Friday, November 22, 2013

“အိမ်စောင့်နတ်နှင့် ပဋ္ဌာန်းရွတ်ခြင်း''

“အိမ်စောင့်နတ်နှင့် ပဋ္ဌာန်းရွတ်ခြင်း ” ••••••••••••••••••••••••••••


အရှင်ဘုရား . . . .တပည့်တော်က ပဋ္ဌာန်းတရားတော်ကြီးကို သိပ်ကြည်ညိုတဲ့အ တွက် အိမ်မှာ နေ့စဉ် ရွတ်ဖတ်ပါတယ်ဘုရား။


ဒါပေမယ့် လူကြီးတချို့က "အိမ်မှာ ပဋ္ဌာန်းမရွတ်ကောင်းဘူး၊ ရွတ်ရင် အိမ်စောင့်နတ်မေ နနိုင်ဘဲထွက်ပြေးတတ်တယ်။ ရွတ်တဲ့လူ ဒုက္ခရောက်တတ်တယ်" လို့ပြောကြပါတယ်ဘုရား။


အိမ်မှာပဋ္ဌာန်းရွ တ်သင့် ၊မရွတ်သင့်၊ ရွတ်ရင် ဒုက္ခရောက်၊မရောက် ဖြေကြားပေးတော်မူပါဘုရား။ (မောင်ဇော်မျိုး အောင်၊ စမ်းချောင်းမြို့ နယ်။)


ဒကာဇော်မျိုးအော င်ရဲ့မေးခွန်းကို ဖတ်ရတော့ ဦးပဉ္စင်းနဲ့ ခင်မင်ရင်းနှီးတ ဒကာတစ်ယောက်ကို ချက်ချင်းသတိရလိ က်မိပါတယ်။လူငယ်တစ်ယောက်ပါပဲ။အိမ်မှာပဋ္ဌာန်းရွတ်ရင် ခိုက်တတ်တယ်ဆိုလ သူကရွှေတိဂုံဘုရားပေါ်တက်ပြီးပဋ္ဌာန်းရွတ်တယ်တဲ့။နေ့တိုင်းလည်း ဘုရား မတက်နိုင်တော့ တစ်ပတ် တစ်ခါမွေးနေ့လော က်ပဲ တက်ပြီး ရွတ်ဖြစ်တယ်တဲ့။


တစ်ပတ်မှာတစ်ရက်ပဲ ဘုရားပေါ်တက်ဖြစ် တော့ တစ်ပတ်မှာတစ်ကြိမ်ပဲ ပဋ္ဌာန်းရွတ်တဲ့ကု သိုလ်ရတော့တာပေါ့။ဘုရားပေါ်မှာမှ မဟုတ်ဘဲ အိမ်မှာလည်း ပဋ္ဌာန်းရွတ်မယ်ဆိုရင် နေ့စဉ်နဲ့ အမျှ ပဋ္ဌာန်းရွတ်တဲ့ကုသိုလ်တိုးပွားနေမှာ အမှန်ပါပဲ။


အခုတော့ အယူအဆအမှားကို လက်ခံယုံကြည်ပြီး လိုက်နာကျင့်သုံးမိတဲ့ အတွက် ရသင့်ရထိုက်တဲ့က သိုလ်တရားတွေအများကြီး လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။


♦ တကယ်တော့ ပဋ္ဌာန်းတရားဟာ နတ်ပရိသတ်တွေအတွက် အဓိကထားပြီးမြတ် စွာဘုရားဟောကြားခဲ့တာပါ။ဟောတာကိုက နတ်ပြည်မှာလေ။ နတ်ပြည်မှာနတ်ပရိသတ်အတွက် ဟောထားတဲ့တရားကိ နတ်တွေက မနှစ်သက်ဘဲရှိပါ့မလား။


သူတော်ကောင်းနတ်မှန်ရင် ပဋ္ဌာန်းတရားကို ဘယ်သူဘယ်နေရာမှာရွတ်ရွတ် နှစ်သက်မြတ်နိုးစွာ လာရောက်နာယူမှာေ သချာပါတယ်။


♦ ပဋ္ဌာန်းရွတ်လို့အိမ်စောင့်နတ်မနေ နိုင်ဘဲ ထွက်ပြေးရတယ်ဆိုတာ သဘာဝ မကျပါဘူး။ တကယ်ဆို ကိုယ်ရွတ်ပေးလို သူနာရပေတယ်ဆိုပြီး ကိုယ့်အိမ်ကတောင်မခွာနိုင်ဖြစ်ေ နမှာပါ။သူနာချင် တဲ့ပဋ္ဌာန်းရွတ်ပေးတဲ့အတွက် ကိုယ့်ကိုကျေးဇူးတွေတင်ပြီးခါတိုင်းထက်တောင်ကူည စောင့်ရှောက်ကြဦးမှာပါ။


