"အံသြဖွယ်ရာ အာဠ၀ီမြို့ သို့ မြတ်ဗုဒ္ဓ ၏ဓမ္မခရီး" =======================
ဗုဒ္ဓ မြတ်စွာဘုရားရှင်သည် ကျွတ်တမ်းဝင်ခွင့်ရနိုင်သော သတ္တ၀ါ ဝေနေယျတို့ကို ဆင်ခြင်ရှာဖွေတော်မူလျက် ဓမ္မခရီးစဉ်မျာြး ကွတော်မူလေ့ရှိပါသည်။ဗုဒ္ဓမြတ်စွာဘုရားရှင်သည်တ စ်နေ့သောအခါအာဠ၀ီမြို့သို့ ရောက်တော်မူလာပါသည်။
ဤခရီးစဉ်မှာအဘယ်မည်သောပုဂ္ဂိုလ်ကိုဓမ္မတို့ဖြင့်ကျွတ်တမ်းဝင်စေရန်လာခြင်းဟုသေချာစွာမသိရပါ။အာဠ၀ီ မြို့သူမြို့သားထဲက ကျွတ်တမ်းဝင်သူမည်သူ မည်ဝါ ဟု မတွေ့ရပါ။ သို့ရာတွင် အာဠ၀ီ မြို့သူမြို့သားတို့မှာ ကုသိုလ်ရကြသည်ကတော့ သေချာပါသည်။
မြို့သူမြို့သားတို့ကဆွမ်းကပ်အပြီးမှာဗုဒ္ဓမြတ်စွာဘုရားရှင်ကဆွမ်းတရားတော် ဟောတော်မူပါသည်။ ဤတရားမျိုးကိုအနုမောဒနာ=ဆွမ်းနှင့်ပတ်သက်၍၀မ်းေ မြာက်ဖွယ်ရာတရားဟုဆိုလိုပါသည်။သင်္ကန်းလှူပွဲဆိုလျှင်လည်း သင်္ကန်းနှင့်ပတ်သက်၍ ၀မ်းမြောက်ဖွယ်ဖြစ်အောင် ဟောသောတရားပင် ဖြစ်ပါသည်။
ထိုအခါ က ဗုဒ္ဓမြတ်စွာဘုရားရှင် ခရီးစဉ်များကြွ၍ ကိုယ်တော်တိုင် အနုမောဒနာ ဟောသည်ကိုထောက်ဆ၍ ပထမဗောဓိအတွင်းဗုဒ္ဓမြတ်စွာဘုရားရှင်သက်တော်(၅၅) နှစ်မရောက်မီမှာပင်ရှိသေးကြောင်းမှန်းဆကြည်ညိုမိပါသည်။
ဆွမ်းကပ်ပွဲအပြီးဗုဒ္ဓမြတ်စွာဘုရားရှင် ဟောခဲ့သောတရားမှာ အလွန်ထူးဆန်းလှပါသည်။
ဆွမ်းအနုမောဒနာတရားတော်
"ငါ၏အသက်သည်မမြဲချေ။ငါ၏သေခြင်းသည်ကားမြဲပေ၏။ ငါသည်မလွဲမသွေသေရမည်သာတည်း။ငါ၏အသက် သည်သေခြင်းမှာအဆုံးသတ်၏။အသက်ကသာမမြဲ။ သေခြင်းကတော့မြဲပေ၏။ဤသို့မရဏဿတိ=သေခြင်းနှ င့်စပ်သောအမှတ်ရှိခြင်းကို ပွားများကြလော့။
မရဏဿတိကိုမဖြစ်စေကုန်၊မပွားစေကုန်သောသူတို့သည် နောက်ဆုံးသေခါနီးကာလမှာထိတ်လန့်ခြင်း သို့ရောက်လျက်၊ကြောက်မက်ဖွယ်ရာအသံတို့ကို အော်မြည်လျှက် သေကြရသည်။တုတ်မပါသောယောက်ျား တစ်ယောက်သည်အဆိပ်ပြင်းသောမြွေဆိုးကိုတွေ့သောအခါ ကြောက်လန့်လျက်အော်ဟစ်မြည်တမ်းရသကဲ့သို့ပင်ဖြစ် ကြရသည်။
မရဏဿတိကိုဖြစ်စေအပ်၊ပွားစေအပ်ကုန်သောသူတို့သည်ကားနောက်ဆုံးအချိန်မှာမကြောက်ကြချေ။တုတ်ပါရှိသောယောက်ျားတစ်ယောက်သည် အဆိပ်ပြင်းသောမြွေဆိုးကိုတွေ့သောအခါ တုတ်ဖြင့်ဖမ်းပြီးအဝေးသို့ပစ်ပြီးအေးအေးဆေးဆေးပင် နေထိုင်ရသကဲ့သို့ဖြစ်၍မကြောက်မလန့်ကြတော့ပေ။ ထို့ကြောင့် မရဏဿတိ ကို ဖြစ်စေကြကုန်လော့။ပွားစေကြ၊များ စေကြကုန်လော့။"
