Tuesday, December 3, 2013

“ကျေးဇူးရှင်ဆားတောင် ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်များ“

“ကျေးဇူးရှင်ဆားတောင် ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်များ“ ••••••••••••••••••••••••••••••••••••••••••••••••••••••


(၁) ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် တရားကတော့ အားထုတ်ရမှာပဲ။ အားထုတ်ခွင့် ကြုံတုန်းအားထုတ် ကြ။သာသနာပပြီဆိုရင် ၀ိပဿနာနဲ့ တွေ့ရမှာ မဟုတ်ဘူး။ဒီတော့ပိုနစ်နာတယ်။ (၂) တရားအားထုတ်ဖို့တော့ မအားဘူး။မအားဘူးလို့ ပြောကြတယ်။သေချိန်ကျလာလို့ မသေ ချင်ဘူးလို့ ပြောလို့ရတာမဟုတ်ဘူး။မအားဘူးလို့ ပြောလို့ရတာ မဟုတ်ဘူး။ (၃) တရား အားထုတ်တယ်ဆိုတာအားနဲ့မာန်နဲ့ အားထုတ်ရတယ်။မသေချာမရေရာတဲ့ အ လုပ်တွေတောင်မှဟုတ်နိုးနိုး၊ တော်နိုးနိုးနဲ့ သက်စွန့်ဆံဖျားလုပ်နေရတာပဲ။ သေချာရေရာတဲ့အလု ပ် ဘာမလုပ်ရဲစရာရှိလဲ။ ဆင်းရဲ တစ်ဘ၀ပေါ့။ တစ်ဘ၀တောင်မှခဏလေးပါ။ (၄) ထိတိုင်းထိတိုင်းသိနေပါစေ။ကိလေသာ ကြားမခိုစေနဲ့။ (၅) တရားအားထုတ်တယ်ဆိုတာ ထမင်းစားသလိုပဲ။ မဆာလည်းစား၊ ဆာလည်းစား။စားကောင်းလိမ့်မယ် ထင်ပေမယ့်တကယ်စားတော့ မြိန်ချင်မှ မြိန်တာ။ မကောင်းဘူး ထင်လို့လည်း တကယ်စားတော့ မြိန်ချင်မြိန်တာ။ဒီတော့အားမထုတ်ချင်လည်းထုတ်။ ထုတ်ချင်လည်း ထုတ်ပေါ့။ (၆) ၀ိပဿနာတရားအားထုတ်ရတာ အလွန်ကောင်းပါတယ်။အ၀တ်လည်း ပြောင်းစရာ မလိုဘူး။ဂူလည်းအောင်းစရာမလိုဘူး။ ပုထုဇဉ်စရိုက်မူ ပြောင်းဖို့လိုတယ်။ (၇) ကိုယ့်ခန္ဓာကိုယ်ရှု သူများအပြစ် သွားရှုမနေနဲ့။ သူများအပြစ် သွားရှုနေတော့ အမှုပွေတာပေါ့။ (၈) မိမိခန္ဓာက ဖြစ်ပေါ်နေတဲ့ ဝေဒနာကို သည်းခံရှုမှတ်နိုင်မှပတ်ဝန်းကျင် ရဲ့လောကဓံတွေကို လည်း ခံနိုင်ရည် ရှိမယ်။ (၉) တရားအားထုတ်တဲ့အခါ ကိလေသာ ကြားမခိုအောင် နှာသီးဝလေးကို ထိတိုင်း သိနေပါစေ။ ထိတဲ့အပေါ် သတိထား။သတိထားရင်တရားမြင်မယ်။ သတိမထားရင် အမှားဝင်မယ်။ (၁၀) အရိယာသူတော်ကောင်းတို့ဆိုတာ ရုပ်ရယ်၊ နာမ်ရယ်၊ တရားရယ်၊ ဒီသုံးဦးနဲ့ပဲ အဖော်ပြုနေတာ ပါ။ သူတို့မှာပျင်းတယ် မရှိပါဘူး။ (၁၁) လူသာဓုခေါ် နတ်သာဓုခေါ်လောက်နဲ့ ကျေနပ်တင်းတိမ် မနေကြနဲ့။ဘုရား ရဟန္တာအရိယာ သူတော်ကောင်းတွေ ချီးမွမ်းတဲ့အထိ ဖြစ်ပါစေ။ (၁၂) ပထမတော့တရားကို လူကဦးဆောင်တယ်။ နောက်တော့ တရားက လူကို ဦးဆောင်တယ်။အဲဒီ အချိန် လူက တရားနောက်ကိုလိုက်ဖို့လိုတယ် ။ (၁၃) ခန္ဓာကတော့ သူ့တရားသူပြနေတာပဲ။လောဘ ဒေါသ မောဟ ဖုံးနေတော့ ဘာမှ မသိလိုက်ရ ဘူး။ (၁၄) အားကိုးမမှားစေနဲ့။မိမိကိုယ်ကို မိမိ အားကိုးရမယ်။ (၁၅) ဘာမဆိုအတွင်းက အေးနေအောင် လုပ်ရတယ်။ အပြင်က ဘယ်လောက်ပူပူ အတွင်းက အေးနေတော့ အေးတာပဲ။ အပြင်က ဘယ်လောက်အေးအေး အတွင်းက ပူတော့ ပူတာပဲ။ (၁၆) တရားနှင့်အိပ်စက်ခြင်း တရားနှင့်နိုးထြ ခင်း၊ တရားနှင့် မွေ့လျော်ခြင်း၊ ဒါအပ္ပမာဒ တရားပဲ။ (၁၇) လောကီ…ချမ်းသာက တစ်ဘ၀စာတစ်နပ်စာ။ လောကုတ္တရာချမ်းသာကမှတစ်သံသရာလုံးအေး တာ။တစ်ဘ၀ တစ်နပ်စာမလုပ်နဲ့။တစ်သံသလုံး ရာစာလုပ်ကြ။ (၁၈) မကောင်းတာလုပ်တာသာကြောက်ရမှာ။ ကေင်းတာလုပ် တာကြောက်စရာမလိုဘူး။ မကောင်း တာတောင် ရဲရဲလုပ်ရဲရင် ကောင်းတာလုပ်တာ ဘာမလုပ်ရဲစရာရှိသလဲ ? (၁၉) မဟုတ်လည်း သည်းခံ၊ ဟုတ်လည်း သည်းခံရမှာပဲ။ခံရမည့်အတူတူ တော့ အခုကတည်းက ခံလိုက်တော့ သံသရာပြတ်တာပေါ့။ (၂၀) လောဘဒေါသ မောဟ ကင်းအောင်ပြတ်အောင် လုပ်ကြ။ဖြစ်အောင်လဲ မလုပ်နဲ့။ပျက်အောင် လဲ မလုပ်နဲ့။ဖြစ်တာပျက်တာအမြဲ သိနေ ပါစေ။ ဖြစ်အောင်လုပ်တာ လောဘ။ပျက်အောင်လုပ်တာ ဒေါသ။ဖြစ်တာပျက်တာမသိတာမောဟ။ (၂၁) စိတ်ကဖြတ်လို့ ပြတ်တာမဟုတ်ဘူး။ တရားကဖြတ်မှ ပြတ်တာ။တရားရှိအောင် အားထုတ်ကြ။ တရားရှိတော့တရားကပဲဖြတ်ပေး တယ်။ ပြတ်ပေးတယ်။ပါယ်ပေးတယ်။ (၂၂) အမြတ်က မရှုံးစေနဲ့။ အရှုံးကသာမြတ်ပါစေ။ အကုသိုလ်က ကုသိုလ်ဖြစ်ပါစေ။ကုသိုလ်က အကုသိုလ် မဖြစ်ပါစေနဲ့။ (၂၃) ပုထုဇဉ်တွေ မကောင်းတာလုပ်တာများ အဆန်းလုပ်မနေနဲ့ ။အခု လည်း မကောင်းတာလုပ်နေ သလို နောင်လည်း မကောင်းတာလုပ်နေဦးမှာပဲ။ သူတို့ မကောင်းတာနဲ့ ကိုယ်နဲ့ ဘာဆိုင်သလဲ? ကိုယ့်တရား ကိုယ်ရှုဖို့ပဲ လိုတယ်။ (၂၄) ဘုရားစကားနားလည်အောင်လုပ်။ဘုရားစကား နားလည်ရင် လောကစကားတွေအားလုံး နားလည်တယ်။ (၂၅) နိဗ္ဗာန်မဂ်ဖိုလ် ရလိုကြောင်းနဲ့ ဆုတောင်းခဲ့တာလည်းများလှပြီ။ ၀ိဇ္ဇာဥာဏ်မပါဓမ္မတာတောင်း မို့ အာညောင်းရုံပဲ မောဖတ်တင်မည်။ ဒါနပြု ကာအခါခါတောင်းလည်း ငါကောင်းချင်မှု ခုခံနေသည်။ ငါတစ်လုံးပါယ်ကာကွယ်ကာပေးမှ လွန်စွာမနှေးနိဗ္ဗာန်မြင်မည်။


