Sunday, March 2, 2014

သမ္ဗုဒ္ဓေနှင့်သမိုင်းကြောင်း

သမ္ဗုဒ္ဓေနှင့်သမိုင်းကြောင်း

ဆရာတော်ဘုရား

ထင်ရှားသော သမ္ဗုဒ္ဓေဂါထာတော်နှင့် နောက်ပေါ် အရှေ့ကျွန်းသမ္ဗုဒ္ဓေ၊ အနောက်ကျွန်းသမ္ဗုဒ္ဓေ၊ မြောက်ကျွန်းသမ္ဗုဒ္ဓေ တို့နှင့် ပက်သက်၍ အကိုးအကား မှီခိုအားထားစရာ သမိုင်းကြောင်းရာ အတ္တုပ္ပတ္တိကို သိလိုပါသည်ဘုရား မေတ္တာရှေ့ထား၍ ဖြေကြားပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

အရှင်နန္ဒာစရိယ၊ ရန်ကုန်။

အန္တရာယ်ကင်းပါထာများအကြောင်း ရေးသားကြသော ဆောင်းပါးတို့တွင် အထင်ရှားဆုံးမှာ သမ္ဗုဒ္ဓေဂါထာပင်ဖြစ်ပါသည်။ ထိုဂါထာနှင့်ပက်သက်၍ မေးသူမြန်းသူ ဆွေးနွေးသူတို့ များလှသဖြင့် စာရေးသူအနေနှင့် အကြိမ်များစွာပင် နှုတ်ဖြင့်လည်ကောင်း၊ စာဖြင့်လည်းကောင်း ဆွေးနွေးခဲ့ ရေးသားခဲ့ဖူးလှပါပြီ။ ယခုမှ ရိုးရိုးသမ္ဗုဒ္ဓေ ဂါထာသာမက နောက်ပေါ်သမ္ဗုဒ္ဓေများအကြောင်းပါ ဆွေးနွေးလာသဖြင့် အတန်ငယ် ကျယ်ကျယ်ပြန့်ပြ န့် ဖြေကြားလိုပါသည်။

သမ္ဗုဒ္ဓေဂါထာမှာ သီဟိုဠ်သမ္ဗုဒ္ဓေဂါထာ၊ မြန်မာသမ္ဗုဒ္ဓေဂါထာ ဟူ၍ စာပေတွင် နှစ်မျိုးထင်ရှားခဲ့ရာ မြန်မာလူမျိုးတိ နှုတ်တက်ရနေသော ” သမ္ဗုဒ္ဓေအဋ္ဌ၀ီ သဉ္စ” စသော ဂါထာမှာ မြန်မာ သမ္ဗုဒ္ဓေဂါထာ ဖြစ်ပါသည်။ မြန်မာ သမ္ဗုဒ္ဓေဂါထာ ဆိုသည့်အတိုင်း မြန်မာပညာရှိ ရဟန်းတော်တစ်ပါး စီကုံး ရေးသားခဲ့သောဂါထာဖြစ်ကြောင်းနှင့် ပုဂံခေတ် တထာဂတုပတ္တိကျမ်း ၏ ပဏာမဂါထာဖြစ်ကြောင်း သိရပါသည်။

ထို သမ္ဗုဒ္ဓေဂါထာမှာ မူလက သင်္ချေနှစ်ဆယ်အတွ င်းရှိ ဘုရားပေါင်း ငါးသိန်းတစ်သောင်းနှင့် နှစ်ထောင်ခန့် နှစ်ကျိပ် ရှစ်ဆူကိုသာ ရှိခိုးသော ဂါထာဖြစ်၍

သမ္ဗုဒ္ဓေအဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စသဟဿကေ၊ ပဉ္စသတသဟဿာနိ၊ နမာမိ သိရသာမဟံ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန၊ နမာမဟံ။

ခြောက်ပါဒ တစ်ဂါထာ ဘုရားရှိခိုးနှင့် နမက္ကာရာ နုဘာဝေန စသော ဆုတောင်းတစ်ဂါထာ ထားရှိလေသည်။ ၄င်းမှာလည်း စိန္တိတံ သတ္တသင်္ချေယံ စသော သောတတ္ထကီ ကျမ်းလာအရ စိတ်ဖြင့် ဆုတောင်းသော ခုနှစ်သင်္ချေ၊ နှုတ်ဖြင့်ဆုတောင်းသော ကိုးသင်္ချေ၊ ကိုယ်နှုတ်နှစ်ပါးဖြင့် ဆုတောင်းသော လေးသင်္ချေ၊ သုံးရပ်ပေါင်း သင်္ချေနှစ်ဆယ်မျှကိုသာ ရည်ရွယ်၍ ထိုသင်္ချေနှစ်ဆယ်အတွင်း၌ ပွင့်ခဲ့သော ဘုရားပေါင်းကိုသာ ဖော်ပြရေးစီထားခဲ့ခြင်း ဖြစ်လေသည်။

ထို သမ္ဗုဒ္ဓေဂါထာမှာ လွန်စွာ လူကြိုက်များ၍ အသုံးတွင်ကျယ်လေရာ ထို့နောက်တစ်ခေတ်(အင်းဝခေတ်)လောက်တွင် စိန္တိတံ သတ္တသင်္ချေယျ စသော ဂါထာလာရှိရာ သောတတ္တကီကျမ်းမှာ သံဂါယနာဝင်ကျမ်း မဟုတ်သဖြင့် ခိုင်ခံ့မှုမရှိ၊ ရှေးရှေးဘုရားတို့ဆိုလျှင် သင်္ချေနှစ်ဆယ်မျှ သာဆို၍ အားလုံးမနှံ့စပ်၊ သံဂါယနာတင်ကျမ်းများ အလို ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူခဲ့သော ဘုရားများကိုထည့်မှသာ အားလုံး နှံ့နိုင်ပေမည်ဟုဆိုကာ မူလဂါထာတွင် “အပ္ပကာ ၀ါဠုကာ၊ အနန္တာ နိဗ္ဗုတာ ဇိနာ" ပါဒနှစ်ခု (ဂါထာဝဂ်) ထပ်တိုးကာ ဂင်္ဂါဝါဠုသဲစုမက များစွာသော ဘုရားရှင်တို့နှင့် တရားတော် သံဃာတော်တို့အား ရှိခိုးသင့်သည်ဟု ဆိုကုန်၏။

