Friday, December 13, 2013

"ပါဒစေတီ- အပိုင်း၂

"ပါဒစေတီ- အပိုင်း၂"

••••••••••••••••••••

အဓိဋ္ဌာန်ပြုခဲ့ရာ ခြေတော်ရာ(၈)ဌာန။ ---------------------------------------ဘုရားရှင်၏ခြေတော်ရာသည်(အပိုင်း၁ တွင်ရေးသားဖော်ပြခဲ့သည့်အတိုင်း) ခြေတော်ချတိုင်း ထင်ကျန်ရစ်သည် မဟုတ်ပေ။ ခြေတော်ရာထင်ကျန်ရစ်မှုသည် ဘုရားရှင်က အဓိဋ္ဌာန်ပြုမှသာထင်ကျန်ရစ်ခြင်း ဖြစ်သည်။ အဓိဋ္ဌာန်မှုမပြုလျှင် ထင်ကျန်ရစ်ခြင်း မရှိချေ။ အဓိဋ္ဌာန်ပြုပြီးခြေတော်ရာထင်ကျန်ရစ်မှုကို လည်း တစုံတရာအကြောင်းထူးရှိမှသာဘုရားရှင်က ပြုတော်မူခြင်းဖြစ်၏။


စာပေကျမ်းဂန်တို့၌ဘုရားရှင်အဓိဋ္ဌာန်ပြုပြီး ခြေတော်ရာချသောနေရာ(၈)ဌာနကို ဤသို့ပြဆိုထားလေသည်။ ၄င်းတို့မှာ-


(၁) ဒေါဏပုဏ္ဏားကြီးမြင်တွေ့စေရန် သက္ကဋ္ဌမြို့နှင့် သေတဗျမြို့တို့၏ အကြား လမ်းခရီးအရပ်ဌာန ။


(၂) မာဂဏ္ဍီပုဏ္ဏားဇနီးမောင်နှံတို့ မြင်တွေ့စေရန် ကမ္မာသဒမ္မနိဂုံးရွာကြီးနှင့် တောအုပ်အကြား လမ်းခရီးအရပ်ဌာန ။


(၃) ကုက္ကဋမိတ္တ မုဆိုးသားအဖတို့ မြင်တွေ့စေရန် ရာဇဂြိုဟ်မြို့အနီး တောအုပ်အတွင်း၌ ထောင်ထားအပ်သောကျော့ကွင်းနီးအရပ်ဌာန။


(၄) အဇိတ စသောရသေ့တို့ မြင်တွေ့စေရန် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်အတွင်း ဂန္ဓကုဋီကျောင်းအနီး အရပ်ဌာန။


(၅) အရှင်သာရိပုတ္တရာမထေရ် မြင်တွေ့စေရန် ဟိမဝန္တာရှိ တစ်ခုသောတောင်ဝှမ်းအတွင်း အရပ်ဌာန။


(၆) သုမနနတ်မင်း၏ တောင်းပန်ချက်အရ သီဟိုဠ်ကျွန်းသမန္တကူဋသုမနတောင်ပေါ်အရပ်ဌာန။


(၇) နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်အရ သုနာပရန္တတိုင်းနမ္မဒါမြစ်ကမ်းနားအရပ်ဌာန။


(၈) သစ္စဗန္ဓ ရဟန္တာမထေရ်၏ တောင်းပန်ချက်အရ သစ္စဗန္ဓတောင်ပေါ်ကျောက်ဖျာအရပ်ဌာ န စသည်တို့ပင်ဖြစ်၏။


မှတ်ချက်။ ဘုရားရှင်ခြေတော်ချခဲ့ရာ(၈)ဌာနဖြစ်သော်လည်း (၅)ဌာနတွင်ရှိသောခြေတော်ရာမှာဒေါဏပုဏ္ဏား စသော မြင်တွေ့စေချင်သ ည့် ပုဂ္ဂိုလ်တို့ မြင်တွေ့ပြီး အကျိုးကိစ္စများပြီးစီးပြီဖြစ်၍ အလိုအလျောက် ပျောက်ကွယ် သွားကြပြီး၊ ကျန်(၃)ဌာနတွင်ရှိသော ခြေတော်ရာကိုမူ ယနေ့ထက်တိုင် ဖူးမြင်ကြရ၏။ နမ္မဒါနဂါးမင်း တောင်းပန်ချက်အရ ချတော်မူသော ခြေတော်ရာမှာ မန်းစက်တော်ရာရှ အောက်စက်တော်ရာဖြစ်ပြီး သစ္စဗန္ဓ ရဟန္တာမထေရ် တောင်းပန်ချက်အရ ချတော်မူသောခြေတော်ရာမှာမန်းစက်တော်ရာဘု ရားရှိ အထက်စက်တော်ရာ(စေတီငုံ၍တည်ထားရာ) တို့ ဖြစ်သည်။


