Saturday, November 23, 2013

“ လောကစောင့်တရားနှစ်ပါး(သို့)ဟိရီ +သြတ္တပ္ပအကြောင်း ”

“ လောကစောင့်တရားနှစ်ပါး(သို့)ဟိရီ +သြတ္တပ္ပအကြောင်း ”

♠♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠♠ မကောင်းမှုဒုစရိုက်ကိုပြုလုပ်ခြင်းမှရှက်ခြင်းကိဟိရီဟုခေါ်ဆိုပြီး၊မကောင်းမှုဒုစရိုက်ပြုလုပ်ရ မည်ကိုကြောက်ခြင်း သဘောသည်သြတ္တပ္ပလို့ခေါ်ပါတယ်။


ထိုတရားနှစ်ပါးကိုလောကပါလ(လောကကိစောင့်ရှောက်တဲ့) တရားလို့ လည်း ခေါ်ပါတယ်။လောကရဲ အကွပ်တရားနှစ်ပါးလို့လည်းခေါ်ပါတယ်။ အကယ်၍ ထိုတရားနှစ်ပါးမရှိလျှင် ♦ သူဥစ္စာကိုခိုးယူခြင်း၊ ♦ သူတစ်ပါးအိမ်ယာကိုကျူးလွန်းခြင်း၊ ♦ သူ့သမီးပျိုကိုအတင်းယူခြင်း၊ ♦ အရက်သေစာ သောက်စားခြင်း၊ ♦ မဟုတ်မမှန်လိမ်ညာပြောဆိုခြင်း၊ ♦ ဆွေမျိုးအရင်းချာစတဲ့ကိုးကွယ်ထိုက်တဲ့မိန်းမများကို သော်လည်း မယားလုပ်၍ တိရိစ္ဆာန်ကဲ့သို့ကျင့်ပြီး လောကပျက်စီးနိုင်ပါတယ်။


အစည်းမရှိသောဝါး၊အကွပ်မရှိသော ကြမ်း သည်ပျက်စီးသကဲ့သို့ပျက်စီးလိမ့် မည်ဟုဆိုပါသည်။ ထိုတရားနှစ်ပါးကို နတ်တို့အလွန်ချစ်သောကြောင့် (ဒေဝဓမ္မ)တရားလို့ လည်းခေါ်ပါတယ်။ ] ဒီတရားနှစ်ပါးကိုအများနားလည်အော င်ပြောပြရရင် ♦ မိမိ၏ဂုဏ်သိက္ခာကိုစောင့်ရှောက်အ လေးထား၊ တန်ဘိုးထားသူတို့မှာ အကုသိုလ်ဒုစရိုက်ပြုလုပ်ခြင်းမှရှက်ခြင်းဆိုတဲ့ (ဟိရီ) တရားထင်ရှားသကဲ့သို့ ၊


♦ ဆရာ၊မိဘ၊ဆွေမျိုးစသူတို့နှင့်အြ ခားသူများကို လေးစားတတ်တဲ့သူမှာ သြတ္တပ္ပ တရားထင်ရှားဖြစ်ပါတယ်။


ဆိုလိုတာကဒုစရိုက်တစ်ခုခုကိုပြု လုပ်ဖို့ကြုံလာတယ်ဆိုပါဆို့။မိမိရဲ့ဂုဏ်သိက္ခာတန်ဘိုးထားတဲ့သူတစ်ယောက် အနေနဲ့ "ငါသည် အမျိုးကောင်းသားတစ်ယောက်ဖြစ်၏။ ငါလိုအမျိုးကောင်းသားက မကောင်းမှုပြုနေ လျှင် (သူတစ်ပါးအသက်ကိုသက်နေလျှင်)"ရှ က်စရာဖြစ်လိမ့်မည်။"ဟု မိမိအမျိုးဂုဏ်ကို စောင့်ထိန်းသော အားဖြင့် မကောင်းမှုကိုပြုရမည်မှရှက်၏။


♦ ပညာတတ်သူကလည်း "ငါလိုပညာတတ်သူတစ်ယောက်က အောက်ကျသော မကောင်းမှုပြုလု ပ်လျှင်(သူ့ဥစ္စာမတရားယူလျှင်) ရှက်စရာဖြစ်တော့မည်။ "အသက်ကြီးသူကလည်း "ငါလို အသက်ကြီးသူတစ်ယောက်က မကောင်းမှုကို ပြုနေလျှင်(လိမ်နေလျှင်) ရှက်စရာကြီးဖြစ်တော့မည်" ဤသို့ စသည်ဖြင့် မိမိမှာရှိသော ဂုဏ်တစ်ခုခုကို လေးစားသူ၊တန်ဘိုးထားသူ၌ အကုသိုလ်ဒုစရိုက်ကိုပြုလုပ်ခြင်းမှ ရှက်ခြင်းလို့ဆိုတဲ့ ဟိရီ တရားထင်ရှားဖြစ် ပါတယ်။


နောက် ဆရာ၊မိဘ၊ဆွေမျိုးစသူနှင့်အခြားလူများကိုလေးစားသူ၌ သြတ္တပ္ပတရားထင်ရှားဖြစ်တယ်ဆိုတဲ့သဘောက ငါတစ်ယောက်က မကောင်းမှုပြုလုပ်လိုက်လျှင် ငါ့မိ၊ငါ့ဖ ငါ့ဆွေမျိုး၊ငါ့ ဆရာ သူတစ်ပါးတို့၏ အကဲ့ရဲ့ကိုခံရ၍ "တံတွေးခွက် ပက်လက်မျော"ကာ ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလးပုပ်"ရှာကြလိမ့်မည်။ ဤသို့ စပ်ဆိုင်သူများကို ငဲ့ညှာတတ်သူ၌ဒုစရိုက်မှကြောက်လန့်တတ်သော သြတ္တပ္ပတရားဖြစ်ပါတယ်။