ဂေါတမမြတ်စွာဘုရားအလောင်း တိလောက ၀ိဇယစကြာ မင်းကြီးသည် ဘုရားအနည်းငယ်သာ ရှိခိုးရ၊ လှူဒါန်းရသည်ကို အားမရ၍ သူ့စိတ်အကြံအစည်ဖြင့် စကြ၀ဠာတိုက်အပြည ဘုရားများကို သီတင်းသုံးစေ၍ ရှိခိုးတော်မူခဲ့ သည်။ ဥပမာ သမ္ဗုဒ္ဓေဂါထာတွင် သင်္ချေနှစ်ဆယ်အတွင်း ပွင့်ကုန်ုသော ဘုရားများကိုသာမက ဂဂါင်္ဝါဠုသဲစုမက များပြားလှစွာသော ဘုရားများကို ရှိခိုးရသဖြင့် ဗုဒ္ဓဘာသာသက်ဝင်သူတိုင်း လွန်စွာ အားပါးတရ ၀မ်းမြောက်ဝမ်းသာဖြစ်ရပေသည်။ ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာသည် အစဉ်အလာအရ ဂါထာသုံးပုဒ် အပြည့်အ၀ဖြစ်၍ နေပေသည်။

အဘယ်ကြောင့် သမ္ဗုဒ္ဓေဂါထာသည် အန္တရာယ်ကင်းစေသနည်း ဆိုသည်ကိုလည်း ရှင်းပြပါဦးမည်။ မည်သို့ပင်ဖြစ်စေ သမ္ဗုဒ္ဓေဂါထာသုံးပုဒ်လုံးသည် ဆန်းကျမ်းအရ ရှစ်လုံးဘွဲအကောင်းဆုံးဂါထာဖြစ်သော ယဇ"ယဇပထျာဝတ္တ ဂါထာမျိုးဖြစ်၍ ရွတ်ဆိုရန် အကောင်းဆုံးဂါထာမျိုးဖြစ်ပါသည်။

အကြောင်းအရာမှာလည်း ပထမဂါထာအရ သဗ္ဗညုမြတ်စွာ ဘုရားပေါင်း ငါးသိန်းနှစ်သောင်း တစ်ထောင်နှစ်ကျိပ် ရှစ်ဆူကို စိတ်တွင်း နှလုံးတွင်းဝယ် ထည့်သွင်းရိုကျိုး၍ ရှိခိုးရခြင်း၊ ဒုတိယဂါထာအရ ဂင်္ဂါဝါဠု သဲစုမက အလွန်တရာ များပြားလှစွာသော ငါးမာရ်အောင်မြင ဘုရားရှင်တို့အား ရိုသေမြတ်နိုးခြင်းနှင့် ထိုရှိခိုးရသော တန်းခိုးအာနုဘော်တို့ကြောင့် ဥပဒ္ဒဝေါများစွာ ဘေးဘယာအသွယ်သွယ် အန္တရာယ်ဟူသမျှတို့မှ ကင်းရပါစေကြောင်း ဆုတောင်းထားခြင်းဖြစ်၍ အဓိပ္ပါယ်အလိုကပင အလွန်တရာ ကောင်းမွန်ထူးမြတ်၍ နေပါသည်။

စီကုံးထားသော စာလုံးအက္ခရာများကလည်း ၀ံသ( အက္ခရာ အမျိုးအနွယ်) အနေအားဖြင့် အကောင်းဆုံးအနေအထား တွင်ရှိပါသည်။ စတင်စီကုံးခဲ့သော ဆရာကိုယ်တိုင်က အထူးရွေးချယ်၍ စီကုံးထားသည့်အလား အများအားဖြင့် အက္ခရာတိုင်းလိုလို ၀ံသကောင်း ၀ံသထူးများဖြင့် ဖူးပွင့်၍ နေသည်ကိုသာ တွေ့ရပေသည်။ ထိုသုံးဂါထာတွင် တစ်ဂါထာ တစ်ဂါထာ၌ အက္ခရာ (၃၂) လုံးစီနှင့် သုံးဂါထာတွင် အက္ခရာ (၉၆) လုံးပါဝင်ရာ အက္ခရာ ၅ လုံးမှလွဲ၍ အက္ခရာ ၉၁လုံးမှာ ၀ံသကောင်းများသာ ဖြစ်သည်ကို တွေ့ရပေသည်။ ယင်းကို စဉ်းငယ်သိသာရုံမျှ ချဲ့၍ ရေးပါဦးမည်။

ဂါထာပေါင်း မည်မျှပင်ဖွဲ့ဖွဲ့ အက္ခရာစာလုံး (၄၁) ထက်မပိုနိုင်၊ ပိဋကတ်သုံးပုံ၌ စာလုံးပေါင်းမည် မျှရှိသနည်းဟူသော အမေးကို ”ပိဋကတ္တယံပိ ပတွာ နက္ခရန္တိ နခီယန္တီတိ အက္ခရာ ” ဟူသော စကားအရ ပိဋကတ်သုံးပုံမှာလည်း အက္ခရာ (၄၁) လုံးသာရှိသည်ဟု ဖြေရသကဲ့သို့ပင်ဖြစ်ပါသည်။ ယင်း(၄၁) လုံးသော အက္ခရာတို့ကိုလည်း ၀ဂ်(အစု) အက္ခရာ၊ အ၀ဂ်(အစုမရှိ) အက္ခရာ အနေအားဖြင့် ဆိုသော် သရရှစ်လုံးက အစ အဆုံး (၄၁) လုံးကို တူရာစုပေါင်းလိုက်သော (၁၃) လုံးသာ ရှိသည်ဟု ဆိုပေသည်။

၎င်းမှာ က၊ စ၊ ဋ၊ တ၊ ပ၊ ယ၊ ရ၊ လ၊ ၀၊ သ၊ ဠ၊ ဟ၊ အ ဟူသော ၁၃ လုံးသာပင်။ ဤ ၁၃ လုံးတွင် က၀ဂ်(က၊ ခ၊ ဂ၊ ဃ၊ င) ၅ လုံးသည် ခတ္တိယ၀ံသ မင်းမျိုးအက္ခရာများဖြစ်ကြပါသည်။ သမ္ဗုဒ္ဓေ(၃) ဂါထာတွင် မင်းမျိုးအက္ခရာပေါင်း (၈) လုံးပါဝင်ပါသည်။ စ၀ဂ်(စ၊ ဆ၊ ဇ၊ ဈ၊ ည) ငါးလုံးသည် ဗြဟ္မဏ၀ံသ ပုဏ္ဏားမျိုး အက္ခရာများဖြစ်ကြပါသည်။ သမ္ဗဒ္ဓေသုံးဂါထာတွင် ဗြဟ္မဏ၀ံသ အက္ခရာ ငါးလုံးပါဝင်ပါသည်။ ဋ၀ဂ်( ဋ၊ ဋ္ဌ၊ ဍ္ဍ၊ ဎ၊ ဏ) ငါးလုံးသည် ဝေဿ၀ံသ ကုန်သည်မျိုး အက္ခရာများဖြစ်ကြပါသည်။ ဤ ၃ ဂါထာ၌ ၁ လုံးပါဝင်ပါသည်။ တ၀ဂ်( တ၊ ထ၊ ဒ၊ ဓ၊ န) ငါးလုံးသည် ဒေ၀၀ံသ နတ်မျိုး အက္ခရာဖြစ်၍ ၃ ဂါထာတွင် ၂၇ လုံးပင် ပါဝင်ခဲ့ပေသည်။

