Sunday, May 26, 2013

ပြည်တော်ဝင် တေးရေးသူ = အေ၀မ်းဆရာညှာ

မူရင်းသတ်ပုံဖြင့်တင်ပြပါသည်။


ပြည်တော်ဝင်


တေးရေးသူ = အေ၀မ်းဆရာညှာ


ချစ်ခင်ကြတဲ့ အားလုံးမိတ်ဆွေ x နေ့တိုင်းပဲ သတိရတယ်လေ x ကျုပ်တို့မြို့မ x အသင်းသားများတွေx တောင်ရိုးတန်း စစ်ကိုင်းဘက်မှာနေ x x ကျန်းမာကြရဲ့လားလို့ မြို့မမောင်တွေ x ရွှေမန်းသူမေ မေးလိုက်သံတွေ x သြော် ကျန်းမာကြပါရဲ့လို့ကျွန်တော်တို့ မြို့မမောင်တွေ x ရွှေမန်းသူမေ ပြောလိုက်ပါလေ x စစ်ကိုင်းမှာပဲ စိတ်ကစွဲ နတ်ပြည် x တစ်ခါတလေတော့ မျှော်မှန်းလွမ်းမိတဝေေ၀ x ပြန်ချင်ဇောတွေ x ရောက်ချင်ဇောနဲ့ စိတ်စောလို့သာနေ x x


အခါတော်ရောက်ချိန် x နီးလို့လာပေ ဒေါ်ဒေါ်မမ နှမတို့ရေ x အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ x အခါတော်ရောက်ချိန် x နီးလို့လာပေ ဒေါ်ဒေါ်မမ နှမတို့ရေ x အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ x မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ x အောင်စည် ရွန်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေx


မန္တလေးရွှေမြို့ x တို့ရတနာပုံ နေပြည် x တင့်တယ်သာယာ စည်ကားဟိုတုန်းခါကလေx အဲဒါ တွေ မတွေးကြနဲ့ x ရှေ့ဆက်ခါ စီမံကြံစို့လေ x မန္တလေးရွှေမြို့ x တို့ရတနာပုံ နေပြည် x တင့်တယ်သာယာ စည်ကားဟိုတုန်းခါကလေx အဲဒါတွေ မတွေးကြနဲ့ x ရှေ့ဆက်ခါ စီမံကြံစို့လေ x မေ့မေ့ ပျောက်ပျောက် အောက်မေ့ကြပေ x တိုက်တာအိမ်ခြေ စည်းစိမ်ရှင်တွေ x သြော် မေ့မေ့ ပျောက်ပျောက် အောက်မေ့ကြပေ x တိုက်တာအိမ်ခြေ စည်းစိမ်ရှင်တွေ x လူကြံရင် မခံနိုင်ဘူးအထူးပင်မှတ်ကြလေ x အရင်လို ပျော်ပျော်ရွှင်ရွှင်နေ x မြို့မအသင်းကပြောပေ x အရင်လို ပျော်ပျော်ရွှင်ရွှင်နေ x ကျုပ်တို့အသင်းကပြောပေ x ဖြစ်ဟဲ့ဆို ..ဖြစ်ရမယ်တဲ့ x ခေတ်သစ်လူများ အားအင်တောင့်တင်းပေ x x


အခါတော်ရောက်ချိန် x နီးလို့လာပေ ဒေါ်ဒေါ်မမ နှမတို့ရေ x အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ x အခါတော်ရောက်ချိန် x နီးလို့လာပေ ဒေါ်ဒေါ်မမ နှမတို့ရေ x အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ x မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ x အောင်စည် ရွန်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ။