♦♦♦မိမိဂုဏ်သိက္ခာကို လည်းမငဲ့၊ ဆရာသမား မိဘဆွေမျိုး များကိုလည်း မငဲ့၊ ရွဲ့ချင်တိုင်းရွဲ့သူ၌ကား ဟိရီ သြတ္တပ္ပ (၂)မျိုးလုံးကင်း၍ ဒုစရိုက်မှုတွေ ပြည့်တင်းနေမှာပါ။♦♦♦


]


ထို့ကြောင့် ဤဟိရီနှင့် သြတ္တပ္ပ တရားနှစ်ပါးသည် ကမ္ဘာသူ ကမ္ဘာသားလူအများကို သားနှင့်အမိ၊ မောင်နှင့်နှမ စသည် ခြားနားအောင် စောင့်ရှောက်တတ် သောကြောင့် "လောကပါလ=ကမ္ဘာစောင့်တရား"ဟုလည်းကောင်း ဖြူစင်သန့်ရှင်းအပြစ်ကင်းအောင် ပြုတတ်သောကြောင့် "သုက္ကမ္မ=ဖြူစင်ေ သာတရား"ဟုလည်းကောင်း နာမည် ရပါတယ်။လူ့လောက၌ ဤတရားနှစ်ပါးသာ မရှိပါမူ တိရိစ္ဆာန်တို့နှင့် မထူးခြားနားဘဲ မှားချင်တိုင်းမား၍ မကြားကောင်း မနာသာ ဖြစ်ရာ၏။

] ယခုအခါမှာ ဟိရီ သြတ္တပ္ပကင်းသူတို့နှင့် ပေါင်းသင်းဆက်ဆံ၍ နေကြပြီး အဝတ်အစား ၊ အနေအထိုင် အသွားအလာမှစ၍ လျှပ်ပေါ်လော်လည်ကာ အမြင်မတော် စရာတွေ များနေပါပြီ။ ဤအတိုင်းဆက်သွားနေမည်ဆိုလျှင် မကြာခင် အမြီးပေါက်ကြလိမ့်မည်ဟု ကျေးဇူးရှင်မဟာဂ န္ဓာရုံဆရာတော် ဘုရားကြီးက အမိန့်ရှိဖူးပါတယ်။


♦ရှက်မှု၊ကြောက်မှုကို ဟိရီ သြတ္တပ္ပ ဟုဆိုသော်လည်း တွေ့ကရာ ရှက်ကြောက်မှုတွေကို ဟိရီသြတ္တပ္ပအစစ်ဟု မမှတ်ရပါ။ဒုစရိုက်မကောင်းမှုကိုပြုရမည်မှ ရှက်ခြင်း၊ကြောက်ခြင်းကိုသာ ဟိရီ သြတ္တပ္ပ အစစ်ဟုမှတ်ရတာပါ။


♦ထို့ကြောင့် ဥပုသ်စောင့် တရားနာ ဘုရားသွားရမှာကို ရှက်မှု၊ ♦ပရိသတ်အလယ်မှာ စာဖတ်၊ စကားပြော၊ ♦တရားဟောရမှာကို ရှက်မှု (အစာပြတ်၍ ငတ်သေရမည်ကိုမရှက်၊ အလုပ်လက်မဲ့နှင့် တေလေလုပ်ရမည်ကို မရှက်ဘဲ) အောက်ကျသည် ဟုထင်သော အလုပ်တစ်ခုခုကို လုပ်ရမည်ကိုရှက်မှု၊ ယောင်္ကျားနှင့်မိန်းကလေးတို့ အချင်းချင်းတွေ့သာအခါ ရှက်နေမှုများသည် ဟိရီ အစစ်မဟုတ်၊ပရိယာယ် မာယာများခြင်း၊ ဟန်ကြီး ပန်ကြီးလုပ်ခြင်းသာဖြစ်ပါတယ်။


လောကအကျိုးစီးပွားကိုပြဆိုတဲ့ နီတိကျမ်းများ၌ ၁။ရောင်းဝယ်ဖောက်ကား အတိုးအပွားပေးသောအခါ။ ၂။ဆရာ့အထံချဉ်းကပ်၍ အတတ်ပညာသင်သောအခါ။ ၃။အစာစားသောအခါ။ ၄။သမီးခင်ပွန်းအချင်းချင်း ရင်းရင်းနှီးနှီး ပျော်မွေ့သောအခါ ဤအခါများ၌ အရှက်ကိုဖယ်ထားရမည်ဟု ညွှန်ပြ လျက်ရှိသည်။(မှတ်ချက်။ ။ဤမရှက်မှုများ၌ ကုသိုလ်ဖြစ် မဖြစ်ကို ပြောလိုရင်းမဟုတ်၊မိမိအကျိုးရှိ မည့်အရာ၌ မရှက်ရဟု ဆိုလိုခြင်းသာ ဖြစ်ပါတယ်။)


ထို့ပြင်တရားစသည်တို့၌ တရားသူကြီးကိြုေ ကာက်ခြင်း၊ ရထား ၊သဘောင်္၊ မြို့ပြတို့၌ တောသူတောင်သားတို့ အိမ်သာ မသွားဝံ့အောင်ကြောက်ခြင်း၊ လူတစ်ယောက်နှင့် တစ်ယောက်ဖြစ်စေ၊ ခွေးစသော တိရိစ္ဆာန်များကို ဖြစ်စေ၊ တစ္ဆေကိုဖြစ်စေ ကြောက်ရွံ့ခြင်း၊ မရောက်ဖူးသော အရပ်သို့ ခရီးသွားရမည်ကို ကြောက်ရွံ့ခြင်း၊ ယောင်္ကျားကလေး မိန်းကလေးများ အရေးရောက်က ကြောက်နေကြခြင်း၊မိဘ ဆရာသမား လူကြီးသူမတို့ကို ကြောက်ခြင်း၊ ထိုသူတို့ရှေ့၌ စကားမပြောဝံ့အော င်ကြောက်ခြင်း၊ ဤသို့သော ကြောက်ခြင်းများလည်း သြတ္တပ္ပ အစစ်မဟုတ်၊ သတ္တိညံ့ဖျင်းမှု(တရားသဘောအားဖြင်)ဒေါမနဿပြဌာန်းသော အကုသိုလ်အစုပင်ြ ဖစ်ပါသည်။