ပ၀ဂ်( ပ၊ ဖ၊ ဗ၊ ဘ၊ မ) ငါးလုံးသည် ဗြဟ္မ၀ံသ ဗြဟ္မာမျိုး အက္ခရာများဖြစ်ပါသည်။ ဤ ၃ ဂါထာတွင် ၁၂ လုံးပါဝင်ခဲ့ပေသည်။ ထို့နောက် အ၀ဂ်အက္ခရာများဖြစ်၍ ယ အက္ခရာသည် သုဒ္ဒ၀ံသ ဆင်းရဲသားမျိုးဖြစ်သည်။ သမ္ဗဒ္ဓေုသုံးဂါထာတွင် တစ်လုံးသာပါဝင်သည်။

ရ အက္ခရာသည် အပါယ၀ံသ အပါယ်ဇာတိဝံသမျိုးဖြစ်သည်။ ဤ ၃ ဂါထာ၌ ၄ လုံးပါဝင်ပါသည်။

ဝ အက္ခရာသည် သောတပတ္တိဝံသ သောတာပန်မျိုး အက္ခရာဖြစ်၍ ဤ ၃ ဂါထာတွင် ၁၆ လုံးပါဝင်ပါသည်။

သ အက္ခရာသည် သကဒါဂါမိဝံသ သကဒါဂါမ်မျိုးဖြ စ်၍ ဤ ၃ ဂါထာတွင် ၁၆ လုံး ပါဝင်ပါသည်။

ဿ အက္ခရာသည် အနာဂါမိဝံသ အနာဂါမ်မျိုးဖြစ်၍ ဤ ၃ ဂါထာတွင် ၃ လုံးပါဝင်ပါသည်။

ဠ ကြီး အက္ခရာသည် အရဟန္တ၀ံသ ရဟန္တာမျိုးဖြစ်၍ ဤ ၃ ဂါထာတွင် ၁ လုံးပါဝင်ပါသည်။

အ အက္ခရာသည် ပစ္စေကဗုဒ္ဓ၀ံသ ပစ္စေကဗုဒ္ဓမျိုြး ဖစ်၍ ဤ ဂါထာတွင် ၇ လုံးပါဝင်သည်။

ဤသို့ဆိုလျှင် ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် သူတော်စင်တို့ ရွတ်ဆိုနေကျ သမ္ဗုဒ္ဓေဟု အစချီထား၍ သမ္ဗုဒ္ဓေဂါထာ ဟုခေါ်သော ဂါထာသည် စံတင်စံထားပြုလောက်အောင် ဂါထာအနေဖြင့်ရော အက္ခရာအနေဖြင့်ပါ မင်္ဂလာအပြည့်ဖြစ်၍ နေရုံမျှမက ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူကြကုန်သော အနန္တဗုဒ္ဓ ဘုရားရှင်တို့၏ တန်ခိုးတေဇော် အာနုဘော်တို့အား အားထားရိုကျိုး ရှိခိုးရခြင်းကြောင့် အန္တရာယ် ဟူသမျှတို့ မြူမျှမကြွင်း ကင်းရှင်းအေးမြေ နရခြင်းပင် ဖြစ်တော့သည်။

ဤကား မြန်မာပြည်ဖြစ် သမ္ဗုဒ္ဓေဂါထာကို စိစစ်ပြခြင်းပင် ဖြစ်တော့သည်။

မြန်မာတို့နှင့် ထေရ၀ါဒချင်း တူမျှသော သီဟိုဠ်( သီရိ လင်္ကာ)၌ ထင်ရှားသော သမ္ဗုဒ္ဓေဂါထာတော် အကြောင်းကို တင်ပြဖော်ဆိုလိုပါသေးသည်။

ထို သီဟိုဠ်သမ္ဗုဒ္ဓေဂါထာသည်လည်း သောတ္ထကီကျမ်းလာ သင်္ချေနှစ်ဆယ်တွင ပွင့်တော်မူကြသည့် ဘုရားရှင်တော်ပေါင်း ငါးသိန်းတစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ကိုပင် ပုံစံတစ်မျိုးဖြင့် ဖော်ပြထားခြင်းဖြစ်သည်။

၎င်းမှာ ၈ လုံးတွဲ ဂါထာမျိုးမဟုတ်။ ၁၂ လုံးဘွဲ့ ဣန္ဒ၀ံသ ဂါထာမျိုးဖြင့်ဖွဲ့၍ အက္ခရာသင်္ချာဖြင့် စိန္တိတံ သတ္တသင်္ချေယျံအရ ဂါထာအတိုင်း စိတ်ဖြင့် ဆုတောင်းစဉ်၊ ခုနှစ်သင်္ချေအတွင်း၌ ဖူးတွေ့ရသောဘုရားများ၊ နှုတ်ဖြင့်ဆုတောင်းစဉ် ကိုးသင်္ချေအတွင်း၌ ဖူးတွေ့ရသော ဘုရားများ၊ ကိုယ်နှုတ်စိတ် သုံးပါးလုံးဖြင့် ဆုတောင်းစဉ် လေးသင်္ချေ ကမ္ဘာတစ်သိန်းအတွင်း၌ ဖူးတွေ့ရသော ဘုရားများကို ဖော်ပြ၍ လေးရပ်ပေါင်း ငါးသိန် တစ်သောင်း နှစ်ထောင် နှစ်ကျိပ် ရှစ်ဆူသော ဘုရားရှင်တို့ အား ရှိခိုးကြောင်း ဆိုထားပေသည်။

မြန်မာဂါထာကဲ့သို့ သမ္ဗုဒ္ဓေဟုအစ မဆိုထားသော်လည်း မြန်မာတို့က သီဟိုဠ်သမ္ဗုဒ္ဓေဂါထာဟုပင် ခေါ်ကြသည်။ ၄င်း ဂါထာမှာ

ဗုဒ္ဓါ အနုန္နာမရိယာ သုသင်္ခေယ၊

ဗုဒ္ဓါ အနုန္နာမရိယာ ဓိသင်္ခယေ၊

ဗုဒ္ဓါ ရိယဃေ ဗကုလက္ခကပ္ပေ၊

ဝန္ဒာမိ တေ ဇိရနိရက္ကမေ အဟံ။ ဟူ၍ ဖြစ်ပါသည်။ ( အနက်ကို မဖော်ပြတော့ပါ)