တကယ်လို့ ... ပဋ္ဌာန်းသံကြားတာနဲ့ထွက်ပြေးတဲ့အိမ်စောင့်နတ်ရှိခဲတယ်ဆိုရင်လည်းအဲ့ဒီအိမ်စောင့် နတ်ဟာသူတော်ကောင်းစိတ်မရှိတဲ့နတ်၊ သူယုတ်မာနတ်ပဲဖြစ်ပါလိမ့်မယ်။အဲ ဒီလိုနတ်မျိုးကိုယ့်အိမ်မှာလာစောင့်နေလို့လည်း ကိုယ့်အတွက် ဘာအကျိုးမှရှိမှာမဟုတ်ပါဘူး။


မနေနိုင်လို့ထွက်ပြေးသွားလည်း ဘမှလွမ်းနေစရာမလိုပါဘူး။အဲ့ဒီလိုနတ်မျိုး ‘အိမ်ပြင်’ မှာနေလည်း အလကား ‘အိမ်တွင်း’ မှာနေလည်းအလကားပါပဲ။


♦ ပဋ္ဌာန်းတရားအပါအဝ င် အဘိဓမ္မာတရားတော်တွေကို တာဝတိ သာနတ်ပြည်မှာမြတ်စွာဘုရား ဟောကြားတော်မူစဉ်တုန်းက တရားနာပရိသတ်ထဲမှာ "အင်္ကုရ" ဆိုတဲ့ နတ်သားတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။အ င်္ကုရနတ်သားဟာ တရားပွဲကို အစောဆုံးရောက်လာပြီး ရှေ့ဆုံးကနေရာဦးထားတာပါ။


မြတ်စွာဘုရားရဲ့လက်ဝဲဘက်နေရာမှာ အနားကပ်ပြီးနေရာ ဦးထားပါတယ်။ ဒါပေမယ့် သူ့ထက်ဘုန်းတန်ခိုးကြီးတဲ့နတ်တွေ၊ဗြဟ္မာတွေ ရောက်လာတိုင်းရောက်လာတိုင်းနောက်ဆုတ် နောက်ဆုတ်ပြီး နေရာဖယ်ပေးရတဲ့အ တွက်နောက်ဆုံးတော့ မြတ်စွာဘုရားရှင်နဲ့ ဆယ့်နှစ်ယူဇနာဝေးတဲ့နေရာကပဲ တရားနာခွင့်ရပါေ တာ့တယ်။


နတ်ကြီးလာတော့ နတ်ငယ်နေရာဖယ်ပေးရတာပေါ့။လူ့လောကမှာလည်း ဒီလိုပါပဲ။ပွဲလမ်းသဘင်တစ်ခု၊ အခမ်းအနားတစ်ခုကျင်းပပြီဆိုရင်ဂုဏ်ကြီးတဲ့လူ၊မျက်နှာကြီးတဲ့လူေ တွက ရှေ့ဆုံးကနေရာယူရပြီး ဂုဏ်ငယ်တဲ့လူ၊မျ က်နှာငယ်တဲ့လူတွေက နောက်ဆုံးကနေ နေရာယူရပါတယ်။ဂုဏ်ငယ်လေ နောက်ရောက်လေပါပဲ။


အိမ်မှာပဲဖြစ်ဖြ စ်၊ ဘုရားမှာပဲဖြစ်ဖြစ်၊ နေရာဌာနတစ်ခုခုမှာပုဂ္ဂိုလ်တစ်ယောက်ယောက်က ပဋ္ဌာန်းတရားရွတ်ပွားပြီဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ နတ်တွေ၊ ဗြဟ္မာတွေတရားနာကြွရောက်လာကြပါတယ်။ အိမ်စောင့်နတ်အပါအဝင် နဂိုကရှိနှင့်ပြီးသားနတ်တွေက ဘုန်းတန်ခိုးနည်းပါးတယ်ဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့နတ်ဗြဟ္မာတွေအတွက် (အင်္ကုရ နတ်သားလိုပဲ) နေရာဖယ်နောက်ဆုတ်ပေးရတဲ့ အတွက်အဝေးရောက်သွားနိုင်ပါတယ်။


အင်္ကုရနတ်သားဟာ အဝေးရောက်သွားပေ မယ့်မြတ်စွာဘုရားရှင်ကို စိတ်မဆိုးဘဲ အဝေးကနေတရားနာယူသလို အဝေးရောက်သွားတဲ့ အိမ်စောင့်နတ်ဟာလည်း ပဌာန်းရွတ်ပွားသူကို စိတ်မဆိုးဘဲ ကိုယ့်ကံကိုယ်နားလည်စွာနဲ့ အဝေးတစ်နေရာကနေ ပဋ္ဌာန်းတရား နာကြားနေမှာပါ။


လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ် ကိုယ်နဲ့ထိုက်တန်တဲ့နေရာကို ကိုယ်ရစမြဲမဟုတ်လား။ ကိုယ့်ကံက ပေးတဲ့နေရာမှာကိုယ်ကျေနပ်စွာနေရ မှာပဲလေ။


