Thursday, November 21, 2013

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိသတ် အရေးကြီးကြောင်းတရား။

့မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိသတ် အရေးကြီးကြောင်းတရား။


----------------------------------------------------------------


ကိုယ့်ခန္ဓာမှာ အမြဲမပြတ်၊ ဖြစ်ပြီးပျက် မွေးပြီးသေနေတဲ့ရုပ်မသာ နာမ်မသာတွေကို.. ဂရုတစိုက်နဲ့ ကြည့်ကြ၊ ကြည့်ဖန်များလာတော့ မသာတွေဟာ ကြည့်လို့ မဆုံးနိုင်အောင် ကို..မြင်ရလိမ့်မယ်၊ ဖြစ်ပြီးရင်း ပျက်ရင်း၊ ဖြစ်ပြီးရင်း ပျက်ရင်းနဲ့ ဖြစ်ပျက်ကလွဲပြီး ဘာမှ မရှိပါကလားလို့..ဥာဏ်ဝမှာ အမှန်သိမြင်လာမယ်။


ရှုဖန်များလာလေလေ ကြားခိုတဲ့ ကိလေသာ ပါးလာလေလေ၊ ကိလေသာပါးလေ ရှုဉာဏ်အားကောင်းလေ၊ ဖြစ်ပျက်တွေ များများ မြင်လာလေပါပဲ။


ထပ်ပြီးတော့ ပြောပါဦးမယ်၊ ပထမအဆင့်အနေနဲ့ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာကို ပယ်ရ သတ်ရလိမ့်မယ် အဝိဇ္ဇာနဲ့ တဏှာကို အရင်သတ်စရာ မလိုသေးပါဘူး။


ဒီဒိဋ္ဌိက ဘယ်မှာ..အများဆုံးကိန်းပါသလဲဆို တော့၊ ခန္ဓာငါးပါးရှိတဲ့ အနက် ဝိညာဏက္ခန္ဓာဆိုတဲ့..စိတ်မှာ အများဆုံး ကိန်းပါတယ်၊


ငါ့စိတ်လာမစမ်းကြနဲ့၊ ငါ့စိတ်က သိပ်မြန်တယ်၊ ငါစိတ်ထင်တိုင်း လုပ်လိုက်ရရင်၊ ခက်ကုန်ကြလိမ့်မယ်နဲ့..ငါ ငါ့ဥစ္စာဆိုတဲ့ အတ္တနဲ့ အတ္တနိယဆိုတဲ့ ငါစွဲဟာ စိတ်မှာ အစွဲဆုံး။


ဘယ်မှာ ငါ့စိတ် ဟုတ်လိမ့်မလဲ၊ မျက်စိနဲ့ အဆင်းရှုပါရုံနဲ့..နားနဲ့ အသံနဲ့ အကြောင်းနှစ်ခုတို့ တိုက်ဆိုင်တိုင်း မြင်စိတ်ကြားစိတ် ဖြစ်ကြတာပဲ၊ မြင်စိတ်ဆိုတာ မျက်စိမှာပေါ်တာ၊ ပေါ်တဲ့နေရာ ချုပ်ပျေက်သွာြး ကတာပဲ၊ စိတ်ကလေးတစ်ခု ချုပ်ပျောက်သွား လိုက်၊ နောက်အစားထိုးတဲ့ စိတ်ကလေးတစ်ခု ပေါ်လိုက်ဒီနေရာမှာပဲ ချုပ်ပျောက်သွားလိုက်နဲ့ ဒီလိုပဲ..ဓမ္မတာအတိုင်း ဖြစ်နေကြတာကို၊ ငါလို့ ငါစိတ်လို့ ဆိုလို့ရကြပါမလား။


ဒိဋ္ဌိကဝင်နှောက်ရှက်တော့၊ ခင်ဗျားတို့မှာ ငါ့စိတ်လို့ လုပ်နေကြတယ်၊ ငါလို့ လုပ်နေကြတယ်၊ ဒီဒိဋ္ဌိဟာ စိတ်မှာ အများဆုံးစွဲတာ ဖြစ်တဲ့အတွက်၊ သောတာပန် ဖြစ်ချင်ရင် ဒိဋ္ဌိကို အရင်ပြုတ်အောင်၊ ဖြုတ်ရလိမ့်မယ်..ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာဟာ အလိုလို ပြုတ်ပြီးသားပဲ။


ခန္ဓာကိုသာ သတိထား ဝိရိယစိုက် ပညာနဲ့ရှု ဝိပဿနာ အလုပ်ဆိုတာ သမာဓိ ဦးစီးသောအလုပ်မဟုတ်၊ သမ္မာဒိဋ္ဌိဆိုတဲ့ ဉာဏ်ပညာ ဦးစီးသော အလုပ်၊ ပါရမီမလိုပါဘူး နှလုံးသွင်းမှန်ဖို့နဲ့ အလုပ်မှန်ဖို့သာ လိုပါတယ်၊ အလုပ်မှန်ဖို့ဆိုတာ..ရှေ့က ဖြစ်ပျက်နဲ့ နောက်က မဂ်တို့ ကိုက်တာကို ဆိုလိုပါတယ်။