ထို့နောက် ပြဿနာရှင်မေးမြန်းထားသော အရှေ့ကျွန်း သမ္ဗုဒ္ဓေ၊ အနောက်ကျွန်း သမ္ဗုဒ္ဓေ၊ မြောက်ကျွန်း သမ္ဗုဒ္ဓေ တို့အကြောင်း အမြွက်မျှ ဖော်ပြပါဦးမည်။

ထို သမ္ဗုဒ္ဓေဂါထာပေါ်ပေါက်လာပုံမှာ လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်က မိုးညှင်းမြို့ အရှေ့ကျောင်းသို့ တည်တောဆရာတော်(စာရေးဆရာအမည် ထီးချိုင့်နတ်စိုး ခေါ် ထီးချိုင့်မိုးန တ်ရှင် ခေါ်) ဘဒ္ဒန္တဒေ၀ိန္ဒာဓိပတိ ရောက်ခဲ့စဉ်ကျော င်းနှင့်မတူလောက်အောင် စစ ချို့တဲ့နေကြောင်း တွေ့မြင်ရပြီး နောက်နှစ် ၂၀ ခန့်အကြာ ဒုတိယအခေါက် ထပ်မံရောက်ရာ၌ ယခင်ကနှင့်မတူ တိုက်ဆာအဆောက်အအုံများဖြစ်နေသဖြင့် မေးမြန်းကြည့်ရာ

” တောရကျောင်း တစ်ကျောင်းရှိ ဘုန်းတော်ကြီးတစ်ပါး သမ္ဗုဒ္ဓေ( ရိုးရိုး) ဂါထာကို အမြဲရွတ်ကြောင်း၊ တစ်ညတွင် ရုက္ခစိုးနတ်က သမ္ဗုဒ္ဓေဂါထာမျိား နတ်ဝှက်ထားသေးကြောင်း၊ ထိုဂါထာများကိုပါ ရွတ်ပါဟုဆိုကာ အရှေ့ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း၊ သမ္ဗုဒ္ဓေဂါထာများ ကို သင်ပေးသွားကြောင်း၊ ထိုတောရဘုန်းကြီးသည် ယင်း သမ္ဗုဒ္ဓေဂါထာများကိုပါ နေ့စဉ်ရွတ်ပွား၍ ဘုန်းတန်ခိုးလာဘ်သပ်ပကာ ကြီးမားလာကြောင်း၊ ယင်း ဂါထာများကို ရရှိရွတ်ဆိုသဖြင့် မိုးညှင်းမြို့ အရှေ့ကျောင်းဆရာ တော်ကြီးလည်း တစ်နေ့တခြား ဘုန်းတန်ခိုး ကြီးမလာကြောင်း ဆောင်းပါး တစ်ပုဒ် ရေးသား၍ ဤ သမ္ဗုဒ္ဓေဂါထာများကို ဖော်ပြထားပါသည်။

ထိုဂါထာများမှာ မူလ သမ္ဗုဒ္ဓေ(၄င်းကို တောင်ကျွန်း သမ္ဗုဒ္ဓေဟု အမည်ပေးသည်) ကဲ့သို့ ဘုရားရှင်ပေါင်း ငါးသိန် တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူနှင့် ဂဂ်ါဝါဠု သဲစုမက ဘုရားတို့အား ဖွဲ့ဆို ရှိခိုးမှုမပါ၊ နှစ်ကျိပ်ရှစ်ဆူ နှစ်ကျိပ်ငါးဆူ စသည်များကို ရှိခိုးကြောင်းနှင့် ၂ ဂါထာ၊ ၃ ဂါထာ တို့သာရှိပြီး အချို့ ပါဠိသဒ္ဒါ မမှန်မကန် ဂါထာပိုဒ် မပြည့်စုံသဖြင့် ရှိနေကြသည်ကို တွေ့ရသည်။ မူလ သမ္ဗုဒ္ဓေဂါထာကဲ့သို့ စနစ်တကျ မရှိလှပေ။

ဘုရားရှိပြီး ဖြစ်သဖြင့် နှုတ်တက်ရရှိ၍ ရွတ်ဆိုရှိခိုးလျှင်ကား အကျိုးရှိသင့်သလောက် ရှိမည်မှန်သော်လည်း ကြိုးစားကျက်မှတ်၍ မပြတ်ရှိခိုးရကျိုး နပ်လိမ့်မည်ဟု မထင်ပေ။

ထို့ကြောင့် ရှိရင်း မူလသမ္ဗုဒ္ဓေ (မြန်မာ) နှင့် သီဟိုဠ် သမ္ဗုဒ္ဓေဂါထာ မှန်မှန်ကန်ကန်တို့ကိုသာ ထက်ထက်သန်သန် ဆိုအပ်ခဲ့သည့် အဓိပ္ပါယ်တို့ကို လေးလေးနက်နက် မှတ်သား၍ မပြတ်ပွားများ ရှိခိုးကြခြင်းသည်သာ အကျိုးဖြစ်ထွန်း ဖွယ်ရာပါရှိကြောင်း ဖြေကြားလိုပါသည်။

ရဝေနွယ်(အင်းမ)

မြတ်သတိဝါဒီ မဂ္ဂဇင်း

ဖေဖေါ်ဝါရီလ ၊ ၂၀၀၁ ခုနှစ်

ဇလွန်ပြည်တော်ပြန် ဘုရားသမိုင်း

ဇလွန်ပြည်တော်ပြန် ဘုရားသမိုင်း

ရှေးလွန်ခဲ့သော ရခိုင်ပြည့်ရှင် ဘုရင်စန္ဒသူရိယမင်း ပင့်လျှောက်ချက်အရ မဟာသက္ကရာဇ် (၁၁၃) ခုနှစ်တွင် သဗ္ဗညုတ မြတ်စွာဘုရားသခင်သည် ရခိုင်ပြည်သို့ ကြွရောက်ပြီးသရဏဂုံသီလဖြင့် ချီးမြှင့်ကာ ဓညဝတီတိုင်းပြည် တစ်ခုလုံးဗုဒ္ဓဘာသာဝင်ဥပါသကာ ဥပါသာကီများအဖြစ်လို့ ရောက်ရှိခဲ့ကြပါတယ်။

ဓညဝတီမှ မြတ်စွာဘုရားရှင်ပြန်လည်ကြွချီရာတွင် စန္ဒသူရိယမင်း၏ တောင်းပန်လျှောက်ထားချက်အရ ကိုယ်စားတော် ပုံသွင်းကိုသွန်းလုပ်ကိုးကွယ်ခွင့်ပြုပြီး ရင်ငွေ့တော် ခုနှစ်ကြိမ်ပေးခဲ့သဖြင့် မဟာမုနိဘုရားဟု ဘွဲ့တော်ထင်ရှားခဲ့ပါတယ်။ ကိုယ်စားတော် မဟုမုနိသွန်းလုပ်ပြီးကြွင်းကျန်သော ကြေး-ငွေ-ရွှေရတနာတို့ကိုသွန်းလုပ်ကြရာ (ရှင်ကျော်) (ရွှေဘုံသာ) (ရန်အောင်မြင်) ဟူသော ရုပ်ပွားတော်ငယ်သုံးဆူ သွန်းလုပ်ကိုးကွယ်ခဲ့ပါတယ်။