ပြည်တော်ဝင် သီချင်းဟာ စစ်အတွင်းကသီချင်းတပုဒ်ပါ ဂီတပညာရှင်ကြီ အေ၀မ်းဆရာညှာ ရေးစပ်သီကုံး ခဲ့တဲ့သီချင်းလေးပါ ၊အေ၀မ်ဆရာညှာ ဆိုတာက အရဟံဂုဏ်တော် ၊ ဇွဲ ၊နဲ့ အများကြားဘူး ကြတဲ့ မြန်မာ့အသံက သတင်းလာခါနီးလေးမှာ တီးတတ်တဲ့ စံတော်ချိန်လို တီးလုံးမျိုးတွေကို ဖန်တီးတီထွင်ခဲ့သူပေါ့ ၊ဆရာညှာ ဟာနှဲအမှုတ်အင်မတန် ကောင်းတယ်လို့လဲမှတ်သားထားဘူးပါ တယ် သူ့ရဲ့နှဲနဲ့ (ကြတ်ဖတိန်ညင် တောကိုဝင် ) ဆိုတဲ့ကဗျာ ကိုမှုတ်တာ ကဗျာကိုလူဆို နေသလိုဘဲတဲ့ခင်ဗျာ ၊ အဲလောက်တော်ခဲ့ င်္ဂီတပညာရှင်ကြီးတွေရဲ့သမိုင်းကိ အင်တာနက်မှာတောင်ရှာမရတော့တာတော့ဝမ်းနည်းဘို့ အရမ်းကောင်းပါတယ်၊ ဆရာညှာဟာ ငယ်စဉ်ကတည်းက ၊ မျက်မမြင်ဖြစ်ပါတယ် သီချင်းရေးတော့မယ်ဆိုရင် ပါးစပ်က နုတ်တိုက်ဆိုပေးပြီး တပည့်တစ်ယောက်က လိုက်ရေးရပါတယ် ၊(စိတ်အလိုဆန္ဒမှာ အားလုံးသိကြဘွယ်၊ ကိုယ့်ကိုကိုယ်ကြိုးရှာ အမျိုးသားများတို့ရယ် )လို့အရဟံဂုဏ်တော်သီချင်းမှာဖွဲ့ ဆိုခဲ့လေရဲ့၊ အဲလိုသီချင်းမျိုးကို တထိုင်ထဲမှာ ရေးသားစပ်ဆို နိုင်တဲ့ ပညာရှင်ကြီးရယ်ပါ၊ အခုပြည်တော်ဝင်သ ချင်းဆိုတာကလဲ တခြားမဟုတ်ပါဘူး၁၉၄၂ က၁၉၄၅အထိ ဒုတိယကမ္ဘာစစ်ဖြစ်တော့ မြို့မအသင်းသားတွေ အတော်များများစစ်ကိုင်းတောင်ရိုးမှာ စစ်ခိုလှုံကြတယ် ၊ သူတို့နဲ့အတူ မန္တလေးမြို့သူမြို့သားအများပြားလဲ အတူတူစစ်ခိုလှုံကြပါတယ် ၊စစ်ကြီးပြီးလို့ မန္တလေးကိုပြန်ဘိ့ စုရုံးချိန်မှာဆရာညှာက ဒီပြည်တော်ဝင် သီချင်းကိုစပ်ဆိုရေးသားပေးလိုက်ပါတယ်တဲ့၊ စစ်ကြီးပြီးခြင်းရဲ့အထိမ်းအမှတ် ၊ ကိုယ့်ဋ္ဌာနေမဟုတ်တဲ့နေရာမှာ ရောက်နေသူတွေ ဋ္ဌာနီဋ္ဌာနပြန်ရတော့မဲ့အထိမ်းအမှတ် အဆိုးတွေပျောက် အကောင်းတွေရောက်ဘို့ အထိမ်းမှတ်နဲ့ဒီပြည်တော်ဝင် သီချင်းကိုရေးသားစပ်ဆိုခဲ့ကြ မဟုတ်ပါလား


Thursday, May 23, 2013

"အံသြဖွယ်ရာ အာဠ၀ီမြို့ သို့ မြတ်ဗုဒ္ဓ ၏ဓမ္မခရီး''

