Monday, November 18, 2013

'"အဂတိ ၄ ပါး" မလိုက်စားခြင်း တရားတော် (ကျေးဇူးရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာ ဘိဝံသ ဟောကြားဆုံးမတော်မူသောတရားတော်)'

'"အဂတိ ၄ ပါး" မလိုက်စားခြင်း တရားတော် (ကျေးဇူးရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာ ဘိဝံသ ဟောကြားဆုံးမတော်မူသောတရားတော်)'


ဗုဒ္ဓ ဘာသာဝင် တွေ ပြောဆိုနေလေ့ ရှိကြတဲ့ စကား- အဂတိ လိုက်စားတယ်၊ မလိုက်စားဖူး။


၁။ အဂတိ တရား မလိုက်စား ခြင်း ဟာ လူတွေ ရဲ့ ကိုယ့်ကျင့် တရား မှာ အရေးကြီးတဲ့ (Human dignity) လို့  ခေါ်တဲ့ လူရဲ့ ဂုဏ် သိက္ခာ ကို ထိန်းသိမ်းစောင့်ရှောက်နိုင် တဲ့ တရားဖြစ်လို အင်မတန်မှ အရေးကြီး ပါတယ်။


ဒါကို ဘုရားရှင် က လူ့ ကျင့်ဝတ် အဖြစ် ဟောကြား ဆုံးမခဲ့ ပါတယ်။


အဓိပါယ်က- လူ့ ရဲ့ ကိုယ်ကျင့်တရား ကို ပျက် ပြား စေတဲ့ အတွက် မလုပ်သင့် မဖြစ် သင့် တဲ့ အရာ မလိုက်သင့် တဲ့ အရာ (ဘာကြောင့် လဲ ဆိုတော့ မသင့်လျော် တဲ့ ဘက် လိုက်မှု)----မလ ပ်သင့် မလုပ်ထိုက် တာ ကို လုပ်ပြီ၊ မဖြစ် သင့် တာ ကို ဖြစ်ေ အောင် လုပ်ပြီဆိုရင် - ဒီလို လုပ် ရင် အပါယ် ကို ရောက် စေ သော အကုသိုလ် ဖြစ် ခြင်း ဆိုတာ ကို သိ ထားရမယ်။


မြတ်စွာဘုရား က အဂတိ သုတ်မှာ -


အဂတိလိုက်တဲ့ ပုဂ္ဂိုလ် ရဲ့ ဂုဏ်သိက္ခာတွေ ဟာ လဆုတ်ရက် မှာ ထွက်တဲ့ လလို ပဲ -တစ်နေ့ တစ်ခြား ယုတ်လျော့ သေးသိမ် ပြောက်ကွယ် သွား နိုင် တယ်။ ဒါအရေးကြီး တယ်-လူရယ်လို့ ဖြစ်လာ လို့ ရှိ ရင် - အဂတိ လိုက် စားလိုက်ရင် လူ့ ရဲ့ ဂုဏ်သိက္ခာ ဟာ ညီုး နွမ်းပျက် ပျယ်ပြီး၊ မကျန်တော့ ဖူး လို့ ပြောတာ။


အဂတိ တရား မလိုက် စား ရင် ဖြင့် -လဆန်းရက် မှာ ထွက်တဲ့ လဟာ တဖြေးဖြေး ၀န်းပ ထွန်း လင်း တောက် ပြောင် လာ သလို အဂတိမလိုက်စား တဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ် သိက္ခာဟာ တိုး တက်မြင့်မားစေ တယ်။


အဂတိ လိုက်စား တယ် ဆို တာ-ဓမ္မလမ်းကြောင်း ကနေသွေဖီ သွား တဲ့ ကိုယ်ကျင့်တရား ပျက် ပြား တဲ့ လမ်း ကို လိုက်တာ အဓမ္မလမ်းကြောင်း ကို သွားနေတာ၊ ဒုစရိုက် ၁၀ ပါး ကို ကျူးလွန် စေတာ-


ဒီ လို ဖြစ်စေတဲ့ -အကြောင်းတရား ဟာ ၄မျိုး ရှိတယ်။


(၁။)ဆန္ဒာဂတိ=လောဘသံယောစဉ်ရှိတဲ့ အတွက်အဂတိလိုက်ခြင်း ဒါ ဟာ ဆန္ဒလို့  သုံး ထား ပေမဲ့ -လော ဘ ကို ရည်ညွှန်းတာ-သံယောစဉ် ဆို တဲ့ တဏှာ လောဘစိတ်နဲ့ တစ်ဘက်သား ကို ဘက် လိုက်၍ - ဓမ္မ လမ်းကြောင်း က နေ သွေဖီ ပြီး မလုပ်သင့်တာ မဖြစ် သင့်တာ ကို ဖြစ် စေတာ ၊ မပြောသင့် တာ ကို ပြောတာ ---အကုသိုလ် ဖြစ်စေတာ၊ လောဘကလွှမ်းမိုး လာပြီ၊ ဆိုရင် မှန်ကန်အောင်တွေး တော နိုင်တဲ့ မရှိတော့ တဲ့ ထို ပုဂ္ဂိုလ် မျို ရဲ့ စိတ် ကို -မြတ်ဘုရား က---မိမိ အကျိုး ကို သော် ၄င်း၊ သူတစ်ပါး အကျိုး ကို မသိတော့၊ နှစ် ဦးနှစ်ဖက် ကောင်း ကျိုး ကို မသိ တော့၊ ဒါ တင် မက- သတ်ဖို့ ဖြတ်ဖို့ လဲဝန် မလေးတော့၊ လိမ်ဖို့ ညာ ဖို့  ကို လဲ ၀န် မလေးတော့၊ စတဲ့ အကုသိုလ် တွေ ပြုဖို့ ဖြစ် ဖို့ ဝန်မလေး တော့ သလို - ဒေါ မနဿ ဝေဒ နာ ကို လဲအကျိုး ဆက် အနေ နဲ့ ခံစား ရတယ်။


