Friday, December 27, 2013

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သည့် နိဗ္ဗာန်၏ ဂုဏ်တော်များ

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သည့် နိဗ္ဗာန်၏ ဂုဏ်တော်များ။

ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးရည်မှန်းချက် ပန်းတိုင်သည်မြတ်နိဗ္ဗာန်ပင်ဖြစ်ပါသည်။ နိဗ္ဗာန်တွင်
=======

၁။ “ ခယဂုဏ်တော် ” ============ ထိုနိဗ္ဗာနဓာတ်တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက် သည်နှင့် တပြိုင်နက် ရာဂစသော ကိလေသာအချို့သည် လည်းကောင်း၊ ထိုကိလေသာ ရှိသူတိုင်း (ခုနှစ် ဘ၀ နောက် ရရှိမည့်) ရုပ်နာမ်တို့သည် လည်းကောင်း ကုန်ခမ်းကြရတော့၏။ အထက်မဂ်များကို ရသောအခါလည်း ဤနည်းအတိုင်း ကိလေသာအပူတွေ ကုန်ရပေသည်။ ထို့ကြောင့် သန္တိဖြစ် သော ထိုနိဗ္ဗာန်သည် ကိလေသာကို့၏ လည်းကောင်း၊ ရုပ်နာမ်တို့၏ လည်းကောင်း ကုန်ခန်း ကြောင်း “ခယဂုဏ်တော် ”နှင့် ပြည့်စုံပါသည်။ ၂။ “ ၀ိရာဂဂုဏ်တော် ” ============ တတ်မက်ခြင်းသဘောကို ပါဠိလို “ရာဂ ”ဟုခေါ်၏။ ထိုရာဂသည် ရုပ် နာမ် ခန္ဓာအပေါ်၌ လည်းကောင်း၊ ခန္ဓာနှင့်စပ်သော ပညတ်အပေါ်၌ လည်းကောင်း ဖြစ်ရသော တရားတည်း။ ရုပ်နာမ်တို့၏ ကုန်ကြောင်းဖြစ် သော နိဗ္ဗာန်သည် ထိုရာဂနှင့် လုံးလုံး မစပ်တော့ရ ကား “၀ိရာဂ- ရာဂမရှိ ”ဟူသော ဂုဏ်နှင့်လည်း ပြည့်စုံပါသည်။ ၃။ “ အမတဂုဏ်တော် ” ============“သေခြင်း ”ဆိုသည်မှာ တစ်ဘ၀အတွက် နောက်ဆုံး ပျက်ခြင်းတည်း။ ထို အပျက်ဟူသည်လည်း အဖြစ်ရှိပြီးမှ ပေါ်လာ၏။ ပျက်ဖို့ရှေ့ရှုနေသော (ပျက်ဖို့ပြင်နေသော) သ ဘောကို “ အိုခြင်း၊ ဆွေးမြေ့ခြင်း ” ဟု ခေါ်၏။ ပါဠိလို ဇာတိ၊ ဇရာ၊ မရဏ။ မြန်မာလို ဖြစ်ခြင်း၊ (ရင့်ရော်ခြင်း)အိုခြင်း၊ သေခြင်း(ပျက်ခြင်း)၊ ဟူသော သဘောသည် ရုပ်တရား၊ နာမ်တရားတို့၏ သဘောဖြစ်၏။ ရုပ်နာမ်အားလုံး ကုန်ဆုံးပြီးသော ထို နိဗ္ဗာန်သည် သေခြင်း “ မတ ”မရှိရကား “အမတဂုဏ်တော် ” နှင့်လည်း ပြည့်စုံပါသည်။ ၄။ “ ပဏီတဂုဏ်တော် ” ============နိဗ္ဗာနဓာတ် တရားမြတ်သည် ရဟန္တာပုဂ္ဂိုလ်များအတွက် ( စား၍ မ၀နိုင် အောင် အရသာရှိသော အစာကဲ့သို့) မကြာမကြာ အာရုံပြု၍ နေချင်စရာကောင်း လောက်အောင် အရသာရှိသော တရားတော်ဖြစ်၏။ ဗုဒ္ဓမြတ်စွာသည် ( ဖလသမာပတ်ကို ၀င်စားကာ )ထို နိဗ္ဗာန် ကို အာရုံပြု၍ မကြာမကြာ သီတင်းသုံးတော် မူလေ့ရှိ၏။ တရားဟောတော် မူတုန်းမှာပင် ပရိ သတ်က သာဓုသာဓုခေါ်ပြီးမှ တရားကို ဆက်၍ဟောတော်မူ၏။ နိဗ္ဗာန် တရားတော်သည် ရဟန္တာ ဖြစ်ပြီး ပုဂ္ဂိုလ်အတွက် ဤမျှလောက် အရသာရှိသော တရားထူး တရားမွန် ဖြစ်သောကြောင့် “ပဏီတဂုဏ်တော် ”နှင့်လည်း ပြည့်စုံပါသည်။ {အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့် အဘိဓမ္မာကို ကိုးကား ရေးသားပါသည်။ }

နွားလပို့ တောင် ဆံတော်ရှင်စေတီေ တ်ာသမိုင်းကြောင်း

ွနွားလပို့ တောင် ဆံတော်ရှင်စေတီေ တ်ာသမိုင်းကြောင်း

ကျိုက်ထီးရိုးစေတီတော်မြတ်ကို တည်ထားပူဇော်ခဲ့သော ရှင်တိသရသေ့ မှကျိုက်ထီးရီုးစေတီတော်မြတ်ထက် 5နှစ် စောပြီး ဗုဒ္ဓဆံတော်မြတ် အစစ်တစ်ဆူကို အလယ်ကျောက်တုံးတွင် ဌာပနာ ထားပြီး ကျောက်တုံးသုံးလုံးဆင့်ကာ အံသြဖွယ်တည်ထားပူဇော်ခဲ့ပါသည်။