ဤပြခဲ့သော စကားအစဉ်ကို ကြည့်၍ အကုသိုလ် မဖြစ်သော ကိစ္စ၌ မရှက်သင့်၊ မကြောက်သင့်ဟုနားလည်ကြပြီ။ သို့သော် မရှက်မကြောက်ဘဲလူမိုက်အားကိုး ရဲရမည်ဟု မဆိုလို။ထိုလူမိုက်အားကိုး အရဲမျိုးသည် တစ်ဖက်သား ကို မလေးမစား အဂါရဝ ဒေါသ မာန တရားများဖြစ်၍ မိုက်ရူးရဲမှာ မောဟ ဒေါသ တို့သာ အဖြစ်များသည်။ ထို့ကြောင့် မရှက်သင့် မကြောက်သင့်သော ကိစ္စတို့၌ ဆင်ကန်းတောတိုး သဘောမျိုးဖြင့် အကျိုးမရှိသော မိုက်ရူး ရဲနှင့် ဆရာမိဘ လူကြီးသူမတို့၌ မရိုမသေ မလေးစားမှု အဂါရဝမျိုးမဖြစ် စေဘဲ အလိမ္မာဥာဏ်ဖက်၍ မိမိ၏ စိတ်ဓာတ်ကို ပြုပြင်ကာ ကျက်သရေ မင်္ဂလာရှိသော အလယ်အလတ် မရှက်မကြောက်ခြင်းမျိုးကိုသာ အသက်ထက်ဆုံး ကျင့်သုံးနေထိုင်ကြပါဟု နှိုးဆော်သမှုပြုလိုက်ပါသည်။


ကိုးကား။ ။အရှင်ဇနကာဘိဝံသ (ကိုယ်ကျင့်အဘိဓမ္မာကျမ်း)မှ aကာက်နှုတ်ဖော်ပြလိုက်ပါသည်။ အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာ ချမ်းသာကြပါစေ။


-[ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)]


Dhamma Danã Source ► www.facebook.com/youngbuddhistass ociation.mm


::: ဗုဒ္ဓသည် ဥရောပ၊ အမေရိကတိုက်များ သို့ သာသနာပြုခဲ့သလော ::

::: ဗုဒ္ဓသည် ဥရောပ၊ အမေရိကတိုက်များ သို့ သာသနာပြုခဲ့သလော ::: *************************************************