ဒါကို ကြည့်ရင် ဆန္ဒာဂတိ ဆို တဲ့ ဓမ္မလမ်းကြောင်း ကသွေဖီ သွားစေတဲ့ -လောဘ စိတ် က လွှမ်းမိုး လာပြီ ဆိုရင် အကုသိုလ်တွေ စဉ်ဆက်မပြတ်ဖြစ်ပေါ်လာစေတယ်။


(၂။) ဒေါသာဂတိ= မုန်းတဲ့အတွက် အဂတိလိုက်ခြင်း


ဒီ လိုပဲ ဒေါသ နဲ့ယှဉ်ပြီး ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ကိုမုန်း လို့  ရသင့်ရထိုက် တဲ့ အခွင့် အေ ရး ကို မပေးတာ မျိုး ၊ သို့  မဟုတ်၊ တရာဥပဒေ ခွင် မှာ ပြစ်မှု ကို ပို ပြီး ချတာမျိုး၊ ပေးသင့် တဲ့ ပြစ်ဒဏ် ထက် ပို ပြီး တော့ ပေးတာမျိုး ၊ ကို ဒေါသ ဂတိ လို ခေါ်တယ်။


ဒီလို အဂတိ တရား ဆို တာ ဆရာတွေ က တပည့် အပေါ် မှာ၊ တိုင်းပြည် အုပ်ချုပ်တဲ့ သူတွေ က ပြည်သူတွေ အပေါ် မှာ ကင်းရှင်း သင့် တယ်။ ချစ်ရင် တစ်မျိုး မုန်းရင် တစ် မျိုး၊ မဖြစ်စေရပဲ၊ သတ် မှတ်ထား တဲ့ ဓမ္မ လမ်းကြောင်း က မသွေဖီပဲမှန်မှန် ကန် ကန် ရပ် တာ် မှ အဂတိ က လွတ်တယ် လို့ ဆိုရမယ်။


(၃။) မောဟာဂတိ= အမှားအမှန်ကိုမသိ၊ ဆင်ခြင်တုံတရားမရှိတဲ့အတွက် အမှန်မသိမှု -အမှား အမှန် ဝေဖန်နိုင် တဲ့ ဆင်ခြင်တုံတရား မရှိတဲ့အတွက် ဓမ္မ လမ်းကြောင်း က နေ သွေဖီ ပြီး မလုပ်သင့်တာ မဖြစ် သင့်တာ ကို ဖြစ် စေတာ --- အကုသိုလ် ဖြစ်စေတာ၊


အမှန် ကို မသိ ပဲစွတ်ရွတ် လုပ် တာ မျိုး၊ လုပ်ရမဲ့ ဟာ မလုပ်ဖူး၊ မလုပ်ရမဲ့ ဟာ လုပ် တယ်။ မဆုံးဖြတ်ရမဲ့ ဟာ ဆုံးဖြတ်တယ်၊ ဆုံး ဖြတ်ရမဲ့ ဟာ မဆုံး ဖြတ်ဖူး၊ အသိဥာဏ် နည်းတဲ့ ပုဂ္ဂိုလ် တွေ မှာ ဖြစ် လေ့ရှိတယ်။ အမှား ကို အမှန် ထင် ကာ- မောဟရဲ့ လွှမ်းမို မှု ကို ခံရပြီး -ပြောရင်လဲ ကို့ ယို့ ကား ယား၊ လုပ်ရင် လဲကို ယ့် ရို့  ကား ယား၊ အမှား တွေ ဆင့်ကဲ စုပုံ ပြီး ယဉ်ယဉ် လေး နဲ့ ရူးနေတဲ့ သူတွေ ပေါ့။


(၄။)ဘယာဂတိ= ကြောက်တဲ့အတွက်အ ဂတိလိုက်ခြင်း ဒီနေရာမှာ ကြောက်တယ် ဆို ကဒေါသနဲ့ ယှဉ် ပြီး ကြောက်တာ - အကုသိုလ် လုပ်ရမှာ ကိုကြောက်တာ မဟုတ်ဖူး -အကုသိုလ် ကိုကြောက်တာ ဆို ရင် - အသိဥာဏ် လို့  ခေါ်တယ်။


ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ကို ကြောက်၍ တရား ဥပဒေ ကို မမှန်မကန် ဆုံးဖြတ်တာ ၊ လျှော့ ပေါ့၍ ဆုံး ဖြတ်တာ၊ ကြောက်ရွံ့သော ကြောင့် ဓမ္မက သွေဖီပြီး အကု သိုလ် တရား တွေ ဆင့် ကဲဖြစ်စေ တာ၊


အဂတိဖြစ် စေ တဲ့ ဒီ လောဘ၊ ဒေါသ၊ မောဟ နဲ ယှဉ်တဲ့ စိတ်တွေ၊ အတွေးတွေ၊ အပြောအဆို၊ အလုပ်တွေ၊ ဆုံး ဖြတ်မှု တွေ ဟာ အလွန်ကြီး မား တဲ့ အကုသိုလ် အလုပ်တွေ ကျူးလွန်တာ ဖြစ်ပြီး - အပါယ် ကို ကျ စေတတ်တယ် လို့  ပြောရမယ်။


၂။ ဒီနေရာမှာ မြတ်စွာဘုရားက- ပဋ္ဌါန်း တရားတော် မှာ - ဟေတုပစ္စယော ဆိုပြီး -လောဘ တရား လွှမ်းမိုး နေတဲ့ ပုဂ္ဂိုလ် ဟာ-လော ဘနဲ့တွေး မယ်၊ လော ဘနဲ့  ပြော မယ် လော ဘ နဲ့  လုပ်မယ်- ဒါ ကြောင့် လော ဘ ဟာ- ထို သို သော အကုသို လ်တွေ ကို ဆင့် ကဲ ဖြစ် ပေါ် လာ စေတဲ့ အခြေခံရေသောက် မြစ်ပဲ လို့  ဟော ကြား ခဲ့ တယ်။ အဲဒိတော့ လောဘ စိတ်ရှိ နေသမျှ ကာလပါတ်လုံး ဓမ္မ လမ်းကြောင်းမှန် ပေါ် ကို ပြန်ရောက် ဆို အမင်တန်မှ ခဲယင်း ပါတယ်။