"အံသြဖွယ်ရာ အာဠ၀ီမြို့ သို့ မြတ်ဗုဒ္ဓ ၏ဓမ္မခရီး" =======================

ဗုဒ္ဓ မြတ်စွာဘုရားရှင်သည် ကျွတ်တမ်းဝင်ခွင့်ရနိုင်သော သတ္တ၀ါ ဝေနေယျတို့ကို ဆင်ခြင်ရှာဖွေတော်မူလျက် ဓမ္မခရီးစဉ်မျာြး ကွတော်မူလေ့ရှိပါသည်။ဗုဒ္ဓမြတ်စွာဘုရားရှင်သည်တ စ်နေ့သောအခါအာဠ၀ီမြို့သို့ ရောက်တော်မူလာပါသည်။


ဤခရီးစဉ်မှာအဘယ်မည်သောပုဂ္ဂိုလ်ကိုဓမ္မတို့ဖြင့်ကျွတ်တမ်းဝင်စေရန်လာခြင်းဟုသေချာစွာမသိရပါ။အာဠ၀ီ မြို့သူမြို့သားထဲက ကျွတ်တမ်းဝင်သူမည်သူ မည်ဝါ ဟု မတွေ့ရပါ။ သို့ရာတွင် အာဠ၀ီ မြို့သူမြို့သားတို့မှာ ကုသိုလ်ရကြသည်ကတော့ သေချာပါသည်။


မြို့သူမြို့သားတို့ကဆွမ်းကပ်အပြီးမှာဗုဒ္ဓမြတ်စွာဘုရားရှင်ကဆွမ်းတရားတော် ဟောတော်မူပါသည်။ ဤတရားမျိုးကိုအနုမောဒနာ=ဆွမ်းနှင့်ပတ်သက်၍၀မ်းေ မြာက်ဖွယ်ရာတရားဟုဆိုလိုပါသည်။သင်္ကန်းလှူပွဲဆိုလျှင်လည်း သင်္ကန်းနှင့်ပတ်သက်၍ ၀မ်းမြောက်ဖွယ်ဖြစ်အောင် ဟောသောတရားပင် ဖြစ်ပါသည်။


ထိုအခါ က ဗုဒ္ဓမြတ်စွာဘုရားရှင် ခရီးစဉ်များကြွ၍ ကိုယ်တော်တိုင် အနုမောဒနာ ဟောသည်ကိုထောက်ဆ၍ ပထမဗောဓိအတွင်းဗုဒ္ဓမြတ်စွာဘုရားရှင်သက်တော်(၅၅) နှစ်မရောက်မီမှာပင်ရှိသေးကြောင်းမှန်းဆကြည်ညိုမိပါသည်။


ဆွမ်းကပ်ပွဲအပြီးဗုဒ္ဓမြတ်စွာဘုရားရှင် ဟောခဲ့သောတရားမှာ အလွန်ထူးဆန်းလှပါသည်။


ဆွမ်းအနုမောဒနာတရားတော်


"ငါ၏အသက်သည်မမြဲချေ။ငါ၏သေခြင်းသည်ကားမြဲပေ၏။ ငါသည်မလွဲမသွေသေရမည်သာတည်း။ငါ၏အသက် သည်သေခြင်းမှာအဆုံးသတ်၏။အသက်ကသာမမြဲ။ သေခြင်းကတော့မြဲပေ၏။ဤသို့မရဏဿတိ=သေခြင်းနှ င့်စပ်သောအမှတ်ရှိခြင်းကို ပွားများကြလော့။


မရဏဿတိကိုမဖြစ်စေကုန်၊မပွားစေကုန်သောသူတို့သည် နောက်ဆုံးသေခါနီးကာလမှာထိတ်လန့်ခြင်း သို့ရောက်လျက်၊ကြောက်မက်ဖွယ်ရာအသံတို့ကို အော်မြည်လျှက် သေကြရသည်။တုတ်မပါသောယောက်ျား တစ်ယောက်သည်အဆိပ်ပြင်းသောမြွေဆိုးကိုတွေ့သောအခါ ကြောက်လန့်လျက်အော်ဟစ်မြည်တမ်းရသကဲ့သို့ပင်ဖြစ် ကြရသည်။


