Thursday, March 6, 2014

(ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော် ဘုရားကြီး)၏ယနေ့ စကြဝတေးမင်းမနက်ဖြန်ဒယ်အိုး ထဲရောက်နိုင်သေးတယ်

ပုထုဇဉ်အဖြစ်နဲ့ သေရင်လူတစ်သိန်း သေလို့ တစ်ယောက်သုဂတိမရောက် ဘူး။အကုန်အပါယ်ကြီးသွားကြတာပဲ။ ယနေ့ စကြဝတေးမင်းမနက်ဖြန်ဒယ်အိုး ထဲရောက်နိုင်သေးတယ်။အပါယ်မိုးကြိုး ပစ်တာကိုလှူဒါန်းတာလောက် ထန်း လက်နဲ့ ကာလို့ မရဘူးူ။ဝိပဿနာနဲ့  ကာကွယ်မှရမယ်။ ဒီခန္ဓာကြီးကအားမထုတ်လည်းသေရွာသွားမှာပဲ၊အားထုတ် လည်းသေရွာသွားမှာပဲ၊မင်းဦးအောင် လုပ်ရင်လုပ်တော့ပဲ၊ဒီလောက်အထိ တောင်ခန္ဓာကရုန်းကန်ပြီးသေလိုက် မယ်ပြောနေတာ။ ဘာပါရမီမှမစောင့်ပါနဲ့ ၊ပွားများမှုကခင် ဗျာတို့ ပါရမီဖြည့်နေတဲ့အလုပ်လို့ မှတ် လိုက်။ဝိပဿနာရှုတာမဂ္ဂင်ဆိုတဲ့မပျက် နိုင်တဲ့ဖောင်ကြီးလုပ်ထားတာ။မဂ္ဂင် အထမြောက်နေရင်ကိလေသာပါးတာ ကသက်သေခံသွားတယ်။လောဘအ ရင်ထက်နည်းသလား၊ပူစရာရှိ အရင် လောက်ပူသေးလား။ဒေါသဖြစ်စရာရှိ ခဏနဲ့သိမ်းနိုင်သလားလို့ ကြည့်လိုက်။ ကိုယ့်ကိုယ်ကိုယ်ကယ်တင်ရေး၊ကာ ကွယ်ရေး၊လုံခြုံရေး၊စိတ်ချရရေးဟာ ဝိပဿနာဉာဏ်၊မဂ်ဉာဏ်။ကိုးစားရာ အားထားရာ ရှိထားပြီးမှတော့သေချင် သေကိစ္စမရှိဘူး၊နေချင်လည်းနေအပြစ် မရှိတော့ဘူး။ ဖြစ်ပျက်မြင်တဲ့ကုသိုလ်ကဒီ့ပြင်ကုသိုလ် မျိုးတွေထက်အဆပေါင်းသိန်းသန်း ကုဋေမကအောင်ဘဲထူးခြားကဲလွန်မြင့် မြတ်တယ်။ဖြစ်ပျက်မမြင်ဘဲအသက်တစ် ရာနေရတာထက်ဖြစ်ပျက်တစ်ခုမြင်ပြီး တစ်ရက်အသက်ရှင်ရတာကပိုမြတ် တယ်။ဖြစ်ပျက်တစ်ချက်ကျကျနနမြင် လိုက်လို့ရှိရင်ကျွတ်တမ်းဝင်တယ်။ ဖြစ်ပျက်တစ်ခါရှုရင်မဂ္ဂင်ကသိစိတ် (ဇော)၇ကြိမ်ဖြစ်တယ်။ ပထမဇောကယခုဘဝ၊သတ္တမဇောက ဒုတိယဘဝ၊အလယ်ဇော၅ချက်ကတတိ ယဘဝကစ၍နိဗ္ဗာန်မရမချင်းအကျိုး ပေးတယ်။ဒိဋ္ဌဓမ္မအကျိုပေးမယ့်ကံဆိုတာပထမဇော။ ဖြစ်ပျက်ရှုခိုင်းတာပထမဇောများများပေါ်အောင်လုပ်ခိုင်းတာ။ နောက်ဘဝများစွာကပြုထားတဲ့အကုသိုလ်အလယ်ဇော(၅)ချ က်ကနောက်ကလိုက်နေလို့ ယခုဘဝမှာကြောက်လန့် ထိတ်လန့်နေရတာ။ ဝိပဿနာပထမဇောအတာအဆီးမရှိရင်နောက်ကလိုက်လာတဲ့ ကံတွေကထင်သလိုစီမံမယ။် အန္တရာယ်ကင်းဘေးရှင်းချင်တာမှန်ရင် ဖြင့်၊မိမိခန္ဓာကိုယ်ကိုခန္ဓာစေတီထိုက် အောင်၊တရားတော်ခန္ဓာထဲကိန်း အောင်လိုတယ်။ဝမ်းထဲမဂ္ဂင်ကကိန်းနေ တော့မဂ္ဂင်ကဓာတ်တော်၊ခန္ဓာကစေတီ ဓမ္မစေတီဖြစ်သွားတယ်။ အရှုခံစိတ်(သို့)ခန္ဓာ-၅ပါးသည်ဒွါရ -၆ပေါက်(မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ ကိုယ်၊မနော)တွင်ပေါ်သည်။ ရှုဉာဏ်သည်မနောဒွါရတွင်ပေါ်သည်။ အရှုခံလည်းဖြစ်ပျက်၊ရှုဉာဏ်လည်း ဖြစ်ပျက်။ဧည့်သည်ဧည့်သည်ချင်းရှုရမှာ ဖြစ်ပျက်ဆုံးတာမြင်မှ၊ရှုဉာဏ်ဟာမဂ္ဂင် ရှစ်ပါးပြည့်ပြီး၊မဂ်ဉာဏ်ကိုပိုင်ရမှာ။ (ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော် ဘုရားကြီး)၏ကျေးဇူးတရားများကို ဓမ္မမိတ်ဆွေများအားလုံးကိုမျှဝေပူဇော် အပ်ပါသည်။ ဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ် နှစ်ဖြာကျန်းမာချမ်းသာနိုင်ကြပါစေ။

No comments:

Post a Comment