ဒါဟာ ဘာကိုပြတာ လဲ ဆို တော့-လူ့ ကျင့်ဝတ် တစ်ခု၊ လောက ဥပဒေတစ်ခု၊ လိုက်နာရမယ့် ဓမ္မနည် လမ်း တွေ ရှိနေ လင့် ကစား- ပုဂ္ဂိုလ် တစ် ဦးနဲ့ ပါတ်သတ် လာ တဲ့ အခါ မှာ - ဆန္ဒလို ဆို တဲ့- လော ဘ ၊ ဒေါသ၊ မောဟကို အခြေခံပြီးတော့ မှန်မှန် ကန်ကန် စဉ်းစား နိုင် မှု မရှိပဲနဲ့၊ မျှမျှတတဆုံးဖြတ်နိုင် မှု မရှိ ပဲ၊ မဆုံးဖြတ်သင့် တာ ကို ဆုံးဖြတ်ပြီး မလုပ် သင့် တာ တွေ ကို လုပ် သွားတယ်၊ ဓမ္မလမ်းကြောင်း နဲ့ ဆန့် ကျင်တာ တွေ ကို လုပ် သွားတယ် လို့  ခေါ်တယ်။ ဥပမာ ဆိုရင်-တရားဥပဒေ အရ ဖြစ်မှု ကျူးလွန်ထားတဲ့ ပုဂ္ဂိုလ် ကို တရား ဆုံး ဖြတ်ရာမှာ - မမှန်မကန် ဆုံးဖြတ် ပြီဆို ရင်သော်၎င်း၊ အားလုံး ညီတူညီမျှ ရှိရမဲ့ နေရာမျိုး မှာ -ဓမ္မ ကသွေဖီပြီး မမျှမတ ဆုံးဖြတ် ပြီဆို ရင်- ဒီ ပုဂ္ဂို မျို ရဲ့ ဏ်သိက္ခာ မရှိတော့ဖူး၊ စိတ်နေစိတ် ထား မမှန်တော့ ဖူး - အပါယ် ငရဲ အထိကျ တဲ့ အကုသိုလ် တွေ ပြု နေပြီ လို့  သိလိုက်ကြပါ။


၃။ ဒီအဂတိ တရား တွေ ဟာ- ဒုစရိုက် တွေဆင့် ကဲဆင့် ကဲကျုး လွန် စေပြီါ်- အကုသိုလ် ဆို တဲ့ အသီး အပွင့်တွေ ဝေဆာစေ တဲ့ အကြောင်းတရား ဖြစ် တယ်။ ဒါကြောင့် ဒီ အဂတိ တရား လွှမ်းမိုး နေသူ တွေ ဟာ ဘယ် ဘ၀ ရောက် ရောက် ဖြစ်ရာ ဘ၀ မှာ ထို ပုဂ္ဂို လ် တွေ ရဲ့ ဘ၀ တွေ ဖျက် ဆီး ကြပြီး အမတန် မှ ကြောက် စရာ ကောင်းတဲ့ ငရဲ၊ တရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကါယ် လို့ ခေါ် တဲ့ အပါယ် လေးပါး ကို ကျ ရောက်စေတယ်။


အဂတိ တရား ကင်းဝေးရေး ဟာ - လောက ကြီး တိုး တက် မှု လူသား တွေ တိုး တက် မှု ၊ ညီညွတ်မှု အတွက် အရေးကြီး တဲ့ တရား ပါ။


အကုသို လ် မှန် သမျှ- အပါယ် လေး ပါး ကျစတေယ်၊ ဒုစရိုက် မကောင်းမှု နဲ့  လူ့  ဂုဏ် သိက္ခာ ဆုတ်ယုတ် စေတယ်၊ ရောက်လေရာ ဘ၀ မှာ မကောင်း မှု အသီး အပွင့် တွေ ဝေပြီး သံသရာ မှာ ဆင်းရဲဒု က္ခတွေ ကျစတယ် ၊


၎။ ဒါတွေ ကို ပါယ်သတ် နိုင် ဖို့  အတွက်


လောဘ ကို-စွန့် လွှတ်ခြင်း ဖြင့်


ဒေါ သ ကို - မေတ္တာ စိတ် ဖြင့်


မော ဟ ကို -ပညာ ဆို တဲ့ ၀ိပဿနာ ဥာဏ် အသိ စတဲ့ သူတော် ကောင်း တရား တွေ ကျင့်ကြံ ကြရမယ်။ သူတော် ကောင်း တရားတွေ မိမိ ခန္ဓာ မှာ ပေါ်လာအောင် ကြိုး စား ကျင့် ကြံကြရမယ်။


ဒါကြောင့် ဒကာ၊းကာ မတွေ အားလုံး-ဓမ္မလမ်း ကြောင်းထက် မှာ မတ်မတ် ခိုင်ခိုင်ရပ် တည် ပြီး၊ လူ့ ရဲ့ ဂုဏ်သိက္ခာ တိုး တက် စေအောင်၊ အပါယ် ကျသော ဘေး မှ လွတ် နိုင် အောင်၊ ကုသိုလ် တရား တွေ ပွားများ နိုင် အောင်၊ သမထ၀ိပဿနာ ကမ္မဋ္ဌါန်း ကို ပွား များ ပြီး၊ ဒီ အဂတိ တရား တွေ ကို ဖြစ်စေတဲ့ လောဘ၊ ဒေါသ၊ မော ဟ တရားတွေ ကို အမြစ်မှ ပါယ် ရှား ၍ ကောင်းကျိုး အဖြာဖြာ ရနိုင် ကြပါစေသော်။


"(ကျေးဇူးရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာ ဘိဝံသ ၂၇-၀၈-၂၀၁၁ နေ့ မန္တလေးမြိုးတွင် ဟောကြားဆုံးမတော်မူသောတရားတော်)" မှ ကောက် နှုတ် မျှဝေပါသည်။ မူရင်းhttps://www.facebook.com/photo.php?fbid=508933892451968& set=p.508933892451968&type=1


'ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ ၏ ရည်ရွယ်ချက် (၈)ပါး

'ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ ၏ ရည်ရွယ်ချက် (၈)ပါး'


မြတ်ဗုဒ္ဓအလောင်းတော် သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ. ဘုရားဆုကို ပန်ခဲ့ပါတယ်။ သုမေဓာရှင်ရသေ့ဟာ..ထိုဘ၀မှာပင် ဘုရားရှင်နဲ့ ဖူးတွေ့ခဲ့ရပြီး သူ၏ ဥာဏ်ပါရမီ၊ ၀ီရိယအား ဆန္ဒအားဖြင့် ကြိုးစားအားထုတ်ပါက..မဂ်ဥာဏ် ဖိုလ်ဥာဏ် ရပြီး…ရဟန္တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သတ္တ၀ါအများအပေါ်မှာ ကရုဏာစိတ်ကြီးမား တာကြောင့် ကိုယ်တော်တိုင် ရဟန္တာ ဖြစ်နိုင်တဲ့အခွင့်အရေးကို စွန့်လွတ်ပြီး ဘုရားဆုကို ပန် ဆင်ခဲ့တာပါ။ တနည်းအားဖြင့် သာဝကဗောဓိဖြစ်နိုင်တဲ့အခွင့်အရေးကို စွန့်ပြီး သမ္မာသမ္ဗောဓိဆု ကို ဒီပင်္ကရာဘုရားရှင်ထံမှာ ပန်ခဲ့ပါတယ်။ ဒါဟာ အဲဒီ့ဘ၀မှာပင်လျင် ကိုယ်တော်တိုင် သံသရာ ၀ဋ်ဆင်းရဲကို အပြီးတိုင်လွတ်မြောက်အောင်. လုပ်နိုင်ပါလျက်နဲ့ သတ္တ၀ါအပေါင်းကိုလည်း ဒီသံသရာဝဋ်ဆင်းရဲက..လွတ်မြောက်စေလိုတဲ့ ကယ်တင်ချင်တဲ့..ဆန္ဒတော်ကြီးဟာ အထူးပင် ထင်ရှားနေပါတယ်။ မြတ်ဗုဒ္ဓအလောင်းတော် သုမေဓာရှင်ရသေ့ ရဲ့ ထိုစဉ်အခါတည်းက ထားရှိ ခဲ့တဲ့ ရည်ရွယ်ချက်တွေကို ဖော်ပြလိုက်ပါတယ်။ ဘုရားလောင်းတော်ဟာ ဒီလိုကောင်းမြတ်သော သူတပါးအကျိုးစီးပွားကို ဆောင်ရွက်မယ်ဆို တဲ့..ရည်ရွယ်ချက်ကြီးတွေနဲ့ ဖြောင့်ဖြောင့်မ န်မှန် ကြိုးစားအားထုတ်ခဲ့ပြီး..ဗုဒ္ဓရှ င်တော်အဖြစ်ကိုရ..ဗုဒ္ဓရှင်တော်အဖြစ်ကို ရပြီးတော့လည်းပဲ အား လပ်ခွင့်မရှိဘဲ ကျွန်ုပ်တို့သတ္တ၀ါအများရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ဆောင်ကြဉ်းပေးခဲ့ပါတယ်။ ဒီလို ဆောင်ရွက်ပေးခဲ့မှုများကြောင့် ကျွန်တော်တို့ဟာ.ဘုရားရှင်အား .စိတ်ထဲက လှိုက်လှိုက်လှဲလှဲ လေးစားကြည်ညိုပြီး.ဗုဒ္ဓရှင်တော် ရဲ့ဂုဏ်တော်တွေကို ရွတ်ဖတ်ပူဇော်နေကြခြင်း ဖြစ်ပါတယ်။ သုမေဓာရှင်ရသေ့ဘ၀ကတည်းက.ခိုင်ခို င်မာမာ.ထားရှိခဲ့တဲ့..ရည်ရွယ်ချက် (၈)ပါး ၁။ ငါကိုယ်တိုင် ဘ၀သံသရာခရီးခဲကု ကူးမြောက်နိုင်လျင် သတ္တ၀ါအပေါင်းတို့ ကိုလည်း ကူးမြောက်စေမယ်။


၂။ ငါကိုယ်တိုင် ကိလေသာအနှောင်အဖ အချုပ်အချယ်မှ လွတ်မြောက်နိုင်လျင် သတ္တ၀ါအပေါင်းတို့ကိုလည်း လွတ်မြောက်စေမယ်။


၃။ ငါကိုယ်တိုင် ကိုယ်၊ နှုတ်၊ စိတ် ယဉ်ကျေးခဲ့ပြီးလျင် သတ္တ၀ါအပေါင်းတို့ ကိုလည်း ယဉ်ကျေးအောင်ဆုံးမမယ်။။ ၄။ ငါကိုယ်တိုင် ငြိမ်းချမ်းပြီးရင် သတ္တ၀ါအပေါင်းတို့ကိုလည်း ငြိမ်းချမ်းအောင် ဆောင်ရွက်မယ်။ ၅။ ငါကိုယ်တိုင် သက်သာရာရပြီးလျင သတ္တ၀ါအပေါင်းတို့ကိုလည်း သက်သာရာရအောင် ဆောင်ရွက်မယ်။


၆။ ငါကိုယ်တိုင် ကိလေသာ အညစ်ကြေးတွေ သန့်ရှင်းပြီးလျင် သတ္တ၀ါအပေါင်းကိုလည်း သန့်ရှင်းအောင် ငါဆောင်ရွက်မယ်။