ရှေ့စိတ်ကလေးကို နောက်ဉာဏ်ကလေးနဲ့ အကဲခတ်နေတဲ့ အလုပ်ပါပဲ။ နေရေးမကောင်းလျှ င် သေရေးလည်း မကောင်းနိုင်ပါ၊ နေရေးကောင်းပါမှ သေရေးကောာင်းကြပါမည်၊ပြင်ချိန် ဆင်ချိန်ရှိတုန်း ပြင်ကြဆင်ကြဖို ဖော်ပြောနေတယ်မှ တ်ကြပါ။


ပြင်ကြဆင်ကြဆိုတာ ကိုယ့်ခန္ဓာကို ကိုယ့်ကြည့်ပြီး..ဝိပဿနာလုပ်ကြတော့လို့ ပြောတာပါ၊ခန္ဓာထဲမှာ ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဝေဒနာကလေးတွေ ဖျတ်ဖျတ် ဖျတ်ဖျတ်နဲ့ ရေပွက်ပမာ ပျက်နေကြတယ်၊ စိတ်ကလေးတွကလည်းရေမြှုပ်ပမာ တစ်ခါတည်း ပျက်ပျက် ပျက်ပျက်နေတာကလေးတွေကို မြင်ပြီဆိုမှဖြင ခန္ဓာပေါ်ခင်တဲ့တဏှာပါးသွားပြီ။


နောက် မြင်တိုင်းတွေ့တိုင်း အာရုံတွေကို ကြည့်လိုက်ပြန်တော့ စက်ဆုပ်စရာတွေပါ ကလားလို့ ဖြစ်လာတယ်၊ဒီနေရာမှာ ဖြစ်ပျက်နေတာကို မြင်တာ ဒုက္ခသစ္စာ သိတာပါ။


မရှုဘဲနေလျှင် ခန္ဓာနှင့် တဏှာတွဲနေသည်၊ ရှုလိုက်ပြန်လျှင် ခန္ဓာနှင့်တဏှာကွဲသွားပြီး၊ ခန္ဓာနှင့် ပညာတွဲသွားသည်၊ မရှုမသိလျှင် ခန္ဓာနှင့် တဏှာတွဲသည်၊ ရှုကြည့်လျှင် ခန္ဓာနှင့် ဉာဏ်နှင့်တွဲသည်။


စောင့်ကြည်လျှင် သိမည်။ ဒုက္ခသစ္စာနှင့် ဉာဏ်နဲ့ခွဲပြီး သုခသစ္စဟူသော..နိဗ္ဗာန်နှင့် ဉာဏ်နှင့်သွားတွဲသည်၊ဉာဏ်သည် အမှန်မြင်ဖို့ ဖောက်ပြန်ပျက်စီးတာ မြင်ဖန်များတော့ မကြည့်ချင် မမြင်ချင် ဖြစ်လာခြင်းသည်. .ဉာဏ်တက်လာခြင်း ဖြစ်၏၊ ထ မပြေးလိုက်ပါနှင့် ဒါဖြင့် နိဗ္ဗာန်သည် ဘယ်သူက ဖုံးနေတယ်ဆိုတာ..ယနေ့ တရားမှာ ပေါ်ပါပြီ။


ဘယ်သူက ဖုံးဖိနေသတုံးဆို အဝိဇ္ဇာနဲ့ တဏှာ ဖုံးဖိနေတယ်၊ ကိုင်း မင်းကွယ်ထားတာကို ဒို့က ဖွင့်ကြည့်မယ်ဆိုပြီး နိဗ္ဗာန်ကို မကြည့်နဲ့၊ နိဗ္ဗာန်ကို ဘယ်တော့မှ မကြည်နဲ့ နှိပ်စက်တာကို ကြည့်၊ ဒုက္ခဝေဒနာ နှိပ်စကပြန်ပြီ..သညာက နှိပ်စက်ကပြန်ပြီ..ခန္ဓာငါးပါးစလုံး နှစ်စက်တတ်တဲ့တရားပဲ။


ကိစ္စဉာဏ်နဲ့ ကြည့်လိုက်တော့ တစ်ကိုယ်လုံးမှာ ဒကာ ဒကာမတို့ ကိုယ့်ကိစ္စမရှိဘူး၊ သူနှိပ်စက်လို့ ပြုပြင်နေရတဲ့ ကိစ္စနဲ့ပဲ အချိန်ကုန်နေကြရတာပဲ၊ ဒါဖြင့် နှိပ်စက်၏ နှိပ်စက်၏..ခန္ဓာငါးပါး နှိပ်စက်၏ဆိုတာ. .အမြဲရှုပေး။


ဒါက ဓမ္မာနုပဿနာ သတိပဋ္ဌာန်ခေါ်တယ်၊ ရှူစိတ်ရှိုက်စိတ်ဟာ အမြဲထာဝရ ဖြစ်ချုပ်နဲ့ ဖြစ်ချုပ်နဲ့နေတဲ့ သက်စောင့် အိမ်သည်စိတ်ပဲ၊ ရှူစိတ် ရှိုက်စိတ်ကလေးကိုလည်း၊ ဒီနေရာဖြစ်ပြီး ဒီနေရာပျက်တာပဲလို့ ဖြစ်ပျက်ရှု၊ ရှုဉာဏ်မဂ္ဂင် မလာခင်ကတည်းက ဖြစ်နှင့်ပျက်နှ င့်ပြီးသား။ ။