မရဏဿတိကိုဖြစ်စေအပ်၊ပွားစေအပ်ကုန်သောသူတို့သည်ကားနောက်ဆုံးအချိန်မှာမကြောက်ကြချေ။တုတ်ပါရှိသောယောက်ျားတစ်ယောက်သည် အဆိပ်ပြင်းသောမြွေဆိုးကိုတွေ့သောအခါ တုတ်ဖြင့်ဖမ်းပြီးအဝေးသို့ပစ်ပြီးအေးအေးဆေးဆေးပင် နေထိုင်ရသကဲ့သို့ဖြစ်၍မကြောက်မလန့်ကြတော့ပေ။ ထို့ကြောင့် မရဏဿတိ ကို ဖြစ်စေကြကုန်လော့။ပွားစေကြ၊များ စေကြကုန်လော့။"


ဤသည်မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ဆွမ်းအနုမောဒနာတ ရားတော်ဖြစ်ပါသည်။


ဤတရားကို နာကြားရသူ အာဠ၀ီသားများထဲက တစ်ယောက်တစ်လေမျှတရားထူးရကြောင်းမတွေ့ရပါ။ အာဠ၀ီမြို့သူမြို့သားတို့သည်မိမိတို့အိမ်ထောင်ရေးကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စတို့ဖြင့်အချိန်ကုန်ကြပါသည်။ တရားတော်ကိုမေ့ပစ်လိုက်ကြပါသည်။


တရားတော်ကို မေ့မပစ်သူတစ်ဦးသာရှိပါသည်။ထိုသူကတော့၁၆-နှစ်မျှသာရှိသေးသောသမီးပျိုကလေးတစ်ဦး သာဖြစ်ပါသည်။သူသည် ရကန်းသည်တစ်ဦး၏ သမီးကလေးတစ်ဦးဖြစ်သည်။


" ဗုဒ္ဓမြတ်စွာဘုရားရှင်၏စကားတော်မည်သည်အံ့သြစရာကောင်းပေစွ။ငါသည်မြတ်စွာဘုရားဟောမိန့်သည့် အတိုင်းမရဏဿတိကိုဖြစ်စေခြင်း၊ပွားစေခြင်း၊များစေ ခြင်းငှာသင့်ပေ၏"ဟုဆင်ခြင်လျက်မမေ့မပျောက်၊မပျက်မကွက်ပင် မရဏဿတိ ကို နေ့တိုင်း၊ညတိုင်းဖြစ်စေပါသည်။ ပွားစေပါသည်။များစေပါသည်။


အပျိုစင်ကလေးတစ်ဦးသာဖြစ်သောသမီးပျိုကလေးသည်၃-န စ်ဆက်တိုက် နေ့ရော၊ညပါမရဏဿတိကိုသာ မပြတ်မလပ်ဖြစ်ပွားစေပါသည်။


အာဠ၀ီ သို့ ဓမ္မခရီး ဒုတိယအကြိမ်


တစ်နေ့တွင်တော့ မိုးသောက်ယံ အရုဏ်ဦးကာလမှာ လောက(လူ၊နတ်၊ဗြဟ္မာ)များကို ဗုဒ္ဓမြတ်စွာဘုရားရှင် က ကြည့်ရှုဆင်ခြင် တော်မူပါသည်။ဤသို့ဆင်ခြင်ခြင်းမာကျွတ်တမ်းဝင်နိုင်သော ဝေနေယျတို့ကိုရှာဖွေခြင်းသာဖြစ် ပါသည်။