မွန်ပြည်နယ် ပေါင်မြိုနယ် ကျုံကကျေးရွာ ၇န်ကင်းကျောင်းမှာ 4မိုင်အကွာ တောတောင် လျှိုမြောင် ရေတံခွန်များကို ဖြတ် သန်းပြီး သပိတ်အိုင်ဆရာတော် ဦးညဏိသရ (တောရကျောင်း)အနီးရှိ နွားလပို တောင်တန်းပေါ်တည်ထား ပူဇော်ခဲ့ပါသည်။ ဘသာဝတောတောင် ရူခင်းများ နဲ့  ဘုရားဖူးများ သွားရောက်ဖူးမြော် စည်းကားလျက်ရှိသည်။ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း မကြီးမှာ ဘုရားကြီး ခြေတော်ရင်း အေ၇ာက်တောင်တတ်ကားများဖြင့် ဖူးမော်နိုင်သလို့  တောရိပ် တောင်ရိပ်ခိုကာ ခြေလျင်ဖြင့်လည်း ဖူးမြော်နိုင်ပါ သည်။

ဘုရားပွဲတော်မှာ နှစ်စဉ် သင်္ကြန် အကြတ်နေ့မှာ နှစ်ဆန်း (၁)ရက်နေ့ ထိ ကျင်းပမြဲ ဖြစ်ပါသည်။ -

*** မန္တလေး မဟာမြတ်မုနိဘုရား သမိုင်းကြောင်း ***

*** မန္တလေး မဟာမြတ်မုနိဘုရား သမိုင်းကြောင်း ***

ဂေါတမဗုဒ္ဓ မြတ်စွာဘုရား သက်တော်ထင်ရှားရိစဉ် စစ်မှန်သော ဗုဒ္ဓ၏ကိုယ်ပွားသာလျှင် ဖြစ်တန်ရာ၏ဟု ရခိုင်လူမျိုးများ အယုံအကြည်ရှိသော မဟာမုနိရုပ်ရှင် တော်မြတ်ကြီးသည် ရခိုင်လူမျိုးတို့ သမိုင်း မှတ်တမ်းအားလုံး၏ ကိုးကားချက်ဖြစ်သည်။ ထိုသမိုင်းမှတ်တမ်းများအရ ထေရ၀ါဒဗုဒ္ဓဘာသာရှိခဲ့ပြီးနောက် မျက်မှောက်ထုံးတမ်းစဉ်လာများကို ထည့်သွင်းထားရှိခဲ့သည်။ သီရိလင်္ကာ၏ ပါဠိစာပေမှ ကျယ်ကျယ်ပြန့်ပြန့် ဆင်းသက်ကြီးထွားလာမှုရှိပြီး ပုဂံ၏ လွှမ်းမိုးမှုအောက်မှာ ကိုးကွယ်မှု ဘာသာအယူဝါဒအဆင့်ဆင့်ထိ ကျယ်ပြန့်လာခဲ့ပါသည်။

စန္ဒသူရိယ ဘုရင်မင်းမြတ် ရခိုင်ပြည်ကို အုပ်ချုပ်ခဲ့စဉ်အချိန်အခါက ဗုဒ္ဓရုပ်ထုတော်က သွန်းလုပ်ခဲ့သည်ဟု ရိုးရာဓလေ့ ထုံးတမ်းစဉ်လာယုံကြည်မှု ထားရှိခဲ့သည်။ စန္ဒသူရိယဘုရင်မင်းမြတ် သည် ဗုဒ္ဓ၏ ဟောကြားပြသမှုတို့၏ သတင်းကို ကြားသိရပြီး ဗုဒ္ဓကိုရိုသေကိုးကွယ်ရန် ဆန္ဒပြင်းပြလာသည် ဟု အဆိုရှိလေသည်။ အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်တွင် သီတင်းသုံးနေထို င်တော်မူသော ဂေါတမမြတ်ဗုဒ္ဓသည ထိုအကြောင်းအရာကို သိရှိလာသောကြောင မြတ်ဗုဒ္ဓက သူ၏တပည့်သာဝက တစ်ပါးဖြစ်သော အရှင်အာနန္ဒာအား ပြောပြလေသည်မှာ “ကြောက်မက်ဖွယ်ေ ကာင်းသော ရေနဂါးများ အုပ်ချုပ်ထားသည် ကြီးမားကျယ်ပြန့်သော မြစ်ပင်လယ်သမုဒ္ဒရာ "ကို ဖြတ်ကျော်လာရမည်ဖြစ်၍ ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသောခရီးသည် စန္ဒသူရိယဘုရင်မင်းမြတ်အတွက် အလွန်အန္တရာယ်ရှိလိမ့်မည်။

ထို့ကြောင့် တပည့်ရဟန္တာ (၅၀၀) နှင့်အတူ ဂေါတမမြတ်ဗုဒ္ဓသည် ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလာပြီး ကျောက်တော်မြို့၏ တဖက်ကမ်းရှိ မောရပဗ္ဗတတောင်၌ ဆင်းသက်ရပ်နားတော်မူခဲ့လေသည်။ ဤတွင် မြတ်ဗုဒ္ဓ၏ ရှေးရှေးဘ၀ပေါင်းများစွာက ကျင်လည်တော်မူခဲ့သောနေရာတို့တွင မြတ်ဗုဒ္ဓ၏ ဓါတ်တော်များကို ဌာပနာထည့်၍ ဘုရားပုထိုးများစွာတို့ကို တိုင်းပြည်အနှံ့ တည်ထားကိုးကွယ်လာကြလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ် ဗျာဒိတ်တော်ပေးခဲလေသည်။ ဤကဲ့သို့ မြတ်ဗုဒ္ဓ၏ ဗျာဒိတ်ပေးချိန် တွင်" မဟာပထ၀ီမြေကြီးသည် တုန်လှုပ်လာပြီး ပင်လယ်သမုဒ္ဒရာရေတို့သည် ရေနွေးအိုးဆူသကဲ့သို့ ဆူပွက်လာခဲ့လေသည်။" စန္ဒသူရိယဘုရင်မင်းမြတ်သည် ဤနိမိတ်ဆောင်သော လက္ခဏာများ၏ ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ၊ ဟူးရားတတ်တို့အား မေးမြန်းစုံစမ်းလျှက် တုန်လှုပ်ထိတ်လန့်ရခြင်းဖြစ်လေသည်။