ဤကောင်းမှုကုသိုလ်ကံစေတနာအပေါင်း တို့သည် အားထုတ်ဆဲဖြစ်သောဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေး ဇူးပြုခြင်းငှာအ ထောက်အပံ့ ပစ္စည်းအဖြစ်ဖြင် တည်ရှိပါစေသတည်း ။


အရှင်ဉာဏဓဇ မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ ပင်မသံဝေဇနိယဌာန အမရပူရမြို့။


မဂ်တား ဖိုလ်တားအန္တရာယ် ငါးပါး

အန္တရာယ် ငါးပါး


နတ်ပြည်သို့ မရောက်နိုင်အောင်၊ ဈာန်မရအောင်, မဂ်မရအောင်, ဖိုလ်မရအောင် တားမြစ်သော အန္တရာယ် ငါးမျိုး ရှိ၏။


လင်္ကာ


‘ကံ’ ‘ကိလေသ’၊ ‘ဝိပါက’၊ ‘ဝါဒ’ ‘တိက္ကမာ’ နတ်ရွာနိဗ္ဗာန်၊ မဂ်ဖိုလ်ဈာန်၊ ငါးတန် အန္တရာ။


‘ကံ’ = ကမ္မန္တရာယ် ‘ကိလေသ’ =ကိလေသန္တရာယ် ‘ဝိပါက’ = ဝိပါကန္တရာယ် ‘ဝါဒ’= အရိယူပဝါဒန္တရာယ် ‘တိက္ကမာ’ = အာဏာဝီတိက္ကမန္တရာယ်


ကမ္မန္တရာယ်


ပဉ္စာနန္တရိယကံငါးပါးနှင့် ဘိက္ခူနီမ၌ ကျူးလွန်မှုဖြစ်သော အကု သိုလ်ကံတည်းဟူသော အန္တရာယ်ကို ကျူးလွန်ထားသော ပုဂ္ဂိုလ် မှာ ယခုဘဝ၌ ဈာန်, မဂ်, ဖိုလ်တို့မရနိုင်။ သေပြီးနောက်ဘဝမှာ လည်း သုဂတိမရောက်နိုင်တော့ဘဲ အပါယ်လေးပါးသို့ ဧကန် ကျရောက်၏။


ပဉ္စာနန္တရိယကံငါးပါး


(၁) အမေကို သတ်ခြင်း၊ (၂) အဖေကို သတ်ခြင်း၊ (၃) ရဟန္တာကို သတ်ခြင်း၊ (၄) မြတ်စွာဘုရားကို သွေးစိမ်းတည်အောင် ပြုခြင်း၊ (၅) သံဃာသင်းခွဲခြင်း။


အမေ, အဖေကို သတ်ရာ၌ အမေမှန်း, အဖေမှန်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သတ်မိ၍ သေလျှင် ဤကံထိုက်တော့၏။ တခြား သူတစ်ဦးအမှတ်ဖြင့် သတ်လိုက်ပြီး အမေ သို့မဟုတ် အဖေဖြစ် နေက ဤကံကြီးထိုက်၏။ အလွန် ကြောက်စရာ ကောင်း၏။


ရဟန္တာကို သတ်ကလည်း ဤကံကြီးထိုက်၏။


ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးဖြစ်ရာ ဘုရားရှင်ကို သွေးစိမ်းတည်အောင် မပြုနိုင်တော့သော်လည်း ဘုရားရုပ်ပွား စေတီတော်များကို ဖျက်လို ဖျက်ဆီး ပြုလုပ်က ဤကံနီးပါး အလွန်ပင် အပြစ်ကြီးကြောင်း မှတ် သားရ၏။


သံဃာသင်းခွဲသည် ဆိုရာ၌ သိမ်တစ်ခုအတွင်း တစ်ပြိုင်နက်သော ခဏမှာ သံဃာ ၂-စုခွဲပြီး ကံပြုအောင် ပြုလုပ်မှ သံဃာသင်းခွဲ သောကံထိုက်၏။ ထို့ကြောင့် ရဟန်းများမှာသာ ဤကံထိုက်နိုင်၏။ လူများ၊ သာမဏေများမှာ ဤကံမထိုက်နိုင်။ သာမန် သံဃာအချင်းချင်း ကွဲသွားအောင် ပြုလုပ်ရုံဖြင့် သံဃဘေဒ ကံမထိုက်သော်လည်း အပြစ်ကြီးမား၏။


အဇာတသတ်သည် သူ့အဖေကို သတ်သူဖြစ်ရာ ပိတုဃာတကကံ ထိုက်ပြီး အပါယ်ငရဲသို့ကျရောက်ရ၏။ ဒေဝဒတ်သည်လည်း မြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြု သော ကံကြီး၊ သံဃာသင်းခွဲသော ကံကြီးများ ထိုက်သဖြင့် အပါယ် ငရဲသို့ကျရောက်ရ၏။