ဘုရားသခင်ဟာသုံးလောကမှာဆရာလို့ပြောပါတယ်။ စကြာဝဠာမှာတစ်ဆူတည်းသောဘုရားလို့ ပြောပါတယ်..ဒါပေမယ့် မြတ်စွာဘုရားဟာ ကမ္ဘာကိုတောင် မနှံ့ပါဘူး..သူကျင်လည်ခဲ့တဲ့ အာရှတိုက် ပတ်ဝန်းကျင်တွင် သာ သူ့အယူဝါဒ ပျံ့နှံခဲ့ပါတယ် ..စကြာဝဠာမှာတစ်ဆူတည်းသော ဘုရား ဟာနတ်တွေ ၊ ဗြဟ္မာတွေ ကိုတောင် တရားဟော...တာဝတိံသာတို့ဘာတို့တောင် တက်ပြီး တရားဟောသေးတာပဲ ...ဘာလို့လူလူချင်းအတူတူ ...ကမ္ဘာလောကကလူတွေကို စုံအောင်တရားမဟောတာလဲ...ဘာသာစကား အခက်အခဲကြောင့်မ ဟောနိုင်တာလားလို့လဲစဉ်းစားရပါတ ယ်...ပါဠိစကားက အဲ့ဒီခေတ်အခါက အိန္ဒိယမှာလူပြောများတဲ့ စကားဖြစ်ကောင်းဖြစ်နိုင်ပါတယ် ..ဥရောပတို့ အာဖရိကတို့..အမေရိက တိုက်တို့ကို မရောက်ခဲ့ပါဘူး. . ဗိုလ်ကြီးထွန်းလင်းကျော်(ကထိက) ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် (အဖြေ ) မြတ်စွာဘုရားဟာကျွတ်ထိုက်တဲ့သတ္တ၀ါ၊ လူသား၊ နတ်ဗြဟ္မာ၊ တိရိစ္ဆာန်မည်သူမဆို မည်သည့် နေရာမှာရှိနေသည်ဖြစ်စေ ကြွရောက်ကာ တရားဟောချေချွတ်လေ့ရှိပါတယ်၊ တပါးတည်းဖြစ်စေ၊ တခါတရံနောက်လိုက်သံဃာများဖြင့်ဖြစ်စေ ကြွတော်မူလေ့ရှိတယ်၊ ချေချွတ်ရမည့် သတ္တ၀ါမရှိလျင်၊ သို့မဟုတ် ကြွတော်မူသော်လည်း တစုံတစ်ဦးအတွက် အနည်းဆုံးတိရိစ္ဆာန်တစ်ကောင်အတွက်ပင်ဖြစ်ေ စ အကျိုးမရှိ ဘူးဟု ဥာဏ်တော်ဖြင့်သိ တော်မူလျင် ရှင်ဘုရင်၊ သူဋ္ဌေး၊ မူးမတ်စသည်ဖြင့် မည်သူက ပင့်လျောက်သည်ဖြစ်စေ မကြွပါဘူး။ ဘာလို့ လူလူချင်းအတူတူ ကမ္ဘာလောကကလူတွေက စုံအောင်တရားမဟောသလဲ ဆိုတော့ လူအားလုံးက မကျွတ်ထိုက်သေးလို့မဟောခဲ့တာပါ၊ ကျွတ်ချိန်တန်နေ ပြီ ဆိုလျင်တော့ တကူးတကသွားရောက်ချေချွ တ် တော်မူပါတယ်၊ အဲဒီထဲကထင်ရှားတဲ့ သာဓကတစ်ခုကတော့ ဘုရားရှင်ဟာမလ္လာမင်းတို့ရဲ့ ကုသိန္နာရုံမှာပရိနိဗ္ဗာန်စံဖို့ အတွက် သွေးဝမ်းတော်လား နေပါလျက် ခဲခဲယဉ်းယဉ်း၊ ပင်ပင်ပန်းပန်ြး ကွသွားတော်မူခဲ့တာဟာအဲဒီအရပ်မှာရှိနေတဲ့ နောက်ဆုံးသာဝကအဖြစ်ချွတ်ရမယ့်သုဘဒ္ဒ ဆိုတဲ့ ပရဗိုဇ်ကြီးရှိနေခဲ့တာအကြောင်းတစ်ရပ်အနေနဲ့ ပါဝင်ခဲ့တယ်၊ သုဘဒ္ဒကလဲ အဲဒီအချိန်မှာဘုရားရှင်ကို ဖူးမြှော်ဖို့ ဆန္ဒအရမ်းပြင်းပြ နေတယ်ဆိုပါတော့၊ မှန်ပါတယ်..အေပ် ာ္အပါးလိုက္စားေ နတဲ့လူတေယာက္ကုိ လာစမ်း. ထိုင်စမ်း. တရားနာစမ်းလို့ ခိုင်းပြီး တရားဟောလျင် ကျွတ်နိုင်မှာ မဟုတ်ပါဘူး၊ ဒါကြောင့်မြတ်ဘုရားအတွက် လူသားများက ကာမဂုဏ်အာရုံငါးပါး ခံစားချင်နေတာကိုအတင်းပဲတရားဟောနေလို့ မဖြစ်နိုင်ဘူး၊ သို့သော် ကျွတ်ချိန်တန်ပြီဆိုတာကို မြင်တော်မူလျင်တော့ နည်းမျိုးစုံဖြင့်တရားနာ ချင်အောင်ဟောပြေ ချချွတ်တော်မူပါတယ်၊ လိုအပ်လျင် တရားနာမည့်သူ ရှိတဲ့နေရာအထိ ဘုရားရှင်ကိုယ်တော် တိုင်ခရီး ဦးကြိုသွားပြီး ဟောသင့်လျင်ဟောတော် မူခဲ့ပါတယ်။ ဗုဒ္ဓစာပေလာမှတ်တမ်းများအရ-၁။အာဠာဝကအတွက် ယူဇနာပေါင်း(၃၀) အထိ၊ ၂။လူဆိုးဗိုလ်အဂုင်္လိမာလနှင့်၊ ပုက္ကုသာတိမည်သော ရှင်ဘုရင်အားချေချွတ်ရန်အတွက် (၄၅) ယူဇနာခရီးအထိ၊ ၃။မဟာကပ္ပိနမင်းအတွ က် ယူဇနာပေါင်း (၂၀၀) အထိ၊ ၄။ဓနိယမထေရ်အတွက်ယူဇနာပေါင်း(၇၀၀) မျှအထိ ဘုရားရှင်ကိုယ်တော်တိုင်ခရီးဦးကြိုဆိုကာ တရားဟောပေးတော်မူခဲ့တယ်။( ယနေ့ခေတ် တစ်ယူဇနာကို(၈)မိုင်နှုန်းဖြ င့် ပညာရှင်အများစုလက်ခံ ထားကြသည်၊) ဗုဒ္ဓမြတ်စွာမှာဘာသာစကားအခက်အခဲ ဆိုတာ မရှိပါဘူး၊ ဘယ်စကြာဝဠာကသတ္တ၀ါဖြစ်ဖြစ်ကျွတ်တမ်း ၀င်မည့်သူဖြစ်လျင် နားလည်အောင်ဟောနိုင်စွမ်းရှိပါတ ယ်၊ ယနေ့ခေတ်မှာသာမာန်လူတယောက်ေ တာင် ဘာသာစကား (၇)မျိုးလောက်တတ်သေး တယ်ဆိုလျင် မနှိုင်းယှဉ်အပ်ေ သာ အတုလဂုဏ်နှင့် ပြည့်စုံသော ဘုရားရှင်လို ပုဂ္ဂိုလ်မှာငြင်းစရာလိုမည် မထင်တော့ပေ။ စာပေများမှာ“အရှင်ဘုရား၊ တစ်ခါတရံ ဘယ်ဆီကိုကြွနေပါသလဲဘုရား” လို့ အရှင်အာနန္ဒာက မြတ်စွာဘုရား ပျောက်ပျောက်သွားတဲ့အတွက် မေးလျောက်ပါသတဲ့။ထိုအကြောင်းကို သံဃာ့ပရိသတ်စုံ လင်တော့မှ အထူးသဖြင့် သံဃာများကဘယ်သူတော့ဖြင့် သေသွားပြီ ဘုရား စသည်လျောက် ထားသည့်အခါ “ရဟန်းတို့ အဲဒီလူကို ငါဘုရားတရားဟောခဲ့ပြိ၊ အခုသူဟာတရားထူးရ သွားတဲ့အတွက် အပါယ်ငရဲကို မရောက်တော့ဘူး အပါယ်တံခါးပိတ်သွားပြီ”စသည်ဖြင့် စကားဆက်စပ်ကာမိန့်ကြားတော်မူ ကြောင်း စာပေများမှာအများအပြားတွေ့ရ တယ်၊ ဒီသာဓက များစွာကိုထောက်ရှုခြင်း အားဖြင့်ဘယ်နေရာမဆို ကြွရောက်ဟောကြားလေ့ရှိတာကို မှတ်သားနိုင် ပါတယ်၊ အမေရိကတိုက်ဆိုတာဘုရားရှင် လက်ထက်က မပေါ်ပေါက်သေးပါဘူး၊ အထူးအားဖြင့် မြတ်စွာ ဘုရားရှင် သည် ကျွတ်တမ်းဝင်မည့် ဝေနေယျရှိလျင် အမေရိကတိုက်၊ ဥရောပတိုက်၊ အာဖရိကတိုက် များသာမဟုတ်ပါဘူး၊ အခြားသောစကြာဝဠာ၊ အခြားသောဂြိုလ်ကမ္ဘာများအထိ ကြွရောက်ကာ တရားဟောလေ့ရှိကြောင်း မှတ်သားသင့်ပါသည်။ အရှင်သုနန္ဒာလင်္ကာရ M.A(ပန်းကမ္ဘာ) ဖြေကြားသည်၊