ဂေါတမမြတ်ဗုဒ္ဓ ရခိုင်ပြည်ကို ရောက်ရှိလာသည့်အကြောင်းအရင်းကို စန္ဒသူရိယဘုရင်မင်းမြတ် သိရှိတော်မူသောအခါ ရာပေါင်းများစွာသော အခြွေအရံတို့နှင့်အတူ သူ၏မိဖုရားခေါင်ကြီး စန္ဒရမာလာ၊ သူ၏မှုးမတ် တိုင်းသူပြည်သားတို့နှင့်အတူ ပဗ္ဗတတောင်ပေါ်သို့ သွားရောက်ကြလေသည်။ ဘုရင်မင်းမြတ်သည် ဂေါတမမြတ်ဗုဒ္ဓအား အရိုအသေပေးပြီးနောက် ဗုဒ္ဓက သူ့အား "ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတရားတော်"ကို ဟောကြားသင်ပြခဲ့လေသည်။ ယင်းပြီးနောက် မြို့တော်တွင်(၇) ရက်ကြာ သီတင်းသုံးနေထို င်တော်မူမည်ကို ဗုဒ္ဓကသဘောတူလက်ခ လေသည်။

မြို့တော်မှ မြတ်ဗုဒ္ဓမထွက်ခွာမှီ မြတ်ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း (၅၀၀၀)တိုင်တိုင် ကြည်ရိုလေးစားမှုခံရမည်ဖြစ်သော ဆံတော်ဓါတ်နှင့် မြတ်ဗုဒ္ဓ၏ရုပ်ထုကိုယ်ပွားတော်တစ်ဆူထားခဲ့မည်ဟု ဗုဒ္ဓသဘောတူလက်ခံ လေသည်။ နန်းတော်ရာ၏ အရှေ့မြောက်ဘက် သီရိဂုတ္တတောင်ကုန်းပေါ်တွင် အလေးအမြတ်ထားရှိသော ဗုဒ္ဓရုပ်ထုတော်က ကောင်းကင်ဘုံ ဗိသုကာပညာရှင် နတ်များ၏ဘုရင် သိကြားမင်းနှင့်အတူ စန္ဒသူရိယဘုရင်မင်းမြတ်အပါအ၀င် တိုင်းသူပြည်သားတို့က တည်ထားကိုးကွယ်ြ ကလေသည်။ ရုပ်ထုတော်အတွင်းပိုင်းသို့ ဂေါတမမြတ်ဗုဒ္ဓ၏ ရင်ငွေ့တော်ဓါတ် ထည့်လိုက်သောအခါ ဂေါတမမြတ်ဗုဒ္ဓနှ စ်ဆူရှိလာသကဲ့သို့ ဖြစ်ပေါ်လာလေသည်။

အံ့သြကြည်ညိုစရာကောင်းလှသော လက္ခဏာရပ်များ ပေါ်ထွက်လာလေသည်။ မဟာပထ၀ီမြေကြီး တုန်လှုပ်လာပြီး ရုပ်ထုတော်သည် တဖြည်းဖြည်း အသက်ရှိသကဲ့သို့ သူ၏ နောင်တော် ဂေါတမမြတ်ဗုဒ္ဓအား ကြိုဆိုသည့်အနေအ ထားနှင့် မတ်တပ်ထရပ်လေသည်။ ထို့နောက် ဂေါတမမြတ်ဗုဒ္ဓသည် သူ၏သာဝက တပည့်ရဟန်းတော်များနှင့်အတူ သံတွဲဘက်သို့ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလေသည်။ ယင်းအချိန်အတွင်း စန္ဒသူရိယဘုရင်မင်းမြတ်သည် သူ၏ မူးမတ်သေနာပတိတို့နှင့်အတူ အကြောင်းကိစ္စတို့ကို တိုင်ပင်ပြီးနောက် မြတ်ဗုဒ္ဓ၏စစ်မှန်သော ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ပြီး ပွဲလမ်းသဘင်များ ကျင်းပခဲ့လေသည်။" ရုပ်ထုတော်၏ ထူးခြားချက်များမှာ ရောင်ခြည်တော်ြေ ခာက်သွယ် ထွက်ရှိလေသည်။

ရိုသေကိုင်းရှိုင်းသူများမှာ အနီးကပ်ဖူးမျှော်လာသောအခါ ရောင်ခြည်တော်များ ထွက်ရှိပြီး အယုံအကြည်မရှိသူများ ဖူးမျှော်သောအခါ ရောင်ခြည်တော်များ မှေးမှိန်သွားလေ ရှိသည်"ဟု အဆိုရှိခဲ့လေသည်။ ရုပ်ထုတော်တည်ရှိသော နေရာ၏ပတ်ဝန်းကျင အရပ်လေးမျက်နှာတို့တွင် အစောင့်အရှောက်အဖြစ် ကျောက်ရုပ်ထုများထားရှိပြီး မကောင်းသော အကြံအစည် ရည်ရွယ်ချက်တို့နှင့် ဗုဒ္ဓရုပ်ပွားတော်အနီးသို့ လာရောက်သူတို့အား အဝေးသို့ ရှောင်ရှားသွားစေသည်။

