Wednesday, December 11, 2013

ဖုန်း Notification Bar ပေါ်မှ အင်တာနက် သင်္ကေတများ

“ - - - - - ဖုန်း Notification Bar ပေါ်မှ အင်တာနက် သင်္ကေတများ - - - - - ”


ဖုန်းအသုံးပြုသူ တွေအနေနဲ့ မိမိဖုန်းရဲ့ Noti Bar ပေါ်မှာ အင်တာနက်ဖွင့်လိုက်တာနဲ့ အင်တာနက် သင်္ကေတလေးကို တွေ့ဖူးကြမှာပါ ။ အဲဒိ အင်တာနက် သင်္ကေတလေးတွေဟာ အမြဲတမ်း ပြောင်းလဲနေတာကို သတိထားမိပါလိမ့်မယ် ( E , G, 3G , H , H+ ) စသဖြင့်ပေါ့ ။ ဒါဟာဘာ့ကြောင့်လဲဆိုတော့ သင်အသုံးပြုနေတဲ့ Network Operator ရဲ့ Connetion ကောင်း ၊ မကောင်း ပေါ်မူတည်ပြီး သင်္ကေတလေးတွေ အမြဲတမ်းပြောင်း လဲနေပါတယ် ။ အဲဒိ သင်္ကေတလေးတွေရဲ့ အဓိပ္ပါယ်နဲ့ လိုင်းဆွဲအားကို ဖော်ပြပေးပါ့မယ် ။


Meaning Of ‘ G ’


G = 1G ( GPRS )- G ဆိုရင်တော့ Connection အရမ်းညံ့ပါတယ် ။ ဘာမှလုပ်လို့မရအောင်ကို လိုင်းမကောင်းပါ ။


Meaning Of‘E ’


E =2.5G (EDGE ) - E ကတော့ အတော်အသင့်ကောင်းတဲ့ သင်္ကေတပါ ။ တစ်ခုခုကို ဒေါင်းလုတ်ဆွဲမယ်ဆိုရင်တော့ အနည်းငယ် ကြာပါလိမ့်မယ် ။


Meaning Of‘3G’


3G=3G(3rd Generation )-3G ပေါ်နေရင်တော့ လိုင်းဆွဲအားကောင်းပါတယ် ။ အားလုံးအဆင်ပြေပြေ သုံးလို့ရတဲ့ အနေအထားပါ ။


Meaning Of‘H ’


H =3.5G(HSDPA -High Speed Download PacketAccess ) -3G ထက်ပိုပြီး ကောင်းမွန်တဲ့ Connection ပါ ။ အထူးသဖြင့် ဒေါင်းလုတ်ဆွဲဖို့အကောင်းဆုံး သင်္ကေတ တစ်ခုပါ ။


Meaning Of‘H+’


H+ ကတော့ H ထက်အနည်းငယ်ကောင်းပြီး 4G မတိုင်ခင်တော့ Connection Symbols တွေအားလုံးထဲမှာ အကောင်းဆုံးဖြစ်ပါတယ် ။ ပြီးတော့ သင့်ရဲ့ဖုန်းဟာ ဘယ်တုန်းကမှ H (or )H+ မပေါ်ဘူးဆိုရင်တော့ သင့်ရဲ့ဖုန်းမှာ 4G System ကိုတပ်ဆင်အသုံးပြုလို့ရမှာ မဟုတ်ပါဘူး ။


Meaning Of‘4GLTE ’


4G = Long Term Evolution (နောက်ဆုံးပေါ် အင်တာနက် Connection လိုင်းပဲဖြစ်ပါတယ် ။ အင်တာနက်ကို အထစ်အငေါ့မရှိဘဲ အသုံးပြုနိုင်မယ့် 4G စနစ်သစ်ပါ ။


ဒီသင်္ကေတတွေ အားလုံးရဲ့ ဒေါင်းလုတ်ဆွဲအားနှုန်းကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ် ။