အရုဏ်ဦးကာလဖြစ်၍ဇေတ၀န်ကျောင်း၊ဂန္ဓကုဋိကျောင်းတော်ဝမှစ၍စကြာဝဠာတံတိုင်းအထိရှိရှိသမျှလောကသားတို့ကို ကျွတ်ထိုက်-မကျွတ်ထိုက် ခွဲခြားစိစစ်လျက် ဉာဏ်တော်ကွန်ရက်ကြီးကိုဖြန့်သွားခြင်းဖြစ်ပါသည်။


(ညနေ ခြောက်နာရီဝန်းကျင်မှာမူ စကြ၀ဠာတံတိုင်းကြီးမှစ၍ ဂန္ဓကုဋိ အထိ အပြန်ခရီး အဖြစ် တစ်ကြိမ် ဆင်ခြင်ပါသည်။ ဤကိစ္စမှာ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏နေ့စဉ်အလေ့အကျင့်ပင် ဖြစ်ပါသည်) ဉာဏ်တော်ကြီးကိုဖြန့်လျက်ဆင်ခြင်သွားသောအခါသတ္တ၀ါအန န္တထဲကတစ်ဦးမျှသာဉာဏ်တော်အတွင်း ၀င်ရောက်နိုင်ပါသည်။


ထိုသူမှာကား၁၉-နှစ်မျှသာရှိသာရှိသူ၊ရက်ကန်းသည်၏ သမီးကလေးမရဏဿတိတရားရှင်ကလေးပင်။ ဗုဒ္ဓမြတ်စွာဘုရားသည် ဉာဏ်တော်အတွင်းဝင်လာသောကြောင့် ကျွတ်ထိုက်-မကျွတ်ထိုက် ဆိုသည်ကိုသေချာအောင် ဆင်ခြင်တော်မူပြန်ပါသည်။


"ငါသည်အာဠ၀ီသို့ကြွရောက်ပြီးဤသမီးပျိုကလေးကို ပြဿနာလေးခု မေးလျှင်သမီးပျိုကလေးကလည်း အဖြေလေးခုဖြေသောအခါ သာဓုလေးကြိမ်ခေါ်တော်မူကာ ဂါထာတစ်ပုဒ်ကိုဟောပြမည်။သမီးပျိုကလေးသည် ဂါထာဆုံးလျင် သောတပတ္တိဖိုလ်၌တည်ကာ(ပထမအဆင့်အရိယာဖြစ်၍)ကျွတ်တမ်းဝင်ပေလိမ့်မည်။ထိုသမီးပျိုလေးကိုအမှီပြုရ၍လူအများမှာလည်းအကျိုးရှိသော ဓမ္မဒေသနာတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။"


ဤသို့သေသေချာချာဆင်ခြင်တော်မူပြီးလျှင်ပြီးချင်းရဟန်းတော်ငါးရာတို့ခြံရံတော်မူလျက် ဇေတ၀န်ကျောင်း တော်မှ အာဠ၀ီမြို့ရှိ အဂ္ဂါဠ၀ကျောင်းသို့ ဗုဒ္ဓမြတ်စွာဘုရား ကြွတော်မူပါသည်။


အဠ၀ီမြို့သူမြို့သားတို့ကလည်းဗုဒ္ဓမြတ်စွာဘုရာြး ကွလာတော်မူကြောင်းကြားသိကြ၍ကျောင်းတော်သို့သွားကာ ပင့်ကြ၊ဖိတ်ကြပါသည်။