ပဋ္ဌာန်းတရားနာကြားပြီး ကိုယ့်ထက်ဘုန်းတ န်ခိုးကြီးတဲ့နတ်တွေ၊ ဗြဟ္မာတွေ ကိုယ့်နေရာကိုယ်ပြန်သွားတဲ့အခါ အိမ်စောင့်နတ်လည်း အိမ်မှာ နေမြဲအတိုင်း ပြန်နေခွင့် ရသွားပြီပေါ့။


ပဋ္ဌာန်းတန်ခိုးကြောင့်သူ့ရဲ့ဘုံဗိမာန် စည်းစိမ်ချမ်းသာတွေတောင် နဂိုကထက်ကြီးကျယ်ခမ်းနားလာမှာသေ ချာပါတယ်။ဒါဆိုရင် ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ်မှာ အကျိုးမယုတ်တဲ့အတွက် ပဋ္ဌာန်းရွတ်သူကိုလည်း အိမ်စောင့်နတ်က ဘာမှ ဒုက္ခပေးမှာ မဟုတ်ပါဘူး။ဒုက္ခမပေးတဲ့အပြင် ကောင်ကျိုးချမ်းသာအဖြာဖြာနဲ့ ပြည့်စုံအောင်တောင် အကူအညီပေးပါလိမ် ဦးမယ်။


တကယ်လို့ ကိုယ့်အိမ်ထဲမှာရှိတဲ့ အိမ်တွင်းနတ်တွေ၊အိမ်ပြင်နတ်တွေက နတ်လို့နာမည်ခံထားတဲ့ မကောင်းဆိုးဝါးေ တွ၊ အစိမ်းသရဲတွေ၊ ဖုတ် ပြိတ္တာတွေ၊ နတ်မိစ္ဆာတွေဖြစ်နေခဲ့မယ် ဆိုရင်တော့ ပဋ္ဌာန်းတရားကို နားခါးပြီး ထွက်ပြေးချင်ပြေးပါလိမ့်မယ်။သူယုတ်မာနဲ့ သူတော်ကောင်းတရား မအပ်စပ်လို့ ကြောက်ရွံ့ထိတ်လန့်စွာ ထွက်ပြေးသွားကြတဲ‘တရားမကြိုက် နတ်ငမိုက်’ တွေ ကိုယ့်အိမ်မှာ မရှိတော့တာပိုတောင်ကောင်းပါသေးတယ်။ ဝမ်းနည်းစရာမ ဟုတ်ပါဘူး၊ ဝမ်းသာစရာပါ။


♦ ဝေသာလီပြည်မှာ ကပ်ဘေးကြီးတွေဆိက်ရောက်ခဲ့စဉ်တုန်းက မြတ်စွာဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေရတနသုတ် လှည့်လည်ရွတ်ဆိုကြတော့ ဘုန်းတန်ခိုးကြီးမားတဲ့ နတ်ဗြဟ္မာတွေ တရားလာနာကြတဲ့အတွက် မကောင်းဆိုးဝါးေ တွ၊ နတ်မိစ္ဆာတွေ မြို့တွင်းမှာ မနေနိုင်တော့ဘဲ အိုးနင်းခွက်နင်း ထွက်ပြေးသွားကြပါတယ်။ ဝေသာလီပြည်လည်း ကပ်ဘေးကြီးတွေက လွတ်မြောက်ပြီး ချမ်းသာရာရခဲ့ပါ တယ်။


♦ ပဋ္ဌာန်းတရားပဲရွတ်ရွတ်၊ တခြားတရားပဲရွတ်၊ ကိုယ့်ဘက်ကတော့ မကောင်းဆိုးဝါးတွေ နတ်မိစ္ဆာတွေ၊တန်ခိုးနည်းတဲ့ နတ်တွေ ကိုယ့်ပတ်ဝန်းကျင်မှာ မနေနိုင်ဘဲ ထွက်ပြေးသွားစေချင်တဲ့ ရည်ရွယ်ချက်ဆိုး မျိုးမထားနဲ့ပေါ့ ။


♦ အယုတ် အလတ် အမြတ်မရွေး ဘယ်သတ္တဝါမဆို တရားနာယူပြီးကောင်းကျိုး ရစေချင်တဲ့ရည်ရွ ယ်ချက်ကောင်းပဲထားပြီးရွတ်ပါ။ကိုယ့်ဘက်ကရည်ရွယ်ချက်ဆိုးပြီး မေတ္တာတရားခေါင်း ပါးနေရင်တော့ အဝေးထွက်ပြေးရတဲ့ နတ်တွေက"နေနှင့် သီးပေါ့ကွာ၊ အလှည့်ကျရင် မနွဲ့စတမ်းဟေ့" ဆိုပြီး ကိုယ့်ကံနိမ့်တဲ့အခါ၊ ရွတ်ဖတ်မှု ပြတ်သွားတဲ့အခါမျိုးတွေမှာ တုံ့ပြန်ကလဲ့စား ချေတတ်ပါတယ်။