၇။ ငါကိုယ်တိုင် ဗောဓိဥာဏ်ကို ရပြီးလျင် သတ္တ၀ါအပေါင်းတို့အား ငါရတဲ့ဗောဓိဥာဏ်ကို ဝေငှမယ်။ ၈။ ငါကိုယ်တိုင် နိဗ္ဗာန်ကိုစံဝင်ပြီးလျင် သတ္တ၀ါအပေါင်းတို့ကိုလည်း နိဗ္ဗာန်ကို စံဝင်နိုင်အောင် ဆောင်ရွက်ပေးမယ်။ သီတဂူဆရာတော်ဘုရားကြီး၏ ကဆုန်လပြည့်နေ့တရားတော် မှ ဖော်ပြထားသည်။ အဲဒီ့ရည်ရွယ်ချက်တွေကို ကြည့်ခြင်းအားဖြင့် မြတ်ဗုဒ္ဓဟာ လောကတ္ထစရိယ ဆိုတဲ့ အများအကျိုးစီးပွား ဆောင်ရွက်ခြင်းအကျင့်ကို ဦးစားပေး ဆောင်ရွက်တော်မူခဲ့တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါကိုက..အလွန်ပဲ ကြည်ညိုစရာကောင်းပါတယ်။ နောက်တခုက..မိမိရရှိမယ့် ဗောဓိဥာဏ်ကို ကိုယ်တစ်ယောက်တည်း monopolize -လက်ဝါးကြီးအုပ် မထားပဲ..သူတစ်ပါးကို share -ဝေမျှပေးမယ်ဆိုတဲ့ စိတ်ထား နဲ့ ရည်ရွယ်ချက်ဟာလည်း တကယ်ပဲ လေးစားကြည်ညိုဖွယ်ကောင်းပါတယ်။ မြတ်ဗုဒ္ဓဟာ ဒီရည်ရွယ်ချက်တွေကို ဘုရားဆုပန်စဉ်အချိန်လေးအတွင်းမှာပဲ ထားရှိခဲ့တာမဟုတ်ဘဲ ..သူ ပါရမီအလုပ်တွေကိ ပြုလုပ်နေစဉ်တလျောက် နဲ့ ဘုရားစင်စစ်ဧကန် ဖြစ်အောင် ကြိုးစားနေခဲ့စဉ်တလျောက်လုံးမှာ ဒီရည်ရွယ်ချက်ကြီးတွေကို မလစ်ဟင်းစေဘဲ မယိမ်းမယိုင်ဘဲ ဆောင်ရွက်ခဲ့ခြင်းဟာ..ကောင်းစွာ ကြွတော်မူခဲ့ခြင်းဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ သုဂတောဂုဏ်တော်တစ်ခုပါပဲ။ အရှင်ဇနကာဘိဝံသရဲ့ ဘာသာသွေးစာအုပ် အချီနိဒါန်းမှ မြန်မာပြန်စာပိုဒ်လေးက.. မြတ်ဗုဒ္ဓ၏ မဟာကရုဏာကြီးမားပုံကို ပေါ်လွင်စေပါတယ်။ ငါ၏ကိုးကွယ် ငါ့ကို ကယ်၍ ငါ့နှယ်မခြား လူနတ်များ၏ ကိုးစားရာသခင် ဘုရားရှင်ကိုယ်ေ တ်ာမြတ်သည် သတ္တ၀ါခပင်း ဆင်းရဲခြင်းကြောင့် ပြင်းပြလှစွာ မဟာကရုဏာတော်သည် မရှောင်သာအောင် ခါခါထပ်ထပ် နှိုးဆော်အပ်သည်ဖြစ်၍၊ လက်လှမ်းမှီလောက် အနီးရောက် လျက် မျက်မှောက်ပြုရန် မြတ်နိဗ္ဗာန်ကို အလွယ်တကူ လှမ်းမယူဘဲ ဗိုလ်လူတွက်တာ စွန့်လွှတ်ခွာ ၍ သာမန်လူများ မကြံအားအောင် ထူးခြားလွန်ကဲ ပြုနိုင်ခဲသော ပါရမီဖြည့်မှုကို လေးသင်္ချေကိန်း ကပ်တစ်သိန်းမျှ ထိန်းသိမ်း ဆင့်ဆင့် ပြုကျင့်တော်မူလျက် လူနတ်အများ ချမ်းသာပွားဖို့ တရားဖြင့် အေး ကြီးပွားရေးကို ကိုယ်ဆင်းရဲမှု လျစ်လျူရှု၍ အမှုပါအောင် ဆောင်တော်မူခဲ့ပါသတည်း။


(အရှင်ဇနကာဘိဝံသ- ဘာသာသွေး)


သောတာပန်၏ ထူးခြားချက်(၇)ရပ်

"သောတာပန်၏ ထူးခြားချက်(၇)ရပ်":


ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲ ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။ ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။


သုခဝေဒနာကလဲ သုခဝေဒနာသဘောစွန့်တယ်။ ဒုက္ခဝေဒနာကလဲ ဒုက္ခဝေဒနာသဘောစွ န့်တယ်။ ဥပေက္ခဝေဒနာကလဲ ဥပေက္ခဝေဒနာသဘော စွန့်တယ်။ လောဘစိတ်ကလဲ လောဘသဘောစွန့်တယ်။ စွန့်ပြီး အနိစ္စသဘောချည်း ဖြစ်ပြီးပျက်တာချည်းပြတယ်။ ဒီလိုချည်းပြနေတော့ ဒါတွေဟာ "၀ိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ"ပဲ။


ဉာဏ်နဲ့ကြည့်လိုက်တော့ဝိပရိဏာမလ က္ခဏာတွေချည်းပဲ၊ ဖောက်ပြန်တာချည်းပဲ။အထည်မကျန်ဘူး။ ဝေဒနာပေါ်ရင် ဝေဒနာကြည့်လိုက်တော့ ဝေဒနာလေးကို ရှာမတွေ့တော့ဘူး။