credit toပန်းကမ္ဘာ။


"ဘုရားဟောသော လမ်း (၆) သွယ်''

"ဘုရားဟောသော လမ်း (၆) သွယ်"


၁။ မြတ်စွာဘုရားက ဘယ်လို ဥပမာပေးလဲဆိုတော့ တောင်ထိပ်က မျက်စိအမြင်နဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ဟာတဲ့ ဟိုးအဝေးကရှိတဲ့ သဲကန္တာရကြီးထဲကို လှမ်းပြီးကြည့်လိုက်တယ်။ ကြည့်တော့ အပေါ်ကလဲ နေကပူလိုက်တာ အောက်က သဲတွေကလဲ ပူကျက်ပြီးတော့ လောင်ကျွမ်းနေတဲ့ ဒီခရီးကို ကြည့်နေတုန်းမှာပဲ လူတစ်ယောက် ခရီးသွားနေတယ် ၊ အဲဒီကန္တာရကြီးထဲမှာ သူက ဖိနပ်မပါ အပေါ်က အဆောင်းမပါ သွားနေတာ။ အဲဒါကို အမြင့်ကနေ ကြည့်တဲ့သူက မြင်တယ်။


ဒီလူ ဘယ်သွားနေတာလဲလို့ ကြည့်လိုက်တော့ ဒီလူဟာ မီးကျီးတွင်းကြီးရှိတဲ့ဆီ ဦးတည်ပြီး သွားနေတာတဲ့။ အဲတော့ အပေါ်ကလူက ဒီလူ လမ်းကြောင်းမပြောင်းရင်တော့ေ သေချာပေါက် မီးကျီးတွင်းထဲ ကျတော့မှာပဲ ၊ သူက အမြင့်ကဆိုတော့ မြင်တယ်၊ အောက်ကနေ သွားနေတဲ့လူကတော့ ရှေ့ ကနေ အဝေးကြီးကို မမြင်နိုင်ဘူးလေ။


အဲဒါ အပေါ်ကလူက လမ်းကြောင်း မပြောင်းရင်တော့ သေချာပေါက်ကျတော့မှာပဲ ။ အဲဒီလိုကြည့်နေတုန်း ဟိုလူကလည်း လမ်းကြောင်းမပြောင်းဘူး။ အဲတော့ လမ်းလည်းဆုံးရော မီးကျီးတွင်းထဲ ကျသွားတယ်။ အဲဒီလူ ပူပူလောင်လောင်နဲ့  ဒုက္ခရောက်နေတာကို အပေါ်ကလူက မြင်တယ်။


ဘာပြောတာလဲဆိုတော့ ဟောဒီ ၃၁ ဘုံဆိုတဲ့ အထက်ကပူ အောက်ကပူနေတဲ့ ဒီကန္တာရ ခရီးလမ်းကြမ်းကြီးထဲမှာ တချို့ သော သတ္တ၀ါတွေသည် ငရဲရောက်ရာ ရောက်ကြောင်း အလုပ်တွေကို လုပ်ရင်း မီးကျီးတွင်းရှိတဲ့ဆီကို ဦးတည်ပြီး တစ်လှမ်းချင်းလှမ်းနေတယ် တဲ့။ ရှိတယ်နော် လောကမှာ တချို့ လုပ်နေ ပြောနေ ကြံနေကြတာတွေဟာ ငရဲကိုရောက်ကြောင်း အလုပ်တွေလုပ်နေတယ်။ မီးကျီးတွင်းဆီဦးတည်ပြီးသွားနေတဲ့သူဟာ လမ်းကြောင်းမပြောင်းရင် မီးကျီးတွင်းထဲ ကျတော့မယ်။ ဒါကြောင့် ငရဲလမ်းဆိုတာကိုလဲ မြတ်စွာဘုရားသိတယ်။