G=114 Kb E =368 Kb 3G=3.1 Mb H =14 Mb H+=168 Mb 4G/LTE =299.6 Mb


တမလွန်ဘ၀အကြောင်း

***တမလွန်ဘ၀အကြောင်း...


…မြတ်စွာဘုရားသည်သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၌သီတင်းသုံးနေတော်မူစဉ် မာလုကျပုတ္တ မည်သောရဟန်းတစ်ပါးသည်ဤသို့ အကြံဖြစ်သည်။ လောကသည် မြဲ၏ဟု၎င်း၊ မမြဲဟု၎င်း၊ လောကသည်အဆုံးရှိသည်ဟု၎င်း၊ အဆုံးမရှိဟု၎င်း၊ အသက်သည် ခန္ဓာကိုယ်နှင့် အတူတကွ ရှိသည်ဟု၎င်း၊ မရှိဟု၎င်း၊ သတ္တ၀ါတို့သည် သေသည့်အခြားမဲ့၌ ဘ၀တစ်ဖန်ပြန်၍ ဖြစ်သည်ဟု၎င်း၊ သတ္တ၀ါတို့သည် သေသည်အခြားမဲ့၌ ဘ၀တစ်ဖန်ပြန်၍မဖြစ်တော့ဟူ၍၄င်း၊ သတ္တ၀ါတို့သည် သေသည် အခြားမဲ့၌ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟု တ်ဟူ၍၄င်း၊ မြတ်စွာဘုရားသည် ငါ့အား မဟောကြားပေ။


…မြတ်စွာဘုရားသည်ဤအကြောင်းအရာတို့ကို မသိပါကသူတော်ကောင်းပီသ စွာဝန်ခံပြောကြား ရမည်။ဤအကြောင်းအရာတို့ ကို ပြတ်သားစွာ မဟောကြားပါကဂေါတမဘုရား၏ သာသန ဘောင်တွင်မနေတော့ပဲ လူထွက်တော့မည်ဟု အကြံဖြစ်ပေါ်သည်။


…မာလုကျပုတ္တသည် သူအကြံဖြစ်သည့်အတိုင်း မြတ်စွာဘုရားထံသွား၍လျှောက်သည်။


…မြတ်စွာဘုရားသည်မာလုကျပုတ္တကို ဤသို့မေးပါသည်။“မာလုကျပုတ္တ…ငါဘုရားသည် ဤအကြောင်းအရာတို့ကို ဟောကြားမည်။ငါ့ထံ ရဟန်းပြုလှည့်ပါဟု ခေါ်ဖူးပါသလား” ဟုမေးပါသည်။


…မာလုကျပုတ္တက “မခေါ်ဖူးပါ”ဟု ပြန်၍ လျှောက်သည်။ “သင်သည်ငါဘုရားအား ဤအကြောင်းအရာတို့ကို ဟောကြားပါရန် လျှောက်ဖူးပါသလား”ဟုမေးပါသည်။ မာလုကျပုတ္တက “မလျှောက်ဖူးပါ”ဟု လျှောက်သည်။ “အချည်းနှီးသောယောက်ျား ဤအကြောင်းအရာတို့ ကို ဟောကြားပါရန် ငါဘုရားကို မည်သူကမျှ လျှောက်ထားခြင်း မရှိပါပဲ မည်သူ့ကို အကြောင်းပြု၍ ဟောရပါမည်နည်း။


…မာလုကျပုတ္တ…ဤအကြောင်းအရာတို့ကိ မဟောသမျှငါ၏တရားကို မကျင့်ဟုဆိုငြား အံ့၊ ထိုသူသည် ငါထံမှ မဂ်တရားဖိုလ်တရားမသိရမှီ သေဆုံးရာ၏။ ငါဘုရားသည် ထိုတရားကို မည်သည့်အခါမျှဟောကြားမည် မဟုတ်ပေ။