"၂၅၀၀ သာသနာနှစ်အတွင်း သံဂါယနာ တင်ခဲ့သော သက္ကရာဇ် ခုနှစ် နှင့် နေရာများ"

"၂၅၀၀ သာသနာနှစ်အတွင်း သံဂါယနာ" ******************************** ပထမသံဂါယနာ


မဟာသက္ကရာဇ် ၁၄၈-ဘီစီ(B.C) ၅၄၄ခုနှစ်၊ ရာဇဂြိုလ် ဝေဘာရတောင် သတ္တပဏ္ဏလိုဏ်ဂူ၌အဇာတသတ် မင်းကို အမှီပြု၍အရှင်မဟာကဿပအမှူးရှိသော အရှင်အာနန္ဒာ၊အရှင်ဥပါလိနှင့် ရဟန္တာငါးရာတို့ မုခါရုဠှ (နှုတ်ဖြင့်ရွတ်ဆိုခြင်း) ပထမ သံဂါယနာတင်တော်မူခဲ့ကြပါသည်။


ဒုတိယသံဂါယနာ


သာသနာနှစ် ၁၀၀၊ဘီစီ(B.C)၄၄၄ခုနှစ်၊ဝေသာလီပြည် ဝါဠုကာရုံကျောင်းတော်၌ကာဠာသောကမင်းကို အမှီပြု၍ အရှင်မဟာယသမထေရ် အမှူးရှိသော ရဟန္တာအရှင်မြတ် ခုနစ်ရာတို့မုခါရုဠှ(နှုတ်ြ ဖင့်ရွတ်ဆိုခြင်း) ဒုတိယအကြိမ်သံဂါယနာတင်တော်မူခဲ့ ကြပါသည်။


တတိယသံဂါယနာ


သာသနာနှစ် ၂၃၉ ၊ဘီစီ(B.C) ၃၀၈ခုနှစ်၊ ပါဋလိပုတ်ပြည်(ယခုအဆို-ပတ္တနား) သီရိဓမ္မာသောကမင်းကို အမှီပြု၍အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်အမှူးရှိသောရဟန္တာတစ်ထောင်တု မုခါရုဠှီ(နှုတ်ဖြင့်ရွတ် ဆိုခြင်း) တတိယသံဂါယနာတင်ေ တ်ာမူခဲ့ကြပါသည်။ထိုအခါမှစ၍ ဟိမဝန္တာတောင်တစ် လျှောက်ရှိ တိုင်းပြည်နယ်အရ ပ်ရပ်သို့လည်းကောင်း၊ မြောက်ဘက်ရှိ စိန့်တိုင်းအနောက်မြောက်ဘက် ရှိ ကသ္မိရကန္တာရ၊ယောနကတိုင်းတို့သို့လည်းကောင်း သာသနာတော်ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။