အထက်ဖော်ပြပါ ဆင်းတုတော် သုံးဆူအနက်မှ ရန်အောင်မြင်ရုပ်ပွားတော်မှာ မဟာမုနိရုပ်ပွားတော်၏ လက်ယာဘက်တွင်ထားပြီးကိုးကွယ် ပူဇော်သောကြောင် လက်ယာရုပ်ပွားတော်ဟုခေါ်တွင်ခဲ့ပါတယ်။ သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် အမရပူရ ရွှေနန်းရှင်ဘိုးတော်ဘုရား၏ သားတော်အိမ်ရှေ့ဥပရာဇာက ဓည၀တီရခိုင်ပြည်ကို သိမ်းယူပြီးမဟာမုနိရုပ်ပွားတော်နှင့် အရံရုပ်ပွားတော်(၃) ဆူပါပင့်ဆောင်လာခဲ့ပြီးမဟာမုနိရုပ်ပွားတော်ကို ဂန္ဓကုဋိတိုက်တော်နှင့်ထားပြီးကျန်(၃) ဆူကို ရွှေနန်းတော်ဦးတွင် ကိုးကွယ်ထားခဲ့ပါတယ်။

သက္ကရာဇ် ၁၂၁၄ခုနှစ်၊ ပုဂံမင်းလက်ထက် ဇလွန်မြို့သူကြီးဦးရွှေပွင့်သည် မြို့သူ-မြို့သားများ ကိုးကွယ်ရန်ရုပ်ပွားတော်တစ်ဆူသွန်းလုပ်ရန် တစ်မြို့လုံး လှူဒါန်းသော ရွှေငွေကြေးသံ တို့ကို (ရန်လွင့်) ခေါ် လှေကြီးနှင့်တင်ပြီးအမရပူရသို့ရောက်ရှိလာပြီး အစ်မဝမ်းကွဲတော်သူပုဂံမင်းမိဖုရားကြီးထံ ဝင်ရောက်ခစားကာပန်းပဲဖိုဆရာ မောင်မောင်လပ်အား ခေါ်ယူပြီးမိဖုရားကြီးကရုပ်ထုတော် သွန်းလုပ်စေခဲ့ပါတယ်။

ထိုအချိန်တွင် ပုဂံမင်းနှင့်မင်းတုန်း၊ကနောင်မင်းတို့ မသင့်မတင့်ဖြစ်ကာနေပြည်တော်တွင် အရေးအခင်းများပေါ်ပေါက်လာသဖြင့်ရုပ်ပွားတော်သွန်းလုပ်မှုများမပြီးစီးသဖြင့် သိမ်းယူရာ ဇလွန်မြို့ မာရ်အောင်မြင် ဘုရားကိုပါသိမ်းယူပြီးဆာဂျွန်ဆင်ဆိုသူ ကုလားဖြူဗိုလ်က(ရွှေဆင်) ဆိုသော သင်္ဘောဖြင့် တင်ယူသွားခဲ့ပါတယ်။ဘုံဘိုင်မြို့သို့ရောက်သောအခါ ကြေးဆင်းတုများကိုကျိုပြီးကြေးပိုက်ဆံ ကျည်ဆံလုပ်ခဲ့ကြပါတယ်။

မာရ်အောင်မြင် ဆင်းတုတော်မှာမူ မီးနှင့်ကြိုရာ အရည်မပျော်ပဲ မိုးကြီးလေကြီးများ ကျရောက်ကာ မီးကျိုသူ ကုလား(၆၄) ဦးသွေးအန် ဝမ်းလျှော သေဆုံးကုန်ကြတယ် လို့ဆိုပါတယ်။ ထိုအချိန်တွင်ဝိတိုရိယဘုရင်မကြီးမှာ ခေါင်းကိုက်ဝေဒနာပြင်းထန်စွာ ဖြစ်ပြီးဒေါက်တာများ ဆရာဝန်များကုသမရပဲရှိသဖြင့် (တစ်ညတွင်ဘုံဘိုင်ရှိ ဗမာဘုရားကို မူလနေရပ်သို့ ပြန်ပို့မှ ရောဂါပျောက်ကင်း မည် ပြန်မပို့ပါက နတ်ရွာစံမည်။)ဟု အိမ်မက် မြင်မက်သဖြင့်ဘုံဘေရှိ ဂိုဒေါင်အတွင်းရှာေ ဖွပြီး မြန်မာပြည်သို့ ပြန်ပို့မှသာ ရောဂါပျောက်ကင်း သွားသည်ဟု ဆိုခဲ့ပါတယ်။

ထိုကြောင့် ဇလွန်မာရ်အောင်မြင်ပြည်တော်ပြန် ဘုရားဟုဘွဲ့အမည်ဖြင့် ဟင်္သာတမြို့အနီးဇလွန်မြို့ရှိ စံကျောင်းတော်တွင် ကိန်းဝပ်စံပါယ်တော်မူလျှက်ရှိရာ ပြည်နယ်အရပ်ရပ်မှဘုရားဖူးခရီးသည်များဖြင့်စည်ကား သိုက်မြိုက်လျှက်ရှိပါတယ်။

မေတ္တာဖြင့်စုစည်းဝေမျှသူ အနှိုင်းမဲ့စာတိုပေစများ

အမျိုးသမီးများဖတ်ဖို့ ရုပ်ဆိုး ရုပ်ချော ချမ်းသာ ဆင်းရဲ

အမျိုးသမီးများဖတ်ဖို့ ရုပ်ဆိုး ရုပ်ချော ချမ်းသာ ဆင်းရဲ ************************************* တခါတုန်းက မြတ်ဗုဒ္ဓ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူ ပါတယ်။ အဲဒီအချိန်မှာ မလ္လိကာမိဖုရားက ဘုရားရှင်ထံကို ချဉ်းကပ် ရောက်လာတယ်။ သင့်တော်ရာက ထိုင်ရင်း လက်အုပ်ချီမိုး ရှိခိုးပြီး ပြဿနာ လေးချက်ကို လျှောက်ထားပါတယ်။