မရဏဿတိ တရားရှင်ကလေးလည်းကြားသိကာ ကျောင်းတော်ဆီသို့ကြိုးကြိုးစားစားလာရရှာပါသည်။


"သြော်-ငါ၏ခမည်းတော်၊ငါ၏အရှင်မြတ် ငါ၏ဆရာသမား လပြည့်ဝန်းကဲ့သို့မျက်နှာတော်ရှိတော်မူသော မဟာဂေါတမဗုဒ္ဓကြွတော်မူလာပြီတဲ့လား။လွန်ခဲ့သော သုံးနှစ်မြောက်ကရွှေအဆင်းကဲ့သို့ငါ၏ဆရာသမားကို ငါမြင်ဖူးခဲ့ပြီးပြီ။ယခုတစ်ဖန် ရွှေအဆင်းကဲ့သို့သောအဆင်း တော်ကိုလည်းဖူးခွင့်ရတော့ပေမည်။ချိုမြိန်သော၊အရသာရှီသော တရားမြတ်ကိုလည်းနာယူရတော့ပေမည်"ဟု ၀မ်းမြောက်စွာ ကျိတ်ကြံနေရသူကလေးမှာ မရဏဿတိ တရားရှင်ကလေးတစ်ဦးတည်းပင် ဖြစ်ပါသည်။


မကြံ၍ကားမဖြစ်။ကျောင်းတော်သို့ သွားနိုင်ခွင့်က သူ့မှာမရှိယောင်တကား။သူ၏ဖခင်ရက်ကန်းသမားကြီးက ရက်ကန်းစင်ရှိရာသို့ထွက်သွားပြီ။


"သမီးရေ ၊သူတစ်ပါးရဲ့အ၀တ်ပုဆိုးကို ငါလက်ခံပြီး စ ထားပြီ။ တစ်ထွာလောက်မှမပြီးသေးဘူး။ယနေ့ အပြီးသတ်ပေးရမယ်။ ရစ်လုံးကိုလျင်မြန်စွာ ရစ်ပြီးယူလာခဲ့ " ဟု မှာထားသွားခဲ့သည်။


"ရစ်လုံးကိုရစ်ပြီးမပို့နိုင်လျှင်အဖေကငါ့ကိုကန်သော်လည်းကန်မည်၊ရိုက်သော်လည်းရိုက်လိမ့်မည်။အင်း-ငါက မြတ်စွာဘုရား၏တရားကိုနာချင်လှပြီ။အဘယ်သို့ပြုရအံ့နည်း။ တရားနာဖို့သွားရအံ့လော၊သို့မဟုတ်ရစ်လုံးကို ရစ်ပြီးပို့ရအံ့လော"ဟုကြံစည်နေပါသည်။


အဂ္ဂါဠ၀ ကျောင်းတော် သို့


"ရစ်လုံးရစ်ပြီးချည်ပို့ပြီးမှ တရားနာသွားတော့အံ့"ဟု သူဆုံးဖြတ်ချက်ချလိုက်ပါသည်။ အဠ၀ီမြို့သူမြို့သားတို့ကတော့ ဗုဒ္ဓမြတ်စွာဘုရားနှင့်သံဃာတော်တို့ကို ဆွမ်းကပ်ပြီးတရားနာဖို့စုဝေးလျက် ထိုင်နေကြပြီဖြစ်ပါသည်။ဗုဒ္ဓမြတ်စွာဘုရားကတရားမေ ဟာသေး။ဆိတ်ဆိတ်သာထိုင်နေတော်မူပါသည်။ မည်သူကမှလည်းတရားဟောဖို့မလျှောက်ဝံ့ဘဲ ရှိနေကြပါသည်။


တရားရှင်ကလေးကတော့ ရစ်လုံးရစ်လျက် အိမ်မှာပင်ရှိနေ ရပါသည်။ပြီးလျှင်ပြီးချင်းခြင်းတောင်းထဲထည့်ကာ ဖခင်ထံ ရက်ကန်းရုံသို့ လိုက်ပို့သည်။သို့ရာတွင် ရက်ကန်းရုံသို့အ ရောက်မသွားနိုင်သေးဘဲ ကျောင်းတော်ထဲသို့ ၀င်လာလိုက်ပါသည်။