ဝေသာလီခေတ်မှ ပထမဘုရင်တိုင်အောင် ဗုဒ္ဓရုပ်ထုတော်အတွက် ကျောက်ပလ္လင်တစ်ခ တည်ဆောက်ပြီး သိမ်တော်ကို ပြန်လည်တည်ဆောက်သည်ဟု အဆိုမှတပါး အခြားမည်သည့်အကြောင်းအရာကိုမှ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။ ဝေသာလီမှ ပထမဆုံးဘုရင်၏ အရိုက်အရာကို ဆက်ခံသူသည် မဟာမုနိသိမ်တော်အား ပြန်လည်မွမ်းမံပြင်ဆင်မှု ပြုလုပ်ခဲ့သည်။ သီရိလင်္ကာနှင့် ပုဂံမှ ဘုန်းတော်ကြီးများသည် ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ရန် ရောက်ရှိလာခဲ့ကြသည်။ ပျူ-ဗမာနှင့် မွန်ဘုရင်များက မဟာမုနိ သိမ်တော်ကြီးအတွင်း အလေးအမြတ်ထားသော ဗုဒ္ဓရုပ်ထုတော်အား ပိုင်ဆိုင်လိုသော ရည်ရွယ်ချက်များနှင့် ရခိုင်ပြည်ကိုကျူးကျော်ဝင်ရောက် လာခဲ့ကြသည်ဟု အဆိုရှိလေသည်။

သို့သော်လည်း မည်သည့်ဘုရင်တစ်ပါးမှ အောင်မြင်မှု မရှိခဲ့ပေ။ တချို့သည် သိမ်တော်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံရန် ကတိက၀တ်ပြုခဲ့ကြသည်။ (၁၂) ရာစုအချိန်တွင် သိမ်တော်နှင့် ဗုဒ္ဓရုပ်ထုတော် ပျောက်ဆုံးခဲ့သည်။ သို့သော်လည်း လေးမြို့ခေတ်မှ ဘုရင်တပါး၏ အရိုက်အရာဆက်ခံသူများသည် ယုံကြည်မှုကို ဆက်လက်ထောက်ခံခြင်းဖြင့် ရုပ်ထုတော်နှင့် သိမ်တော်ကြီးတို့ကို ပြန်လည်ရှာဖွေတွေ့ရှိပြီး သိမ်တော်အား ပြန်လည်ဆောက်ခဲ့ ကြလေသည်။

မြောက်ဦးမင်းဆက်ကို တည်ထောင်သူ ဘုရင်မင်းစောမွန်သည် သူ၏မြို့တော်မှ မဟာမုနိသို့ လမ်းတခုဖောက်လုပ်တည်ဆောက်ပြီး မင်းမျိုးမင်းနွယ်တို့၏ ရိုးရာထုံးတမ်းစဉ်လာ များအရ ဘုရားဖူးခရီးစဉ် တစ်ခုစတင်ခဲ့လေသည်။ (၁၆) ရာစုတွင် ဘုရင်းမင်းဗာသည် မြောက်ဦးမြို့မ သျှစ်သောင်းဘုရားအပါအ၀င် တိုင်းပြည်အနှံ့ တွင် တည်ရှိနေသော ဘုရားကျောင်းအဆောက်အဦး အများအပြားတို့အတွင်း မူရင်းနှင့် ဆင်တူဖြစ်သော မရေမတွက်နိုင်သည မဟာမုနိရုပ်ပွားတော်များကို ထုလုပ်ထားရှိရန် အမိန့်တော်ချမှတ်ခဲ့လေသည်။

၁၇၈၄-ခု တွင် မြန်မာဘုရင် ဘိုးတောင်ဘုရားသ ည် ရခိုင်ပြည်ကို သိမ်းပိုက်လေသည်။ ထို့နောက် မဟာမုနိရုပ်ရှင်တော်မြတ်အား မန္တလေးသို့ သယ်ယူသွားခဲ့သည်။ ထိုရုပ်ရှင်တော် မြတ်ကြီးအား မြန်မာပြည်တွင် ယနေ့ထိတိုင် အလေးမြတ်ဆုံးထားသော ရုပ်ထုတော်အဖြစ် ဆက်လက်မှတ်ယူထားကြဆဲဖြစ်သည်။ ဆုံးရှုံးသွားသော အမွေအနှစ်ကြောင် ရခိုင်ပြည်သူတို့အား နက်နက်နဲနဲ စိတ်ထိခိုက်စေခဲ့သည်။ ဆက်လက်ပြီး မကြာမီ ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို ရခိုင်ပြည်သူတု ဆက်လက်ခံရလေသည်။ (၁၈၆၇) ခုနှစ်တွင် မဟာမုနိသိမ်တော်ရာ အနီးပတ်ဝန်းကျင်မှ တွေ့ရှိသော ကျောက်ရုပ်ထုတော်တစ်ဆူအတွက် ဘုရားသိမ်တော်ကိုတည်ဆောက်ခဲ့ကြသည်။ လွန်ခဲ့သော နှစ်(၈၀)အတွင်းက နဂိုမူရင်းအတိုင်း သိမ်တော်ကြီးကို ပြန်လည်ပြင်ဆင်မွမ်းမံမှုတို့ကို လုပ်ဆောင်ခဲ့သည်။ ယင်းအချိန်တွင် အောက်ရင်ပြင်များကို ပြန်လည်ထိမ်းသိမ်းပေးပြီး မန္တလေး၌ရှိသော မူရင်းမဟာမုနိ ထိုင်တော်မူပုံစံ ကြေးရုပ်ထုတော် အသစ်တစ်ဆူကို သွန်းလုပ်ခဲ့ကြသည်။ ယနေ့အခါမှာ မဟာမုနိဘုရားသိမ်တော်နေရာသည် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးတို့၏ အရေးကြီးသော ဗဟိုအချက်အချာ တစ်ခုအဖြစ် ပြန်လည်စည်ကားလာခဲ့သည်။