စတုတ္ထသံဂါယနာ


၎င်းစတုတ္ထသံဂါယနာကို တောင်ပိုင်းစတုတ္ထသံဂါယနာ၊ မြောက်ပိုင်းသံဂါယနာဟုနှစ်မျိုးခွဲ၍ မှတ်ရသည်။ ထိုတွင် သာသနာနှစ်(၄၅၀) ၊ ဘီစီ(B.C) ၉၄ခုနှစ်၊ သီဟိုဠ်ကျွန်းမလယဇနပုဒ်အာလောက လိုဏ်ဂူ၌ ဝဋ္ဋဂါမဏိမင်းကို အမှီပြု၍ဓမ္မရက္ခိတမထေရ်အမှူးရှိသောသံဃာတော်ငါးရာတာလပတ္တအက္ခရာခေါ် (တောင်ပိုင်းစတုတ္ထသံဂါယနာ- ပေထက်အက္ခရာ) ကိုတင်တော်မူခဲ့ကြပါသည်။


သာသနာတော်နှစ် ၆၀၀၊ ဘီစီ(B.C) ၁ရာစု အိန္ဒိယမြောက်ပိုင်းကသ္မိရတိုင်းဇာလန္ဒရမြို့၌ ကနိလျှကမင်းကို အမှီပြု၍ သုမိတြအသွဃောသမေ ထရ် ကြီးမှူးသောသံဃာတော်များသည် ပိ၌ကတ်တော်များကို သင်္သကရိုဋ်(သက္ကတ)ဘာသာဖြင့် တင်သောသံသတိတြာရုဠှခေါ် မြောက်ပိုင်း စတုတ္ထသံဂါယနာကို တင်တော်မူခဲ့ကြပါသည်။ ထိုအခါမှစ၍ဟိမဝန္တာမှမြောက်ဘက်ရှိ တိုင်းပြည်နယ်များသို့ဗုဒ္ဓသာသနာရောက်ရှိပျံ့နှံ့ ခဲ့ပါသည်။


ပဉ္စမသံဂါယနာ


သာသနာနှစ် ၂၄၁၂၊ အေဒီ၁၈၆၈ခုနှစ်၊ မြန်မာပြည် မန္တလေးမြို့တော်၌မင်းတုန်းဘုရင်မ င်းတရားကြီးကို အမှီပြု၍ အရှင်ဇာဂရာဘိဓဇမ ထေရ်အမှူးပြုသော သံဃာတော်၂၄၀၀ကျော်တို့သေလက္ခရာရုဠှခေါ် ကျောက်ထက်အက္ခရာပဉ္စမသံဂါယနာတင်ေ တ်ာမူခဲ့ကြပါသည်။


ဆဋ္ဌသံဂါယနာ


ဆဋ္ဌမသံဂါယနာသာသနာနှစ်၂၅၀၀၊ အေဒီ ၁၉၅၆ခုနှစ် မြန်မာပြည်ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌နိုင်ငံတော်အစိုးရ ကြီးမှူးသောပြည်သူလူထုကို အမှီပြု၍ ထေရဝါဒငါးနိုင်ငံ(မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လော၊ သီရိလင်္ကာ) မှ ဆရာတော်များ ကြီးမှူးသော သံဃာတော်၂၅၀၀ကျော်ကို ပေါတ္ထကရုဠှ မုခါရုဠှရွတ်ဖတ်ပုံနှိပ်ခြင်း၊ ရွတ်ဆိုခြင်းနှစ်ပါးစုံဖြင့် ဆဋ္ဌသံဂါယနာတင်တော်မူခဲ့ကြပါသည်။


ဓမ္မမိတ်ဆွေများအားလုံး(ကုလားတော့မပါ) ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။


အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)


