Monday, November 11, 2013

ပူလောင်မှုများမှသည်ငြိမ်းအေးမှုဆီသို့

<<< ပူလောင်မှုများမှသည် ငြိမ်းအေးမှုဆီသို့ >>>


သစ္စာတရားသိအောင် လုပ်ရမယ့် အလုပ်ဟာ မလုပ်မဖြစ်တဲ့အလုပ်


၁။သတ္တ၀ါတွေရဲ့ အမြဲနေအိမ်က အပါယ်လေးပါး -


လူ့ပြည်လာတာ အရိပ်လာပြတာ၊ တစ်သံသရာလုံး မဂ်ရတာ မကြိုက်ခဲ့လို့ အပါယ်လေးပါး ကိုယ့်အိမ်ကိုယ့်ရာဖြစ်ခဲ့ရတာ။ အခုလူ့ဘ၀ကို တရားကြောင့် ရောက်လာတာ မတရားနဲ့ အချိန်ကုန် မယ်ဆို အရင်းရှုံးပါလိမ် မယ်။ ဒီအတိုင်း နေလို့မတော်တဲ့အကြောင်း ကောင်းကောင်း သိပါ။


လူဆိုတာ ဒီလိုပဲ ရှာစားနေရတာပဲ ပြောနေတာ၊ ရှာစားတဲ့ဘက်ကပဲ နားလည်တာကိုး မရှာဘဲ ချမ်းသာနေတဲ့ဘက်ကို နားမလည်တော့ ကိုယ်နားလည်တာပဲ အသားယူပြောနေတာ။ ရှာစားရတဲ့ကိစ္စရှိရင် မရှာဘဲပြီးတဲ့ ကိစ္စလည်း ရှိရမယ်။ ခင်ဗျားတို့ ရိုးရာနှိပ်စက်နေတာ မတော် လှန်နိုင်ဘဲဖြစ်နေလို့၊ ကိုယ်ပင်ပန်းတာေ တွကိုလည်း ထုံးတမ်းစဉ်လာနဲ့ ဖုံးပစ်လိုက်တော သစ္စာ ပျောက်သွားတယ်။ ထုံးတမ်းစဉ်လာကလ ည်း ကိုယ့်ဟာကိုယ် လုပ်ထားတဲ့ ထုံးတမ်းစဉ်လာ။ ဆင်း ရဲသက်ရှည်နေတာ ထုံးတမ်းစဉ်လာတွေ ဖုံးနေလို့။


ခင်ဗျားတို့ တစ်ကိုယ်လုံး ဒုက္ခဆင်းရဲသာ အမှန်ရှိ၍ ချမ်းသာစစ် အမှန်မရှိသေးပါဘူး၊ ဒုက္ခရှိလျှက်နဲ့ ဒုက္ခရှိမှန်း မသိတာ သစ္စာမသိလို့။ ခင်ဗျားတို့ မသိလိုက်တဲ့ဖြစ် ခြင်းဟာ မိုးကြိုးပစ် တာထက်နာသေးတယ်။ အသုဘပို့တိုင်း သူတော့သေပြီ ငါတော့ မသေရာရှာမယ်ဆိုတဲ့စိတ် လာကိုမလာဘူး။ ခင်ဗျားတို့က ဒုက္ခမပြတ်မှ နေတတ်တယ်။ အသေချင်းထပ်မှ နေတတ်တယ်။ အနာချင်းထပ်မှ နေတတ်တယ်။ မပူရတဲ့ဘ၀ မသေရတဲ့ဘ၀ တစ်ခါမှ မတွေ့ ခဲ့ကြရပါဘူး။ မသိတော့ ပြောသံကြားနဲ့ ကိုယ်ဟာကိုယ် တင်းတိမ်နေတာလည်း အတော်ဆိုးတယ်။