စေတီထိုက်သောခြေတော်ရာ။ -------------------------------မြတ်စွာဘုရား၏ ခြေတော်ရာတို့ကားပါဒစေတီဟူ၍ မည်တွင်သည့်အပြင်ဘုရားရှင်အဓိဋ္ဌာန်ဖြင့် ချတော်မူခဲ့သောပူဇော်ဖွယ်ဝတ္ထြု ဖစ်၍ ပရိဘောဂစေတီလည်း ထိုက်ပေသည်။ ဘုရားရှင်၏ မူလခြေတော်ရာကို ရည်မှန်း၍ တူနိုင်သမျှ တူအောင် ထုလုပ်ပူဇော်ထား သော ခြေတော်ရာပွာတို့သည်ကားဥဒ္ဒိဿစေတီ ထိုက်ပေသည်။


မြတ်စွာဘုရားရှင်သည် သုမနနတ်မင်း၊ နမ္မဒါနဂါးမင်းနှ င့် သစ္စဗန္ဓရဟန္တာမထေရ်တို့ တောင်းပန်ချက်အရ အမြဲထာဝရ ဖူးမြော်နိုင်ကြ ရန် ခြေတော်ရာတို့ကိုချတော်မူခဲ့သည်-ဟူသော အထိမ်းအမှတ်အဖြစ် ရှေးဆရာတော်ကြီးများ၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ ဂေါပကလူကြီး တို့သည် မြန်မာပြည်အနှံ့ စေတီပုထိုး၊ ဘုရားတန်ဆောင်း၊ ကျောင်းကန် အတွင်းနှင့်တောင်ပေါ်အရပ်ဒေသ ဌာနတို့၌ စကျင်ကျောက်ကိုထုလုပ်ပူဇော်လျက်ခြေတော်ရာ ပါဒစေတီတို့ကိုတည်ထားခဲ့ကြလေသည်။ လိုဏ်ဂူတို့၌မူမုခ်ဝအတွက်အဝင်အဝတွင် နံရံဆေးဖြင့် ရေးခြယ်လျက် ပါဒစေတီကို ပူဇော်ကြ၏။


ခြေတော်ရာပါဒစေတီရှိခိုးနည်း။ ---------------------------------(ဒေါင်းကျောင်းဆရာတော်၏ လင်္ကာ) သူ့ချမ်းသာဆောင်၊ မကြောက်အောင်ရွယ်၊ စောင့်ရှောက်ကယ်၍၊ ဖွယ်ရာခြံရံ၊ လှူဒါနံကြောင့်၊ ဝန်းရံပတ်လျက်၊ ရာရှစ်ကွက်ဖြင့် ၊ မြချက်ပုံတောင်း၊ အကွပ်ဆောင်း၍၊ ထောင်ပေါင်းအကန့်၊ ရှင်းသန့်ပြတ်သား၊ ခြေတော်ဖဝါး၌၊ ကြီးမားတေဇာ၊ စက်တော်ရတနာ၊ လက္ခဏာဖြင့်၊ မကွာခစား၊ ထံတော်ပါးဝယ်၊ များသောအခြံအရံ၊ ရှိတော်မူသောမြတ်စွာဘုရား... မြတ်စွာဘုရား။


ကိုးကွယ်ပူဇော်ရကျိုးများ။ --------------------------ဗုဒ္ဓခြေတော်ရာကိုတည်ထားကိုးကွယ်သူများ၊ ပန်း၊ နံ့သာတို့ဖြင့်လှူဒါန်းပူဇော်ရှိခိုးသူများသည်.. အခြံအရံပရိသတ်ပေါများခြင်း၊ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းဟုဆိုအပ်သော ပကတိခရီး သွားလာရာ၌ ဘေးအန္တရာယ်ကင်းခြင်း၊ ဘဝသံသရာခရီးသွားလာရာ၌အပါယ်လေးပါး မကျနိုင်ခြင်း၊ နိဗ္ဗာန်မရောက်မီ လူအဖြစ်၊ နတ်အဖြစ်တို့၌သာ စုန်ဆန်ကျင်လည်ရခြင်း၊ ရုပ်ရည်အဆင်း လှပတင့်တယ်ခြင်း၊ စကြဝတေးမင်းဖြစ်နိုင်ခြင်း၊ နောက်ဆုံးဘဝ၌ အာသဝေါကုန်ခန်းေ သာ ရဟန္တာအဖြစ်သို့ရောက်ရှိခြင်းစသောအကျိုးများကို ရရှိနိုင်ပါသည်။


(အရှင်ဘဒ္ဒန္တနာရဒါ ဘိဝံသ )


✔ FriendCaster PRO v5.4.2 App(android)✔

✔ FriendCaster PRO v5.4.2 App(android)✔ ******************************* ✔ Friend Caster Pro v5.4.2 App✔ facebook သုံးသူတွေအတွက် ဆော့ဖ်ဝဲ ကောင်းလေးတစ်ခုဖြစ်တဲ့Friend Caster PROv5.4.2 ဆိုတဲ့ android ဖုန်းသုံး application လေးတစ်ခုကို တင်ပေးလိုက် ပါတယ်။PRO Version လေးပါ။ facebook officalapp လိုပဲ စွမ်းဆောင်နိုင်မှု features တွေများစွာပါဝင်ပါတယ်။ ပြီးတော့facebook accounts ပေါင်းများစွာ ကိုလည်း ဒီ App လေးတစ်ခုထဲမှာဘဲ ထည့်သွင်း အသုံးပြုလို့ပါတယ်။ fbအကောင့်န်အများကြီး အသုံးပြုသူတွေ အကြိုက်တွေ့စေမယ့်App လေးပါ။ Apk File Size 6.2MB ရှိပြီးတော့ Android OSVersion 2.1 နှင့် အထက်ရှိထားသော android ဖုန်းများမှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အောက်ကချပေးထားတဲ့လင့်ခ် များထဲမှ မိမိနဲ့အဆင်ပြေမ ယ့် ဒေါင်းလင့်ခ်ကနေ ဒေါင်းလုပ်ရယူနိုင်ပါပြီ။ (သတိ-မြန်မြန်ဒေါင်းပါ။လင့်ခ်သေ သွားတတ်သည်။)