ပရိတ် (သို့) အရံအတား

ပရိတ် (သို့) အရံအတား


မြန်မာဗုဒ္ဓဘာသာအများ ရွတ်ပွားသရဇ္ဈာယ ပူဇော်လေ့ရှိကြသည့် ပရိတ်ဟူသော စကားသည် ပရိတ္တဟူသော ပါဠိစကားကို မြန်မာမှုပြုထားသ ည့် ပါဠိပျက် ဝေါဟာရတစ်ခုဖြစ် သည်။ ပရိတ္တဟူသည် အရံအတားဟု အဓိပ္ပါယ်ရ၏။ မိမိထံသို့ ကျရောက်လာမည့် ဘေးအန္တရာယ်များ မကျရောက်လာစေရန် သစ္စာတရားဖြင့် အဓိဋ္ဌာန်ထားကာ ပရိတ်အရံအတားဖြင တားဆီးကာကွယ်ခြင်းပင် ဖြစ်၏။ ဤပရိတ်တော်များသည် မြတ်စွာဘုရားရှင သက်တော်ထင်ရှား ရှိစဉ်ကပင် ဘုရားရှင်နှင့် တပည့်ရဟန္တာထေရ်ရှင်များက ဘေးရန်အန္တရာယ်များ ကျရောက်နေသည့် အရပ်ဒေသ၊ ပုဂ္ဂိုလ်များထံ ကြွရောက်၍ ရွတ်ပွားချီးမြှ င့်တော်မူကာ အန္တရာယ်များ ကင်းရှင်းစေရန် အရံအတားပြုပေးထားသည့် အစစ်အမှန် ဒေသနာတော်များပင် ဖြစ်၏။ ဆိုင်ရာ အခြေအနေသို့လိုက်ကာ သင့်လျော်သည့် ပရိတ်တော်ကို ရွတ်ပွားပေးတော်မူခဲ့သည့် မြတ်ဗုဒ္ဓနှင့် တပည့်သား သံဃာတော်များ၏ ပရိတ်တော်များသည် ပိဋကတ်တော်များတွင် အခိုင်အမာ မှတ်တမ်းအဖြစ် ရှိနေပြီးဖြစ်၏။ ယနေ့ခေတ် မြန်မာဗုဒ္ဓဘာသာဝ င်များ ရွတ်ပွားပူဇော်လျက်ရှိသည့် ပရိတ်ကြီး (၁၁)သုတ်ဟူသည် ပိဋကတ်တော်တွင် မှတ်တမ်းတင်ထားသည့် ပရိတ်တော်များအား ရွေးနှုတ်ကာ အလွယ်တကူ ပူဇော်နိုင်ရန် ပြုလုပ်ထားသည့် ဘုရားဟော မူရင်းများပင် ဖြစ်ပါ၏။


ပရိတ်တော်များ၏ အဓိက အချက်မှာ ရတနာသုံးပါး၏ ဂုဏ်တော်များနှင ကံစွမ်းများကို အထင်အရှား ထုတ်ဖော်ပူဇော်ရ င်း သစ္စာပြုထားချက်များပင် ဖြစ်၏။ “ကတိသစ္စာတည်သောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏”ဟူသော စာဆိုအတိုင်း သစ္စာကို အခြေပြုကာ ကျရောက်လာမည့် ဘေးအန္တရာယ်များကို ဂုဏ်တော်အစွမ်း၊ ကုသိုလ်အစွမ်း၊ သစ္စာအစွမ်းမျာြး ဖင့် အရံအတားပြု ကာကွယ်ပေးခြင်းပ င်ဖြစ်၏။ ပရိတ်တော်များ၏ အကျိုးသက်ရောက်မှုသည် ကျရောက်လာမည့် ဘေးအန္တရာယ်များ မကျရောက်စေရန်နှ င့် ကျရောက်ပြီး ဘေးအန္တရာယ်များ ပပျောက်စေရန် အထူးအကျိုးပြုပေးခြင်းပင် ဖြစ်၏။