ဝေဒနာပျက်ပျက် စိတ်ပျက်ပျက် ရုပ်ပျက်ပျက် အထည်မကျန်ဘူး။ ဖောက်ပြန်ပျက်စီးသွားတာကို မြင်အောင်ကြည့်ရမယ်။ ဒီလိုမြင်အောင်ကြည့်ပြီး ဒုက္ခသစ္စာပါလား၊ ဖောက်ပြန်ပျက်စီးသွားတာမှ တစ်ပိုင်းတစ်စတောင်မကျန်တော့ပါလား လို့ ရှေးဦးစွာ ဟုတ်တိုင်းမှန်စွာမြင်ရမယ်။ မြင်ပြီးတော့ မိမိခန္ဓာကြီးသည် ဖောက်ပြန်ပျက်စီးမှုမှတစ်ပါး ဘာမှမရှိ၊ တကယ့်ကို ရွံစရာ မုန်းစရာခန္ဓာကြီးပါလားလို့ ဉာဏ်တက်လာမယ်။ ဉာဏ်တက်ပြီးနောက် ရွံစရာမုန်းစရာခ န္ဓာကြီးတော့ သိမ်းမှတော်မယ်၊ သိမ်းမှအေးမယ်၊ ရချင်စရာတစ်ကွက်မှမရှိဘူးဆိုတဲ့ ဉာဏ်တက်လာလိမ့်မယ်။ ဒီဉာဏ်တက်လာခဲ့ရ င် ရှေ့ဒုက္ခတွေ ချုပ်သွားလိမ့်မယ်။ ၀ိပရိဏာမဒုက္ခတွေ ချုပ်သွားလိမ့်မယ်။


♦ အ၀ိပရိဏာမ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။ အဲဒီတော့မှပဲ ဖောက်ပြန်ပျက်စီးမှု ၀ိပရိဏာမတွေ မရှိတော့ဘူး၊ အခုမှပဲ ဖောက်ပြန်ပျက်စီးမှုကြီးဇာတ်သိမ်းသွားတာ တွေ့ရတော့တယ် ဆိုတဲ့ ဉာဏ်လာတယ်။ ဒါဖြင့် ဖောက်ပြန်ပျက်စီးမှုဇာတ်သိမ်းတာက နိရောဓသစ္စာ၊ တွေ့တဲ့ဉာဏ်က မဂ္ဂသစ္စာဆိုတော့ သောတာပန်တည်ရော။ မဂ်ရ ဖိုလ်ရတာပဲ။ မဂ်ဖိုလ်ရရင် ပစ္စဝေက္ခဏာ ရတာပဲ။ ပစ္စဝေက္ခဏာရတာ အထူးပြောဖို့မလိုဘူး၊ ၀ီထိနိယာမသဘောအတိုင်း မဂ်ဖိုလ်ရရင် သူရမှာပဲ။ မဂ်ရဖို့သာ အဓိကဖြစ်တယ်။


♦ ၀ိပရိဏာမဒုက္ခသစ္စာမြင်နေတုန်း ကိစ္စဉာဏ်။ ၀ိပရိဏာမဆုံးသွားတာမြင်လိုက်တော ကတဉာဏ်။ ကတဉာဏ်ဆိုတာ ငါသောတာပန်တည်ပြီလို့ သိလိုက်ရတဲ့ဉာဏ်။ မဂ်ဉာဏ်ကတက်ပြီး သောတာပန်တည်ပြီလိ့သိလိုက်ရတဲ့ဉာဏ်၊ ဖောက်ပြန်တဲ့ကိစ္စတွေ မမြင်တော့ဘဲ ဖောက်ပြန်တဲ့ကိစ္စတွေ ရှာမတွေ့တော့ဘဲ ဖောက်ပြန်ခြင်းကင်းတာကို မြင်တဲ့ဉာဏ်ဟာ ကတဉာဏ်။


ဒါဖြင့် ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ် ဒုက္ခသစ္စာချည်းပေါ်တာပဲလို့ သိတဲ့ဉာဏ်က သစ္စဉာဏ်၊ ပေါ်တာဟူသရွေ့ ဒုက္ခသစ္စာလို့ ဆုံးဖြတ်ချက်ချ။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စကိုသိတော့ ကိစ္စဉာဏ်၊ ပေါ်လာတာလေးတွေက ပေါ်လာတဲ့သဘောတွေ အကုန်စွန့်ပြီး ဖောက်ပြန်ပျက်စီးသွားတာလေးတွေပဲ ဆက်တိုက်မြင်နေရင် ဒါကို ကိစ္စဉာဏ်။


ဖောက်ပြန်ပျက်စီးတဲ့ကိစ္စ မမြင်ပြန်တော့ ကတဉာဏ်။ ဖောက်ပြန်ပျက်စီးတာတွေတော့မမြင်ရတော့ဘူး၊ မဖောက်ပြန်မပျက်စီးတဲ့ ချမ်းသာလေးတစ်ခု တည်းပဲ မြင်နေတယ်ဆိုရင် ဒါ ကတဉာဏ်ပဲ။ ဒီဉာဏ်သုံးဉာဏ်နဲ့ပဲ တက်လိုက်ပါ။


♦ အကျဉ်းအားဖြင့် သစ္စာသိရင် သစ္စဉာဏ်၊ ဖောက်ပြန်တာသိရင် ကိစ္စဉာဏ်၊ ဖောက်ပြန်တာတွေ မတွေ့တော့ဘူးဆိုရင် ကတဉာဏ်။


♦ ကတဉာဏ်ဆိုက်ရင် သောတာပန်တည်ပြီ။ သောတာပန်ဖြစ်တယ်ဆိုတာ သောတာပန်စိတ်ပေါ်တာပါပဲ။ ရုပ်ပိုလှလာတာလဲမဟုတ်ဘူး၊ ဆိုင်းဘုတ်ဆွဲထားတာလဲမဟုတ်ဘူး။ အဲဒီသောတာပန်မှာပေါ်တဲ့ သောတာပန်စိတ်သည် ပုထုဇဉ်နဲ့ မတူတာ ခုနှစ်မျိုးရှိတယ်။


♦သောတာပန်လဲ လောဘ ဖြစ်သေးတယ်၊ ဒေါသလဲ ဖြစ်သေးတယ်၊ မောဟလဲ ဖြစ်သေးတယ်။ ထိနမိဒ္ဓ ငိုက်မျည်းစိတ်တွေလဲ ဖြစ်သေးတယ်။ ဥဒ္ဓစ္စ ပျံ့လွင့်မှုတွေလဲ ဖြစ်သေးတယ်။ ကုက္ကုစ္စလဲ ဖြစ်သေးတာပဲ။ ဒီတရားတွေက ပုထုဇဉ်မှာလဲ ဖြစ်တယ်၊ သောတာပန်မှာလဲ ဖြစ်တယ်ဆိုတော့ တူနေတဲ့သဘောတွေ ဖြစ်နေတယ်။ ဒါဖြင့် ဘယ်လိုထူးလဲဆိုရင် ပုထုဇဉ်က ဒီတရားတွေဖြစ်ရင် ဖြစ်ကြောရှည်တယ်။ ကတဉာဏ်ရလို့ သောတာပန်တည်ပြီး သားပုဂ္ဂိုလ်က ဖြစ်တော့ဖြစ်ပေမယ့် ဖြစ်ကြောမရှည်ဘူး။