၂။ လာပြန်ပြီ နောက်တစ်ယောက် ၊ အမြင့်ကလူက မြင်တယ်တဲ့။ ဘယ်ကို ဦးတည်နေတာလဲ ဒီခရီးသည်ကဆိုတော့ မစင်တွင်းကြီးဆီကို ဦးတည်နေတယ်တဲ့။ ဒီလူလမ်းကြောင်း မပြောင်းဘူး၊ ခဏနေတော့ မစင်တွင်းကြီးထဲ ကျသွားတယ်တဲ့။ အဲဒီလိုပဲ ၃၁ ဘုံထဲမှာ တချို့ သော သတ္တ၀ါတွေဟာ တိရစ္ဆာန်ဖြစ်ကြောင်းကံတွေကို လုပ်ပြီးတော့ ခရီးသွားနေတယ်။ သချိင်္ုင်းကုန်းသွားတာကို ရိုးရိုးမသွားဘူး၊ တိရစ္ဆာန်ဖြစ်ကြောင်း အလုပ်တွေကို လုပ်ရင်းနဲ့ သွားနေတာ။ အဲဒါလမ်းကြောင်းက မပြောင်းဘူးဆိုတော့ တိရစ္ဆာန်ပဲ ဖြစ်သွားတယ်တဲ့။ ဒါကြောင့် တိရစ္ဆာန်ဖြစ်ရတယ်ဆိုတာ မစင်တွင်းထဲကို ကျရတာနဲ့ တူတယ်။ တိရစ္ဆာန်တွေရဲ့ ဘ၀မှာ သန့် ရှင်းတယ်၊ စင်ကြယ်တယ်၊ မြင့်မြတ်တယ်ဆိုတာ မရှိသလောက်ရှားတယ်။ အချင်းချင်းနိုင်ရာစား နိုင်ရာနှိပ်စက် ဘာဥပဒေမှ မရှိဘူးနော်။ ဒါကြောင့် တိရစ္ဆာန်တို့ ရဲ့ ဘုံဘ၀ကို မြတ်စွာဘုရားက မစင်တွင်းကြီးနဲ့ ဥပမာပေးတယ်။ အဲဒီတိရစ္ဆာန်ဖြစ်ကြောင်းလမ်းကိုလည်း မြတ်စွာဘုရားသိတယ်။


၃။ လာပြန်ပြီ နောက်တစ်ယောက် ဒီလူကတော့ ဘယ်ကိုဦးတည်နေလဲဆိုတော့ အထက်ပူ အောက်ပူလမ်းက လာတဲ့သူက ဘယ်ကို ဦးတည်နေလဲဆိုတော့ သစ်ရွက်ကျဲတဲ့ အရိပ်နည်းတဲ့ သစ်ပင်အို သစ်ပင်ခြောက်ဆီကို ဦးတည်နေတယ်တဲ့။ အဲဒါ အဲဒီအောက် သူရောက်သွားတာပဲ။ မောမောပန်းပန်းနဲ့ လာတယ်၊ အမောမပြေဘူး။ သစ်ပင်က စိုစိုပြေပြေမှ မဟုတ်ဘဲကို။ သစ်ပင်ခြောက်ကြီးဖြစ်နေတာကို၊ အဲသလိုပဲတဲ့ တချို့ သတ္တ၀ါတွေ သွားတော့သွားနေတာပဲ၊ ပြိတ္တာဘုံဘ၀ ဘုံဌာနကို ရောက်ဖို့ အလုပ်လုပ်ရင်းနဲ့ သွားနေတာ။ အဲဒါငတ်ရင်းနဲ့ အဆာမပြေရင်းနဲ့  ပူနေရမယ့်ဘ၀မျိုး။ ဒါကြောင့် ပြိတ္တာဘ၀ကို သစ်ပင်အိုလို့ ဥပမာပေးတယ်။ ဘာမှ မှီခိုစရာ အရိပ်ခိုစရာ မရှိဘူးတဲ့ ။ အဲဒီလမ်းကိုလည်း မြတ်စွာဘုရားသိတယ်။


၎။ လာပြန်ပြီနောက်တစ်ယောက်၊ ဘယ်ကို ဦးတည်နေသလဲ။ အရိပ်အာဝါသနဲ့ ပြည့်စုံတဲ့ သစ်ပင်ပျိုဆီကို ဦးတည်နေတယ်။ တချို့ သတ္တ၀ါတွေဟာ လူဖြစ်စေတတ်တဲ့ ကံတွေကို ပြုရင်းနဲ သေရွာသွားတာ။ သစ်ပင်ပျိုဆိုတော့ အရိပ်အာဝါသနဲ့ ပြည့်စုံတယ်၊ သို့ သော်လည်း နေပူထဲကလာတဲ့သူအတွက် ရေသောက်ရမှ ရေချိုးရမှသာ အဆင်ပြေမယ်မလား။


၅။ နောက်တစ်ယောက်ကတော့ ပြဿာဒ်ဆောင်ရှိရာဆီ ဦးတည်နေတယ်။ သူကတော့ သစ်ပင်ပျိုထက် ပိုပြီး အရိပ်အာဝါသနဲ့ ပြည့်စုံတာပေါ့။ အဲဒါဘာပြောတာလဲဆိုတော့ တချို သတ္တ၀ါတွေဟာ နတ်ပြည် ရောက်ကြောင်း ကောင်းမှုတွေကို ပြုရင်း သေရွာသွားနေတယ်တဲ့။


၆။ နောက်တစ်ယောက်ကတော့ အဲဒီ (၅) ခုကို ဘယ်ဟာမှ ဦးမတည်ဘူး။ သူဘယ်ကို ဦးတည်နေသလဲဆိုတော့ ကြာမျိုးငါးပါးနဲ့ ပြည့်စုံတဲ့ ရေကြည် ရေအေး ရေချို နဲ့ ပြည့်စုံတဲ့ မင်္ဂလာနဲ ပြည့်စုံတဲ့ ရေကန်ကြီးဆီကို ဦးတည်နေတယ်တဲ့။ အပေါ်ကနေပူတယ်၊ အောက်က သဲပူတယ်၊ ရေကလည်း ငတ်လှပြီ၊ အာခေါင်တွေလည်း ခြောက်လှပြီ။ လူကလည်း ရေချိုးချင်လှပြီ။ အဲဒီရေကန်ထဲလည်း ရောက်ရော ရေကို အားရှိပါးရှိသောက်မယ်။ အားပါးတရသောက်မယ်၊ ပြီးရင် စိမ်ပြီးတော့ချိုးမယ်။ အခုကျမှပဲ အဆာပြေတော့တယ်။ အခုကျမှပဲ အပူအအိုက်ပြေတော့တယ် ဆိုတဲ့ ခံစားချက်သည် ရေကန်တွေ့ တဲ့သူမှသာလျှင် ဖြစ်နိုင်မယ်မလား။ အဲဒါ ဘာပြောတာလဲဆိုတော့ ဂတိဝိမုတ္တလို့ ခေါ်တဲ့ နိဗ္ဗာန်ကို ပြောတာ။ အဲဒီ နိဗ္ဗာန်ကို ဘယ်လမ်းကလျှောက်ရမလဲ ဆိုတာလဲ မြတ်စွာဘုရားသိတယ်။ ဒါကြောင့် မြတ်စွာဘုရားက လမ်းသိသူ လို့ သူ ကိုယ်သုဝန်ခံထားတာနော်။