…ဥပမာအားဖြင့် လူတစ်ဦးသည် အဆိပ်လူးသောမျှားဖြင့် အပစ်ခံရအံ့၊ ထိုသူကို သူ၏ဆွေမျိုးများ က ဆေးဆရာခေါ်ပြီးမျှားနုတ်၍ ဆေးကုရန် ပြောကြားရာ၏။မျှားမှန်သူက မျှားမနုတ်ပါနှင့်အုံး၊ ဒီမျှားကိုမည်သူက ပစ်ပါသနည်း၊ အဘယ်ကြောင့် ပစ်ပါသနည်း၊ မည်သို့သောအဆိပ် ကို သုံးပါသနည်း၊ ထိုအကြောင်းအရာတွေသိရမှဆေးကုမည်ဆိုငြားအံ့၊ ထိုသူသည် သူသိလိုသောအကြောင်းအရာတို့ မသိရမှီ သေဆုံးရာ၏။


…ထို့အတူ လောကသည်မြဲ၏ဟု၎င်း၊ လောကသည် မမြဲဟု၎င်း၊ လောကသည်အဆုံးရှိသည်ဟု၎င်း၊ လောကသည် အဆုံးမရှိဟု၎င်း၊ အသက်သည် ခန္ဓာနှင့်အတူတကွရှိသည်ဟု၎င်း၊ အသက်သည် ခန္ဓာကိုယ်နှင့် အတူတကွ မရှိဟု၎င်း၊ သတ္တ၀ါတို့သည် သေသည့်အခြားမဲ့၌ ဘ၀တစ်ဖန်ပြန်၍ထပ်မံ ဖြစ်သည်ဟု၎င်း၊ ဘ၀တစ်ဖန်ထပ်မံမဖြစ်တော့ဟု၎င်း၊ သတ္တ၀ါတို့သည် သေသည့်အခြားမဲ့၌ ထပ်မံ၍ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟု တ်ဟူ၍၄င်း၊ ထိုသို့အယူအမျိုးမျိုးရှိသူတို့သည် ထိုအယူအမျိုးမျိုးဖြင့် ဆင်းရဲအမျိုးမျိုးမှ လွတ်မြောက်သောမဂ်ဥာဏ်ဖိုလ်ဥာဏ်ကို သိမြင်နိုင်ပါ မည်လောဟု မေးတော်မူသည်။


…မာလုကျပုတ္တ…ဤသို့သောအယူရှိသူတို့သည် ပဋိသန္ဓေနေရခြင်း ၊ အို၊ နာ၊ သေရခြင်းစသောဒုက္ခ အမျိုးမျိုး ဖြစ်ကြရကုန်၏။ထိုဆင်းရဲအပေါင်းမှ လွတ်မြောက်ရန်အတွက် ယခုပင်လျှင် ငါ၏ တရားတော်ကို ကျင့်ကြံအားထုတ်ပါ”ဟု ဟောတော်မူသည်။


ဗုဒ္ဓမဟောသောတရား…


…မာလုကျပုတ္တ…ငါဘုရားမဟောသောတရားကား အဘယ်နည်း။လောကသည်မြဲ၏ဟု၎င်း၊ လောကသည် မမြဲဟု၎င်း၊ လောကသည် အဆုံးရှိသည်ဟု၎င်း၊ လောကသည် အဆုံးမရှိဟု၎င်း ၊ အသက်သည် ခန္ဓာကိုယ်နှင့်အတူတကွ ရှိသည်ဟု၎င်း၊ အသက်သည် ခန္ဓာကိုယ်နှင့်အတူတကွ မရှိဟု၎င်း၊ သတ္တ၀ါတို့သည် သေသည့်အခြားမဲ့၌ ဘ၀တစ်ဖန် ပြန်၍ဖြစ်သည်ဟု၎င်း၊ သတ္တ၀ါတို့သည် သေသည့်အခြားမဲ့၌ မဖြစ်တော့ဟု၎င်း၊ သတ္တ၀ါတို့သည် သေသည့်အခြားမဲ့၌ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟု တ်ဟူ၍၄င်း၊ ဤအကြောင်းအရာတို့ကို ငါဘုရားသည် မည်သည့်အခါမျှဟောကြားမည် မဟုတ်ပေ။