၁။ရုပ်ဆိုး ဆင်းရဲ

မေး။ ။အရှင်ဘုရား- ဒိလောကမှာ အမျိုးသမီးအချို့ ကအဆင်းမလှ, အရုပ်ဆိုး အကျဉ်းတန်လှပါတယ်၊ ဆင်းရဲနွမ်းပါးလှပါတယ်၊ ပစ္စည်းဥစ္စာလဲမရှိ၊ အသုံး အဆောင်ဆိုလဲမရှိ၊ သြဇာအာဏာလဲမရှိပါဘုရား၊ အဲဒီလိုဖြစ်နေရခြင်း အကြောင်းက ဘာကြောင့်ပါသလဲဟုမေးလျှောက်တယ်..။

ဖြေ။ ။မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသကြီးတယ်၊ စိတ်ပင်ပန်းမူ များတယ်၊ နည်းနည်းကလေး အပြောခံရရုံနဲ့ စိတ်ခုတတ်တယ်၊ စိတ်ဆိုးတတ်တယ်၊ စိတ်မြန်တယ်၊ ရန်ြငိုးထားတတ်တယ်၊ သိသိသာသာ အမျက်ထွက်လာတတ်တယ်၊ မကျေမချမ်းဖြစ်လာတတ်တယ်။ အဲဒီအမျိုးသမီးဟာ ရဟန်း၊ သူတော်ကောင်းတို့ အား ထမင်း၊ အဖျော်၊အ၀တ်၊ဖိနပ်၊ ပန်း၊နံ့သာ၊ နံ့သာပျောင်း၊ အိပ်ရာ၊နေရာ၊ မီးထွန်းစရာဆီဆိုတဲ့ ဒါန၀တ္ထုဆယ်ခုထဲက ဘာတစ်ခုကိုမျှ မပေးလှူဘူး၊ ပြီးတော့ ငြူစူတဲ့စိတ်(ကိုယ့်ထက်သာမနာလို တဲ့စိတ်)များနေတယ်၊ သူများလာဘ်ရတာ၊အ ရိုအသေခံရတာ၊အလေးပြုခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာကို ငြူစူနေတယ်(မနာလိုမရူစိတ်ဖြစ်နေတယ်) စိတ်ပြစ်မှားနေတယ်၊ မနာလိုမရူစိတ်အကျိတ်အခဲဖြစ်နေတယ်။ အဲဒီအမျိုးသမီးဟာ အဲဒီဘ၀က စုတေလို့ ဒီလူ့ဘုံကို ရောက်လာခဲ့ရင် ဖြစ်ရာဘ၀မှာ အဆင်းမလှ၊ အရုပ်ဆိုးအကျဉ်း တန်ပြီး ဆင်းရဲနွမ်းပါးရ တော့တယ်၊ ကိုယ်ပိုင်ပစ္စည်းလဲမရှိ၊ အသုံးအဆောင်လဲမရှိ၊ သြဇာအာဏာ အရှိန်အ၀ါလဲ မရှိနိုင်တော့ဘူး။ မလ္လိကာ ဒီလို အကြောင်းအထောက် အပံ့ကြောင့် ဒီလောကမှာ အချို့အမျိုးသမီးက အဆင်းမလှ အရုပ်ဆိုး အကျည်းတန်ပြီး ဆင်းရဲနွမ်းပါးပ စ္စည်းဥစ္စာလဲမရှိ၊အသုံးအဆောင်လဲ မရှိ၊ သြဇာအာဏာလဲမရှိဘဲ ဖြစ်နေရတော့တာပဲ ဟုဖြေလိုက်ပါတယ်..။

၂။ရုပ်ဆိုး ချမ်းသာ

မေး။ ။အရှင်ဘုရား-အချို့ အမျိုးသမီးကတော့ အဆင်းမလှ၊ အရုပ်ဆိုး အကျည်းတန်ပေမဲ့ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတယ်၊ အသုံး အဆောင်လဲပေါများတယ်၊ သြဇာအာဏာလဲရှိတယ်၊ ဘယ်လို အကြောင်း အထောက်အပံ့ကြောင့် ဒီလိုဖြစ်ရပါသလဲ ဘုရားဟုလျှောက်တယ်။

ဖြေ။ ။မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသကြီးတယ်၊ စိတ်ပင်ပန်းမူများတယ်၊ နည်းနည်းကလေး အပြောခံရရုံနဲ့ စိတ်ခုတတ်တယ်၊ စိတ်ဆိုးတတ်တယ်၊ စိတ်မြန်တယ်၊ရန်ငြိုးထားတတ်တယ်၊ သိသိသာသာ အမျက်ထွက်လာတတ်တယ်၊ ဒေါသထွက်လာတတ်တယ်၊ မကျေမချမ်းဖြစ်လာ တတ်တယ်။ ဒါပေမယ့် အဲဒီအမျိုးသမီးက အလှူဒါနကိုတော့ ပေးလှူ တတ်တယ်၊ ငြူစူစိတ်(မနာလိုစိတ်)မျိုးမရှိ၊ သူတစ်ပါးလာဘ်ရတာ၊ အလေးပြု ခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာတွေ ကို မငြူစူ(လိုလားနှစ်သက်တယ်)စိတ်မပြစ်မှား၊ မနာလိုမရူစိတ် အကျိတ်အခဲ မဖြစ်ချေ။ အဲဒီအမျိုးသမီးက အဲဒီဘ၀က စုတေလို့ ဒီလူ့ဘုံကို ရောက်လာခဲ့ရင် ဖြစ်ရာ ဘ၀မှာ အဆင်းမလှ၊ အရုပ်ဆိုး အကျည်းတန်ပေမယ့် ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝတယ်၊အသုံး အဆောင်ပေါများတယ်၊ သြဇာအာဏာလဲ ရှိလာရပါတော့ တယ်။ မလ္လိကာ ဒီလိုအကြောင်းအထောက်အပံ့ကြောင့် ဒီလောကမှာ အချို့အမျိုးသမီးက အဆင်းမလှ၊ အရုပ်ဆိုး အကျည်းတန်ပေမဲ့ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတယ်၊အသုံးအဆောင် ပေါများတယ်၊ သြဇာအာဏာ လဲ ရှိလာရတော့တာပဲဟု ဖြေလိုက်ပါတယ်။

၃။ရုပ်ချော ဆင်းရဲ

မေး။ ။အရှင်ဘုရား- အချို့အမျိုးသမီးကတော့ ရုပ်ချောပါတယ်၊ အဆင်းလှပါတယ်၊ရု ပ်ဆင်းသဏ္ဍာန်အလွန်ပြေပြစ်ပါတယ်၊ ဒါပေမဲ့ ဆင်းရဲနွမ်းပါးလှပါတယ်၊ ပစ္စည်းဥစ္စာလဲ မရှိ၊ အသုံးအဆောင်လဲမရှိ၊ သြဇာအာဏာလဲမရှိပါ၊ ဘယ်လိုအကြောင်းအထောက်အပံ့ကြောင့ ဒီလိုဖြစ်ရပါသလဲဘုရားဟုလျှောက်ထားတယ်။