မဟာမုနိသိမ်တော်သည် နန်းတော်ရာကုန်း၏ အရှေ့မြောက်ထောင့်၌ရှိသော တောင်ပူစာတစ်ခုကို လွှမ်းခြုံပြုလုပ်ထားသော နေရာတစ်ခုဖြစ်သည်။ ရှေးနှစ်ပေါင်း ရာစုများစွာကပင် မဟာမုနိဘုရားသိမ်တော်တွင် ဘုရားဖူးခရီးသည်များ စည်ကားသိုက်မြို က်နေသော ဗဟိုအချက်အချာလည်းဖြစ်ပြီး ကျူးကျော်ဝင်ရောက်သူများ လက်အောက် ရခိုင်ပြည် ကျရောက်ပြီး ရခိုင်ပြည်သူပြည်သားများ ဆင်းရဲဒုက္ခခံစားခဲ့ရလေသောအခါ ယာယီအားဖြင့် ဘုရားဖူးခရီးသည်များ နည်းပါးမှုရှိခဲ့လေသည်။ မူရင်းအဆောက်အဦး၏အကြွင်းအကျန် လုံးဝမရှိခဲ့သော်လည်း ယင်း၏ မူရင်းပုံစံတစ်ခုဖြစ်သည်ကို ကောင်းကင်ဓါတ်ပုံများတွင် တွေ့မြင်နိုင်သည်။

ဘုရားသိမ်တော်ကို ထောင့်မှန်စတုဂံနံရံနှစ်ဆင့် က ၀ိုင်းရံထားရှိပြီး သိမ်တော်၏အရှေ့ဘက် အနောက်ဘက်တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ၀င်ပေါက်လေးပေါက ဖောက်ထားပြီး အရှေ့ဘက်ဝင်ပေါက်ကိုအဓိက ၀င်ပေါက်အဖြစ် ထားရှိသည်။ ပထမဆုံး ရင်ပြင်၏ အရှေ့တောင်ထောင့်နှင့် အရှေ့မြောက်ထောင့်တို့တွင် ဗုဒရုပ်ထုတော်ကြီးအား ရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ ကိုယ်လက်သန့်စင်ရန်အတွက် အသုံးပြုရန် ရေကန်ကြီးနှစ်ခု ထားရှိပါသည်။ အိန္ဒိယအရှေ့မြောက်ပိုင်း "နာလန္ဒ" ၌ရှိသော ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများ စုဝေးနေထိုင်သော နေရာတစ်ခုဖြစ်ပြီး ရှေး (၆) ရာစုမှပင် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာသော အဓိက ဂူဘုရားကျောင်းတော်တွင် ယခင်မူရင်းနည်းတူ အနီးစပ်ဆုံး ပုံစံဖြစ်သော ဘုရားကျောင်းဆောင်ကို တွေ့ရှိနိုင်လေသည်။

မူရင်း။ ။။။။ဘုရားသမိုင်းစာအုပ်မှ ကောက်နှုတ်တင်ပြသည်။

*** မိုးညှင်းသမ္ဗုဒ္ဓေ (မုံရွာမြို့ ) ဘုရားသမိုင်းကြောင်း ***

*** မိုးညှင်းသမ္ဗုဒ္ဓေ (မုံရွာမြို့ ) ဘုရားသမိုင်းကြောင်း *** စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ သမ္ဗုဒ္ဓေစေတီတော်ကို မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ် (ခရစ်နှစ်၁၉၃၈ ခုနှစ်) ဒုတိယ၀ါဆိုလဆန်း(၅)ရက်နေ့ ကြာသပတေးနေ့တွင် မိုးညှင်းဆရာတော်ကြီးကိုယ်တိုင် ရွှေအုတ်ချပ် ကိုင်ကာ အုတ်မြစ်ချ တည်ထားကိုးကွယ်ခဲ့သော စေတီတော်ဖြစ်သည်။ မိုးညှင်းဆရာတော်ကြီး ပင် ပုံစံပေးကြီးမှုးရ်ျ ပြသသည်။ လက်တွေ့ပုံစံတည်ဆောက်သူ ဗိသုကာပညာရှင်မှာ အမြင့်မြိုံမှ ဆရာဟံကြီး ဖြစ်သည်။တည်ဆောက်ကာလမှာ ဆယ်နှစ်ကြာသည်။

စေတီတော်ကြီးအတိုင်းအတာများ

"ဥသြဥ ဟုခေါ် ဘိနပ်တော် “ အရ ဘိနိပ်ခုံတော် စတုရန်း ၁၁၁ တောင်စီ ရှိသည်။" ဥာဏ်တော် ရန်ရှား သမ္ဗုဒ္ဓေ ဘုရားအရ အရပ်အမြင့်တော် ဥာဏ်တော် ဘိနပ်ခုံတော်မှ အထိ (၈၈)တောင်ရှိသည်။ ထိုစေတီနှင့်ဆက်လျှက်ရှိသော စောင်းတန်းတော်မှာ (တဇောင်း) အလျှား ဘိုးတော် အရ အလျှားတော် (၅၇)တောင် ရှိရ်ျ နံတော်ကြီးအရ အနံ (၅၇)တောင်ရှိသည်။

မြင့်စိန်သီးအရ အရပ်အမြင့် (၃၆)တောင်ရှိသည်။ဆက်စပ်လျှက်ရျိသော အာရုံခံကြီးမှာ ဦးအေးအောင် အရ အလျှား (၁၁၁)တောင်ရှိသည်။အနံမှာ မြကြီးအရ အနံ (၅၂)တောင်ရှိသည်။ မြင်စိန်သီးအရ အရပ်အမြင့်(၃၆)တောင်ရှိသည်။