ဒီနေရာကို နှိပ်ပြီးဒေါင်းပါ


credit to ko Aung Kyaw


“တရားနာ၊ တရားစာဖတ်ခြင်းကြောင့်ရနိုင်မည့် အကျိုးတရားများ” ••••••••••••••••••••

် “တရားနာ၊ တရားစာဖတ်ခြင်းကြောင့်ရနိုင်မည့် အကျိုးတရားများ” •••••••••••••••••••••••••••••••••••••••••••• မိမိတို့နေ့စဉ်တရားတွေနာကြားခြင်း၊ဘာသာရေးဆောင်းပါများဘာသာရေးစာပေများ၊ တရားစာများကိုဖတ်ရှုခြင်းသည်အကျိုးမမဲ့ဘဲ ကောင်းကျိုးများကိုရစေတတ်တယ်၊ ကုသိုလ်တရားများကိုရစေတတ်တယ်ဆို တဲ့အကြောင်းကို သိစေချင်ပါတယ်။


တရားနာခြင်း(သို့)တရားဖတ်ခြင်းက “ဓမ္မဿဝန”လို့ခေါ်ပါတယ်။တရားနာခြင်းကြောင့် (၁)။မကြားဖူးသေးသောအကြောင်းအရာများကို ကြားရခြင်း၊ (၂)။ကြားဖူးသောအကြောင်းအရာများကို ထပ်၍ရှင်းလင်းစွာနာကြားရခြင်း။ (၃)။ယုံမှားသံသယဖြစ်နေသောအချက်များ၌ ယုံမှားကင်းရခြင်း။ (၄)။အယူမှန် သမ္မာဒိဋ္ဌိကိုရခြင်း။ (၅)။သဒ္ဓါပညာတိုးပွား၍စိတ်ကြည်လင်ခြင်းဟူသော အကျိုးတရားငါးပါးကိုရစေပါတယ်။


ဒါကတရားကိုတကယ်နာချင်တဲ့စိတ်နဲ့ နားကြားမှသာလျှင်အထက်ပါအကျိုးငါးပါးနဲ့ပြည့်စုံပါမှာ။ဆိုလိုတာကတရားနာလျှင်ဒီအကျိုးတရားတွေရမယ်။ ဒီအကျိုးတရားတွေကို ရည်သန်ပြီးနာမှသာလျှင် ဓမ္မဿဝနအစ်ဖြစ်ပြီးအထက်ပါအကျိုးတရားများကို ရမှာဖြစ်ပါတယ်။


တကယ်လို့များ ●ဓမ္မကထိက(တရားဟောဆရာ)ကိုခင်မင်၍ဖြစ်စေ။ ●တရားနာရင်းရယ်စရာ၊မောစရာအသောပါသဖြင့် ပျော်ရွှင်ချင်တဲ့စိတ်ထားဖြင့်ဖြစ်စေ၊ ●တရားမနာလို့သူများကဲ့ရဲ့မှာဆိုးလို့ဖြစ်စေ၊ ●တရားကိုနာဖော်မရဘူး၊ အပျင်းထူလိုက်တာ ဟုကဲ့ရဲ့ရှုံ့ချမှာဆိုးလို့ဖြစ်စေ၊သူများအထင်ကြီးအောင် (ဒီလူကဘုရားအလုပ်၊တရားအလုပ်၊ သာသနာ့အလုပ်ကိုတကယ်လုပ်တဲ့သူ) စတဲ့ချီးမွမ်းမှုများကိုရလို၍ဖြစ်စေ၊ ထိုမှတစ်ဖန်တရားဟောသောဆရာတော်ရဲ့အရည်ချင်းကို စီစစ်လိုပြီးအရည်အချင်းနည်းလျှင်ကဲ့ရဲ့မည် စတဲ့မကောင်းတဲ့စိတ်ထားဖြင့်ဖြစ်စေ ၊ တရားနာမည်ဆိုလျှင်တော့ ဓမ္မဿဝန(တရားနာမှုအစစ်)မဟုတ်ပဲ ဓမ္မဿဝနအတုသာဖြစ်တဲ့အတွက် ထိုအကျိုးတရားများကိုရနိုင်မည်မဟုတ်ပါ။ [www.facebook.com/youngbuddhistass ociation.mm] သေချာဂရုစိုက်ပြီး(ဓမ္မဿဝန)အစစ်ဖြစ်ဖို့လိုအပ်ပါ တယ်။ သို့မှသာအထက်ဖော်ပြထားတဲ့အချက်(၅)ချက်နဲ့ ပြည်စုံမှာဖြစ်ပါတယ်။ထိုသို့ပြည့်စုံခြင်းသည်ပင်လျှင် ကုသိုလ်အရာဖြစ်တယ်လို့ဆိုရမှာပါ။