ဖြေ။ ။ မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသမကြီး၊ စိတ်ပင်ပန်းမူ(စိတ်မကျေနပ်မူ)မများ၊ အများအပြား အပြောခံရပေမဲ့ စိတ်မခုတတ်၊ စိတ်မမြန်တတ်၊ စိတ်မဆိုးတတ်၊ ရန်ငြိုးမထားတတ်၊ သိသိသာသာ ပေါ်ပေါ်လွင်လွင် အမျက်မထွက်တတ်၊ မကျေမချမ်းမဖြစ်တတ်။

အဲဒီအမျိုးသမီးက အလှူဒါနကိုတော့ မပေးလှူ၊ ငြူစူစိတ်ကများနေတယ်၊ သူများလာဘ်ရတာ၊ အရိုအသေခံရတာ၊ အလေးပြုခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာတွေ ကို ငြူစူနေတယ်၊ စိတ်ပြစ်မှားနေတယ်၊ မနာလိုမရူစိတ် အကျိတ်အခဲဖြစ်နေတယ်။

အဲဒီအမျိုးသမီးက အဲဒီဘ၀က စုတေလို့ ဒီလူ့ပြည်ကို ရောက်လာခဲ့ရင် ဖြစ်ရာဘ၀မှာ ရုပ်ချောတယ်၊ အဆင်းလှတယ်၊ ရုပ်ဆင်းသဏ္ဍာန် ပြေပြစ်တယ်၊ ဒါပေမဲ့ ဆင်းရဲနွမ်းပါးတယ်၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာ မရှိ၊ အသုံးအဆောင်လဲ မရှိ၊ သြဇာအာဏာအရှိန်အ၀ါလဲ မရှိတော့ဘူး။

မလ္လိကာ ဒိလို အကြောင်းအထောက်အပံ့ကြောင့် ဒီလောကမှာ အချို့အမျိုးသမီးက ရုပ်ချောတယ်၊ အဆင်းလှတယ်၊ ရုပ်ဆင်းသဏ္ဍာန်ပြေပြစ်တယ်၊ ဒါပေမဲ့ ဆင်းရဲနွမ်းပါးရမယ်၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာလဲမရှိ၊ အသုံးအဆောင်လဲ မရှိတဲ့အပြင် သြဇာအာဏာအရှိအ၀ါ မရှိဘဲ ဖြစ်နေရတော့တာပဲ ဟုဖြေလိုက်ပါတယ်။

၎။ရုပ်ချော ချမ်းသာ

မေး။ ။အရှင်ဘုရား- အချို့ အမျိုးသမီးကတော့ ရုပ်လဲချောတယ်၊ အဆင်းလဲလှတယ်၊ ရုပ်ဆင်းသဏ္ဍာန်လဲ အလွန်ပြေပြစ်တယ်၊ ပစ္စည်းဥစ္စာလဲ ချမ်းသာကြွယ်ဝတယ်၊ အသုံးအဆောင်လဲ ပေါများတယ်၊ သြဇာအာဏာလဲ ရှိတယ် ဘယ်လိုအကြောင်းအ ထောက်အပံ့ကြောင့် ဒီလိုဖြစ်ရပါသလဲ ဘုရားလျှောက်ထားတယ်။

ဖြေ။ ။မလ္လိကာ! ဒီလောကမှာ အချို့အမျိုးသမီးက ဒေါသမကြီး၊ စိတ်ပင်ပန်းမူ(စိတ်မကျေနပ်မူ)မများ၊ အများအပြား အပြောခံရပေမဲ့ စိတ်မခုတတ်၊ စိတ်မဆိုးတတ်၊ စိတ်မမြန်တတ်၊ ရန်ငြိုးမထားတတ်၊ သိသိသာသာ အမျက်မထွက်၊ ဒေါသမထွက်တတ်၊ မကျေမချမ်း မဖြစ်တတ်။

အဲဒီအမျိုးသမီးက အလှူဒါနကိုလဲ ပေးလှူတယ်၊ ငြူစူတဲ့စိတ်မရှိ၊ သူတစ်ပါးလာဘ်ရတာ၊ အရိုအသေခံရတာ၊ အလေးပြုခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာတွေ ကို မငြူစူ၊ စိတ်မပြစ်မှား၊ မနာလို မရူစိတ် အကျိတ်အခဲ မဖြစ်ဘူး။

မလ္လိကာ အချို့အမျိုးသမီးက အဲဒီဘ၀က စုတေလို့ ဒီလူ့ပြည်ကို ရောက်လာ ခဲ့ရင် ဖြစ်ရာဘ၀မှာ ရုပ်ချောမယ်၊ အဆင်းလှမယ်၊ ရုပ်ဆင်းသဏ္ဍာန်ြေ ပပြစ်မယ်၊၊ ပစ္စည်းဥစ္စာလဲ ချမ်းသာကြွယ်ဝမယ်၊၊ အသုံးအဆောင်လဲ ပေါများမယ်၊ သြဇာအာဏာလဲ ရှိလာရတော့တယ်။

မလ္လိကာ ဒီလိုအကြောင်းအထောက်အပံ့ကြောင့် ဒီလောကမှာ အချို့ အမျိုးသမီးက ရုပ်ချောရတယ်၊ အဆင်းလှရတယ်၊ ရုပ်ဆင်းသဏ္ဍာန် ပြေပြစ်ရ တယ်၊ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝရတယ်၊ အသုံးအဆောင်လဲ ပေါများရတယ်၊ သြဇာအာဏာ အရှိအ၀ါလဲ ရှိလာရတော့တာပဲဟုဖြေလိုက်ပါတယ်။

မလ္လိကာမိဖုရားကြီးကြည့်ရတာတော့ ရုပ်ဆိုးပုံပေါ်မ ယ်။ မြတ်စွာဘုရားကို ပွင့်ပွင့်လင်းလ င်းလျောက်ထားတယ်။ အရှင်ဘုရား တပည့်တော်က ရှေးဘ၀က ဒေါသကြီးသူ၊ စိတ်ပင်ပန်းမူများသူ၊ နည်းနည်းကလေး အပြောခံရုံနဲ့စိတ်က ခုတတ်သူ၊ စိတ်ဆိုးတတ်သူ၊ စိတ်မြန်သူ၊ ရန်ငြိုးထားတတ်သူ၊ သိသိသာသာ အမျက်ထွက်တတ်သူ၊ ဒေါသဖြစ်တတ်သူ ဖြစ်လာခဲဟန်တူပါတယ်ဘုရား၊ ဘာဖြစ်လို့လဲဆို တော့ တပည့်တော်မက အဆင်းမလှ၊ အရုပ်ဆိုး အကျည်းတန်မ ဖြစ်နေလို့ပါဘုရား။