သစ္စာရွှေစည် ဆရာတော် (ဥပမာ(၉)မျိုး တရားတော်မှ)


မေတ္တာဖြင့် ဝေမျှသူ အနှိုင်းမဲ့စာတိုပေစများ


နတ်ကိုးကွယ်မှု နှင့်သရဏဂုံပျက်ခြင်း

သရဏဂုံ ဆိုတာ ပါဠိလို"သရဏဂမန" မြန်မာလို "သရဏဂုံ" အဓိပ္ပာယ်က ကိုးကွယ်ဆည်းကပ်ခြင်း ရတနာမြတ်သုံးပါး အပေါ်လေးလေးနက်နက်နဲ့ သက်ဝင်ပြီး ယုံကြည်မြတ်နိုး ကိုးကွယ်ဆည်းကပ်တဲ့ သဒ္ဒါပညာရှေ့သွားရှိတဲ့ ကုသိုလ်စိတ်ကို "သရဏဂုံ"လို့ခေါ်ပါတယ်။


ရတနာမြတ်သုံးပါးအပေါ် လေးလေးနက်နက်ယုံ ကြည်ခြင်း ကြည်ညိုလေးစားကိုးကွယ်ဆည်းကပ်ခြင်း ရှိတဲ့သူဟာ သရဏဂုံတည်တဲ့သူပါ။ သရဏဂုံတည်သူဟာ ရတနာမြတ်သုံးပါး ကျေးဇူးကို မသိတတ်ရင် ရတနာသုံးပါးအပေါ် သံသယဝင်ခဲ့ရင် အတွေးမှား အသိမှားနေခဲ့ရင် သရဏဂုံ ညှိုးနွမ်းညစ်နွမ်းပါတယ်။


အယူဝါဒပြောင်းရင် သရဏဂုံပျက်တယ် သေဆုံးတဲ့အခါမှာလည်း သရဏဂုံပျက်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ သေဆုံးတဲ့အခါ သရဏဂုံပျက်သွားလို့ သရဏဂုံပြန်တင်ရတယ်။ အလောင်းကောင်ကြီးကိုတင်တာတော့မဟ တ်ဘူး။ ဒီအနီးအနားမှာတေ စ္ဆသရဲစတဲ့ဘဝမျိုးမှာ ဖြစ်နေခဲ့ရင် သရဏဂုံပြန်တည်ပါ စေဆိုတဲ့ အနေနဲ့ သရဏဂုံတင်ပေးရတာပါ။


ဗုဒ္ဓဘာသာဝင်တွေထဲမှာ နတ်ကိုးကွယ် ကြတာလည်းရှိပါတယ်။ ရတနာသုံးပါးထက် နတ်ကိုပိုအလေးထားရင် သရဏဂုံပျက်တယ်။ သာမန်ကိုးကွယ်နေရင် သရဏဂုံမပျက်ပေမယ့် သရဏဂုံညစ်နွမ်းညှိုးနွမ်းမှာတော့ သေချာတယ်။ ဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ဟာ ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ရာ မရှာကောင်းပါဘူး။


ဘုရား တရား သံဃာကို စွန့်ပယ်၍ အခြားသော ဘိုးတော် မယ်တော်များ ၃၇-မင်းနတ်များ ရိုးရာနတ်များ နတ်စိမ်းများကို အရှင်ကြီး အရှင်ကောင်းတို့အား ကျွန်ုပ်တို့၏ အသက်နှင့် ခန္ဓာကိုယ်ကို အပ်နှင်းကိုးကွယ်ပါ၏ဟု အဓိဋ္ဌာန်ပြု၍ ဦးချလိုက်လျှင် သရဏဂုံပျက်သည်။ ယင်းသို့ပျက်ခြင်းသည် အပြစ်ရှိသော သရဏဂုံပျက်ခြင်းဖြစ်သည်။


ဘုရား တရား သံဃာကိုလည်း မစွန့် ထိုဘိုးတော် မယ်တော်များကိုလည်း ကိုးကွယ်ဆည်းကပ်နေမယ်ဆိုရင် သရဏဂုံမပျက်သော်လည်း ညှိုးနွမ်းသွားပါတယ်။ ထို့ကြောင့် သရဏဂုံတည်သူများ ရရှိမည့် ကောင်းကျိုးများကို တင်းပြည့်ကျပ်ပြည့် မရနိုင်တော့ပါ။ အပ်ဝင် ပေါက်ဆိန်ထွက် ဟူသော စကားကဲ့သို့ ဖြစ်တတ်ပါတယ်။ အပ်တစ်ချောင်းဝင်လာပြီး ပေါက်ဆိန်တစ်ချောင်း ထွက်သွားမည်ဆိုရင် မိမိအတွက် ဆုံးရှုံးတာသာဖြစ်ပါတယ်။