ကိုယ့်စေတနာ ကိုယ့်အကျိုးပေးတာပါပဲ။ အကောင်းဆုံးကတော့ ပဋ္ဌာန်းတရားပဲဖြစ်ဖြစ်၊ တခြားတရားပဲဖြစ်ဖြစ်၊တရား တော် တခုခုရွတ်ဖတ် ပူဇော်မှု ပြုတော့မယ်ဆိုရင ပထမဦးဆုံးမေတ္တာဘာဝနာပွားများ၊ မေတ္တာသုတ်ရွတ်ဆိုပြီးမှ ပြုတာအကောင်းဆုံးပါပဲ။


♦ မေတ္တာတရားပေးဝေမှုကို သတ္တဝါတိုင်းနှစ် သက်လိုလားကြတာမို့ ဘာတရားတော်ပဲရွတ်ရွတ် မေတ္တာသုတ်ကိုအရင်ရွတ်ပါ၊ မေတ္တာဘာဝနာ အရင်ပွားပါလို့ ဒကာဇော်မျိုးအော င်ကို မေတ္တာနဲ့အကြံပေး လိုက်ပါတယ်။


ပဋ္ဌာန်းတရားကို အိမ်မှာလည်းရွတ်သင့်ပါတယ်။ ရွတ်ခြင်းကြောင့် ဒုက္ခမရောက်တဲ့အပြင် ကောင်းကျိုးချမ်းသာကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံနိုင်ပါတယ်လို့ . . .။


အပ္ပမာဒေန သမ္ပာဒေထ။


[ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီေ တာရ)]


[ဆရာတော်အရှင်ဆန္ဒာဓိက ၏"အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်" စာအုပ်မှ"အိမ်စောင့်နတ်နှင့် ပဌာန်းရွတ်ခြင်း " မှ ထုတ်နုတ်ကူးယူပူဇော်ပါသည်။]


ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဦးသန့်၏ ဘ၀ပုံရိပ်

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဦးသန့်၏ ဘ၀ပုံရိပ် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~~


ဦးသန့်- လို့ဆိုလိုက်တာနဲ့ အလယ်တန်း ကမ္ဘာ့သမိုင်းဖတ်စာထဲက သင်ခန်းစာလေးတစ် ခုကို အမှတ်ရမိပါတယ်။ အဲ့ဒီအချိန်လောက်ကစပြီး ကမ္ဘာ့ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီးနဲ့ ကျွန်တော်တို့ စတင်မိတ်ဆက်ခွင့်ရခဲ့ကြပြီး ဒီလိုအဖွဲ့အစည်း ကြီးရဲ့ အမြင့်ဆုံးနေရာက နေ တာဝန်တွေကိုထမ်းဆောင်ခဲ့လို့ ကျွန်တော်တို့မြ န်မာနိုင်ငံအတွက် ဂုဏ်ပြုစံတင်ထား ရလောက်တဲ့ “ဦးသန့်” ဆိုတဲ့အမည်နဲ့ ကျွမ်းဝင်ခဲ့ကြဖူးပါတယ်။ ဦးသန့်ရဲ့အကြော င်းကို သေသေချာချာ သိတဲ့သူတွေထဲမှာ လူငယ်ပိုင်းက အတော်ကို နည်းပါတယ်။ဒါကြောင့်...ဦးသန့်ရဲ့လေးစားအတုယူစရာ ကောင်းလောက်တဲ့ လုပ်ဆောင်ချက်တွေ၊ ဖြောင့်မတ်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေ အပါဝင် အတ္ထုပ္ပတ္တိ အကျဉ်းကိုပါ ဖော်ပြလိုက်ပါတယ်။


ငယ်စဉ်ဘဝ (Biography)