ဗုဒ္ဓမြတ်စွာဘုရားကလည်း"ငါ့မှာသမီးပျိုကလေးကိုအေ ကြာင်းပြုလျက်ယူဇနာသုံးဆယ်ခရီးကိုခြေကျင်ကြွခဲ့ရ တယ်။ယနေ့လည်းသမီးလေးကလာခွင့်မရသေးပါလား။ သမီးကလေးလာခွင့်ရ၍ ရောက်မှအနုမောဒနာ တရားဟောမည်"ဟုဆုံးဖြတ်ကာ စောင့်တော်မူဆဲပင်ရှိပါသည်။


တရားရှင်ကလေးကလည်းပရိတ်သတ်၏အစွန်အ ဖျားမှာရပ်လျက်ဖူးမြော်လိုက်ရာ ဗုဒ္ဓမြတ်စွာဘုရားကလည်း လည်တော်ကိုဆန့်တော်မူလျက် ငဲ့ကြည့်တော်မူပါသည်။


"အိုဆရာအရှင်၊ဆရာကဤသို့သောပရိတ် သတ်တို့အလည်မှာထိုင်တော်မူ၍ငါ့ကိုလှည့်ကြည့်တော်မူပါလား။ ငါရောက်လာခြင်းကိုအလိုရှိတော်မူလျက်ပါတကား"ဟုအသိဝင်ကာခြင်းတောင်းကလေးကိုချထားပြီးဗုဒ္ဓမြတ်စွာဘုရားအနီးသို့ချဉ်းကပ်သွားပါသည်။


ဗုဒ္ဓမြတ်စွာဘုရား၏ငဲ့ကြည့်တော်မူခြင်းအမှတ်အသား နှင့်အတူဗုဒ္ဓမြတ်စွာဘုရား၏ရောင်ခြည်တော်ခြောက်ပါးတို့လည်းကွန့်မြူးပြိုးပြက်တော်မူကြပါသည်။တရားရှင်သမီးပျိုကလေးမှာ ရောင်ခြည်တော်တို့အကြားသို့ဝင်ေ ရာက်မိကာ ရှိခိုးလျက် သင့်တင့်စွာ ရပ်နေပါသည်။


အမေး နှင့် အဖြေ


ဗုဒ္ဓမြတ်စွာဘုရား။။ချစ်သမီးကလေး၊အဘယ်က လာသနည်း။


သမီးပျိုကလေး။။မသိပါ အရှင်မြတ်ဘုရား။


ဗုဒ္ဓမြတ်စွာဘုရား။။ချစ်သမီးကလေး၊အဘယ်သို့ သွားမည်နည်း။


သမီးပျိုကလေး။။မသိပါ အရှင်မြတ်ဘုရား။


ဗုဒ္ဓမြတ်စွာဘုရား။။ချစ်သမီး၊မသိသလော။


သမီးပျိုကလေး။။သိပါ၏။ အရှင်မြတ်ဘုရား။


ဗုဒ္ဓမြတ်စွာဘုရား။။ချစ်သမီး၊သိပါ၏လော။


သမီးပျိုကလေး။။မသိပါ အရှင်မြတ်ဘုရား။


အထက်ပါအတိုင်းဗုဒ္ဓမြတ်စွာဘုရားကမေးခွန်းလေးခုမေးရာတရားရှင်ကလေးကလည်းအဖြေလေးခု ဖြေဆိုပါ သည်။အာဠ၀ီမြို့သူမြို့သားတို့က ကဲ့ရဲ့ကြပါသည်။


ဗုဒ္ဓမြတ်စွာဘုရားကကဲ့ရဲ့စကားသံများကိုတားတော်မူ ကာ"အဘယ့်ကြောင့်ဤသို့ဖြေဆိုဘိသနည်း"ဟုဆက် လက်စစ်ဆေးတော်မူပါသည်။


တရားရှင်သမီးပျိုကလေး၏ ရှင်းလင်းချက်လေးခုတို့ ကို သာဓု လေးကြိမ်ခေါ်တော်မူပါသည်။ထို့နောက် တရားနာပရိတ်သတ်တို့ထံငဲ့ကာ-