နောက်တရားစာတွေ၊ဘာသာရေးစာပေတွေဖ တ်တာဟာ “ဓမ္မဿဝန”ကုသိုလ်ဖြစ်ပါတယ်။ အကျိုးများလည်းများသလို ကုသိုလ်လည်းဖြစ်ပါတယ်။ တရားနာခြင်းကြောင့်ရနိုင်တဲ့အကျိုးတရားငါးပါးသည် တရားစာဖတ်ခြင်း၊ဘာသာရေးစာပေတွေ ဖတ်ရင်လည်းထိုအကျိုးတရားငါးပါးကိုရနိုင်ပါတယ်။


တရားနာနေတဲ့အချိန်လေးမှာ၊ တရားစာတွေဖတ်နေတဲ့အချိန်လေးမှာမိမိစိတ်က အခြား အကုသိုလ်ဖြစ်စေမည့် အာရုံများသို့မေ ရာက်နေပဲ၊တရားအာရုံပေါ်ကျရောက်နေတဲ့အတွက် မြတ်စွာဘုရားရှင်အပေါ်၌ကြည်ညိုမှုသဒ္ဓါတရားတွေ၊ ဆရာတော်များဟောတဲ့တရားတွေ၊ ဆရာတော်များရေးတဲ့ဘာသာရေးဆောင်းပါးတွေဟာ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဖော်ထုတ်ခဲ့တဲ့ သဘာဝအရှိတရားတွေပဲဆိုတဲ့အသိတွေ၊ ထိုတရားတွေကို တကယ်ကျင့်ကြံမယ်ဆိုရင် လက်ငင်းအကျိုးရနိုင်တဲ့တရားဂုဏ်တော်တွေကို အောက်မေ့နှလုံးသွင်းမိတဲ့အတွက် တရားပေါ်၌လဲ သက်ဝင်ယုံကြည်ခြင်းဆိုတဲ့သဒ္ဓါပညာတွေ၊မြတ် စွာဘုရားပဋိနိဗ္ဗာန်ပြုပြီးနောက်ပိုင်းမြတ်စွာဘုရားဟော ဖော်တော်မူခဲ့တဲ့တရားတော်တွေကို မြတ်စွာဘုရားရှင်၏တပည့်သားတော်အရှင်မဟာကဿပ၊အရှ င်အာနန္ဒာရဟန္တာမထေရ်မှစ၍ ယခုခေတ် မျက်မှောက်သံဃာတော်များ လက်ဆင့်ကမ်းသယ်ဆောင်လာလို့ ဒီတရားတွေနားကြားရတယ်ဆိုပြီး တရားတော်ကို သယ်ဆောင်တော်မူခဲ့တဲ့ သုပ္ပဋိပန္တွစတဲ့ဂုဏ်တော် ကိုးပါးနဲ့ပြည့်စုံတဲ့ သံဃာတော်တွေရဲ့ဂုဏ်ကိုကြည်ညိုမိ တဲ့ သဒ္ဓါတရားတွေကြီးထွားလာပါတယ်။


တရားတော်တွေကိုနာကြားလိုက်တော့ ဒါကအကုသိုလ်တရား၊မဆောင်အပ်၊နှလုံးမသွင်းအပ်၊ မပေါင်းဖော်အပ်တဲ့တရား၊ ဒါက ကုသိုလ်တရားဆောင်သင့်အပ်၊နှလုံးသွင်းအပ်၊ ပေါင်းဖော်အပ်၊ပြုလုပ်အပ်တဲ့တရား၊ အကုသိုလ်တရားကတော့ ငရဲစတဲ့ အပါယ်လေးပါးကိုရောက်စေတတ်တဲ့တရား၊ ဒါနတရားကတော့ဖြစ်လေရာဘဝတိုင်းချမ်းသာခြင်းကို ဆောင်တတ်တဲ့တရား၊ သီလတရားကတော့ ဖြစ်လေရာဘဝမှာ အသက်ရှည်စေတတ်၊အနာရောဂါကင်းစေတတ်တဲ့တရား၊ဘာဝနာတရားကတော့ ဖြစ်လေရာဘဝမှာစိ တ်ချမ်းသာစေတတ်၊စိတ်ဓာတ်တွေတည်ြ ကည်စေတတ်တဲ့တရား၊ စိတ်ဆင်းရဲမှုကင်းစေတတ်တဲ့တရား၊ အချုပ်အနှောင်အချမခံရပဲ အချုပ်အနှောင်မှလွတ်ကင်းစေတတ်တဲ့တရား၊ ဝိပဿနာတရားကတော့ မဂ်ဥာဏ်၊ဖိုလ်ဥာဏ် နိဗ္ဗာန်ကိုရောက်စေတတ်တဲ့တရားဆိုပြီး ပိုင်ပိုင်နိုင်နိုင်ခွဲခြားနိုင်တဲ့ “ပညာ”တရားများလည်းတိုးပွားနိုင်ပါတယ်။ [www.facebook.com/youngbuddhistass ociation.mm] ဒါကြောင့်နံပါတ်(၅)မှာသဒ္ဒါ၊ပညာတိုးပွားပြီး စိတ်ကြည်လင်ခြင်းဆိုပြီးအကျိုးတရားတစ်ပါးကိုထည့်သွင်းရေတွက်ထားတာပါ။ ဒီလိုသဒ္ဓါ၊ပညာတိုးလာခြင်းသည်ပင်ကုသိုလ်တရားများ ရလိုက်ခြင်းပင် ဖြစ်ပါတယ်။