ဘိက္ခူနီမ၌ ကျူးလွန်ပြုကျင့်မိကလည်း ဤကမ္မန္တရာယ်ကြီး ထိုက် ၏။ ထူးခြားချက်တစ်ခုမှာ ဤဘဝ၌ ဈာန်, မဂ်, ဖိုလ် မရနိုင်တော့ သော်လည်း နောင်တတရားရပြီး ကောင်းစွာ ကျင့်ကြံနေထိုင်သွား ကသုဂတိဘဝ ရနိုင်သေးကြောင်း သိရ၏။ ဘုရားရှင်လက်ထက်တွင် တန်ခိုးအရာ၌ ဧတဒဂ်ရသော ရှင်ဥပ္ပလဝဏ်ကို မုဒိန်းပြုကျင့် သူ နန္ဒလုလင်မှာ မြေမျိုခံရကာ အပါယ်ငရဲသို့ ကျရောက်ရ၏။


ကိလေသန္တရာယ်


အယူအဆ ခိုင်ခိုင်မြဲမြဲစွဲစွဲလန်းလန်း ယူထားသော နိယတမိစ္ဆာဒိဋ္ဌိ ကို ကိလေသန္တရာယ်ဟု ခေါ်၏။ အကျိုးမရှိဘူးဟု ခိုင်ခိုင်မြဲမြဲယူဆသော နတ္ထိကဒိဋ္ဌိ၊ ကံမရှိဘူးဟု ခိုင်ခိုင်မြဲမြဲယူဆသော အကိရိယဒိဋ္ဌိ၊ အကြောင်းမရှိဘူးဟု ခိုင်ခိုင် မြဲမြဲယူဆသော အဟေတုကဒိဋ္ဌိ ဟူသည့် မိစ္ဆာဒိဋ္ဌိ ၃-ခုကို နိယတ မိစ္ဆာဒိဋ္ဌိဟု ခေါ်၏။


ဤနိယတမိစ္ဆာဒိဋ္ဌိအယူရှိသူများမှာလည်း ဤဘဝ၌ ဈာန်, မဂ်, ဖိုလ် မရနိုင်၊ နောင်တမလွန် သုဂတိဘဝ မရနိုင်။


ဝိပါကန္တရာယ်


ဝိပါက = ဝိပါက်ကြောင့် ဖြစ်သော အန္တရာယ် အဟိတ်ပဋိသန္ဓေနေပုဂ္ဂိုလ်၊ ဒွိဟိတ်ပဋိသန္ဓေေ နပုဂ္ဂိုလ်များမှာ နောက် ဘဝက ပြုလုပ်ခဲ့သော မကောင်းမှုများ၏ အကျိုးပေးဖြစ်သော ဝိပါကန္တရာယ်ကြောင့် ဈာန်, မဂ်, ဖိုလ် မရနိုင်။


သို့သော် ယခုဘဝ၌ ကောင်းမွန်စွာ နေထိုင် ကျင့်ကြံသွားပါက သုဂတိ ဘုံသို့ ရောက်နိုင်၏။ တိရစ္ဆာန်ပင် လူ့ဘဝ ပြန်ရနိုင်၏။


အရိယူပဝါဒန္တရာယ်


အရိယာပုဂ္ဂိုလ်မှန်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ယုတ်မာသော စိတ်ထားဖြင့် အရိယာပုဂ္ဂိုလ်ကို စွပ်စွဲ ကဲ့ရဲ့ခြင်း ပြုမိပါက အရိယူပဝါ ဒန္တရာယ်ထိုက်၏။ စိတ်ဖြင့် ပြစ်မှားမိလျှင် ပင် အန္တရာယ်ဖြစ်နိုင်သဖြင့် အလွန် ဂရုစိုက် သတိထားသင့်၏။


ရှေးက ရဟန်း ၂-ပါး ရွာထဲသို့ ဆွမ်းခံဝင်ကြရာ အသက်ကြီးသော ရဟန္တာမထေရ်ကြီးမှာ လေနာရောဂါရှိသဖြ င့် ဆွမ်းခံရရှိသော ယာဂု ပူပူကို မအေးခင် ချက်ချင်း ဘုဉ်းပေးသုံးဆော င်ရာ၊ အသက်ငယ်သူ သောတာပန်ရဟန်းက ကဲ့ရဲ့အပြစ်စကား ဆိုမိ၏။


ညနေ၌ မထေရ်ကြီးသည် ရဟန်းငယ်ထံသို့ ကြွရောက်၍ “ငါ့ရှင် … ရဟန်းကိစ္စပြီးအောင် ကြိုးစား ပွားများအားထုတ်ပြီးပါပြီလား” ဟု မေးရာ၊ “တပည့်တော် … သောတာပန်မျှသာ ရှိပါသေးသည် ဘုရား” ဆိုလျှင် “သို့ဆိုလျှင် … တရားဆက်ပြီး အားထုတ်မည်ဆိုက ငါ့ရှင်အ တွက် အချည်းနှီးဖြစ်ချေပြီ”ဟု ရဟန်းငယ်၏ အကျိုးကိုလိုလား သတိ ပေးစကား ဆိုလေသည်။