စေတီရံများ

စေတီတော်ကြီး နှင့် တကွ စောင်းတန်း အာရုံခံ တို့  အပေါ်ရှိ စေတီရံပေါင်း မှ ရှင်းသောင်းလင်း အရ ၈၆၄ ဆူရှိသည်။

ရုပ်ပွားတော်ပေါင်း

ပထမ ဂါထာ တော်အရ ရုပ်ပွားပေါင်း ၅၁၂၀၂၈ ဆူရှိရမည် ဖြစ်သော်လည်း ဒုတိယ ဂါထာ တော်အရ ဂင်္ဂါ ၀ါလုသဲစုမက ပွင့်တော်မူပြီးသော ဘုရား ရှင်တို့ ကို ရည်စူးပိုထား ပါသည်။ ထို့ ကြောင့် မြရွှေငွေ စိန်သီးဆောင်း ရုပ်ပွားပေါင်း အရ ရုပ်ပွားတော် ပေါင်းမှ အတွင်းအပြင် ၅၈၂၃၆၃ ဆူရှိသည်။

ခန်းငတ်မှတ်ကြ အားကြီးလှ ကြီးပ ရှင်တော်သာ အရ အခန်းငယ်ပေါင်း ၁၂၄ ခန်းရှိပြီး အခန်းကြီး ၈၀ ရှိပါသည်။

တံခါးပေါက်များ

လေးဆယ် နှင့် နှစ် တံခါးလှစ် တက် ဖြစ်သည်မှာ နှစ်ဆယ့် နှစ်သာ အရ တံခါးပေါက် တက်ရန် ဆင်းရန် တံခါးပေါက် ၂၂ ပေါက် ရှိ၍ ရိုးရိုးတံခါးပေါက် ၂၀ရှိသည်။

နှစ်စဉ် ပွဲတော်

မြန်မာ သက္ကရာဇ် ၁၃၂၀ ခုနှစ်တွင် စေတီတော်ကြီး ရွှေချပြီး အထိ အလုံးစံ ပြီးစီးအောင်မြင့်သည်။ ထို နှစ်တန်ဆောင်မုန်းလပြည့် နေ့ တွင် အထူးအနေကဇာတင်ပွ ပြုလုပ်ပူဇော်ကြ သည်။ ဈေးပွဲ ဇတ်ပွဲ ဆွမ်းလောင်းပွဲ ပျော်ပွဲ ရွှင်ပွဲ တွေ စုံလင်စွာဖြင့် ပွဲတော်ကြီး အဖြစ်ကျင်းပသည်။ ထိုနှစ်မှ စ၍ နှစ်စဉ် ထိုရက်များတွင် ပွဲတော်ကြီး အဖြစ်ကျင်းပသည်မှာ ယခုတိုင် ဖြစ်သည်။

ပြောင်းလဲလာသော ရှေးဟောင်း ဘုန်းတော်ကြီးပညာရေး (သို့မဟုတ်) အရှေ့တိုင်းပညာရေးအကြောင်း တစေ့တစောင်း

ပြောင်းလဲလာသော ရှေးဟောင်း ဘုန်းတော်ကြီးပညာရေး (သို့မဟုတ်) အရှေ့တိုင်းပညာရေးအကြောင်း တစေ့တစောင်း.

“ပညာရေး ဝေးသည်မရှိ” ဟူသော အဝေးသင်တက္ကသိုလ်ဆောင်ပုဒ်ကဲ့သို့ “ပညာဆို အိုသည်မရှိ၊ ပညာကောင်း ဟောင်းသည် မရှိ” ဟု ဆိုချင်ပါ၏။ ရှေးဟောင်း ဘုန်းတော်ကြီး ပညာရေးဟု ဆိုသော်လည်း တကယ်တန်း ဘုန်းတော်ကြီးပညာရေးသည် အိုသွားသည်၊ ဟောင်းသွားသည်မရှိ၊ ယနေ့ခေတ်ထိ ကောင်းလျက်၊ အမြဲသစ်လွင် တောက်ပလျက်ရှိပေသည်။ ယနေ့တိုးတက်ပြောင်းလဲလာသော ခေတ်ကြီးတွင်လည်း ဘုန်းတော်ကြီးကျောင်းများတွင်သာမက ပြည်တွင်းပြည်ပ လောကီတက္ကသိုလ်များ၌ပင် ရှေးဟောင်း ဘုန်းတော်ကြီးပညာရေး (သို့မဟုတ်) အရှေ့တိုင်းပညာရေးကို အထူးပြု သင်ကြားပေးလျက်ရှိ၏။

ဘုန်းတော်ကြီးကျောင်းများနှင့် လောကီတက္ကသိုလ်များတွင် သိလိုသူ စိတ်ဝင်စားသူများ သင်ယူလေ့လာနေသည့် ဘုန်းတော်ကြီးပညာ၊ အရှေ့တိုင်းပညာဘာသာရပ်ဆိုသည်မှာ ဗုဒ္ဓစကားတော်များကို မှတ်တမ်းတင်ထားသည့် ပါဠိနှင့် ဆက်စပ်သော ဘာသာများကို အထူးပြု သင်ကြားပေးသည့် ဘာသာရပ်ပင် ဖြစ်၏။ အထူးသဖြင့် ပါဠိစာပေ၏ မြစ်ဖျားခံရာ ဗုဒ္ဓသာသနာတော်၏ ဇစ်မြစ်မြေ၊ ဇာတိနယ်မြေ ဖြစ်သော အိန္ဒိယပြည်ကြီး၏ နယ်နိမိတ်အပိုင်းခြားကို ကျော်လွန်၍ အရှေ့တိုင်း အရှေ့ဖျား အရပ်ဒေသ နိုင်ငံများအထိ ရောက်ရှိ ဖြန့်ဖြူးပေးသည့် ဗုဒ္ဓယဉ်ကျေးမှု မွေအနှစ်နှင့် ဗုဒ္ဓဘာသာ သမိုင်းစသည့် ဗဟုသုတ အဖြာဖြာတို့ကို လေ့လာသင်ယူအပ်သည့် ဘာသာရပ်ဟု ဆိုလိုပါ၏။ ဘုန်းတော်ကြီးပညာရေး သို့မဟုတ် အရှေ့တိုင်းပညာရေးကို ပါဠိဘာသာအခြေခံလျက် ဘာသာရေးအမြင်၊ ဘာသာဗေဒအမြင်၊ သမိုင်းအမြင်၊ ဒဿနအမြင်စသည်ဖြင့် မိမိတို့လက်လှမ်းမိသမျှ ရှု့ထောင့်အမျိုးမျိုးတို့မှ ချဉ်းကပ် လေ့လာသင်ယူကြရပေ၏။