ဦးသန့်ကို ဖခင်ဦးဖိုးနှစ် နဲ့ မိခင်ဒေါ်နန်းသော င်တို့က ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာမွေးဖွားခဲ့သည်။ ပန်းတနော်ဇာတိဖြ စ်တဲ့အတွက် နောင်အခါမှာ ဦးသန့်ကို “ပန်းတနော်ဦးသန့်” လို့ခေါ်ခဲ့ကြသည်။ ဦးသန့်မိဘတွေသည်မြေပိုင်ရှင်၊ ဆန်ကုန်သည်တွေဖြ စ်ကြပြီး၊ ဖခင်ဦးဖိုးနှစ် သည် ရန်ကုန်မြို့မှာ သူရိယသတင်းစာကို ထူထောင်ခဲ့သည်။ မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာမှာလည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့သည်။ ဖခင်ကွယ်လွန်စဉ် တုန်းက ဦးသန့်သည် အသက်၁၄နှစ်သား သာရှိသေးသည်။ အမွေဆက်ခံမှု အရှုပ်အရှင်းတွေေ ကြာင့် မိခင်ဒေါ်နန်းသော င်နဲ့ ကလေး၎ယောက်မှာ စီးပွားရေး အကြပ်အတည်း ပေါင်းများစွာနဲ ရင်ဆိုင်ခဲ့ရသည်။ ဦးသန့်သည် ငယ်စဉ်က ပန်းတနော်အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို ဆက်၍သင်ယူခဲ့သည်။ ယင်းနောက် ပန်းတနော် အမျိုးသားကျောင်းမှာ ကျောင်းဆရာ စလုပ်ခဲ့ပြီး၊ အသက်၂၅နှစ်မှာ အဲ့ဒီကျောင်းရဲ့ ကျောင်းအုပ် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မအူပင်မြို့မှာ နေထိုင်ပြီး ပညာအုပ်ဖြစ်တဲ့ (မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟော င်း) ဦးနု နဲ့ ခင်မင်ရင်းနှီးခဲ့သည်။ ဦးသန့်သည် အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ထုတ်ဝေတဲ့ “ဂန္တလောက” မဂ္ဂဇင်းရဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ၄ ကြိမ်တိုင်တိုင် ပထမဆုရရှိခဲ့သူ ဖြစ်သည်။ ဦးသန့်၏ ပထမဆုံးစာမူမှာ အင်္ဂလိပ်လို ရေးသားထားသည့် စာမူဖြစ်ပြီး အသက် ၁၅နှစ်အရွယ်မှာ ပုံနှိပ်ဖော်ပြခံခဲ့ရသည်။ မြို့ပြပုံပြင်များ၊ နိုင်ငံပေါင်းချုပ် အသင်းကြီး ကျောင်းသုံးစာအုပ်၊ ဗမာသစ်နှင့် ပညာသစ်၊ ပြည်တော်သာခရီး (၃ အုပ်တွဲ) စတဲ့ စာအုပ်တွေကို ရေးသားခဲ့သလို နိုင်ငံရေးဝေဖန် ချက်၊ စာပေ ဝေဖန်ချက်တွေ အပါအဝင် ပညာရေး၊ လူမှုရေးဆိုင်ရာ ဆောင်းပါးတွေကို သီလဝ၊ မောင်သန့်၊ ဦးသန့် စသည့် ကလောင်ခွဲတွေနှင့် ရေးသားခဲ့သည်။ စာပေဝေဖန်ရေး နိုင်ငံရေးဝေဖန် ချက်တွေကို ရေးသားသည့် အခါ သူ့ရဲ့ အယူအဆတွေကို ပွင့်ပွင့် လင်းလင်း ရေးသားခဲ့သလို သူ့ရဲ့အတွေးအခေါ် အယူ အဆ တွေကလည်း ခေတ်မီတာကို တွေ့မြင်ရသည်။


ပြည်သူ့ဝန်ထမ်းဘဝ


လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံမှာ ဦးနုဝန်ကြီးချု ပ်ဖြစ်လာတဲ့အခါ ဦးသန့်ကိုရန်ကု န်ကိုခေါ်ပြီး ၁၉၄၈ခုနှစ်မှာ အသံလွှင့်ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ အဲ့ဒီနောက် ၁၉၅၃ ခုနှစ်တွင် မြန်မာနိုင်ငံ သတင်းနဲ့ ပြန်ကြားရေးဌာနအ တွင်းဝန် ဖြစ်လာခဲ့သည်။ ၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ၀န်ကြိးချုပ်၏ အတွင်းရေးမှူးအြ ဖစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဦးနုအတွက် မိန့်ခွန်းတွေ ရေးသားပေးခြင်း၊ နိုင်ငံခြားခရီး စဉ်တွေ စီစဉ်ပေးခြင်း၊ နိုင်ငံခြား ဧည့်သည်တော်တွေက လက်ခံတွေ့ဆုံပေးခြင်း- စသည့်ကိစ္စများကိ ဆောင်ရွက်ပေးယင်း ဦးနု၏ ယုံကြည်မှုကို ရခဲ့သည်။ နိုင်ငံတကာ conference အများအပြားကိုတက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မာကျင်းပတဲ့ “ဘက်မလိုက်လှုပ်ရှားမှု” ကို မွေးဖွားပေးခဲ့တဲ့ ပထမအကြိမ် အာရှ-အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံမှာ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။


အမြဲတမ်း ဖြောင့်ဖြောင့်မှန်မှန်လုပ်တတ်ပြီး မှန်တယ်ထင်ရင် အလျှော့မပေးတတ်တ ဦးသန့်နဲ့ တိုင်းပြည်ခေါင်းဆောင် ဦးနုတို့ မသင့်မမြတ်ဖြစ်လာတာကနေစပြီး ၁၉၅၇ခုနှစ်မှာ ဦးသန့်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်လိုက်ပြီး New York ကိုစေလွှတ်ခဲ့သည်။ ၁၉၅၇ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ဦးသန့်သည် မြန်မာနိုင်ငံရဲ့  ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သာမက တစ်ချိန်တည်းမှာပဲ ယာယီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့ရသည်။ ၁၉၆၀ ခုနှစ်မှာ မြန်မာအစိုးရက ဦးသန့်ကို “ပြည်ထောင်စု စည်သူ သင်္ဂဟ ပြန်တမ်း” အရ “မဟာ-သရေစည်သူဘွဲ့” နဲ့ ဗိုလ်ရာထူးကို ပေးအပ်ခဲ့သည်။