ရဟန်းငယ်လည်း ရဟန္တာမထေရ်ကြီးက ပြစ်မှားမိမှန်းသိသဖြင့် ဝန်ချ တောင်းပန်လေသည်။


အရိယူပဝါဒန္တရာယ်မှာ ပြစ်မှားမိသော ပုဂ္ဂိုလ်ထံကိုယ်တိုင် ဝန်ချတောင်း ပန်ခြင်း၊ ကိုယ်တိုင်သွားရောက်ရန် မဖြစ်နိုင်က လူလွှတ်တောင်းပန်ခြင်း၊ ထိုပုဂ္ဂိုလ်ကို ရှာမရတော့က တခြားပုဂ္ဂိုလ်များရှေ့, ဆရာသမားများရှေ့ တွင် “…. ဤကဲ့သို့ … ဤကဲ့သို့… တပည့်တော်သည် အဘယ်ပုဂ္ဂိုလ် ကို ပြစ်မှားမိထားပါသည်။ ဤအပြစ်အတွက် မည်ကဲ့သို့ ပြုလုပ်ရမည်ကို ညွှန်ကြား ဆုံးမတော်မူပါ”ဟု ဆိုရ၏။ ထိုတခြားပုဂ္ဂိုလ်များ, ဆရာသမား များက “သို့ဆိုလျှင် ထိုပုဂ္ဂိုလ်အား ဒီကနေ တောင်းပန်ပါ။ ဟိုက ပုဂ္ဂိုလ်က လည်း ခွင့်လွှတ်ပါလိမ့်မယ်” စသည် … ဆိုဆုံးမ ညွှန်ကြားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း၊ ထိုပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံသွားပြီဆိုလျှင် စံရာ နေရာဒေသသို့သွားရောက်၍ တောင်းပန်ခြင်းများဖြင့် ကျေအေးနိုင် ပါသည်။


အရိယာမဟုတ်သည်တိုင်အောင် ကောင်းကောင်းမွန်မွန် ကျင့်ကြံနေထိုင် သူ ပုဂ္ဂိုလ်မျှကိုပင် ကဲ့ရဲ့ အပြစ်စကားဆိုခြင်းသည် အရိယူပဝါဒကံနီးပါး အပြစ်ကြီးသည်ဟု ဆို၏။


အာဏာဝီတိက္ကမန္တရာယ်


လွန်ကျူးလိုသော စိတ်စေတနာဖြင့် သင့်ရောက်အပ်သော အာပတ်၊ ဘုရားရှင်၏ အာဏာကို လွန်ဆန်သော, ဘုရားရှင်အား မရိုသေရာ ရောက်သောကြောင့် ဖြစ်သော အန္တရာယ်ဖြစ်၏။ လူပုဂ္ဂိုလ်များနှင့် မဆိုင်ဘဲ ဘုန်းကြီးများနှင့်သာ သက်ဆိုင်၏။ သင့်ရောက်သော အာပတ်ကို မဖြေဘဲ မကုစားဘဲတရားအားထုတ် ကတရားထူး မရနိုင်။ နတ်ရွာနိဗ္ဗာန် ဈာန် မဂ် ဖိုလ် မရနိုင်။ ထို့ကြောင့် ဘုန်းကြီးများမှာ မကြာခဏ အာပတ်ဖြေကြရ၏။ အပြစ်အလိုက် ဖြေနည်းအမျိုးမျိုးဖြင့် အာပတ်ဖြေကြရ၏။


(အရှင် သီလနန္ဒာဘိဝံသ)


"... ဓမ္မပဒဂုဏ်ရည် ..."