ထို့ကြောင့်လည်း ဗုဒ္ဓဘာသာ မြန်မာများက မိမိတို့ အိမ်ဂေဟာများသို့ ပင့်ဖိတ်ကာ သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူပူဇော်ပြီး အန္တရာယ်ခပ်သိမ်း ပပျောက်ငြိမ်း၍ ကောင်းကျိုးချမ်းသာ ဖြစ်ပါစေရန် ပရိတ်တော်များကု ရွတ်ပွားသရဇ္ဈယ်စေခြင်း ဖြစ်၏။ မိမိတို့ အိမ်ဂေဟာ အနီးဝန်းကျင် အတွင်းရှိ မြင်အပ်၊ မမြင်အပ်သည့် အနှောက်အယှက်များ၊ အန္တရာယ်များ မကျရောက်စေရန် ပရိတ်တရား ရွတ်ပွားစေကြခြင်း ဖြစ်၏။


သတိပြုရမည်မှာ အန္တရာယ်ဟူသည် အပြင်အန္တရာယ်နှင့် အတွင်းအန္တရာယ်ဟူ၍ နှစ်မျိုးရှိရာတွင် ပရိတ်တော်များကား အပြင်အန္တာရာယ်ကိုသာ အထူးသဖြင့် အရံအတားပြု ကာကွယ်ပေးခြင်း ဖြစ်ပြီး အတွင်းအန္တရာယ်များကိုကား မိမိ၏ သတိ၊ ပညာများဖြင့်သာ မိမိကိုယ်တိုင် အရံအတားပြု ကာကွယ်ကြရမည်သာ ဖြစ်ပါ၏။ အတွင်းအန္တရာယ်ဟူသည်ကား မိမိကိုယ်ကို ပူလောင်စေသည့် လောဘ၊ ဒေါသ၊ မောဟ၊ မာနစသည့် ကိလေသာတရားများပင် ဖြစ်ပါ၏။ ထိုအတွင်းအန္တရာယ်များ အတွက်ကား ပရိတ်တရားများထက် မိမိ၏ သတိပညာတရားများက ပို၍လိုအပ်လှသည် သာ ဖြစ်၏။ သို့သော် ပရိတ်ရွတ်ကာ သမထအကျင့်အဖြစ် သမာဓိများ တိုးပွားနေလျှင်ကား အတွင်းရန်ဖြစ်သည့် ကိလေသာ တရားမျးကို အတိုင်းအတာ တစ်ခုအထိ အရံအတား ပြုပေးနေမည်သာ ဖြစ်ပါ၏။


ပရိတ်တော်များ၏ ဖွင့်ဆိုမှုများသ ည် မေတ္တာတရားကို အခြေခံကာ ဂုဏ်တော်များဖြင့် ထုံလွှမ်းထားသည့် ဖွင့်ဆိုမှုများ ဖြစ်သဖြင့် ရွတ်ပွားပူဇော်သူများကို အပြင်အန္တရာယ်များဖြစ်သည့် မကောင်းသည့် နတ်များ၊ နာနာဘာဝများ၏ နှောက်ယှက်မှုများမှ တားဆီးပေးပြီး သူတော်ကောင်းများ၏ တန်ပြန်ချစ်ခင်နှစ်သက် မြတ်နိုးမှုကို ရရှိစေနိုင်ပေ၏။ ပရိတ်ဒေသနာတော်များသည် မည်သည့်သတ္တဝါကိုမျှ ဆင်းရဲဒုက္ခရောက် စေသည့် အကြောင်းအရာ ဖွင့်ဆိုချက်များ မပါရှိသဖြင့် ပရိတ်ရွတ်ခြင်းအားဖြင့် ရွတ်ဆိုသူများအား တစ်စုံတရာ ဆိုးကျိုးဖြစ်ပေါ်နိုင်ဖွယ်အကြောင်း မရှိလှပေ။ ထို့အပြင် ဤပရိတ်ဒေသနာတော်များ၏ ထူးခြားမှုအဖြစ် ရွတ်ဆိုပူဇော်သူ၏ စိတ်စေတနာနှင့် မေတ္တာတရားအပေါ်အေ ခြခံကာ သိသာသည့် တန်ပြန်အကျိုးပေး သက်ရောက်မှုများကိုပင် ရရှိခံစားနိုင်မ ည်မှာ အသေအချာပင် ဖြစ်၏။ ဤသည်မှာ လက်တွေ့ကျင့်ကြံသူများ လက်တွေ့ခံစားနိုင်သည့် တရားတော်၏ သန္နိဋ္ဌိကဂုဏ်တော် အဖွင့်အတိုင်းပင် ဖြစ်၏။