ခင်ဗျားတို့ ချမ်းသာအစစ် မသိသေးဘူး။ ဒုက္ခသစ္စာ ချမ်းသာအတုကိုသာ သိတယ်။ ခင်ဗျား တို့ပျော်နေတဲ့အပျော်က ခွေးအမဲရိုးရလို ပျော်နေတဲ့ အပျော်မျိုး၊ ခင်ဗျားတို့ ကြိုက်နေတဲ့ ချမ်းသာ က ပုပ်ရိနေတဲ့ ခွေးသားကို လင်းတရလို့ ကြိုက်တဲ့ ချမ်းသာမျိုး၊ ဘုရားက ငြိမ်းအေးတဲ့ သုခအစစ် (နိဗ္ဗာန်ချမ်းသာ ) ကြိုက်စေချင်တယ်။ ခင်ဗျားတို့က သုခဝေဒနာ ကြိုက်နေတယ်။ ခင်ဗျားတို့ အလွဲ ချည်းပဲဆိုတာ သေသေချာချာပြောတာပါ။ တစ်သက်မှ တစ်ခါ တစ်သံသရာမှ တစ်ခါဆိုသလို ဒီလို နက်နက်နဲနဲတွေ ကြားရတာနော်။ အင်မတန် ဂရုစိုက်ကြစမ်းပါ။


၂။ ကိုယ့်ကိုယ်ကို သနားရင် ဒီအလုပ်လုပ်ပါ -


မသိတုန်းက မသိသလို နေလာခဲ့တာ ကိစ္စမရှိဘူး။ သိပြီးတဲ့အခါကျတော့ ပြင်ဖို့ဆင်ဖို့ အချိန်ရောက်ပြီ။ ဒီတစ်ခါ ပြောင်းရင်ပြောင်း နောက်ဆို ပြောင်းပေးမယ့်သူလည်း မရှိဘူး။ ပြောင်းဖို့ ရာ အချိန်တွေလည်း ကုန်တော့မယ် မှတ်ပါ။ မဂ္ဂင်အလင်းရောင် တွေပေါ်နေတုန်း အေးချမ်းတဲ့ နိရောဓသစ္စာ နိဗ္ဗာန်ဆီသွားကြ ပါ။ အပါယ်လမ်းက ဆင်းရဲလမ်း၊ သုဂတိလမ်းက ခေတ္တအပန်းဖြေ တဲ့လမ်း အဆုံးမဟုတ်ဘူး။ လမ်းတကာ့လမ်းထဲမှာ မဂ္ဂင်လမ်းသာ ချမ်းသာအစစ်ဆီ အဆုံးပို့တယ်။ ရောက်ဖူးတဲ့သူက ချမ်းသာအစစ်မှန်း သိလို့ပြန်ခေါ်တာ။


ဘုရားက ၀ိပဿနာရှုဖို့(၁၇၉၂) ကြိမ် တိုင်တိုင်မှာခဲ့တယ်။ လှူဒါန်းတာ ပေးကမ်းတာ အသာထားပြီး သူပြောတဲ့ တရားအတိုင်းကျင့်ပြီး သူ့ကို တရားနဲ့ ပူဇော်စေချင်တယ်။ ဒီအလုပ်ဟာ ဖြင့် ပေးကမ်းတာ အသာထားပြီး သူပြောတဲ့ တရားအတိုင်းကျင့်ပြီး သူ့ကိုတရားနဲ့ ပူဇော်စေချင် တယ်။


ဒီအလုပ်ဟာဖြင့် မလုပ်ဖြစ်တဲ့အထဲမှာ အကြီးကျယ်ဆုံးအလုပ်။ ၀ိပဿနာ မလုပ်သေးတာ ဖြင့် သေရတာ အားမရသေးလို့လား မေးဖို့ပဲ ရှိတော့တယ်။ ခင်ဗျားတို့ အင်မတန်ကိုယ်ကျိုး နည်းမှာစိုးလို့ ဒီအလုပ်ကို ခိုင်းနေတာမှတ်ပါ။ ခင်ဗျားတို့က မသိလို့ အေးအေးနေတာ။ တော်ကြာ ခင်ဗျားတို့ တွေ့ရမယ့် ဒုက္ခက မသေးဘူးနော်။ ဆုတောင်းပြည့်ဘုရား မကယ်နိုင်ဘူး။ ကိုယ့်ကိုယ် ကို ကယ်ကြပါ။