…အဘယ့်ကြောင့်ဆိုသော် ထိုအကြောင်းအရာတို့သည် လောကီအကျိုးစီးပွါးနှင့်လည်းမစပ်၊ လောကုတ္တရာအကျိုးစီးပွါးနှင့်လည်းမစပ်၊ မဂ်ဥာဏ်ဖိုလ်ဥာဏ်နှင့်လည်းမစပ်၊ သစ္စာလေးပါးကို သိမြင်ခြင်းငှါနှင့်လည်းမစပ်၊ ထို့ကြောင့် ဤအကြောင်းအရာတို့ကို ငါဘုရားမဟောကြား ခြင်းဖြစ်သည်။


ဗုဒ္ဓဟောကြားသောတရား…


…မာလုကျပုတ္တ…ငါဘုရားသည် အဘယ်တရားကို ဟောကြားသနည်းဟူမူဤတရားသည် ဆင်းရဲခြင်း သဘောဖြစ်သည်။သမုဒယတဏှာသည် ဆင်းရဲခြင်းသဘောကို ဖြစ်စေသည်။ ဤတရားသည် ဆင်းရဲခြင်းဒုက္ခအမျိုးမျိုး မှ လွတ်မြောက်သောနိ ဗ္ဗာန်ဖြစ်သည်။ ဤတရားသည် ဆင်းရဲခြင်းမှ လွတ်စေသောကျင့်စဉ်ဖြစ်သော ကြောင့် ဟောကြားခြင်းဖြစ်သည်။


…ထိုတရားကို ငါဘုရား အဘယ့်ကြောင့် ဟောကြားသနည်းဟူမူထိုတရားတို့သည်သတ္တ၀ါတို့၏ အကျိုးစီးပွားနှင့်လည်းစပ်၏။ကိလေသာချုပ်ငြိမ်းခြင်းငှါလည်းစပ်၏။သစ္စာလေးပါးကိုသိမြင်ခြင်း ငှါလည်းစပ်၏။နိဗ္ဗာန်သို့ မျက်မှောက်ပြုခြ င်းငှါလည်းစပ်၏။ ဤတရားသည် သတ္တ၀ါတို့အတွက် လွန်စွာအကျိုးများသောကြောင့် ငါဘုရားဟောကြာြး ခင်းဖြစ်သည်။


…မာလုကျပုတ္တ…သင်သည် ငါဘုရားက သတ္တ၀ါတို့အတွက်အကျိုးများသောကြောင့် ဟောကြားသောတရားကို ဟောကြားသည့်အတို င်းသာမှတ်သားထားပါလော့၊ ငါဘုရားက…သတ္တ၀ါတို့အတွက် အကျိုးမများသောေ ကြာင့် မဟောကြားသောတရားကို မဟောသည့်အတိုင်းသာ မှတ်သားထားပါလော့ဟု မိန့်တော်မူသည်။


(မဇ္ဈိမပဏ္ဏာသပါဠိတော်-စူဠမာလုကျပုတ္တသုတ်မှ)


ဝေါဟာရစကားမှလွတ်သောတရား…


…အခါတစ်ပါး၌မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်း၌သီတင်းသုံး နေတော်မူစဉ် ၀စ္တအနွယ်ဖြစ်သော ပရိဗိုလ်သည် မြတ်စွာဘုရားထံချဉ်းကပ်ပြီး လျှောက်ပါသည်။


…“မြတ်စွာဘုရား၊ လောကသည်မြဲ၏ဟု၎င်း၊ မမြဲဟု၎င်း၊ လောကသည်အဆုံးရှိသည်ဟု၎င်း၊ အဆုံးမရှိဟူ၍၄င်း၊ အသက်သည် ခန္ဓာကိုယ်နှင့်အ တူတကွရှိသည်ဟု၎င်း၊ အသက်သည် ခန္ဓာကိုယ်နှင့် တခြားစီတည်ရှိနေသည်ဟု၎င်း၊ သတ္တ၀ါတို့သည် သေသည့်အခြားမဲ့၌ ဘ၀တစ်ဖန်ပြန်၍ဖြစ်သည် ဟု၎င်း၊ ဘ၀တစ်ဖန်ပြန်၍မဖြစ်တော့ဟု၎င်း ၊ ဤသို့သောအယူရှိသူသာ မှန်သည်။တခြားသော အယူရှိသူတို့သည် မှားသောအယူရှိသူ ဟူ၍ သတ်မှတ်နိုင်ပါမည်လား”ဟုလျှောက်သည်။