ဦးသန့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို အာရှနိုင်ငံတွေထဲမှာ ပထမဦးဆုံး ရရှိခဲ့တဲ့သူဖြစ်သည်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က စတင်ပြီး အထွေထွေ အတွင်းရေးမှူးချုပ် ဒက်ဂ်ဟမ်းမားရှိုးလ်ဒ် (Dag Hammarskjold) ရဲ့ မကုန်ဆုံးသေးတဲ့ သက်တမ်းကို ဖြည့်ဆည်းဖို့ အထွေထွေ ညီလာခံမှာ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့ ယာယီ-အထွေထွေ အတွင်းရေးမှူးအြ ဖစ် ခန့်အပ်ခံရသည်။ ၁၉၆၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ အထွေထွေညီလာခံကနေ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၆ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ သက်တမ်းအထိ ခန့်အပ်ခြင်း ခံခဲ့ရသည်။ သူ့၏ ပထမသက်တမ်းအတွင်းမှာ ဦးသန့်ဟာ ကျူးဘား ဒုံးပျံပြဿနာ (Cuban Missile Crisis) ကိုဖြေရှင်းရာမှာ ပါဝင်စ့စပ်ပေးပြီး ကွန်ဂိုပြည်တွင်းစစ်ကို ပြီးဆုံးအောင်ကိ င်တွယ်ဖြေရှင်း ပေးနိုင်ခဲ့သည်။ ယင်းအတွက်ကြောင့် ကမ္ဘာက အသိအမှတ်ပြုခြင်းကိုခံခဲ့ရသည်။


၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ လုံခြုံရေးကောင်စီရဲ့ တညီတညွတ်တည်း ထောက်ခံမှုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအဖြစ် သူ အငြိမ်စားယူမယ့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ခန့်အပ်ခြင်းခံခဲ့ရသည်။ ဒုတိယသက်တမ်းအတွ င်းမှာ ဦးသန့်သည် အလုပ်တွေအများကြီးလုပ်ခဲ့သည်။ အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းအတွင်းကို အာရှနဲ့ အာဖရိက နိုင်ငံတော်တော်များများ ဝင်ရောက်နိုင်ရေးကိစ္စ၊ တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးကိစ္စ၊ ၁၉၆၂ ခုနှစ်မှာ ယီမင်အရေးနဲ့ ၁၉၆၈ ခုနှစ်မှာ ဘာရိန်းအရေး ကိစ္စ၊ ၁၉၆၇ ခုနှစ်မှာ အာရပ်-အစ္စရေးခြောက်ရက်စစ်ပွဲ၊ ပရာ့ဂ်နွေဦးတော်လှန်ရေး (Prague Spring) နဲ့ ချက်ကိုစလို-ဗက် ကီးယားကို ဆိုဗီယက် ကျူးကျော်မှု အရေးအခင်း၊ ဗီယက်နမ်စစ်၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွတ်လပ်ရေးရရှိစေမည့် အိန္ဒိယ - ပါကစ္စတန် စစ်ပွဲ စတာတွေကို အေးငြိမ်းအောင် ဖြေရှင်းပေးနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ် အမေရိကန် - ဆိုဗီယက် စစ်အေး တိုက်ပွဲမှာတုန်းက သမ္မတနှစ်ဦး အကြား ဦးသန့်က “တတိယ ဘာသာ စကားအသစ်” ကိုအသုံးချ၊ “တွေ့ဆုံ အဖြေရှာရေး”ကို အခြေခံပြီး စေ့စပ် ဆောင်ရွက်ပေးခဲ့ သည့် အတွက် ဆိုဗီယက်တို့က ဒုံးကျည်စခန်းတွေကို ရုပ်သိမ်းသွားပြီး အမေရိကန်တွေက ကျူးဘားကို ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့ သည်။


ဒီအရေးအခင်း အားလုံးမှာ ငြိမ်းချမ်းရေးက ထိပါးစေနိုင်သည့် အပြင် စစ်ဖြစ်ကြမယ့် အရိပ် လက္ခဏာတွေဖြစ်ပြီး၊ ဦးသန့်၏ လိမ္မာ ပါးနပ်စွာ ကြားဝင် စေ့စပ် ပေးမှု တို့ကြောင့်သာ စစ်ကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။ အောက်စဖို့ဒ် တက္ကသိုလ်က ၂ဝ-ရာစု၏ အထင်ကရ ပုဂ္ဂိုလ်များ အကြောင်း စုစည်း ထုတ်ဝေထားသည့် Who’s Who in the 20th Century စာအုပ်မှာ ဦးသန့်၏- အကြောင်း ပါဝင်ပြီး၊ နိုင်ငံတကာ အရေး အခင်းတွေကို မတုန်လှုပ်စေဘဲ တည်တည် ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့ သူ ဖြစ်တယ်လို့ အတ္ထုပ္ပတ္တိ အကျဉ်းရဲ့ အစမှာ ဆိုထားသည်။