ဤသည်မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ဆွမ်းအနုမောဒနာတ ရားတော်ဖြစ်ပါသည်။
ဤတရားကို နာကြားရသူ အာဠ၀ီသားများထဲက တစ်ယောက်တစ်လေမျှတရားထူးရကြောင်းမတွေ့ရပါ။ အာဠ၀ီမြို့သူမြို့သားတို့သည်မိမိတို့အိမ်ထောင်ရေးကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စတို့ဖြင့်အချိန်ကုန်ကြပါသည်။ တရားတော်ကိုမေ့ပစ်လိုက်ကြပါသည်။
တရားတော်ကို မေ့မပစ်သူတစ်ဦးသာရှိပါသည်။ထိုသူကတော့၁၆-နှစ်မျှသာရှိသေးသောသမီးပျိုကလေးတစ်ဦး သာဖြစ်ပါသည်။သူသည် ရကန်းသည်တစ်ဦး၏ သမီးကလေးတစ်ဦးဖြစ်သည်။
" ဗုဒ္ဓမြတ်စွာဘုရားရှင်၏စကားတော်မည်သည်အံ့သြစရာကောင်းပေစွ။ငါသည်မြတ်စွာဘုရားဟောမိန့်သည့် အတိုင်းမရဏဿတိကိုဖြစ်စေခြင်း၊ပွားစေခြင်း၊များစေ ခြင်းငှာသင့်ပေ၏"ဟုဆင်ခြင်လျက်မမေ့မပျောက်၊မပျက်မကွက်ပင် မရဏဿတိ ကို နေ့တိုင်း၊ညတိုင်းဖြစ်စေပါသည်။ ပွားစေပါသည်။များစေပါသည်။
အပျိုစင်ကလေးတစ်ဦးသာဖြစ်သောသမီးပျိုကလေးသည်၃-န စ်ဆက်တိုက် နေ့ရော၊ညပါမရဏဿတိကိုသာ မပြတ်မလပ်ဖြစ်ပွားစေပါသည်။
အာဠ၀ီ သို့ ဓမ္မခရီး ဒုတိယအကြိမ်
တစ်နေ့တွင်တော့ မိုးသောက်ယံ အရုဏ်ဦးကာလမှာ လောက(လူ၊နတ်၊ဗြဟ္မာ)များကို ဗုဒ္ဓမြတ်စွာဘုရားရှင် က ကြည့်ရှုဆင်ခြင် တော်မူပါသည်။ဤသို့ဆင်ခြင်ခြင်းမာကျွတ်တမ်းဝင်နိုင်သော ဝေနေယျတို့ကိုရှာဖွေခြင်းသာဖြစ် ပါသည်။
အရုဏ်ဦးကာလဖြစ်၍ဇေတ၀န်ကျောင်း၊ဂန္ဓကုဋိကျောင်းတော်ဝမှစ၍စကြာဝဠာတံတိုင်းအထိရှိရှိသမျှလောကသားတို့ကို ကျွတ်ထိုက်-မကျွတ်ထိုက် ခွဲခြားစိစစ်လျက် ဉာဏ်တော်ကွန်ရက်ကြီးကိုဖြန့်သွားခြင်းဖြစ်ပါသည်။
(ညနေ ခြောက်နာရီဝန်းကျင်မှာမူ စကြ၀ဠာတံတိုင်းကြီးမှစ၍ ဂန္ဓကုဋိ အထိ အပြန်ခရီး အဖြစ် တစ်ကြိမ် ဆင်ခြင်ပါသည်။ ဤကိစ္စမှာ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏နေ့စဉ်အလေ့အကျင့်ပင် ဖြစ်ပါသည်) ဉာဏ်တော်ကြီးကိုဖြန့်လျက်ဆင်ခြင်သွားသောအခါသတ္တ၀ါအန န္တထဲကတစ်ဦးမျှသာဉာဏ်တော်အတွင်း ၀င်ရောက်နိုင်ပါသည်။