…ငါဘုရားသည်“ဤသို့ အယူမရှိပါ”ဟု ဖြေသည်။ “မြတ်စွာဘုရား… ဤသို့ဆိုပါကအဘယ်အပြစ်ကို မြင်၍ဤအယူကိုမယူပါသနည်း”ဟုလျှောက်သည်။ “ဤအယူတို့သည်ဘ၀အတွက် တောင့်တမှု၊ ကြောင့်ကြမှု၊ ပူဆွေးမှုစသောစိတ်၏ ဆင်းရဲခြင်းသဘောများသာဖြစ်စေသည်။ ထိုအယူတို့သည် သံသရာမှ လွတ်မြောက်ခြင်း ငှါ မဖြစ်၊ ကိလေသာချုပ်ငြိမ်းခြင်းငှါမဖြစ်၊ မဂ်ဥာဏ်ဖိုလ်ဥာဏ ရရှိခြင်းငှါ မဖြစ်၊ ထိုအယူတို့သည် (မိစ္ဆာအယူ)များသာဖြစ်၏။”


…၀စ္ဆက…“အရှင်ဘုရား…ဤသို့ဆိုပါက တပါးသောအယူများ ရှိပါသလားဘုရား”


…၀စ္ဆ…“ငါဘုရားသည်(အယူဟူသောဝေါဟာရ စကား) အားလုံးကိုစွန့်ပယ်ပြီးဖြစ်သည်”ဟု မိန့်တော်မူသည်။ ၀စ္ဆ…“ငါဘုရားသည် ခန္ဓာငါးပါး၏ ဖြစ်ခြင်းပျက်ခြ င်းသဘောများကို ထူးသော ပညာဥာဏ် မျက်စိဖြင့် မျက်ဝါးထင်ထင် သိမြင်ပြီးဖြစ်သ ည်။ ဤသို့သိမြင်ပြီးဖြစ်ေ သာကြောင့် ငါ့ကိုယ်၊ ငါ့ခန္ဓာ၊ ငါ့အသက်၊ ငါ့ဝိညာဉ်၊ ငါ့လိပ်ပြာဟု မှားယွင်းစွာစွဲလမ်းသောဥပါဒါန်အားလုံးကိုပယ်ပြီး ဖြစ်သည်။ထိုဥပါဒါန်တို့မှတစ်ဆင့်ဖြစ်ပေါ်လာသော ငါ၊ အို၊ နာ၊ သေ ရအုံးမည်၊ ငါသေလျှင် နောင်တမလွန်၌ဘ၀အမျိုးမျိုးဖြ စ်၍ ကျင်လည်ရအုံးမည်ဟူသောဥပါဒါန်အစွဲ မဖြစ်သောကြောင့် ခန္ဓာငါးပါးအပေါ်၌ သာယာတက်မက်ခြင်း၊ မာနထောင်လွှားခြင်းစသော သမုဒယတဏှာများမဖြစ်တော့ပေ။တဏှာချုပ်ငြိမ်း ခြင်းကြောင့် ဒုက္ခအပေါင်းမှလွတ်မြောက်တော့၏ ။”


“အရှင်ဘုရား…ဤသို့လွတ်မြောက်သောရဟန်းသည် ယခုဘ၀မှ စုတေ သေလွန်သော်ဘ၀တစ်ဖန် ပြန်၍ဖြစ်ရအုံးမ ည်လော” ဟုလျှောက်သည်။ မြတ်စွာဘုရားက“ဤသို့ ဥပါဒါန်မှလွတ်မြောက်သော ရဟန်းသည် ပဋိသန္ဓေနေခြင်းသို့မရောက်”ဟု မိန့်ရှိသည်။“မြတ်စွာဘုရား…ထိုရဟန်းသည် ပဋိသန္ဓေနေခြင်းသို့မရောက် သို့မဟုတ် မနေရခြင်းသို့မရောက်”ဟုဆိုလိုပါသလားဟု လျှောက်သည်။