တစ်ဘဝတာ သရဏဂုံတည်မြဲသူများ ရရှိမယ့် ကောင်းကျိုးများကို အပါဒါန်ပါဠိတော်မှာ ဟောကြားထားတာ ရှိပါတယ်။ လွန်ခဲ့သော ၉၁ ကမ္ဘာက ပွင့်တော်မူခဲ့ေ သာ အနောမဒဿီ မြတ်စွာဘုရား လက်ထက်တော်အခါက အမျိုးသားတစ်ယော က်သည် မျက်မမြင်မိဘနှစ်ပါးကို လုပ်ကျွေးရင်း တစ်ဘဝတာ သရဏဂုံတည်ခဲ့သည်။ ထိုတစ်ဘဝတာ သရဏဂုံတည်ခဲ့သော ကုသိုလ်ကြောင့် ၉၁ကမ္ဘာ အပါယ်တံခါးပိတ်သ ည်။ အကြိမ် ၈၀ သိကြားမင်းဖြစ်သ ည်။ ၇၅ ကြိမ် စကြာမင်းဖြစ်သည် ။ ရိုးရိုးဧကရာဇ်ဘုရင် ဘဝ အကြိမ်ပေါင်းများစွာဖြစ်သည်။ ယခုဘုရားသာသနာ၌ အိန္ဒိယနိုင်ငံ၌ သူဋ္ဌေးသား သွားဖြစ်သည်။ သူ ၇နှစ်သား အရွယ်ခန့်တွင် တခြားရွယ်တူကလေးများနှင့်အတူ ပြေးလွှားဆော့ကစားရင်း ရဟန္တာတစ်ပါးသီတင်းသုံးသည့် ကျောင်းထဲသို့ ရောက်သွားသည်။ မထေရ်သည် ကလေးများကို တွေ့သည်နှင့် သရဏဂုံဆောက်တည်ပေးသည်။ ကလေးများက ရွတ်ဆို ဆောက်တည်ကြသည်။ ထိုသရဏဂုံအဆုံးမှာပင် လွန်ခဲ့သော ၉၁ ကမ္ဘာက တစ်ဘဝတာ သရဏဂုံတည်ခဲ့သော ကလေးသည် ရဟန္တာဖြစ်သွားခဲ့သည်။ သူ၏ဘွဲ့အမည်မှာ တိသရဏဂမနိယမထေရ်ဟုခေါ်သည်။ ဤကောင်းကျိုးများသည် မိမိထံမှာရှိနေသော ပေါက်ဆိန်နှင့်တူသည်။ ဘိုးတော် မယ်တော် ၃၇ မင်း ရိုးရာနတ်များကို ကနားပေးပြီး ကိုးကွယ်လိုက်လျှင် သရဏဂုံမပျက်တောင် သရဏဂုံ ညှိုးနွမ်းသွားပါတယ်။


ထိုသို့နတ်များကိုးကွယ်သည့်အတွက် စီးပွားတက်ခြင်း ရာထူးတက်ခြင်းသည် အပ်တစ်ချောင်းဝင်လာနဲ့တူပါတယ်။ အကြောင်းမှာ စီးပွားတက်ခြင်း ရာထူးတက်ခြင်းကြောင့် ရရှိလာတဲ့စီးပွားဥစ္စာဟာ တစ်ဘဝတစ်နပ်စာသာ ရှိသောကြောင့်ပဲဖြစ်ပါတယ်။ သရဏဂုံညှိုးနွမ်းသွားရင် ၉၁ ကမ္ဘာ အပါယ်တံခါးပိတ်ရခြင်း စသောကောင်းကျိုးများကို မရတော့ပါ။ ဒါဟာ မိမိထံမှ ပေါက်ဆိန်တစ်ချောင်း ပြန်ထွက်တာနဲ့တူပါတယ်။


နတ်ကိုးကွယ်မှုနဲ့စပ်လို့ အစဉ်အလာအရ နတ်ကိုပူဇော်ချင်တယ်ဆိုရင် ပူဇော်လို့ရတယ်။ ပသလို့ရတယ်။ ဒါပေမယ့်မကိုးကွ ယ်ကောင်းဘူး။ ပူဇော်တာနဲ့ ကိုးကွယ်တာဟာ မတူပါဘူး။ အချို့အိမ်တွေမှာ ကိုးကွယ်ပူဇော်မှုတွေ ရောရော နှောနှောဖြစ်နေတာတွေ့ရပါတယ်။ ဘုရားကျောင်းဆောင်မှာ နတ်ရုပ် ဘိုးတော် မယ်တော်ရုပ်တွေ မထားကောင်းပါဘူး။ ဘုရားနဲ့တစ်တန်းတည်း ဘာကိုမှမထားရပါဘူး။ တစ်ခြားဟာတွေ ပူဇော်ချင်ရင် တစ်နေရာရာမှာ သီးသန့်ပူဇော်ပါ။ ဒါပေမယ့် ကိုးတော့ မကိုးကွယ်လိုက်ပါနဲ့။ ဥစ္စာစည်းစိမ်ဆင်းရဲတာက တစ်ဘဝသာဒုက္ခရောက်မှာပါ။ အသိဉာဏ်ပညာ ဆင်းရဲခဲ့ရင်တော့ သံသရာအဆက်ဆက် ဒုက္ခရောက်သွားပါလိမ့်မယ်။


အားကိုးမလွဲစေနဲ့ -----------------လောကမှာ အမြင့်မြတ်ဆုံးဘုရားနဲ့ တွေ့လျက်သားနဲ့ ဘုရားကိုအားမကိုးပဲ နတ်တွေ ဘိုးတော်မယ်တော် စတာတွေကို အထင်ကြီးအားကိုးနေတာဟာ လူကြားလို့ မကောင်းပါဘူး။ ဒါဟာကိုယ့်ဦးနှောက်ကို ကိုယ် အလွဲသုံးစားလုပ်တာပဲ။ လောကမှာ ဘုရားကိုအားကိုးတာ ဘုရားစကားနားထောင်တာလောက် ကောင်းတာ ဘာမှမရှိဘူး။ သိပ္ပံခေတ်လူသားလုပ်နေကြပြီး အတွေးချော်မနေကြ နဲ့။


အရှင်ဝိစိတ္တသာရ(လေးအိမ်စု)


ကိုးကား-အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ) အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)