ဦးသန့်သည် UFO ယာဉ်ပျံတွေကိစ္စန ပတ်သက်ပြီး စိတ်ဝင်တစားလေ့လာခဲ့သသည်။ ၁၉၆၇ ခုနှစ်မှာ အမေရိကန်လူမျိုး ရူပဗေဒပညာရှင် ဒေါက်တာ James E. McDonald ကို UFO နဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာ စကားပြောနိုင်ဖိ စီစဉ်ပေးခဲ့သည်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ ဦးသန့်က သူဟာ ဘယ်အကြောင်းပြချက်နဲ့မှ တတိယသက်တမ်း အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ဆက်လက်လုပ်ကိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။ လုံခြုံရေးကောင်စီကလည်း ဦးသန့်နေရာမှာ ဆက်ခံမယ့်သူကို သီတင်းပတ်ပေါင်းများစွာ အပူတပြင်း လိုက်ရှာခဲ့သည်။ နောက်ဆုံး ကွတ်ရ်ထ် ဝါးလ်ဒ်ဟိုင်းမ် (Kurt Waldheim) ကို ရွေးချယ်လိုက်သည်။ ဦးသန့်က သူ့နောက်ဆုံး တာဝန်သက်တမ်းမကုန်ဆုံးမီ ၁၀ရက်အလိုမှာပဲ Kurt ကို တာဝန်ဝတ္တရားတွေအားလုံး လွှဲပြောင်းပေးခဲ့ သည်။ ဦးသန့်အငြိမ်းစားယူသွားတာနဲ့ ပတ်သက်ပြီး New York Times သတင်းစာရဲ့ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ အယ်ဒီတာ့အာဘော်မှာလည်း The Liberation of U Thant ဆိုတဲ့ခေါင်းစဉ်နဲ့ တခမ်းတနား ဂုဏ်ပြုရေးသားဖော်ပြခဲ့သည်။ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းမှာ ဦးသန့်သည် Palisade နဲ့ Douglas Avenues လမ်းကြား၊ ၂၃၂ လမ်းအနီးမှာရှိတဲ့ ၄.၇၅ ဧကလောက်ကျယ်တဲ့ Riverdale, Bronx ခြံမှာ နေထိုင်ခဲ့သည်။


နောက်ဆုံးနေ့ရက်နှင့် မိသားစု


၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဦးသန့်သည် အဆုတ်ကင်ဆာ ရောဂါနှင့် New York မှာပဲ ကွယ်လွန်ခဲ့သည်။ ဦးသန့်၏ ဆန္ဒအရ သူ့ရဲ့ရုပ်အလောင်းကို ရန်ကုန်သို့ ပြန်ပို့ပေးခြဲ့ ကသည်။ ဒီဇင်ဘာလ ၅ ရက်နေ့ ဦးသန့်ရုပ်အလောင်းကို မြေမချခင် အများပြည်သူ နောက်ဆုံးဂါရဝ ပြုနိုင်ဖို့အတွ က် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ပြသထားခဲ့သည်။


ဒီဇင်ဘာလ (၅)ရက်၊ မွန်းလွဲ (၁)နာရီအချိန်တွင် ကြံတော သင်္ချိုင်းသို့ ပို့ဆောင် သင်္ဂြိုဟ် မည်ဖြစ်ကြောင်း အသိပေးကြေညာ ချက်နှင့် ပတ်သပ်ပြီး၊ နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ်တစ်ဦးဖြ စ်သူ ဦးသန့်၏ ရုပ်ကလာပ်အား နိုင်ငံတော် ဈာပနအဖြစ် သတ်မှတ်၍ အခမ်းအနားဖြင့် သင်္ဂြိုဟ်မည်ဟု မျှော်လင့်ထားသော ပြည်သူ လူထုသည် ယင်းကဲ့သို့ အသိပေးကြေညာချက် ကြောင့် မကျေမနပ် ဖြစ်ခဲ့ကြလေသည်။