“၀စ္ဆ…ထိုရဟန်းသည်ပဋိသန္ဓေနေရခြင်း သို့လည်း မရောက်၊ မနေရခြင်းသို့လည်းမရောက်”ဟု မိန့်တော်မူသည်။ “တပည့်တော်သည် ရှေ့ကဟောကြားခဲ့သောတရားတို့ဖြင် စိတ်၌ကြည်လင်လျှက် ရှိပါသည်။ ယခုမူ တပည့်တော်၏စိတ်သည် တွေဝေခြင်း၊ နားမလည်ခြင်းအဖြ စ်သို့ ရောက်ရပါသည်။ ရှင်းလင်းအောင်ထပ်မံဟောကြားပါရ န်” လျှောက်ထားသည်။


“၀စ္ဆ…သင်နားမလည်ခြင်း၊ တွေဝေခြင်း၊ စိတ်ရှုပ်ထွေးခြင်းသည် ဖြစ်ထိုက်ပါပေသည်။ ငါ၏တရားသည် တိမ်မယောင်နှင့် နက်လှသည်၊ လွယ်မယောင်နှင့် ခက်လှသည်။သင်ကဲ့သို့ တခြားသောအယူရှိသူကို မဆိုထားနှင့်၊ ငါ၏သာသနာတော်အတွင်း၌ရှိကြသောရဟန်းရှ င်လူတို့သည် ယောနိသောမနသီကာယတို့ဖြင့် အာရုံစူးစိုက်ကားလေ့လာနာယူ ပွားများအားထုတ်မှ သိနိုင်သောတရားဖြစ်သည်။


…သာမန်သိလိုသူတို့နှင့်ထိုက်တန်သောတရား မဟုတ်ပေ။အဘယ်ကြောင့်ဆိုေ သာ် ထိုသူတို့သည် မိမိယုံကြည်လက်ခံထားသောအယူတို့နှင့် မတူပါက (အမှားအမှန် သေချာစွာမစီစစ်တော့ပဲ အမှားဟု ထင်ကာ)ပယ်ချတတ်သောကြောင့် ဖြစ်သည်။


…၀စ္ဆ… သင့်ကိုငါမေးမည်။ သင်နှစ်သက်သလိုသာ ဖြေကြားပါလော့။ ဥပမာ-သင်၏အနီးတွ င် တောက်လောင်နေသော မီးဖိုကြီးတစ်ခုရှိသည်ဆိုပါစို့။ ထိုမီးဖိုကို သင်မြင်တွေ့သည် မဟုတ်ပါလား။”


“မှန်လှပါ၊ ထိုမီးဖိုကိုမြင်တွေ့နိုင်ပါ သည်။”


“၀စ္ဆ…ထိုမီးတောက်သည် မည်သည့်အရာကို အစွဲပြု၍ တောက်လောင်သနည်း။”


“မှန်လှပါ၊ ထင်းမြက်ခြောက်တို့ကို အစွဲပြုတောက်လောင်ပါသည်။“အကယ်၍ ထိုမီးသည်ငြိမ်းသွားပါအံ့၊ ထိုငြိမ်းသွားသော မီးတောက်ကိုသင်မြင်နိုင်ပါမ ည်လော” ဟု မေးတော်မူသည်။“မှန်လှပါ၊ မြင်နိုင်ပါသည်ဘုရား”ဟု လျှောက်သည်။