"... ဓမ္မပဒဂုဏ်ရည် ..." -.-.-.-.-.-.-.-.-.-.-.-.-.-.-.- ဓမ္မပဒပါဠိတော်သည် ပိဋကသုံးပုံ နိကယ်ငါးရပ်တွင် ခုဒ္ဒကနိကယ်၌ ပါဝင်သော ကျမ်းစာဖြစ်ပါသည်။ ဓမ္မပဒဟူသည်- (ဓမ္မ=တရားတော်တို့ ၏ + ပဒ=အပေါင်းအစု၊ တရားတော်အပေါင်းအစု) ဟုအဓိပ္ပါယ်ရပါသည်။ တရားပဒေသာ တရားညွန့် ပေါင်းကျမ်းကြီးဟုလည်း ခေါ်ဆိုသင့်ပါသည်။ ဤဓမ္မပဒကျမ်းကြီး၌ လောကုတ္တရာ မဂ် ဖိုလ် နိဗ္ဗာန် တရားများဆိုင်ရာ ပါဝင်ဟောကြားထားပါသည်။ ယင်းတရားတော်ကို ဦးတည်၍ လူမှုရေး၊ ကြီးပွားရေး၊ စီးပွားရေး၊ ပညာရေး စသည့်လောကီရေးရာ အကျိုးကျေးဇူးများစွာ ဖြစ်စေနိုင်သည့် တရားတော်များကိုလည်း ထည့်သွင်းဟောကြား ထားပါသည်။ ထို့ ကြောင့် ဓမ္မပဒဟူသော ပါဠိဘာသာအမည်ကို တရားတော်ညွန့် ပေါင်းကျမ်းကြီးဟူ၍ ခေါ်ဆိုသင့်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဤဓမ္မပဒ ပါဠိတော်ဂါထာများဖြင့် သတ္တ၀ါ အနန္တတို့ အား ကိလေသာအမိုက်အမဲတို့ ကို ဖျက်ခွဲတော်မူစေ၍ နိဗ္ဗာန်သို့  ပို့ ဆောင်တော်မူခဲ့သည်။ မိခင်သည် ငိုကြွေးနေသောသားငယ်ကို နို့ ချိုတိုက်ကျွေးကာ သီချင်းဆို၍အငိုတိတ်စေသကဲ့သို့  ဘုရားရှင်သည်လည်း ကိလေသာဖြင့် ငိုကြွေးနေရသည့် သတ္တ၀ါအများအား ဤဓမ္မပဒနို့ ချိုဒေသနာကို တိုက်ကျွေးတော်မူ၍ ဓမ္မဂီတဖြင့် ကိလေသာအငိုကို တိတ်စေတော်မူခဲ့ပေသည်။ ဤဓမ္မပဒလာ ဂါထာများကို ကြားနာရလေသဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ်သို့  ရောက်ရှိခဲ့ကြသူများမှာ အသောကမင်းနှင့် အနော်ရထာမင်းတို့ ဖြစ်ကြပါသည်။ အသောကမင်းကြီး ------------------ ဘုရားရှင်ပရိနိဗ္ဗာန် စံတော်မူပြီးနောက် နှစ်ပေါင်း ၃၅၀ ခန့် ကမြတ်ဗုဒ္ဓ၏ အဆုံးအမ သာသနာတော်ကြီး ပျောက်သုဉ်းလုနီးနီး ဖြစ်၍ မိစ္ဆာဝါဒီများ ဖိစီးလွှမ်းမိုး ကြီးစိုးနေချိန်တွင် သာသနာပြုပုဂ္ဂိုလ် အစစ်အမှန်ကို ရှာကြံလိုလားသော အသောကမင်းတရားကြီးသည် စိတ်ပြေလက်ပျောက် လေသောက်တံခါးကိုဖွင့်ကာ အပြင်လောက သွားလာလှုပ်ရှားနေကြပုံများကို ကြည့်ရှုနေစဉ် ၀ိနည်းသိက္ခာပုဒ်တော်နှင့်အညီ နန်းရင်ပြင်၌ ဖြည်းညှင်းစွာ လှမ်းကြွ၍သွားသော သာသနာ့ကျက်သရေဆောင် နိဂြောဓသာမဏေကို နန်းတော်သို့ ပင့်ဖိတ်စေ၍ လှူဖွယ်ဝတ္ထုအစုစုဖြင့် ဆက်ကပ်လှူဒါန်းပူဇော်ပြီးနောက် နိဂြောဓသာမဏေ မိန့် တော်ချွေသည့် " အပ္ပမာဒေါ အမတံ ပဒံ" အစရှိသော ဂါထာတရား နာကြားရ၍ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ခဲ့လေသည်။ အနော်ရထာမင်းကြီး -------------------- သာသနာနှစ် ၁၅၆၁ ခုနှစ်သို့  ရောက်သောအခါ အနော်ရထာမင်းလက်ထက်တွင် အရည်းကြီးတို့ ၏ မသင့်မလျှော် ဖောက်ပြန်မှားယွင်းသည့် အကျင့်ယုတ်များကို တွေ့ မြင်ရသောအခါ ဘုန်းကံပါရမီ ရင့်သန်သောသူ ဖြစ်သောကြောင့် ထိုအရည်းကြီးတို့ အား မကြည်ညိုမနှစ်သက်နိုင် ရှိခဲ့လေသည်။ ယင်းသို့ ဖြစ်စဉ်မှာပင် တောလိုက်မုဆိုးတစ်ယောက်သည် ထူးဆန်းသည့်အ၀တ်အစားကို ဆင်ယင်ထားသည့် အရှင်ဓမ္မဒဿီဘွဲ့ တော်ရှိသည့် ရှင်အရဟံကို ပင့်ဆောင်လာရာ ကြည်ညိုဖွယ် အတိရှိသော ထိုရှင်အရဟံကိုယ်တော်မြတ်အား ဖူးမြင်လိုက်ရသော အနော်ရထာဘုရင်သည် အရည်းကြီးများနှင့် မိုးနှင့်မြေအလား အလွန်ကွာခြားကြောင်း သိရှိမြင်တွေ့  ကြည်ညိုသဒ္ဓါတရား ဖြစ်ပွားကာ ပစ္စည်းလေးပါးလျူဒါန်းပူဇော်၍ အရှင်မြတ်၏ဆရာဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ တရားတော်များကို ဟောကြားတော်မူပါလော့ဟု တောင်းပန်သောအခါ ရှင်အရဟံသည် " အပ္ပမာဒေါ အမတံပဒံ " အစချီသော ဤဓမ္မပဒဂါထာတော်မြတ်ကို ဟောကြားတော်မူပြီးနောက် အနော်ရထာမင်းကြီးသည် သာသနာတော်၌ သက်ဝင်ယုံကြည် သရဏဂုံတည်ကာ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ခဲ့ရလေသည်။ ဆရာတော် အရှင်စန္ဒိမာ (သာသနာရေးဦးစီးဌာန)


မိုးကုတ်ဆရာတော်ဘုရားကြီး၏ စူဠသောတာပန် သေနည်း

ိုမိုးကုတ်ဆရာတော်ဘုရားကြီး၏ စူဠသောတာပန် သေနည်း


"စူဠသောတာပန်သေန ည်း တရားတော် အနှစ်ချုပ်"