♦ ပုထုဇဉ်က လောဘဖြစ်လိုက်ပြီဆိုရင်လဲ ဒီလောဘချည်းပဲ အကြာကြီးဖြစ်နေတတ်တယ်။ ဒေါသဖြစ်နေတယ်ဆိုရင်လဲ ဒေါသချည်းပဲဖြစ်လို့ မကျေမချမ်းနိုင်ဘူး။ ဒါဟာ ဖြစ်ကြောရှည်တာပဲ။ ဒုက္ခချုပ်ပြီးသား သောတာပန်ကတော့ ဖြစ်တယ်ဆိုရင် ဖြစ်သွားတယ်လို့ နောက်က တစ်ခါတည်း ဉာဏ်လိုက်တယ်။ ဖြစ်ရင် ချက်ချင်းသိတယ်၊ ဖြစ်ကြောမရှည်တော့ဘူး။ ငါလောဘဖြစ်သွားတယ်လို့ နောက်ကနေ ဉာဏ်နဲ့ ချက်ချင်း အသိလေးလိုက်လာတယ်။ ဒေါသဖြစ်ရင်လဲ ဉာဏ်အသိ ချက်ချင်းလိုက်တ ယ်။ ထိနမိဒ္ဓဖြစ်ရင်လဲ ချက်ချင်းလိုက်တာပဲ။ မသိလိုက်တာဆိုတာ မရှိဘူး။ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ ထိနမိဒ္ဓဖြစ်ဖြစ်၊ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်ဖြစ် ဖြစ်တော့ဖြစ်တာပဲ၊ မပယ်နိုင်သေးလို့ ဖြစ်တာ။


♦ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာပဲ ပယ်နိုင်သေးတာ။


လောဘ ဒေါသ မောဟတွေက မပယ်နိုင်သေးတော့ လာမှာပဲ။ လာပင်လာသော်လဲ ချက်ချင်း နောက်က ပြန်သိတယ်။ ပဋိစ္စသမုပ္ပါဒ်က နောက်က ဖြတ်ဖြတ်လိုက်တယ်။ ပုထုဇဉ်ကတော့ မဖြတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ် တန်းနေအောင် သွားတာပဲ။ ဥပမာ ပုထုဇဉ်က ဒေါသဖြစ်ရင် ကမ္ဘာမကျေဘူးဆိုပြီး တေးထားတယ်။ သောတာပန်ကတော့ ဖြစ်တော့ဖြစ်လိုက်တာပဲ၊ ဒါပေမယ့် နောက်က အသိနဲ့ ပြန်လိုက်ပေးလို က်တယ်။ ဒါနံပါတ်(၁)ကွာခြားမှုပဲ။ ဖြစ်ကြောရှည်နဲ့ ဖြစ်ကြောတိုကွာတယ်။


♦ နံပါတ်(၂)က လောဘ ဒေါသ မောဟတွေ မပယ်နိုင်သေးတော့ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာခဲ့သော်လဲ ဒီကိလေသာတွေ ငြိမ်းအေးအောင်လုပ်လိုက်တော့မယ်ဆိုတဲ့ စိတ် ပေါ်လာတယ်။ သိရုံတင်မကဘူး၊ ငြိမ်းအေးအောင်လုပ်မယ်ဆိုတဲ့အထိလာတယ်။ လောဘ ဒေါသ မောဟတွေကတော့ ပုထုဇဉ်လိုပဲ ဖြစ်တာပဲ။ သို့သော် ဖြစ်မှန်းသိတဲ့အတွက် ငြိမ်းအေးအောင်လုပ်လိုက်မယ်ဆိုပြီး ဖြစ်ပျက်ရှုလိုက်တော့ ငြိမ်းအေးသွားတာပဲ။ ဘယ်တော့မှ မကျေဘူး ဘာညာဆိုတာတွေ မကျန်ရစ်တော့ဘူး။ ကိလေသာတွေ လာသော်လဲ ငြိမ်းအေးအောင်လ ပ်ပစ်လိုက်တယ်။ အကျဉ်းချုပ်အားဖြင့် မှားရင် မှားမှန်း ချက်ချင်းသိတယ်၊ ငြိမ်းအောင်လုပ် ပစ်တယ်။ လောဘ ဒေါသတွေနဲ့ မှားတာကိုပြောတာ။


♦ (၃)နံပါတ်က ဒီဘုရားသာသနာမှတစ်ပါး အခြားသာသနာမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမရှိဘူးလို့ ယုံကြည်တယ်။ ကိုယ်တိုင်သိလာတာ။ သိလာလို့ ယုံကြည်တာ။


♦ (၄)နံပါတ်က ရဟန်းတော်တွေဟာ ဘုရားပညတ်ထားတဲ့ သိက္ခာပုဒ်တစ်ခုခု ချိုးဖောက်မိရင် အပြစ်သင့်တယ်။ အာပတ်သင့်တယ်။ အဲဒီအပြစ်ကို သိလိုက်တာနဲ့ ပျောက်သွားအောင် ချက်ချင်း ဒေသနာကြားတယ်။ အာပတ်ကုစားတာခေါ် တယ်။ လူတွေမှာတော့ တစ်ခုခု မှားလို့ရှိရင် ၀န်ချတောင်းပန်ပြီး ပြေလည်အောင်လုပ် လိုစိတ်ပေါ်လာတယ်။ မှားတဲ့ဥစ္စာ ချက်ချင်း ပြေအောင်လုပ်ချင်စိတ်ပေါ်လာတာ။ မှားမိတာ သိလိုက်တာနဲ့ ချက်ချင်း ဘုရားရှေ့သွားပြီး ကမ္မဋ္ဌာန်းထိုင်ပစ်လိုက်ပြီး မှားတဲ့အပြစ်တွေ ပြေပြောက်အောင် လုပ်လိုက်တယ်။ ဒါသောတာပန်ရဲ့စိတ်ထားပဲ။


