒတရားတော်ပေတည်း။