မိမိနားကြားထားတဲ့၊မိမိဖတ်ထားတဲ တရားတစ်ခုလောက်ကိုပဲ သေခါနီးအချိန်ထိ ယူဆောင်ကျင့်ကြံလိုက်မယ်ဆိုရင်အတော်ကို အကျိုးထူးပါတယ်။(ဥပမာ)မေတ္တာတစ်လုံးကို ယူပြီး အရပ်လေးမျက်နှာ၊အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာအနန္တစကြာဝဠာမှာရှိတဲ့ အလုံးစုံသောသတ္တဝါများကို မေတ္တာပို့ကြည့်ပါ။ လက်ငင်းအချိန်လည်းအေးချမ်းသလို၊သေဆုံးသွားရင် တောင် ဗြဟ္မာဘုံထိရောက်နိုင်ပါတယ်။တရား နာရင်းသေလို့ နတ်ပြည်ရောက်သွားတဲ့ သာဓကတွေ၊ ဝတ္ထုတွေရှိပါတယ်။


ဒါကြောင့်အားလုံးသောသူများလည်းအချိန်ရလျင် ရသလောက်တရားနာစေချင်ပါတယ်။အချိန်ရရင် ရသလောက် ဘာသာရေးစာပေ၊တရားစာပေများကို ဖတ်စေချင်ပါတယ်ဆိုတဲ့ အကြောင်း အသိပေးရေးသားလိုက်ရပါသည်။


အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။ -[အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)]


တဏှာနှင့် ကံ

တဏှာနှင့် ကံ

••••••••••••••••• ခင်ဗျားတို့ကိုယ်မှာရုပ်နာမ်နှစ်မျိုးပဲရှိတ ယ်။ ထိုင်နေတာကရုပ်တရား၊နာနေတာကနာမ်။ ယောက်ျားရယ်မိန်းမရယ်လို့ဆိုကြတာက သမုတိသစ္စာနယ်မှာ ပညတ်အားဖြင့်မှန်တယ်။


ဥပမာ- မြစ်ဟိုဘက်ကမ်းကို လှေနဲ့ ကူးသွားမယ်ဆိုရင်၊ လှေကြောင့်လဲဟိုဘက်ကမ်းကိုရောက်တယ်ဆိုရမယ်၊ လူကြောင့်လဲ ဟိုဘက်ကမ်းကိုရောက်တယ်ဆိုရမယ်။


တစ်ခုနှင့်တစ်ခု အမှီပြုနေတာပဲ။"အကြောင်းနဲ့အကျိုးပဲ"ရှိတယ်။ရုပ်ကြောင့်လည်း နာမ်ဖြစ်တယ်။ နာမ်ကြောင့်လည်း ရုပ်ဖြစ်ပေါ်လာရတ ယ်လို့ မှတ်ပါ။ ဒီခန္ဓာမှာရှိတဲ့ ရုပ်နာမ်ဟာခင်ဗျားတို့ပြုခဲ့တဲ့“ကံ”၏ အစွမ်းကြောင့်ဖြစ်ရတယ်။


ကံရှိသရွေ့ ဒီရုပ်နာမ်အစဉ်ဟာပြတ်မသွားဘူး။ သေရင်ဘာမှ မဖြစ်ဘူးဆိုတဲ့ အယူဟာဥစ္ဆေဒဒိဋ္ဌိ အယူပဲ။ ဒါ မှားတဲ့အယူပဲ။ကုသိုလ်အကုသိုလ်ကံတွေကြောင့် ရုပ်နာမ် အစဉ်တွေ အဆက်မပြတ် ဖြစ်နေရတယ်။ကံ၊ ကံ၏အကျိုးပေးဆို တာရှိတယ်။


ကံတို့၏ အကျိုးပေးတရားဟာ ဥာဏ်နဲ့ မှန်းဆပြီး သိနိုင်တယ်။အကြောင်းတရားတိုင်းမှာ အကျိုးတရားရှိတာချည်းပဲ။ အတိတ် ပစ္စုပ္ပန် အနာဂတ်ဆိုတဲ့ကာလသုံးပါးရှိနေတာပဲဟာ။ ကာလသုံးပါးရှိနေတော့ အတိတ်ဘ၀လဲရှိရမယ်၊ ယခုလက်ရှိဘ၀လဲရှိရမယ်။နောင်အနာဂတ်ဘ၀လဲ ရှိရမှာပေါ့။