ဘယ်သူဘာပြောပြော ကိုယ့်ဟာကိုယ်ရုန်းမှ­ လွတ်မှာ။ လေကုတ္တရာ အလုပ်ဆိုတာ ထုံးစံ အလုပ်တွေကို ဘက်တိုက်ရတယ်(လုပ်နေကျ အလုပ်တွေကို ဆန့်ကျင်ပစ်ရတယ်) ဒီတစ်လုံးဟာ အင်မတန် အရေးကြီးတဲ့ စကားလို့မှတ်ပါ။


၃။ အချိန်ဆွဲလေလေ မှားချက်သန်လေလေ -


စဉ်းစားခန်းရှည်ရှည်ထုတ်လေ နောက်ဆုတ်လေပဲ။ ဖြည်းဖြည်းမှ ဆိုတဲ့ စကားမသုံးပါနဲ့။ ဖြည်းလာခဲ့တာ ကြာခဲ့ပါပြီ။ ဆင်ခြေပေးနေလို့ရှိရင် ငရဲ မျိုးစေ့ ကြီးပွားပါရစေ ဆိုတဲ့ အဓိပ္ပါယ်နဲ့ အတူတူပဲ။ ငရဲမျိုးစေ့ ကြီးပွားလေလေ ငရဲသက်ရှည်လေလေ။ ကိုယ်သေရင် အပါယ်တွန်းချမယ့် တရားတွေ ၀မ်းထဲ ရှိလျှက်နဲ့ နှောင့်နှေးတဲ့အလုပ် လုပ်နေရင် ဒီထက်မိုက်တာ ရှာမတွေ့တော့ဘူး။


တစ်ဘ၀ တစ်နပ်စာ ငဲ့နေတာနဲ့ တစ်သံသရာ လုံးအရေး နစ်နာသွားလိမ့်မယ်။ သူတော် ကောင်းနဲ့ ဆရာကောင်းနဲ့ အကြုံကြီး ကြုံနေပေမယ့် ခင်ဗျားတို့ အချိန်ဆွဲနေရင်ြ ဖင့် နိဗ္ဗာန်နဲ့ အဆုံကြီးဆုံဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။ အသေဘက်ကို ပြေးနေတဲ့ ခန္ဓာကို နောက်ပြန်ဆွဲထုတ် လို့ မရဘူး။ ပြေးရင်း လွှားရင်း သစ္စာသိမယ့်အလုပ် မြန်မြန်လုပ်ပါ။ သုဿန်သွားရင်း ဒီအလုပ်ကို လုပ်ရတယ် မှတ်ပါ။ လောကီမှာလည်း စားဖို့ သောက်ဖို့ နေဖို့ ထိုင်ဖို့ ဆိုတာ တရားသာ အားထုတ် ပါ၊ တရားက ဆောင်ပါလိမ့်မယ်။


၎။ လောက၌တွေ့ဆုံဖြစ်ပေါ်ဖို့ရန် အခက်ခဲဆုံး တရားငါးပါ -


(၁) ဘုရားသာသနာနဲ့ ကြုံနေရခြင်း ၊


(၂) ဘုရားဟောတဲ့ တရားတွေကို သေသေချာချာ မဂ်ဖိုလ်ဆိုက်အောင် ဟောနိုင်တဲ့ ဆရာ ကောင်းနဲ့ ကြုံခြင်း၊


(၃) နိဗ္ဗာန်ရောက်ကြောင်းတရားတွေကို ထောင်နိုင်တဲ့ ဥာဏ်နား(လက်ခံနိုင်တဲ့စိတ်) နဲ့ သိတတ်တဲ့ဥာဏ်(နားလည်သဘောပေါက်တဲ စိတ်) ဖြစ်ပေါ်ခြင်း၊