၎င်းနောက် တက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသား ကျောင်းသူများသည ဈာပနကော်မတီများ ဖွဲ့စည်းပြီး နောက်ဆုံး ဂါရ၀ပြုခြင်း၊ အသုဘ လိုက်လံပို့ဆောင်ရန် စီစဉ်ခြင်းများ ပြုလုပ်ကြလေသည်။ ထိုသို့ စီစဉ် ပြီးနောက် ကျိုက္ကဆံကွင်းသို့ သွားရောက်ရန် ကားများ သွားရောက် ငှားရမ်းရာတွင် ကျောင်းသား ကျောင်းသူများအား ကားများ ငှားရမ်း ပို့ဆောင်ခြင်းမ ပြုရန် သက်ဆိုင်ရာမှ ကြိုတင် ပိတ်ပင်ထားခဲ့ကြသည်။ ထို့ကြောင့် ကျောင်းသားများသည် ရန်ကုန်ဝိဇ္ဇာနှင သိပ္ပံတက္ကသိုလ်တွင် စုရပ်အဖြစ် စုံရုံး၍ ကျိုက္ကဆံကွင်းအား ခြေလျင်ချီတက်ရန ဆုံးဖြတ်ခဲ့ကြသည်။ ဒီဇင်ဘာလ(၅)ရက်နေ့တွင် စုရပ်အဖြစ် သတ်မှတ်ထားသော ရန်ကုန်ဝိဇ္ဇာနှင သိပ္ပံတက္ကသိုလ်သို့ တက္ကသိုလ်ကျောင်းပေါင်းစုံမှ တဖွဲဖွဲရောက်ရှိလာကြပြီး ရောက်ရှိလာသော ကျောင်းသားများအား အရင်ရောက်နှင့်ြ ပီးသော ကျောင်းသားများက လက်ခုပ် လက်ဝါးတီးကာ သောင်းသောင်းဖြ ဖ ကြိုဆိုခဲ့ကြလေသည်။ ယခုကဲ့သို့ ကျောင်းသားထုကြီး စုရုံးမိခြင်းသည တော်လှန်ရေးကောင်စီ အစိုးရ၏ ၁၉၆၂ ခုနှစ် ဇူလိုင်လ (၇)နေ့တွင် မြန်မာပြည် လွတ်လပ်ရေး မော်ကွန်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗုံးခွဲဖျက်ဆီးပြီး ရာပေါင်းများစွာ သော ကျောင်းသားစုစည်းမှုကို လက်နက်အားကိုးဖြင့် ဖြိုခွဲ ဖျက်ဆီး သတ်ဖြတ်ခဲ့ပြီး နောင် ၁၂ နှစ်ကျော်ကာလ နောက်ပိုင်းတွင် ပထမဦးဆုံး အကြိမ် ပြန်လည်ပေါင်းစည်း စုရုံးမိသော နေ့တစ်နေ့ဖြစ်သည်။ ကျောင်းသားနှင့် ပြည်သူတချို့က ဦးသန့် ရုပ်အလောင်းကို တသီးတသန့် မြှုပ်နှံဖို့ဆိုပြီး လုယူခဲ့ကြပြီး၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နေရာဟောင်းမှာ မြှုပ်နှံ သဂြိုလ်လိုက်ကြသည်။ ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အတွင်း ကျောင်းသားတွေကပင် ယာယီဦးသန့်ဗိမ္မာန် ပြုလုပ်လိုက်ကြသည်။ အဲ့ဒီကစ၍ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့သည်။


ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် လင်းအားကြီးချိန်မှာ အစိုးရက ကျောင်းဝင်းထဲ ဝင်ရောက်ပြီး ဦးသန့် ရုပ်အလောင်းကို ပြန်လည် ယူဆောင်သွားခဲ့သည်။ နောက်ဆုံး ဦးသန့် ရုပ်အလောင်းကို ရွှေတိဂုံ စေတီတော် ခြေတော်ရင်း ယခုလက်ရှိ နေရာတွင် မြှုပ်နှံပေးလို က်သည်။ ထိုလူထု အုံကြွမှုသည် “ဦးသန့်အရေးအခင်း” ပင် ဖြစ်သည်။


ဦးသန့်သည် ဒေါ်သိန်းတင်နဲ့ ထိမ်းမြားလက်ထပ် ခဲ့ပြီး သမီးတစ်ဦး (သား- ဖြစ်သူမှာ ဦးသန့် အတွင်းရေးမှုးအမှု့ထမ်းစဉ် သေဆုံးကြောင်း အချို့ မှတ်တမ်းများ ဖော်ပြသည်)၊ မြေး ၄ ဦးနှင့် မြစ် ၃ ဦး ထွန်းကားခဲ့သည်။ ဦးသန့်၏ တစ်ဦးတည်းသော မြေးယောက်ျားဖြစ်တဲ့ ဦးသန်းမြင့်ဟာ သမိုင်းပညာရှင် တစ်ယောက်ဖြစ်ပြီး၊ ကုလသမဂ္ဂ နိုင်ငံရေးဆိုင် ရာဌာနမှာ ဝါရင့် ဝန်ထမ်းတစ်းဦြး ဖစ်သည်။ The River of Lost Footsteps စာအုပ်ကိုလည်း ဦးသန်းမြင့်က ရေးသား ထုတ်ဝေခဲ့သည်။