မြတ်ဗုဒ္ဓသည် ဘီစီ၆ရာစုက အိန္ဒိယပြည်ကြီးမှာ ပွင့်တော်မူခဲ့၏။ တရားတော်များကို ထိုခေတ်ထိုအခါက အများသုံး ပါဠိဘာသာဖြင့် မြတ်ဗုဒ္ဓ ဟောတော်မူခဲ့၏။ မြတ်ဗုဒ္ဓဟောတော်မူသည့်အတိုင်း ခေတ်အဆက်ဆက်က မြတ်ဗုဒ္ဓတရားတော်များကို ပါဠိဘာသာဖြင့် မှတ်တမ်းတင်လာခဲ့ကြ၏။ အမှန်စင်စစ် မြန်မာစာပေမှာပင် ခွဲထုတ်လို့ မရနိုင်လောက်အောင် ပါဠိစာပေ ပါဠိအငွေ့သက်များး စိမ့်ဝင်နေခဲ့၏။ ဗုဒ္ဓဘာသာ မြန်မာတို့၏ ယဉ်ကျေးမှု နှလုံးသား မဏ္ဍိုင် ဗဟိုချက်မ ဖြစ်သော ပုဂံခေတ်မှ မြန်မာတို့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသောအခါ မြတ်ဗုဒ္ဓ၏ တရားတော်များ စုဝေးရာ ပါဠိဘာသာကို အပတ်တကုတ် လေ့လာသင်ယူခဲ့ကြ၏။ ပါဠိစာပေဖြင့် မှတ်တမ်းတင်ခဲ့ကြသည်ကို လေ့လာသိရှိနိုင်၏။ ထို့ကြောင့် ယနေ့ခေတ်တိုင်အောင် ကိုးကွယ်ရာဘာသာမှအစ မြန်မာဘာသာ၊ မြန်မာ့ပညာရေး၊ မြန်မာစာပေ၊ မြန်မာ့ဓလေ့၊ မြန်မာ့ ယဉ်ကျေးမှုစသည့် အဆောက်အဦ တစ်ခုလုံးကို ပါဠိစာပေ ပါဠိဘာသာက လွှမ်းခြုံ ပတ်သက်လျက် ရှိနေသည်ကို တွေ့မြင်နိုင်၏။ ဘာသာဗေဒရှု့ဒေါင့်မှ လေ့လာကြည့်လျှင်တော့ မြန်မာဘာသာစကားနှင့် ပါဠိဘာသာစကားတို့ ဆင်းသက်လာခဲ့သည့် မျိုးနွယ်ချင်း၊ စကားလုံးဖွဲ့စည်းပုံချင်း၊ ဝါကျတည်ဆောက်ပုံချင်းမှအစ တစ်ခုနှင့်တစ်ခု မတူကွဲများကြောင်းကို တွေ့ရ၏။ အဘယ့်ကြောင့်ဆိုသော် ပါဠိဘာသာသည် အင်ဒို-ဥရောပအနွယ်၊ ဝိဘတ်သွယ် ရုပ်ပြောင်းဘာသာ (Inflectional Language) ဖြစ်ပြီး မြန်မာဘာသာသည် တိဘက်မြန်မာနွယ်၊ ပူးတွဲဘာသာစကား (Agglutinativa Language) ပင်ဖြစ်၏။

မည်သို့ပင်ဆိုစေ ပါဠိစာပေသည် မြန်မာစာပေနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို အမှန်ပင် လွှမ်းမိုးနေရာယူထားပေ၏။ မြန်မာ့စာပေ၊ မြန်မာ့ပညာရေး၊ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှုအကြောင်း၊ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအကြောင်း ခြေခြေမြစ်မြစ် သိရှိလိုလျှင် ပါဠိဘာသာကို အခြေခံသည့် ဗုဒ္ဓဘာသာ ရှေးဟောင်း ဘုန်းတော်ကြီးပညာရေးကို လေ့လာကြရမည် ဖြစ်၏။ လေ့လည်း လေ့လာ၊ သင်လည်း သင်ယူသင့်ပေ၏။ စာရေးသူအနေဖြင့် မြန်မာနိုင်ငံ၏ ရှေးဟောင်း ဘုန်းတော်ကြီးပညာရေး သို့မဟုတ် အရှေ့တိုင်းပညာရေး အကြောင်း တစေ့တစောင်းသာ တင်ပြလိုခြင်းသာ ဖြစ်၏။ အတိတ် မြန်မာ့သမိုင်း စာမျက်နှာများတွင် စံထားထိုက် အတုယူထိုက် ပြန်လည် ဆန်းစစ်ထိုက်သော အချက်အလက်များစွာ ရှိမည်ဖြစ်ပါ၏။ ရှေးခေတ်မှ စံထားထိုက်သောအရာများကို စံထား၊ စံပြုထိုက်သူများကို စံပြုကာ လက်ရှိတိုးတက်ပြောင်းလဲဖို့ တာစူးနေသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့ ပီပြင်စွာ ပညာရေးဖြင့် ချီတက်ကြရမည်ဖြစ်၏။