ငါသေရင် ဘယ်များရောက်မလဲဆိုတာ နောက်ဆုံးစဉ်စားခန်းကျတော့ပေါ်တာပဲ၊ သားနဲ့သမီးနဲ့ ပျော်နေတုံးမပေါ် ဘူး၊ ဝေဒနာတစ်ခုရောက် တဲ့အခါ ဒါနဲ့ ဝိဉာဏ်ချုပ်ရမလား၊ ငါသေရင် ဘယ်များရောက်မလဲ စိတ်ကလေးပေါ်လာ၊ ကိုယ့်ကိုယ်ကို စိတ်မချ၊ တကယ်စိတ်ချတဲ့ အလုပ်လုပ်မထားလု ကံအကြောင်းတရားပဲ၊ကိုယ်ပြုဘူးတဲ ကုသိုလ်လည်းရှိသားဘဲ စိတ်မချလက်မချနေ တတ်ပါတယ်။ အခုတွေးလုံးဟာ လာလိမ့်မယ်၊ စိတ်ချတဲ့အလုပ်လုပ်မထားသော ပုဂ္ဂိုလ်မှာ လာမြဲ၊ စိတ်ချရသောပုဂ္ဂိုလ်မှာ ခန္ဓာဝန်ပေါ့သွား ပြီ၊ ဒီအလုပ်နှစ်ခုလုံးကလာမှာပဲ အလုပ်မလုပ်ထားသူမှာ ကံပစ်ချသလို ခံရမှာပဲလို့ ကံပစ်ချသလို ခံရမည့်ပုဂ္ဂိုလ် ဟာ ကိုယ့်စွမ်းရည်တုံး၊ ကိုယ်စွမ်းရည်ရှိလို့၊ ဉာဏ်ပို့ရာ သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်ရန် လုပ်ဖြစ်အောင် လုပ်ထားပါ။ ကံစွမ်းရည်ထက် ဉာဏ်စွမ်းရည်အဘိးတန်တယ်၊ကံက အထက်မြောက်လည်းကံပဲ၊ အောက်ပစ်ချလည်းကံပဲ၊ ကံစွမ်းရည်ကမမြဲဘူး၊ လူ့ဘောလုံးဖြစ်ပါပေါ့လား၊ ဉာဏ်စွမ်းရည်ကို အဓိက အားကိုးကြစမ်းပါ အရေကြီးတယ်။


ငါသေရင် အပါယ်လေးပါးရောက်ချီအုံးမလား၊ အပါယ်လေးပါး မရောက်တဲ့ တရားလုပ်ထားလိုက် မသေခင်ကသိတယ်၊ စီးပွားရှာတာ စိတ်ချဖို့ရှာသလို သံသရာမှ စိတ်ချရတဲ့အလုပ် လုပ်ထားပါ၊ ဘုရားပြောတဲ့အတိုင်း ဆရာသမားသင်ပြတဲ့ အတိုင်း ဉာဏ်ထဲမှာ အထင်မြင်ပေါက်ရင် ဘာပူစရာ ရှိသေးလဲ၊ လူဖြစ်ကျိုးနပ်တယ်၊ "ငါသေရင် ဆွမ်းမသွတ်နဲ့လို့" မှာနိုင်အောင်ဉာ ဏ်စွမ်းရည်ကို လုပ်ထားပါ၊ မမာမှတွေးလုံးထုတ်လာရင် ခက်ပါလိမ့်မယ်၊ ခေါင်းအုံးပေါ်မှာ မျက်ရည်ကြီးငယ်မကျစေနဲ့။ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဘဝပေါင်းများစွာ က မိဘတော်ခဲ့တဲ့ ကုလမာတာနဲ့ နကုလပိ အဘိုးကြီး အဘွားကြီးကို တိုတိုတုတ်တုတ်နဲ့ ကျေးဇူးပြန်ဆပ်တယ်၊ ခမည်းတော် မယ်တော်ကြီးတို့ကို ခန္ဓာကြီးကအမြဲတမ်းအနာရှိတယ်လို့ ဘုရားကဟောလိုက်တယ်၊ ဘယ်အချိန်မှ အနာမကင်းတဲ့ခန္ဓာကြီး၊ ခန္ဓာကြီးက အမြဲနာနေမှာဘဲ၊ စိတ်ကမနာရင် နိဗ္ဗာန်ရောက်ပါလိမ့်မယ်၊ "ကိုယ်သာနာ၍ စိတ်မနာစေနှင့်" ခမည်းတော်ကြီးကို တိုတိုတုတ်တုတ် ဟောလိုက်တယ်။


အိမ်ကိုပြန်ရင် ပါပါစေ၊ ကိုယ်သာနာ၍ စိတ်မနာရင် နိဗ္ဗာန်ရောက်မယ် ၊ ဘုရားအကျယ်မဟောဘဲပြန်ကြွ၊ ခမည်းတော်က ရှင်သာရိပုတ္တရာဆီဝင် သားတော်ကြီးက တပည့်တော် ကျင့်ဖို့တရားတော့ ကိုယ်သာနာ၍ စိတ်မနာစေနှင့် ဆိုတာကို ဟောပါတယ်၊ ကိုယ်သာနာ၍စိတ်မနာစေနှင့်ဆိုတဲ့ တရားကအင်မတန် အဖိုးတန်တယ်။