လူတွေဟာအတိတ်ဘ၀ကံ အကြောင်းတရားအမျိုးမျိုးကြောင့် ယခုဘ၀မှာအကျင့်အမျိုးမျိုး၊ ရုပ်ရည်အမျိုးမျိုး၊ စိတ်နေသဘောထားအမျိုးမျိုး၊ ပညာမှာလည်း ထူးချွန်မှု၊ မထူးချွန်မှုအမျိုးမျိုး၊ ဆင်းရဲချမ်းသာအမျိုးမျိုး ကွဲပြားခြားနားနေကြတာပေါ့။


ဒီလိုကွဲပြားမှုတွေဟာ ရာသီဥတုနဲ့ပတ်ဝန်းကျင် အတွေ့အကြုံကြိုးစားမှုအပေါ်မှာ အနည်းအပါးတော့တည်တယ်။ ဒါပေမယ့် ခင်ဗျားတို့ပြုခဲ့တဲ့ “စေတနာကံကပဓာနပဲ”။ သူက စီမံတာ။ဒီတော့အခု ဘ၀ သုံးပါးဆက်စပ်ပုံကို ရှင်းပြမယ်။


★လွန်ခဲ့တဲ့အတိတ်ဘ၀၊ ယခုရောက်ဆဲ ပစ္စုပ္ပန်ဘ၀၊ နောက်လာမယ့် အနာဂတ်ဘ၀လို့ ဘ၀သုံးပါးကို တန်းပြီးတော့မှတ်ထားပါ။ ဘာကြောင့်များ ဒီဘ၀သုံးပါးဟာတခုနဲ့တခုဆက်မိအောင် ဆပ်စပ်နေပါသလဲ၊ ဒီဘ၀တွေကို ဆက်မိအောင်လုပ်တဲ့လက်သည်ကိုရှာကြစို့။ အပ်ချုပ်သမားဟာအထည်စက်ရုံ၊ ယက္ကန်းစင်တို့ကထွက်လာတဲ့အ၀တ်အထည်တွေကို ခင်ဗျားတို့ကိုယ်နဲ့ အံကျဖြစ်အောင် ဆက်စပ်ချုပ်လုပ်ပေးလို့ ခင်ဗျားတို့ရဲ့ လုံချည်အင်္ကျီတွေဖြစ်လာရတာ၊ ★


★ဒီတော့ သမုဒယသစ္စာဆိုတဲ့ တဏှာလောဘဟာ ဒီအပ်ချုပ်သမားလိုပဲ ဒုက္ခသစ္စာ=ဘ၀တွေကို ဆက်စပ်ပေးနေတယ်။ တစ်ဘ၀ပြီး တစ်ဘ၀ မပြတ်ရအောင် ဆက်ပေးနေတယ်။ အတိတ်ဘ၀ကစုတေပြီးသည်နှင့်တပြိုင်နက် ယခုရောက်ဆဲ ပစ္စုပ္ပန်ဘ၀ကို ဆက်ပေးတယ်။ ဒီ ပစ္စုပ္ပန်ဘ၀ကသေကြရဦးမယ်။ သေရင် ပစ္စုပ္ပန်ဘ၀ စုတိစိတ်ကလေးနဲ့ အနာဂတ်ဘ၀ ပဋိသန္ဓေစိတ်ကလေးကို ဆက်ပေးဦးမယ်။ ဒီတော့ “တဏှာလောဘ” မသေရွေ့တော့ဘ၀=ဒုက္ခ အဆက်မပြတ်တော့ပါဘူး။ ★


ဒီတော့ “တဏှာလောဘ”ဟာ အတိတ်ဘ၀နဲ့ ပစ္စုပ္ပန်ဘ၀၊ ပြီးတော့ပစ္စုပ္ပန်ဘ၀နဲ့ အနာဂတ်ဘ၀တွေ အဆက်မပြတ်အောင် ဆက်ပေးနေတာပဲ။ ဒီ တဏှာလောဘ မသေသရွေ့တော့၊ “စုတိပြီးပဋိသန္ဓေ၊ ပဋိသန္ဓေပြီးစုတိ” ဆက်စပ်ပေးနေမှာပဲ။


တစ်သံသရာလုံးမင်းတို့ငါတို့ကို ဒုက္ခအားလုံးနဲ့ ဆက်စပ်ပေးနေတာဟာ ဒီ“တဏှာလောဘ”ပဲ။ ဒီ တဏှာလောဘကို အသေမသတ်နိုင်သရွေ့ ကာလပတ်လုံး ဘယ်တော့မှ ဒုက္ခဆက် ပြတ်တော့မှာ မဟုတ်ဘူးလို့မှတ်ပါ။ ခင်ဗျားတို့ကတော့ဒီဘုံဘ၀ကို ကုသိုလ်ကံကဆက်သလိုလို ထင်ချင်ထင်နေမယ်။


