Sunday, May 12, 2013

သောတာပန်ဖြစ်ရန် အင်္ဂါ (၄ )ပါး...

သောတာပန်ဖြစ်ရန် အင်္ဂါ (၄ )ပါး...


သောတာပန်ဖြစ်ချင်ရင် အင်္ဂါလေးချက်နှင့်ညီညွတ်အောင် နေထိုင်ရမယ်၊


ကျင့်သုံးရမယ်လို့မြတ်စွာဘုရား


ကိုယ်တိုင် ဟောထားတာရှိသားပဲ။အင်္ဂုတ္တိုရ်ပါဠိတော်မှာ ပါတယ်။


(၁)သပ္ပုရိသသံသေဝေါ (သူတော်ကောင်းနှင့်ပေါင်း။)


(၂)သဒ္ဓမ္မဿဝနံ (သစ္စာတရားမျိုးကိုရွေး၍နာ။)


(၃)ယောနိသော မနသိကာရော (မှန်မှန်ကန်ကန် ကြံဆ၊ ဆင်ခြင်နှလုံးသွင်း။)


(၄)ဓမ္မာနုဓမ္ဓပဋိပတ္တိ(ရနိုင်လောက်အောင်ဇွဲ သန်သန်ဖြင့် အားထုတ်။)


သူတော်ဆည်းကပ်၊မြတ်တရားနာ၊ လျှော်စွာ အကျင့်၊ မဂ်ဖိုလ်ခွင့် ရလင့် ဧကန်သာ...။


(မိုးကုတ်ဆရာတော်ဘုရားကြီး၏တစ်ဘ၀သာသနာ)


သူတော်သူမြတ် မြဲဆည်းကပ်၍၊ မှတ်မှတ်သားသား တရားကိုနာ၊လျှော်စွာနှလုံးသွင်း၊


ကျင့်ခြင်းသင့်လျှော် ဤလေးဖော်သည် မှတ်နော် သောတာ ဖြစ်ကြောင်းတည်း...။


(ရွှေမင်းဝံဆရာတော်၏တရားတော်များမှ)


No comments:

Post a Comment