“၀စ္ဆ…ငြိမ်းသွားသောမီးသည်မည်သည့်အရပ်၊ မည်သည့်ဌာနသို့ရောက်သွားသည်ကို သင်… ဖြေကြားပါလော့”“မြတ်စွာဘုရား…ငြိမ်းသွားသော ထိုမီးတောက်သည်မည်သည့်အရပ်၊ မည်သည့်ဌာနသို့ ရောက်သွားသည်ကို ဖြေကြားရန်မသင့်တော်ပါ။ ထိုမီးတောက်သည်လောင်စာကိုအစွဲပြု၍ တောက်လောင်သောကြောင့် လောင်စာဖြစ်သော မြက်ခြောက်၊ ထင်းတို့ ကုန်ခန်းသွားသောကြောင့် မီးတောက်သည်လည်း အလိုလိုငြိမ်းသွားသောအဖြစ်သို့ ရောက်သွားပါသည်။ ”


“၀စ္ဆ…ထို့အတူပင် ခန္ဓာငါးပါးကိုငါ၊ သူ၊ သတ္တ၀ါ၊ ယောက်ကျား၊ မိန်းမ ဟူသောဝေါဟာစကားတို့ဖြ င့် ပညတ်သော် ပညတ်ရာ၏။စကားအဖြစ် ခေါ်ကာ၊ ပြောကာ၊ ခေါ်ပြောရသည်။ထိုပညတ်တို့သည် သမုတိသစ္စာသဘောဖြင့် ခေါ်ပြောရသော်လည်း အကောင်အထည်၊ ပုံဟန်သဏ္ဍာန်ဖြင့်ရှိသည်ဟု ငါဘုရား၏စိတ်၌စွဲလမ်းမှုဥပါဒါန်မဖြစ်တော့ပေ။ စွဲလမ်းမှုဥပါဒါန်မဖြစ်သောကြောင့် (ဇက်ပြတ်ပြီးသော ထန်းပင်)ငုတ်သည် အသစ်တစ်ဖန်ပြန်၍ အတက်မပေါက်နိုင်သကဲ့သို့ ငါဘုရားသည်လည်း ငါ၊ သူ၊ သတ္တ၀ါဟူသောအစွဲဥပါဒါန်များ မရှိတော့သောကြောင့် ဘ၀တစ်ဖန် ထပ်မံ၍ မဖြစ်တော့ပေ။ဘ၀မဖြစ်သောကြောင့်ငါသည်အို၊ နာ၊ သေ ရခြင်းမှလွတ်တော့၏။အို-နာ-သေမှလွတ် သော် ငြိမ်းအေးချမ်းသာသောနိဗ္ဗာန်သို့ မျက်မှောက်ပြုတော့၏။”


…၀စ္ဆကလျှောက်ပြန်သည်။ “တရားအပေါင်းကို သိတော်မူသော မြတ်စွာဘုရား၊ ဥပမာအားဖြင့် အကိုင်းအခက်၊ အသီးအပွင့်တိြု့ ဖင့်ပြည့်စုံသော အင်ကြင်းပင်ကြီးတစ်ပင်ရှိရာ၏။ထိုအင်ကြင်းပင်ြ ကီး သည် သင်္ခါရသဘောတရားဖြင့် နှစ်ပေါင်းများစွာကြာသောအခါ အကိုင်းအခက်၊ အသီးအပွင့်တို့သ ည် ဆွေးမြေ့ပျက်စီးရာ၏။သို့သော်လည်း မဆွေး၊ မမြေ့၊ မပျက်စီးပဲအနှစ်သက်သက်သာကျန်ရှိနေသော အင်ကြင်းပင်ကဲ့သို့မြတ်စွာဘုရား၏ တရားတော်သည် အစ-အလယ်-အဆုံး သုံးပါးစလုံး၌ကောင်းခြင်း မင်္ဂလာအဖြာဖြာတို့ဖြင့်ပြည့်စုံကောင်းမွန်လှပါပေသည်။တပည့်တော်ကိုလည်းအရှင်ဘုရား၏ တပည့်သာဝကအဖြစ်မှတ်ယူတော်မူပါဟု” လျှောက်ထားတောင်းပန်ပါသည်။ (မဇ္စျိမပဏ္ဏာသပါဠိတော်-အဂ္ဂိဝစ္ဆသုတ်မှ)


…ဦးမြမောင်၊ မြရိပ်မြိုင်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့၏ “ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာ”မှ ဓမ္မဒါနပြုပါသည်… ။