ကုသိုလ်ကံပေမယ့် ဒီတဏှာမရှိရင်ဒီကုသိုလ်ကံဟာ နိဗ္ဗာန်ပို့တယ်။ သူက ဘ၀တွေဆက်ပေးနေလု နိဗ္ဗာန်မရောက်တာ။ ကုသိုလ်ကံဟာ တဏှာရဲ့လက်အောက်ခံဖြစ်တဲ့အတွက်လူစုတိနဲ့ နတ်ပဋိသန္ဓေဆက်ပေးလိုက်တာပဲ။ စုတိနဲ့ပဋိသန္ဓေ အဆက်မပြတ်ရအောင် ဆက်ပေးတဲ့ လက်သည်ရင်းကတော့ ဒီ“တဏှာလောဘ”ပဲ။ ခင်ဗျားတို့က သာမညဥာဏ်လေးနဲ့ကြည့်တော့ သြော် .....ကံကောင်းလို့လူ့ပြည်ရောက်လာတယ်။ ကံကောင်းလို့နတ်ပြည်ရောက်လာတယ်လို့ ထင်ကြမယ်၊ ဒီကံတွေဟာ ဘယ်လိုကောင်းကောင်း၊ တဏှာသေရင် အဟောသိကံဖြစ်သွားရတယ်။ အကျိုးမပေးနိုင်တော့ဘူး။ ဘုရားဖြစ်ခါးနီး ဝေဿန္တရာမင်းကြီးဟာ ဒါနကုသိုလ်ကံတွေ အများကြီးပြုလုပ်ခဲ့တယ်။ ဘုရားအဖြစ်သို့ေ ရာက်တော့ သူ့ရဲ့ဒါနကုသိုလ်ကံတွေဟာ ကုန်ပြီလို့မဆိုနိုင်ဘူး။ တဏှာရှိတဲ့ ပုဂ္ဂိုလ်သာဆိုရင်အကျိုးပေးလို့ မကုန်နိုင်ဘူး။ သို့သော်ဗောဓိပင်နဲ့ရွှေပ လ္လင်မှာဝိပဿနာအလုပ်ကို လုပ်လိုက်တဲ့အတွက် တဏှာလောဘက သေသွားတော့ဘုရားပရိနိဗ္ဗာန် စံပြီးရင်ဘယ်ဘ၀မှ မဆက်တော့ဘူး။ ဒါ တဏှာကုန်လို့မဆက်တာ။


“ကံ”ကတော့မကုန်ဘူး။ မဏှာကုန်လို့သာ မဆက်နိုင်တာ။ ဒါဖြင့်ဘ၀ဆက်လေသမျှဟာ “တဏှာလောဘ”လို့သာ မှတ်ကြ။


ဒါဖြင့် “ကံ”ဟာ ကြောက်စရာကောင်းသလား၊ “တဏှာ”ဟာ ကြောက်စရာကောင်းသလားဆိုတော့ တဏှာကကြောက်စရာကောင်းတာ၊ ခင်ဗျားတို့ကတော့အကုသိုလ်ကံနှိပ်စက်မှာ ကြောက်လိုက်ကြတာ၊ တဏှာကြောက်တယ်လို့မပါဘူး။ အကုသိုလ်ကံ အကျိုးပေးလို့ ဒိုင်းကနဲ သေမှာ၊ စီးပွားရေးပျက်သွားမှာပဲ ခင်ဗျားတို့ ကြောက်နေကြတာ၊ တစ်သက်လုံးမုဆိုးလုပ်စားနေ တဲ့ မုဆိုးကြီးဟာ အကုသိုလ်ကံတွေမနည်းဘူး လုပ်ထားတာ။ သို့သော်လည်းဘုရားနဲ့တွေ့လို ဘုရားရဲ့ တရားကိုနာပြီး ၀ိပဿနာအလုပ် လုပ်လိုက်တော့ အဲဒီအကုသိုလ်ကံတွေဟာ အကျိုးဆက် မပေးနိုင်တော့ဘူး။ ဘာပြုလို့လဲ၊ တဏှာချုပ်သွားလို့၊ ဒီတော့ ခင်ဗျားတို့တတွေ “ကုသိုလ်ကံ”တွေကိုလည်း ဒီလောက်အားကိုးစရာ မလိုပါဘူး။ “အကုသိုလ်ကံ”တွေကိုလည်း ဒီလောက်ကြောက်စရာ မရှိပါဘူး။


★ခင်ဗျားတို့ ဘ၀များစွာက ၀ဋ်ထဲလည်မယ့် ၀ဋ်ကုသိုလ်ကံတွေ အကုသိုလ်ကံတွေ တစ်ပုံကြီးရှိမှာပဲ။ အဲဒီအကုသိုလ်ကံေ တွကို မကြောက်ပါနဲ့၊ ဘ၀ဆက်တတ်တဲ့ “တဏှာ” သေရင်အဲဒီကုသိုလ်ကံ အကုသိုလ်ကံတွေဟာ “အဟောသိကံ” ဖြစ်ပါတယ်။ အကျိုးမပေးတော့ပါဘူး။ ★


တဏှာခေါင်းဆောင်တဲ့ကံကသာ အကျိုးပေးနိုင်တော့ ခေါင်းဆောင်တဏှာကိုသတ်လိုက်ရင်“ကံ”က မဆက်နိုင်တော့ပါဘူး။ ဒါကြောင့်“ကံ”ကို မကြောက်ပါနဲ့။ သစ္စာလေးပါးမှာ ကုသိုလ်အကုသိုလ် ကံတွေ ဒီလောက်မဟောပါဘူး။ သမုဒယ=တဏှာသေရင်ပြီးတာပဲလို့ဘုရားက ဒီတစ်လုံးတည်းဟောထားတယ်။ တဏှာ=သမုဒယကို မဂ်နဲ့ ပယ်သတ်လိုက်ရင် ဘာမှပူစရာမရှိပါ ဘူး။