(၄) သိပြီးသည့်နောက် လိုက်နာ ကျင့်ကြံနိုင်တဲ့ စွမ်းရည် သတ္တိရှိခြင်း၊


(၅) ဖြစ်မြောက်အောင် ကျင့်ပြီး ဆရာ့ကျေးဇူးကို ပြန်ဆပ်လိုစိတ် တဖွားဖွားပေါ်ခြင်း၊


ဤ အချက် ငါးချက်သည် လောက၌ ဖြစ်ပေါ်ဖို့ရန် အခက်ခဲဆုံးသော ဒုလ္လဘတရားငါးပါး ဖြစ်တယ်။ ဤဒုလ္လဘတရားငါးပါးနဲ့ကြုံရင် မဂ်ဖိုလ်ရရမယ်လို့ ဘုရားကဟောတယ်။ ကိုယ့်စိတ်ထဲ ဆုတ်နစ်တဲ့ စိတ်(သံသယစိတ်၊ ပျင်းရိစိတ်) ပေါ်တိုင်း ဤငါးပါးနဲ့ စစ်ဆေးလိုက်။ ဘုရားပွင့်လာတယ်ဆိုတာအနိစ္စဆေး၊ ဒုက္ခဆေး ၊ အနတ္တဆေး သုံးခုယူပြီးလာတာ ၊ ခင်ဗျားတို့ ကြိုက်တဲ့ဆေး တစ်ဖုံမှ မပါဘူး။ ကိုယ်ကြိုက်တဲ့ဆေး မှ ကိုယ်သောက်မယ်ဆိုရင် (ကိလေသာရောဂါ ပျောက်စေ မယ့် တကယ့်ဆေးအစစ်ကို မသောက်ရင်) ခင်ဗျားတို့ ဘုရားအဆူဆူနဲ့ လွဲပြီး အပါယ်လေးပါးမှာ နေရစ်နေရမှာပဲ။


အပါယ်သွားတတ်တဲ့ သံယောဇဉ်လောက်တော့ ခင်ဗျားတို့ ဖြတ်ထားဖို့ သင့်ပြီ။ သံယော ဇဉ်ဖြတ် ဆိုတာ ရှိတဲ့ ပစ္စည်းတွေ အကုန်စွန့်မှ ဒီလိုမမှတ်ပါနဲ့။ ဘာတွေဝတ်ပြီး ဘာတွေစားနေနေ ဝေဒနာနဲ့ တဏှာကြား မဂ်ဝင်ဖို့ပဲ အရေးကြီးတယ်။ (အကောင်းအဆိုး ဝေဒနာ ခံစားချက်များ ကြောင့် တဏှာဆက်လက် မဖြစ်ပေါ်ဖို့သာ အရေးကြီးသည် ၊ ဝေဒနာများရဲ့ ပျက်ပျက်သွားနေပုံ၊ အနှစ်သာရ မဟုတ်ပုံ၊ ငါ့ဟာမဟုတ်ပုံ ၊ တစ်ခုခုမဟုတ်ပုံ ၊ ဂရုစိုက်နေစရာမလိုပုံ၊ တို့ကို အဆက်မ ပြတ် သတိဖြင့် သဘောပေါက်လက်ခံနေပြီး­ ဥပေက္ခာစိတ်ဖြင့် စောင့်ကြည့်နေရပေမည်။­ သို့မဟုတ်ပါက တဏှာများ(နှစ်သက်မှု ၊ မနှစ်သက်မှု များ)၏ ခိုင်းစေမှုအတိုင်း သင်္ခါရများ ဆက်လက်လုပ်ဆောင်မိကာ ဒုက္ခ စက်မရပ်မနား လည်နေပေလိမ့်မည်)။


(မိုးကုတ်ဆရာတော်ကြီး၏ ဘုရားရဟန္တာတို့၏ ကျေးဇူးတရား-၁ မှ ကောက်နုတ်ဖော်ပြ ပါသည်)


No comments:

Post a Comment