သို့သော် ပရိတ်တရား ရွတ်ပွားပူဇော်ြ ခင်းအားဖြင့် ဓမ္မာနုဿတိ ဘာဝနာဖြစ်နေပြီး အပြင်ရန်များကို မေတ္တာတရားဖြင့် အရံအတားပြုပေးနေ မည် ဖြစ်သော်လည်း မိမိ၏ အတွင်းရန်များဖြ စ်သည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန စသည့် ကိလေသာတရားများကိကား ပရိတ်ရွတ်ပေးသည့် သံဃာတော်များ၊ ပရိတ်ရွတ်ပေးသည့် ပုဂ္ဂိုလ်များက ကင်းငြိမ်းသွားေ စရန် အရံအတား အကာအကွယ် ပြုပေးနိုင်မည်မဟုတ်ဘဲ မိမိ၏ အတွင်းရန်များကို မိမိ၏ သတိတရား၊ ပညာတရား သမထ၊ ဝိပဿနာ ကျင့်စဉ်များဖြင်သာ အရံအတားပြု ကားကွယ်ပေးနိုင် မည်ဖြစ်၏။


ဆိုလိုသည်မှာ ပရိတ်တော်များ ရွတ်ပွားသရဇ္ဈာယ်ခြင်းနှင့် ပတ်သက်၍ ပရိတ်တော်ဟူသည် အပြင်ပမှ ကျရောက်လာမည့် မြင်အပ်မမြင်အပ် သည့် အန္တရာယ်များကို အရံအတားပြု တားဆီးကာကွယ်ပေးနိုင်သည့် ဓမ္မဒေသနာများ ဖြစ်သဖြင့် ရွတ်ပွားသူများ၊ ရွတ်ပွားပေးသူများ အနေဖြင့် အပြင်အန္တရာယ်များကို ပရိတ်တော်များဖြ င့် အကာအကွယ် အရံအတား ပြုထားနိုင်သော်လည်း အတွင်းအန္တရာယ်များ ဖြစ်သည့် ကိလေသာရန်များကိုကား တစ်စုံတယောက်က မကျရောက်စေရန် အရံအတား ကာကွယ်မှုများ မလုပ်ပေးနိုင်ဘဲ မိမိကိုယ်တိုင်သာ သတိကို အခြေခံသည့် သီလ၊ သမာဓိ၊ ပညာ အကျင့်တရားမျာြး ဖင့် အရံအတားပြု ကာကွယ်ကြရမည် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ မိမိသည်သာ မိမိ၏ အတွင်းအန္တရာယ်များကို ကာကွယ်ရမည်သာ ဖြစ်ပါ၏။


ထို့ကြောင့် မြတ်ဗုဒ္ဓ၏ ပရိတ်တရား ဒေသနာတော်များကို ရွတ်ပွားပူဇော်ကာ အန္တရာယ်များမှ အရံအတားပြု ကာကွယ်လိုကြသည့်သူများအနေဖြင့် အတွင်းအပြင် အန္တရာယ်များကို ပရိတ်တရား ရွတ်ပွားပူဇော် နာယူခြင်း အားဖြင့်လည်းကော င်း သီလကို အခြေခံသည့် သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာများကို ဆောက်တည်ကျင့်ကြံခြင်း အားဖြင့်လည်းကော င်း ကာကွယ်ကြရမည် ဖြစ်ပါကြောင်း ပရိတ် (သို့) အရံအတားအကြောင်း တစ်စိပ်တဒေသ အသိမျှလိုက်ရပါသည်။


မေတ္တာဖြင့် မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)