အရိယာမျက်လုံးမရှိရင် ခန္ဓာငါးပါးကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်ပြီးေ နတယ်၊ ဒီခန္ဓာငါးပါးက ငါ့ကိုယ် မဟုတ်ကြောင်း ပြောလိမ့်မယ်၊ ရုပ်တရားကို ငါထင်၊ မျက်စေ့လည်းနီနေ ရင်၊ ခင်ဗျားတို့က ကိုယယ်နာတာ နဲ့ စိတ်နာတယ်၊ ဘုရားက ကိုယ်သာနာ၍ စိတ်မနာနှင့်လို့ပြောတယ်၊ ကိုယ်ထိမချိအောင နာတယ်၊ ခင်ဗျားတို့က ကန့်လန့်လုပ်တယ်၊ တော်သေးတယ်၊ ဒီထက်ကြီးသူ မရှိလို့။ ဒီတရားထူးတရားမြတ်ကို မကြုံရ၊ မနာရ၊ နှလုံးမသွင်းရ၊ ဝေဒနာက္ခန္ဓာ ငါထင်ပြီး သေပစ်ချင်တယ်၊ ကိုယ်နာရင် စိတ်နာတာပဲ၊


သညာက္ခန္ဓာနောက်ကလည်း သည်ခန္ဓာကို ငါထင် ကိုယ်အမှတ်မှား၊ ကိုယ်စိတ်ဆိုး၊ဘ ရားကြည်ညိုပါတယ်၊ တရားကြည်ညိုပါတယ်၊ ကိုးစားပါတယ်၊ အားထားပါတယ်၊ ချော့ချီတလှည့်၊ ခြောက်ချီတလှည့်၊ ညောင်ရည်အိုးလေး ရှေ့မှာထား၊ ကိုးစားပါတယ် ဘုရားလုပ်ပြန်ပြီ၊ ကိုယ်နာစိတ်နာတာကျတော့ ဘုရားစကား နားမထောင်ဘူး၊ သင်္ခါရခန္ဓာနဲ့လည်း ရန်ဖြစ်တာပဲ၊ ဝိဉာဏခန္ဓာနဲ့လည်း ရန်ဖြစ်နေတာ ကျုပ်စိတ်ကျုပ်မ နိုင်ဘူး၊ ကိုယ်စိတ်နဲ့ကိုယ်နှိပ်စက်နေတာ၊ ကိုယ်နာစိတ်နာပြီး ခန္ဓာငါးပါးနဲ့ ရန်ဖြစ်နေတာ။


ခန္ဓာငါးပါးပေါင်းလိုက်ရင် ရုပ်နာမ်နှစ်ပါး ၊ ရုပ်တရားဟာ ကံ၊ စိတ်၊ ဥတု၊ အဟာရကြောင့်ဖြစ်တာ ခင်ဗျာ တို့မပိုင်ဘူး၊ နာမ်ခန္ဓာ ၄-ပါးက အာရုံဒွါရကြောင့် ဖြစ်တာ၊ ခန္ဓာငါးပါး ရုပ်နာမ်ပဲရှိတယ်၊ အကုန်အနိစ္စချည်းပဲ၊


အရိယာ မျက်လုံးတပ်ပြီးတဲ့အခါ ဖြစ်လိုက်ပျက်လိုက် အနိစ္စမြင်တဲ့အခါ ကိုယ့်ဟာမဟုတ်ကြောင်း ကောင်း ကောင်းသိမယ်။ သံသရာတစ်လျှောက်လုံး စုံလုံးကန်းနဲ့လာခဲ့တယ်၊ အပါယ်လေးပါးချော က်၊ သင်္ချိးဟူသမျှ စုံလုံးကန်း၊ အရိယာမျက်လုံးရဖ ဆရာကောင်းသမားကောင်းနဲ့ တွေ့ရင်ခဏနဲ့ ရနိုင်ပါတယ်။


ကိုယ်နာစိတ်မနာတဲ့ မျက်လုံးကို ဆရာဘုန်းကြီး တပ်ပေးရလိမ့်မယ်၊ ဪ..ဖြစ်နေတယ် ပျက်နေတယ် သိတဲ့မျက်လုံးတပ်ပေးရမယ်၊ ဝိပဿနာ မဂ်ကျအောင် မျက်စေ့နှစ်ကွင်း အလင်းရပြီးသေသောကြောင့် သောတာပန်ဖြစ်ပြီး၊သောတာပန်မဖြစ် တောင်မှ သောတာပန်အငယ်စားဖြစ်ပြီး သေရတဲ့အတွက် ဒို့ဘာမှ ကြောက်စရာမရှိဘူးလို့ မှတ်ပါ။


ဤကောင်မှုကုသိုလ်ကံ စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေး ဇူးပြုခြင်းငှာ အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်  တည်ရှိပါစေသတည်း ။


အရှင်ဉာဏဓဇ


မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ ပင်မသံဝေဇနိယဌာန အမရပူရမြို့။ ။