ထိုသူမှာကား၁၉-နှစ်မျှသာရှိသာရှိသူ၊ရက်ကန်းသည်၏ သမီးကလေးမရဏဿတိတရားရှင်ကလေးပင်။ ဗုဒ္ဓမြတ်စွာဘုရားသည် ဉာဏ်တော်အတွင်းဝင်လာသောကြောင့် ကျွတ်ထိုက်-မကျွတ်ထိုက် ဆိုသည်ကိုသေချာအောင် ဆင်ခြင်တော်မူပြန်ပါသည်။
"ငါသည်အာဠ၀ီသို့ကြွရောက်ပြီးဤသမီးပျိုကလေးကို ပြဿနာလေးခု မေးလျှင်သမီးပျိုကလေးကလည်း အဖြေလေးခုဖြေသောအခါ သာဓုလေးကြိမ်ခေါ်တော်မူကာ ဂါထာတစ်ပုဒ်ကိုဟောပြမည်။သမီးပျိုကလေးသည် ဂါထာဆုံးလျင် သောတပတ္တိဖိုလ်၌တည်ကာ(ပထမအဆင့်အရိယာဖြစ်၍)ကျွတ်တမ်းဝင်ပေလိမ့်မည်။ထိုသမီးပျိုလေးကိုအမှီပြုရ၍လူအများမှာလည်းအကျိုးရှိသော ဓမ္မဒေသနာတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။"
ဤသို့သေသေချာချာဆင်ခြင်တော်မူပြီးလျှင်ပြီးချင်းရဟန်းတော်ငါးရာတို့ခြံရံတော်မူလျက် ဇေတ၀န်ကျောင်း တော်မှ အာဠ၀ီမြို့ရှိ အဂ္ဂါဠ၀ကျောင်းသို့ ဗုဒ္ဓမြတ်စွာဘုရား ကြွတော်မူပါသည်။
အဠ၀ီမြို့သူမြို့သားတို့ကလည်းဗုဒ္ဓမြတ်စွာဘုရာြး ကွလာတော်မူကြောင်းကြားသိကြ၍ကျောင်းတော်သို့သွားကာ ပင့်ကြ၊ဖိတ်ကြပါသည်။
မရဏဿတိ တရားရှင်ကလေးလည်းကြားသိကာ ကျောင်းတော်ဆီသို့ကြိုးကြိုးစားစားလာရရှာပါသည်။
"သြော်-ငါ၏ခမည်းတော်၊ငါ၏အရှင်မြတ် ငါ၏ဆရာသမား လပြည့်ဝန်းကဲ့သို့မျက်နှာတော်ရှိတော်မူသော မဟာဂေါတမဗုဒ္ဓကြွတော်မူလာပြီတဲ့လား။လွန်ခဲ့သော သုံးနှစ်မြောက်ကရွှေအဆင်းကဲ့သို့ငါ၏ဆရာသမားကို ငါမြင်ဖူးခဲ့ပြီးပြီ။ယခုတစ်ဖန် ရွှေအဆင်းကဲ့သို့သောအဆင်း တော်ကိုလည်းဖူးခွင့်ရတော့ပေမည်။ချိုမြိန်သော၊အရသာရှီသော တရားမြတ်ကိုလည်းနာယူရတော့ပေမည်"ဟု ၀မ်းမြောက်စွာ ကျိတ်ကြံနေရသူကလေးမှာ မရဏဿတိ တရားရှင်ကလေးတစ်ဦးတည်းပင် ဖြစ်ပါသည်။
မကြံ၍ကားမဖြစ်။ကျောင်းတော်သို့ သွားနိုင်ခွင့်က သူ့မှာမရှိယောင်တကား။သူ၏ဖခင်ရက်ကန်းသမားကြီးက ရက်ကန်းစင်ရှိရာသို့ထွက်သွားပြီ။
"သမီးရေ ၊သူတစ်ပါးရဲ့အ၀တ်ပုဆိုးကို ငါလက်ခံပြီး စ ထားပြီ။ တစ်ထွာလောက်မှမပြီးသေးဘူး။ယနေ့ အပြီးသတ်ပေးရမယ်။ ရစ်လုံးကိုလျင်မြန်စွာ ရစ်ပြီးယူလာခဲ့ " ဟု မှာထားသွားခဲ့သည်။