♦ နံပါတ်(၅)က အမှုကိစ္စအတွက် ရုံးကန်ကနားခေါ်သော်ငြားလဲ လိုက်တော့လိုက်တယ်။ ဒါပေမယ့် သူ့ သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ ကိစ္စကြီးငယ်ရှိလို့ အကူအညီလိုရင် အကူအညီတော့ ပေးတာပဲ၊ ဒါပေမယ့် သူ့သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ မဟုတ်ဘဲနဲ့ အဟုတ်လုပ်အပြောခိုင်းလဲ သူမပြောဘူ၊ အလိမ်ခိုင်းလဲ မလိမ်ဘူး၊ မတရား ထွက်ဆိုတာမျိုး သူမလုပ်တော့ဘူး။ အမှန်ပြောရင် ဘယ်လိုလုပ်မယ်၊ ဘာလုပ်မယ်စသည်ခြိမ်းခြောက်နေစေကာမူ သူကတော့ အမှန်အတိုင်းပဲ ထွက်ဆိုတယ်။ ဒီလိုပြောပေးရင် ငွေပေးမယ်၊ ဘာပေးမယ်ပြောလဲ သူကတော့ မဟုတ်မမှန်တာကို အဟုတ်အမှန်လုပ်ပြီး ပြောမပေးတော့ဘူး။


♦ နံပါတ်(၆)က တရားဟောနေတဲ့အခါ အနက်အဓိပ္ပါယ်ကို သိပြီး စိတ်ဟာဘယ်မှမသွားဘဲနဲ့ နာလေ့ရှိတယ်။ မြတ်စွာဘုရား တရားတော်တွေ နာကြားရတဲ့အခါ အာရုံတစ်ပါး စိတ်မသွားဘဲ စူးစူးစိုက်စိုက် နာနိုင်ခြင်းသည် သောတာပန်ရဲ့ သဘောပဲ။


♦ နံပါတ်(၇)က တရားတော်တွေ နာကြားပြီးတဲ့နောက် ပြောလို့လဲ မပြီးနိုင်၊ ၀မ်းမြောက်လို့လဲ မဆုံးနိုင်ဘူးတဲ့။ သိပ်ပြီး သဘောကျလွန်းလို့ ပီတိသောမနဿတွေဖြ စ်ပြီး တော်တော်နဲ့ မပျောက်နိုင်ဘူး။


♦♦♦ အကျဉ်းပြန်ချုပ်လိုက်ရင်- ♦♦♦


၁။ လောဘ ဒေါသ မောဟ ပေါ်တိုင်ပေါ်တိုင်း ချက်ချင်းသိတာသည် သောတာပန်ရဲ့အသိ။


၂။ သိသည်နှင့်တစ်ပြိုင်နက် ငြိမ်းအေးအောင်လ ပ်နိုင်ခြင်းသည် သောတာပန်ရဲ့ အသိ။


၃။ ဤသာသနာမှတစ်ပါး အခြားသာသနာမှာ ထွက်ရပ်လမ်းလုံးဝမရှိဘူးဆိုတဲ့ယ ကြည်မှုဟာလဲ သောတာပန်ရဲ့ သဒ္ဓါ။


၎။ ကျူးလွန်ထားတဲ့အပြစ်ကို ချက်ချင်း ကုသလိုတဲ့စိတ်ပေါ်တာဟာလဲ သောတာပန်ရဲ့ သဘော။


၅။ ကိစ္စကြီးငယ်ရှိလို့ အကူအညီ သက်သေလိုက်ရငြားသော်လဲ သီလ သမာဓိ ပညာ အပျက်မခံတာသည် သောတာပန်ရဲ့သဘော။


၆။ တရားတော်တွေကို အာရုံတစ်ပါး စိတ်မသွားဘဲ အနက်အဓိပ္ပါယ်သိပြီး နာနိုင်ခြင်းသည် သောတာပန်။


၇။ ခန္ဓာဉာဏ်ရောက်တရားတွေနာရတော့ ၀မ်းမြောက်လို့မဆုံး ကြည်ညိုလို့မဆုံး ကျေးဇူးတင်လို့ မဆုံးဖြစ်တာသည် သောတာပန်။


ပုထုဇဉ်နဲ့ သောတာပန် ဒီ(၇)ချက်မှာ ထူးခြားတယ်တဲ့။ ကောသမ္ဘီရဟန်းတွေ အကြောင်းပြုပြီး ဟောတာ။ ဥပမာ သောတာပန်လဲ ရန်တော့ ဖြစ်တာပဲ။ ဒါပေမယ့် ဖြစ်ရင် ဖြစ်မှန်းနောက်က သိတယ်။ သိလိုက်တော့ ငြိမ်းအောင်လုပ် လိုက်တယ်။ သိလို့ ကုသလိုက်တယ်။ သူတစ်ပါးကိစ္စဆောင်ရွက်ရာမှာ သီလ၊ သမာဓိ၊ ပညာကိုသာ ငဲ့လေ့ရှိတယ်။ တရားနာတဲ့အခါမှာ အခြားစိတ်တွေ အ၀င်မခံဘူး။ တရားနာရတော့ ၀မ်းသာလို့မဆုံး ပီတိသောမနဿတွေလဲ ဖြစ်လို့မဆုံးဘူးတဲ့။ ဒါ ပုထုဇဉ်နဲ့ မတူတဲ့အချက် (၇)ချက်။ ဒီ(၇)ချက်နဲ့ ကိုက်ညီပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်နေပြီလို့ ကောက်ချက်ချလိုက်ပါ။


(မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောတရားများမှ ကောက်နုတ်တင်ပြ ခင်းသာဖြစ်သည်။)


[ဒေါက်တာ အရှင်ပါရမီ]