ရဲဘော် သုံးကျိပ်

ဲရဲဘော် သုံးကျိပ်


၁.သခင်အောင်ဆန်း(ဗိုလ်တေဇ) 13.2.1915 မှ 19.7.1947 ၂.သခင်ရှုမောင်(ဗိုလ်နေ၀င်း) 6.7.1910(14.5.1 911) မှ 5.12.2002 ၃.သခင်ကျော်စိန်(ဗိုလ်မိုးညို) 6.10.1917 မှ 9.4.1960 ၄.သခင် ခင်မောင်ဦး(ဗိုလ်တာရာ) 13.4.1919 မှ 6.2.1993 ၅.သခင်ငွေ (ဗိုလ်စောအောင်) 28.4.1914 မှ 26.2.1942 ၆.သခင်စောလွင် (ဗိုလ်မင်းခေါင် )18.10.1920 မှ 24.8.1983 ၇.သခင်စံမြ (ဗိုလ်တောက်ထိန် )17.1.1911 မှ 18.4.1996 ၈.သခင်စံလှိုင် (ဗိုလ်မှူးအောင် )30.8.1910 မှ 9.11.2004 ၉.သခင်စိုး(ဗိုလ်မြင့်အောင်)14.11.1917 မှ24.6.1945 ၁၀.ကိုဆောင်း (ဗိုလ်ထိန်ဝင်း) 17.5.1914 မှ --.11.1945 ၁၁.သခင်တင်အေး(ဗိုလ်ဘုန်းမြင့် )3.1.1920 မှ 28.7.1989 ၁၂.သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ) 8.4.1911 မှ 23.1.1973 ၁၃.ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) 2.11.1918 မှ 28.1.1989 ၁၄.သခင်ထွန်းလွင်(ဗိုလ်ဗလ) 17.3.1917 မှ 1.11.1998 ၁၅.သခင်ထွန်းရွှေ (ဗိုလ်လင်းယုန်) --.10.1917 မှ 8.4.1974 ၁၆.သခင်ထွန်းအုပ် 7.12.1907မှ 23.1.1970 ၁၇.သခင်ဗဂျမ်း(ဗိုလ်လရောင်) 28.5.1911 မှ 9.7.1969 ၁၈.သခင်မောင်မောင် (ဗိုလ်ဥာဏ) --.--.1914 မှ 4.4.1942 ၁၉.ကိုရွှေ(ဗိုလ်ကျော်ဇော် )30.11.1918 မှ10.10.2012 ၂၀.သခင်လှ(ဗိုလ်မင်းရောင် )26.9.1917 မှ 6.11.1988 ၂၁.သခင်လှဖေ (ဗိုလ်လက်ျာ) 30.8.1911 မှ 27.11.1978 ၂၂.သခင်လှမောင်(ဗိုလ်ဇေယျ) 10.12.1913 မှ 16.4.1968 ၂၃.သခင်လှမြိုင် (ဗိုလ်ရန်အောင်) 2.3.1917 မှ 26.12.1967 ၂၄.သခင်သစ် (ဗိုလ်စောနောင်) 2.9.1920 မှ 30.1.1976 ၂၅.သခင်သန်းညွန့် (ဗိုလ်ဇင်ယော်) 21.11.1919 မှ 31.12.1993 ၂၆.သခင်သန်းတင်(၁) (ဗိုလ်သန်းတင်) 27.8.1920မှ --.9.1941 (ထိုင်ဝမ်) ၂၇.သခင်သန်းတင်(၂) (ဗိုလ်မြဒင်) --.--.1920 မှ --.1.1942(ဇင်းမယ်) ၂၈.သခင်အေးမောင်(ဗိုလ်မိုး) 21.3.1918 မှ8.3.1942 ၂၉.သခင်အောင်သန်း(ဗိုလ်စင်္ကြာ) 1.7.1915 မှ 6.9.1969 ၃၀.ကိုအောင်သိန်း (ဗိုလ်ရဲထွဋ်) 25.2.1922 မှ 27.11.2013 (ကျမ်းကိုး ...ကျော်ငြိမ်း(သုေ တသန အရာရှိ) ရေးသည့် ရဲဘော်သုံးကျိပ်)...