"ရစ်လုံးကိုရစ်ပြီးမပို့နိုင်လျှင်အဖေကငါ့ကိုကန်သော်လည်းကန်မည်၊ရိုက်သော်လည်းရိုက်လိမ့်မည်။အင်း-ငါက မြတ်စွာဘုရား၏တရားကိုနာချင်လှပြီ။အဘယ်သို့ပြုရအံ့နည်း။ တရားနာဖို့သွားရအံ့လော၊သို့မဟုတ်ရစ်လုံးကို ရစ်ပြီးပို့ရအံ့လော"ဟုကြံစည်နေပါသည်။
အဂ္ဂါဠ၀ ကျောင်းတော် သို့
"ရစ်လုံးရစ်ပြီးချည်ပို့ပြီးမှ တရားနာသွားတော့အံ့"ဟု သူဆုံးဖြတ်ချက်ချလိုက်ပါသည်။ အဠ၀ီမြို့သူမြို့သားတို့ကတော့ ဗုဒ္ဓမြတ်စွာဘုရားနှင့်သံဃာတော်တို့ကို ဆွမ်းကပ်ပြီးတရားနာဖို့စုဝေးလျက် ထိုင်နေကြပြီဖြစ်ပါသည်။ဗုဒ္ဓမြတ်စွာဘုရားကတရားမေ ဟာသေး။ဆိတ်ဆိတ်သာထိုင်နေတော်မူပါသည်။ မည်သူကမှလည်းတရားဟောဖို့မလျှောက်ဝံ့ဘဲ ရှိနေကြပါသည်။
တရားရှင်ကလေးကတော့ ရစ်လုံးရစ်လျက် အိမ်မှာပင်ရှိနေ ရပါသည်။ပြီးလျှင်ပြီးချင်းခြင်းတောင်းထဲထည့်ကာ ဖခင်ထံ ရက်ကန်းရုံသို့ လိုက်ပို့သည်။သို့ရာတွင် ရက်ကန်းရုံသို့အ ရောက်မသွားနိုင်သေးဘဲ ကျောင်းတော်ထဲသို့ ၀င်လာလိုက်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားကလည်း"ငါ့မှာသမီးပျိုကလေးကိုအေ ကြာင်းပြုလျက်ယူဇနာသုံးဆယ်ခရီးကိုခြေကျင်ကြွခဲ့ရ တယ်။ယနေ့လည်းသမီးလေးကလာခွင့်မရသေးပါလား။ သမီးကလေးလာခွင့်ရ၍ ရောက်မှအနုမောဒနာ တရားဟောမည်"ဟုဆုံးဖြတ်ကာ စောင့်တော်မူဆဲပင်ရှိပါသည်။
တရားရှင်ကလေးကလည်းပရိတ်သတ်၏အစွန်အ ဖျားမှာရပ်လျက်ဖူးမြော်လိုက်ရာ ဗုဒ္ဓမြတ်စွာဘုရားကလည်း လည်တော်ကိုဆန့်တော်မူလျက် ငဲ့ကြည့်တော်မူပါသည်။
"အိုဆရာအရှင်၊ဆရာကဤသို့သောပရိတ် သတ်တို့အလည်မှာထိုင်တော်မူ၍ငါ့ကိုလှည့်ကြည့်တော်မူပါလား။ ငါရောက်လာခြင်းကိုအလိုရှိတော်မူလျက်ပါတကား"ဟုအသိဝင်ကာခြင်းတောင်းကလေးကိုချထားပြီးဗုဒ္ဓမြတ်စွာဘုရားအနီးသို့ချဉ်းကပ်သွားပါသည်။
ဗုဒ္ဓမြတ်စွာဘုရား၏ငဲ့ကြည့်တော်မူခြင်းအမှတ်အသား နှင့်အတူဗုဒ္ဓမြတ်စွာဘုရား၏ရောင်ခြည်တော်ခြောက်ပါးတို့လည်းကွန့်မြူးပြိုးပြက်တော်မူကြပါသည်။တရားရှင်သမီးပျိုကလေးမှာ ရောင်ခြည်တော်တို့အကြားသို့ဝင်ေ ရာက်မိကာ ရှိခိုးလျက် သင့်တင့်စွာ ရပ်နေပါသည်။
အမေး နှင့် အဖြေ
ဗုဒ္ဓမြတ်စွာဘုရား။။ချစ်သမီးကလေး၊အဘယ်က လာသနည်း။
သမီးပျိုကလေး။။မသိပါ အရှင်မြတ်ဘုရား။