ဒါပေမယ့်ဘုရား သူတော်ကောင်းတို့အား ထမင်း၊ အဖျော်စသည့်ဖြင့်တော့ လှူလာခဲ့ဟန်တူပါ တယ်ဘုရား၊ ဘာဖြစ်လို့လဲဆိုတော့ တပည့်တော်မက ဒီဘ၀မှာ ချမ်းသာကြွယ်ဝပါ တယ်ဘုရား၊ ပစ္စည်းဥစ္စာပေါပါတယ်ဘုရား၊ အသုံးအဆောင်တွေလဲပေါပါတယ်ဘုရား။ နောက်တစ်ခုကလေးဘုရား၊ တပည့်တော်မက ရှေးဘ၀ကတုန်းက ငြူစူစိတ်(ကိုယ့်ထက်သာ မနာလိုစိတ်) ကင်းခဲ့ဟန်တူပါတယ်ဘုရား။ ယခုဘ၀မှာ တပည့်တော်မ တန်ခိုးအရှိန် အ၀ါကြီးမား ပါတယ်ဘုရား။ တပည့်တော်မက ဒီနန်းတော်အတွင်းမှာ လူပေါင်းမြောက်များစွာကို အုပ်စိုးကြီးမူးနေရပါတယ်။ ဘာပဲဖြစ်ဖြစ်ဘုရား တပည့်တော်မလေး ဒီနေ့က စလို့ ဒေါသမကြီးသူ၊ စိတ်ပင်ပန်းမူ မများသူ ဖြစ်ပါတော့မယ်၊ အများကြီးအပြောခံရပေမဲ့ စိတ်မခုတော့ပါ၊ စိတ်မဆိုးတော့ပါ၊ စိတ်မမြန်တော့ပါ၊ ရန်ငြိုးမထားတော့ပါ၊ သိသိသာသာအမျက်ထွက်မူ၊ ဒေါသဖြစ်မူ၊ မကျေမချမ်းဖြစ်မူကိုလဲ မပြုတော့ပါဘုရား၊ ရဟန်း၊ သူတော်ကောင်း တို့အား ထမင်း၊ အဖျော်စသည့်လှူဒါန်းဖွယ်ရာများကို ပေးလှူပါမယ်ဘုရား၊ ငြူစူစိတ် ကင်းသူဖြစ်ပါတော့မယ် ဟု မြတ်စွာဘုရားအား လျောက်ထားဝန်ခံလိုက်ပါတယ်။ မြတ်ဗုဒ္ဓဟောကြားတော်မူတဲ့ တရားတော် ကိုလဲ ချီးကျူး၊ သရဏဂုံလည်းတည်ဆောက်ပြီး ဥပါသိကာမအဖြစ်ကို ခံယူသွားပါတော့တယ်။

ကဲ..စာဖတ်သူရေ..(အထူးအားဖြင့်အမျိုးသမီးများ) ကိုယ့်ကိုကို မေးခွန်းထုတ် ကြည့်လိုက်ပါ။ ဘယ်လိုထုတ်မလဲဆိုတော့ မှန်တစ်ချပ်ကို ကောက်ကိုင်လိုက်ပါ။ မိမိရဲ့မျက်နာကု သေချာကြည့်မေးလိုက်။ ငါရုပ်လည်းဆိုး ဆင်းလည်းဆင်းရဲ သလား၊ ရုပ်ဆိုးပြီး ချမ်းသာသလား၊ ရုပ်ချောပြီးဆင်းရဲသလား၊ ရုပ်လည်းချော ချမ်းလည်းချမ်းသာသလား လို့ မေးလိုက်ပါ။ အဖြေတော့ထွက်လာမှာပါ။ ဘယ်သူက ဘာတွေပြောနေပြောနေ မိမိရဲ့ အားနည်းချက် (သို့မဟုတ်)မိမိမှာ မပြည့်စုံမူတွေက တော့ မိမိသာအသိဆုံးပါ။ မလ္လိကာမိဖုရားကတော့ မြတ်ဗုဒ္ဓ ရှေ့တည့်တည့်မှာ ၀န်ခံသွားတယ်။ သူ့မှာလိုအပ်နေတဲ့အားနည်းချက်တွေကို၊ နောက်နောင်ကိုလည်း ဒေါသမကြီးအောင်ေ စာင့်ထိန်းမည်ဖြစ်ကြောင်းကိုပေါ့။ တစ်ခြားသူမသိရင်တောင် မိမိရဲ့အားနည်းချက်ကတော့ မိမိစိတ်ထဲမှာ အမြဲလိုလို ရောင်ပြန်ဟပ်နေတတ်ပါတယ်။

မိမိရဲ့အားနည်းချက်ကို သိလိုက်ပြီဆိုတာနဲ့ ဘုရားခန်းထဲသွားပါ၊ ဘေးကလူတွေ ရှိနေသေးရင် ၀န်မခံပါနဲ့ဦး၊ တစ်ယောက်ထဲအဆင်ပြေပြီဆိုမှ မလ္လိကာမိဖုရား ဘုရားရှင်ရဲ့ရှေ့တည့်တည့်မှာ ၀န်ခံလျောက်ထားသလို ၀န်ခံလိုက်ပါ။ မလ္လိကာ မိဖုရားလိုပဲ ကျင့်သွားလိုက်ပါ၊ ဒါဆိုရင် သင့်က အလွန်ဆုံး ရုပ်ဆိုးဒီတစ်ဘ၀ပါ၊ ဆင်းရဲလဲ ဒီတဘ၀ပါ။ ပြောနေရင်ကြာတယ် ဘုရားခန်းထဲဝင်ပြီး လုပ်ကြည့် လိုက်ပါ၊ ပြုပြင်လိုက်ပါ။ ဒါဆိုရင် ဘ၀ကအနေလှပြီးအသေ မြတ်သွားမှာပါ..။ စာဖတ်သူအားလုံး ဒိစာလေးကိုဖတ်ပြီးအသိဥာဏ်လေးတွေ ရရှိကြပါစေ..။ ရသည့်အလျောက်ကျင့်နိုင်ကြပါစေ..။ ကျင့်သည်အလျောက် မဂ်ဖိုလ်၏အထောက်အပံ့ကောင်းတွေဖြ စ်ပါစေဟုဆန္ဒပြုလိုက်ပါတယ်..။

လပြည့်ဝန်း(သာစည်)

ဘ၀အရေးစိတ်အေးရဖို့ ဓမ္မ အသိရှိလျက် နေကြစို့။ ကျမ်းကိုး။ ။အင်္ဂုတ္တိုပါဠိတော်၊မဟာဝဂ်၊ မလ္လိကာဒေ၀ီသုတ်။ ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း၊ ဒုတိယတွဲ(အရှင်ကုမာရ )