စံပြုထိုက်သည့် ရှေးဟောင်း ဘုန်းတော်ကြီးပညာရေး သင်ရိုးညွှန်းတမ်းများကို အင်းဝခေတ်ပေါ် စာဆိုကျော် ရှင်မဟာသီလဝံသ၏ ထေရုပ္ပတ္တိတွင် တွေ့နိုင်ပေသည်။ သုံးဆယ့်သုံး သင်ကုန်း၊ မင်္ဂလသုတ်၊ နမက္ကာရ၊ ရတနာရွှေချိုင့်၊ အောင်ခြင်းရှစ်ပါး၊ ပရိတ်ကြီး၊ ဇာတ်တော်ကြီး ဆယ်ဖွဲ့၊ ငါးရာငါးဆယ် ဇာတ်တော်ငယ်များနှင့်တကွ အခြား ပါဠိစာပေများကို ပို့ချသင်အံ နှတ်တက်အာဂုံ သင်ယူလေ့လာရပေသည်။ ထိုနောက် ကစ္စည်းသဒ္ဒါကျမ်း၊ အဘိဓမ္မသင်္ဂဟကျမ်း စသည်တို့ကို အခြေခံလျက် ပါဠိအဋ္ဌကထာ ဋီကာစသည်များကို လေ့လာသင်ယူရ၏။ ယင်းကျမ်းစာများကို လေ့လာသင်ယူခြင်းဖြင့် ပါဠိသဒ္ဒါ ပါဠိစာပေတို့ ပေါ်ထွန်းရာခေတ် အိန္ဒိယနိုင်ငံ၏ စာပေအကြောင်း၊ ယဉ်ကျေးမှု အတွေးအခေါ် နှင့်တကွ မြတ်ဗုဒ္ဓသာသနာအကြောင်း လေ့လာအကဲခတ်နိုင်ရုံသာမက မြန်မာ့လူ့ဘောင်အတွက် စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ အတွေးအခေါ်၊ ကိုယ်ကျင့်တရား၊ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာနှင့် ဗုဒ္ဓဓမ္မများ စံပြု အတုယူဖို့ ကောင်းသည်ကို တွေ့မြင်နိုင်ပါသည်။ အထက်ပါ ဘုန်းတော်ကြီးကျောင်း သင်ရိုးညွှန်းတမ်းများသည် ယနေ့ခေတ်တိုင်အောင် ဘုန်းတော်ကြီးများတွင် ကျင့်သုံးလျက်ရှိရုံသာမက တချို့သော လောကီတက္ကသိုလ်များ၌လည်း ဘာသာရပ်အချို့ လေ့လာသင်ကြားနေသည်ကို တွေ့ရပါသည်။

လောကီတက္ကသိုလ်များ၌ အရှေ့တိုင်းဘာသာရပ်ကို လေ့လာခြင်းဖြင့် ပါဠိပိဋကတ်စာပေမှ လာရှိသည့် လောကီလောကုတ္တရာ တိုးတက်ကြောင်း၊ စံထားထိုက်သည့် ကြီးပွားကြောင်း ကျင့်စဉ်များ ကိုယ်တိုင်သိမြင်လာနိုင်ပြီး သိသည့်အားလျှော်စွာ မှန်ကန်စွာ ကျင့်ကြံနိုင်ပေသည်။ အကျင့်စာရိတ္တနှင့် စိတ်နေစိတ်ထား အရည်အသွေး မြင့်မားရေးမှာလည်း များစွာ အထောက်အကူပြုပေသည်။ ပင်းယခေတ်မှ ညောင်ရမ်းခေတ်အထိ ဘုန်းတော်ကြီး ကျောင်းများတွင် ထိုသင်ရိုးညွှမ်းတမ်းသည် တစိုက်တမတ် ကျင့်သုံးလာခဲ့သော အစဉ်အလာ သင်ရိုးညွှန်းဖြစ်ပေသည်။ ဘုန်းတော်ကြီး ပညာရေးတွင် လက်ရေးလက်သားကောင်းအောင် လေ့ကျင့်သင်ကြားပေးမှု၊ စာဖတ်စာအံ စနစ်တကျ ရွတ်ဖတ်မှန်ကန်မှု၊ စနစ်တကျ ဌာန်ကရိုဏ်းပယတ် ပြတ်ပြတ်သားသား မှန်ကန်စွာ ဖတ်တတ်အောင် လေ့ကျင့်သင်ကြားသည့်အပြင် လိမ္မာရေးခြား အထူးရှိစေရန် လမ်းညွှန်သည့် စာရိတ္တပညာရေးကိုလည်း တွေ့နိုင်ပေသည်။ အဆင့်မြင့် ပါဠိစာပေ သင်ယူလေ့လာမှုအပြင် ခေတ်အလျောက် ပေါ်ထွန်းခဲ့သော စာပေ ရာဇဝင် မော်ကွန်း ရတု၊ ရကန၊် ဧချင်း၊ ဇာတ်တော်၊ ပျို့ အလင်္ကာ တို့ကိုလည်း လေ့လာဆီးပူးကြရသည်ကို တွေ့နိုင်သည်။

ဖြတ်သန်းလာရသည့် ခေတ်ရှည်ကြီးတလျောက် စာပေပုံသဏ္ဍာန် အမျိုးမျိုး ပြောင်းလဲလာပုံ၊ ခေတ်အခြေအနေတို့၏ တောင်းဆိုချက်အရ လောကီပညာရပ်များလည်း သင်ရိုးညွှန်းတမ်းတွင် ပါဝင်သေးကြောင်း တွေ့ရပါသည်။ ခြုံပြောရလျှင် ရာဇအကြောင်း လောကဓမ္မအကြောင်း စုံလင်စွာ ပါဝင်နေသည်ကို တွေ့မြင်နိုင်ပေသည်။

credit to
Ashin Sutakara