ဗုဒ္ဓမြတ်စွာဘုရား။။ချစ်သမီးကလေး၊အဘယ်သို့ သွားမည်နည်း။
သမီးပျိုကလေး။။မသိပါ အရှင်မြတ်ဘုရား။
ဗုဒ္ဓမြတ်စွာဘုရား။။ချစ်သမီး၊မသိသလော။
သမီးပျိုကလေး။။သိပါ၏။ အရှင်မြတ်ဘုရား။
ဗုဒ္ဓမြတ်စွာဘုရား။။ချစ်သမီး၊သိပါ၏လော။
သမီးပျိုကလေး။။မသိပါ အရှင်မြတ်ဘုရား။
အထက်ပါအတိုင်းဗုဒ္ဓမြတ်စွာဘုရားကမေးခွန်းလေးခုမေးရာတရားရှင်ကလေးကလည်းအဖြေလေးခု ဖြေဆိုပါ သည်။အာဠ၀ီမြို့သူမြို့သားတို့က ကဲ့ရဲ့ကြပါသည်။
ဗုဒ္ဓမြတ်စွာဘုရားကကဲ့ရဲ့စကားသံများကိုတားတော်မူ ကာ"အဘယ့်ကြောင့်ဤသို့ဖြေဆိုဘိသနည်း"ဟုဆက် လက်စစ်ဆေးတော်မူပါသည်။
တရားရှင်သမီးပျိုကလေး၏ ရှင်းလင်းချက်လေးခုတို့ ကို သာဓု လေးကြိမ်ခေါ်တော်မူပါသည်။ထို့နောက် တရားနာပရိတ်သတ်တို့ထံငဲ့ကာ-
"ဤမျှသောသမီးပျိုကလေး၏အဖြေမှန်ကိုသင်တို့ကမသိခြ င်းကြောင့်သင်တို့ကကဲ့ရဲ့ကြသည်။ပညာမျက်စိရှိသူတို့ကသာ(တရားကို)မြင်နိုင်သည်" ဟု ဟောတော်မူပါသည်။
"အနည်းငယ်သောလူပုဂ္ဂိုလ်မျိုးကသာအနိစ္စစသည်ဖြင့် မြင်နိုင်သည်။ထိုသို့မြင်နိုင်သူ(ပညာရှိ)လူပုဂ္ဂိုလ်အနည်းစုကသာလူ့ပြည်၊နတ်ပြည်၊ဗြဟ္မာ့ဘုံ နှင့်နိဗ္ဗာန်တို့သို့ ရောက်ရပေသည်။လူပုဂ္ဂိုလ်အများစုတို့ကားပညာမရှိ (အကန်းများဖြစ်)၍အပါယ်လေးဘုံ သို့သွားကြရပေသည်" ဟူ၍ဖြစ်ပါသည်။
ဤဂါထာအဆုံးမှာပင်တရားရှင်သမီးပျိုကလေး သောတာပတ္တိဖိုလ်တည်ပါသည်။လူအများစုတို့လည်းပညာမျ က်စိရရှိကြကာ အကျိုးများပါတော့သည်။ဤအကြောင်းအ ရာများသည် ဓမ္မပဒအဋ္ဌကထာ၊ဒုတိယတွဲ(၁၁ ၁-၁၁၅)တို့ ၌ ပါရှိပါသည်။
စဉ်းစား စရာလေးများ
ဗုဒ္ဓမြတ်စွာဘုရားကဘာကြောင့်တရားရှင်မလေးမရောက်မ ချင်းစောင့်တော်မူသနည်း။တရားရှင်မလေး၏အ ကျယ်ရှင်းပြသောအဖြေများက ဘာတွေဖြစ်ကြသနည်း။ တရားနာပြီး ရက်ကန်းရုံသွားသောအခါတရားရှင်မလေး ဘာတွေဆက်ဖြစ်သွားသနည်း။တရားရှင်မလေး၏ဖခင်ကြီးရော ဘာတွေဖြစ်သေးသနည်းဆိုတာတွေပါအဋ္ဌကထာ မှာလာရှိပါသည်။ စာရှည်မည်စိုး၍ချန်လိုက်ရပါသည်။
ဤဓမ္မဘလော့ဘ်၏အဓိက စဉ်းစားစရာရှိသည်မှာ-
(၁)၁၆-နှစ်သမီးတုန်းက တရားထူးမရခဲ့ဘဲ ၁၉-နှစ်သမီးရောက်မှသာ တရားထူးရခြင်းအကြောင်း။
(၂)တရားတစ်ခုခုကိုသင်ယူရွတ်ဖတ်၍လည်းကောင်း၊လိုက်နာလေ့ကျင့်၍လည်းကောင်း၊ပွားများခြင်းကြောင့်အ ကျိုးထူးများ ရရှိနိုင်ကြောင်း။