★ခင်ဗျားတို့က ကုသိုလ်ကံလေးတွေ ၀င်လာရင် တပြုံးပြုံးနဲ့ အကုသိုလ်ကံလေးတွေဝင်လာရင် တမဲ့မဲ့ တရွဲ့ရွဲ့နဲ့မဟုတ်လား။ ဒီတော့ကုသိုလ်ကံကို ၀မ်းမြောက်တာလည်းမှားတယ်။ အကုသိုလ်ကံကိြုေ ကာက်တာလည်း မှားတယ်။ ★


သစ္စာနဲ့ဝေဖန်လို က်တော့၊ သမုဒယသစ္စာ တဏှာလောဘကို ကြောက်မှအကြောက်မှန်။ ဘုရားက “တဏှာအပ်ချုပ်သမား”လို့သာ ဟောတယ်။ “ကံအပ်ချုပ်သမား”လို့ မဟောခဲ့ဘူး။ ခင်ဗျားတို့ကို တကယ်ဒုက္ခပေးနေတာဟာ ဒီတဏှာပဲ။ ဒုက္ခအပေးဆုံးဖြစ်တဲ့တဏှာကအရှောင်ကောင်း အပုန်းကောင်းဆိုတော့ သူ့ကိုဖမ်းရတာမလွယ်ဘူး။


★ဥာဏ်နဲ့ဖမ်းမှ မိတယ်။ ဘုရားတောင်မှ ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်ရောက်မှ တဏှာကို မင်းအကြောင်းကော င်းကောင်းသိပြီ၊ နောက်ကို မင်းဘယ်တော့မှငါ့ကို ဒုက္ခပေးလို့ မရတော့ဘူးလို့ ကြွေးကြော်ရဲတာ။ ခင်ဗျားတို့ကတော့တဏှာကို ခေါင်းငုံ့ပြီး ခံနေတယ်။ မခက်ဘူးလား။ ဒီတော့ ဒီတဏှာကိုသတ်ရမယ်။


★★တဏှာကို သတ်တော့မယ်ဆိုရင်ဒီတဏှာ မှီနေတဲ့ ကပ်နေတဲ့နေရာကိုရှာရမယ်။ ဒီတဏှာက ဘယ်နေရာတွေမှာ ကပ်နေသတုံး။ ဒီတဏှာက ခင်ဗျားတို့ သန္တာန်မှာရှိတဲ့ “ မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ ဒွါရခြောက်ပါး(အတွင်းအာယတန ၆-ပါး)မှာ ကပ်နေတယ်။ ပြီးတော့“ရူပါရုံ”စတဲ့အာရုံ၆-ပါး(အပြင်အာယတန ၆-ပါး)မှာလဲ ကပ်နေတယ်။ ပြီးတော့ဒွါရ ၆-ပါးနဲ့ အာရုံ ၆-ပါး အသီးသီးတွေ့ဆုံလ သိလာတဲ့“မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ တွေ့ထိစိတ်၊ ကြံသိစိတ်”ဆိုတဲ့စက္ခုဝိညာဏ် စတဲ့ ၀ိညာဏ် ၆-ပါးမှာလဲ ကပ်နေတယ်။ ဒီတော့ တဏှာကပ်နေတဲ့ နေရာဟာ အချုပ်အားဖြင့် ၁၈-ပါးတောင်ရှိနေတာ။ ★★


အို ..... တစ်ကိုယ်လုံးကို ဒီတဏှာကကပ်နေတာ။ ဒီတော့ ဒီတဏှာကို သတ်ရမယ်။ ဘယ်လိုသတ်မလဲ။ ၀ိပဿနာလုပ်ပြီးသတ်ရမယ်။ ဒီတဏှာနေတဲ့၁၈-နေရာကိုဝိပဿနာဥာဏ်နဲ့ ဖြစ်ပျက်အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ မြင်အောင်ရှုရမယ် ။ ဒါတွေမြင်သိလာတော့ ဒီ ၁၈-ပါးသောအရာတွေ ကို သာယာနှစ်သက်မှုမရှိတော့ဘူး။ ရွံ့မုန်းလာမယ်။ မရချင်တော့ဘူး။ ဒါတွေမရှိတာကောင်းတယ်လို့ သိလာတော့ တဏှာဟာ တဖြည်းဖြည်းပါးပါးသွားပြီး၊ နောက်ဆုံးလုံးဝချုပ်သွားမယ်။ အဲတဏှာချုပ်ရင် နိဗ္ဗာန်ရောက်တာပဲ။ ဒါဖြင့်ဝိပဿနာလုပ်ကြပေေ တာ့။


မိုးကုတ်ဆရာတော်ဘုရားကြီး ၏ သြ၀ါဒတရားများ (၁၃၁၈-ခု၊ တော်သလင်းလဆန်း၁၀-ရက်နေ့၌ ဟောကြားသည်)


----------------------*-----------------------သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -"Donated By Honey Lay" _/|\_ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။ လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ ၊… _/|\_