(၃)ယခုခေတ် တွင် အများဘုရားဖူးရာ စေတီတော်ရှိ ရုပ်ပွားတော်ရှေ့၌ "အမျိုးသမီးများမသွားရ"ဟု စည်းတားထားခြင်းမှာ ဓမ္မဒေသနာတော်နှင့်ညီညွှတ်မှု မရှိ-ဟူသောအချက်။
(၄)အိမ်အသီးသီးမှာ ကိုးကွယ်အပ်သော ရုပ်ပွားတော်အသီးသီးနှင့် အများအဖို့ကိုးကွယ်အပ်သော ရုပ်ပွားတော်တို့ မှာဘုရားချင်းမတူသော(တန်ခိုးကြီး၊တန်ခိုးငယ်) ခြားနားချက်မရှိ - ဆိုသောအချက်။
(၅)ဘုရားကိုတစ်ကြိမ်တွေ့၍တရားထူးရသူ၊နှစ်ကြိမ်၊ သုံးကြိမ်အကြိမ်များစွာ တွေ့ရ၍တရားထူးရသူ၊(သို့မဟုတ်)တစ်သက်လုံးတွေ့ရလျက် တရားထူး မရသူတို့၏ကွာဟချက်။ စသည်တို့ပင်ဖြစ်ပါသည်။
(၁)(၂)(၃)တို့၏အဖြေများမှာ အထက်ပါ တင်ပြချက်များတွင် ပါဝင်ပြီးဖြစ်ပါသည်။
(၄)နှင့်ပတ်သက်၍မူ-ရဟန္တာပုဂ္ဂိုလ်တို့၏အဓိဋ္ဌာန်၊တန်ခိုးကြီးနတ်ဗြဟ္မာ တို့၏အစောင့်အရှောက်နှင့်အဓိဋ္ဌာန်၊လူသူတော်ကောင်းတို့၏အဓိဋ္ဌာန်ဆုတောင်းကြောင့် စေတီတော်များကတန်ခိုးကြီးတန်ခိုးငယ်။ကျော်ကြားမကျော်ကြားစသည်ဖြင့် ခြားနားရခြင်းဖြစ်ကြောင်း"မိလိန္ဒပဉှာကျမ်း" မှာလာရှိပါသည်။
(၅)နှင့်ပတ်သက်၍မူ-အတိအကျမပြောဝံ့ပါ။
ဤ၀တ္ထုပါ တရားရှင် ရက်ကန်းသည် သမီးကလေးကဲ့သို့ ဥပကတက္ကတွန်း ကြီးသည်လည်းနှစ်ကြိမ်တွေ့ရမှ တရားထူးရပါသည်။(ဗုဒ္ဓ၀င်ကျမ်း)
ဗုဒ္ဓမြတ်စွာဘုရားသည်ထိုကဲ့သို့သောပုဂ္ဂိုလ်များအတွက်ပင်ချက်ချင်းလက်ငင်းအကျိုးမရသောခရီးစဉ်များကိုပါ ကြွတော်မူခဲ့ကြောင်း သိရ၍ ပို ကြည်ညိုမိပါသည်။
အကယ်၍ပထမအကြိမ်ကအကျိုးထူးမရ၍မကြွခဲ့လျှင်ရက်ကန်းသည်၏သမီးကလေးမှာဒုတိယအကြိမ်ကြွလာသောအခါ တရားထူးမရနိုင် ဟု သာ သဘောပေါက်မိပါသည်။
ဤသည်ကိုကြည်ညိုလှ၍ဗုဒ္ဓမြတ်စွာဘုရား၏မြတ်သောခရီးစဉ်၊ မြတ်သောဆွမ်းအနုမောဒနာ၊မြတ်သောဂုဏ်တို့ကိုပူဇော်လိုက်ပါသည်။
(၂၀၀၉ခုနှစ်၊ဒီဇင်ဘာလ၊အနန္တဂုဏ်ရည်မဂ္ဂဇင်း၊မှ"မ စိုးရိမ်စာသင်သား"၏"ဆွမ်းအနုမောဒနာတရား"အမည် ရဆောင်းပါးကို (မစိုးရိမ်စာသင်သား-၏ခွင့်ပြုချက်ဖြင့်)မှီငြမ်း၍ ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)
မူရင်းလင့်သို့ //http://buddhismworld.ning.com/