"ဤမျှသောသမီးပျိုကလေး၏အဖြေမှန်ကိုသင်တို့ကမသိခြ င်းကြောင့်သင်တို့ကကဲ့ရဲ့ကြသည်။ပညာမျက်စိရှိသူတို့ကသာ(တရားကို)မြင်နိုင်သည်" ဟု ဟောတော်မူပါသည်။


"အနည်းငယ်သောလူပုဂ္ဂိုလ်မျိုးကသာအနိစ္စစသည်ဖြင့် မြင်နိုင်သည်။ထိုသို့မြင်နိုင်သူ(ပညာရှိ)လူပုဂ္ဂိုလ်အနည်းစုကသာလူ့ပြည်၊နတ်ပြည်၊ဗြဟ္မာ့ဘုံ နှင့်နိဗ္ဗာန်တို့သို့ ရောက်ရပေသည်။လူပုဂ္ဂိုလ်အများစုတို့ကားပညာမရှိ (အကန်းများဖြစ်)၍အပါယ်လေးဘုံ သို့သွားကြရပေသည်" ဟူ၍ဖြစ်ပါသည်။


ဤဂါထာအဆုံးမှာပင်တရားရှင်သမီးပျိုကလေး သောတာပတ္တိဖိုလ်တည်ပါသည်။လူအများစုတို့လည်းပညာမျ က်စိရရှိကြကာ အကျိုးများပါတော့သည်။ဤအကြောင်းအ ရာများသည် ဓမ္မပဒအဋ္ဌကထာ၊ဒုတိယတွဲ(၁၁ ၁-၁၁၅)တို့ ၌ ပါရှိပါသည်။


စဉ်းစား စရာလေးများ


ဗုဒ္ဓမြတ်စွာဘုရားကဘာကြောင့်တရားရှင်မလေးမရောက်မ ချင်းစောင့်တော်မူသနည်း။တရားရှင်မလေး၏အ ကျယ်ရှင်းပြသောအဖြေများက ဘာတွေဖြစ်ကြသနည်း။ တရားနာပြီး ရက်ကန်းရုံသွားသောအခါတရားရှင်မလေး ဘာတွေဆက်ဖြစ်သွားသနည်း။တရားရှင်မလေး၏ဖခင်ကြီးရော ဘာတွေဖြစ်သေးသနည်းဆိုတာတွေပါအဋ္ဌကထာ မှာလာရှိပါသည်။ စာရှည်မည်စိုး၍ချန်လိုက်ရပါသည်။


ဤဓမ္မဘလော့ဘ်၏အဓိက စဉ်းစားစရာရှိသည်မှာ-


(၁)၁၆-နှစ်သမီးတုန်းက တရားထူးမရခဲ့ဘဲ ၁၉-နှစ်သမီးရောက်မှသာ တရားထူးရခြင်းအကြောင်း။


(၂)တရားတစ်ခုခုကိုသင်ယူရွတ်ဖတ်၍လည်းကောင်း၊လိုက်နာလေ့ကျင့်၍လည်းကောင်း၊ပွားများခြင်းကြောင့်အ ကျိုးထူးများ ရရှိနိုင်ကြောင်း။


(၃)ယခုခေတ် တွင် အများဘုရားဖူးရာ စေတီတော်ရှိ ရုပ်ပွားတော်ရှေ့၌ "အမျိုးသမီးများမသွားရ"ဟု စည်းတားထားခြင်းမှာ ဓမ္မဒေသနာတော်နှင့်ညီညွှတ်မှု မရှိ-ဟူသောအချက်။


(၄)အိမ်အသီးသီးမှာ ကိုးကွယ်အပ်သော ရုပ်ပွားတော်အသီးသီးနှင့် အများအဖို့ကိုးကွယ်အပ်သော ရုပ်ပွားတော်တို့ မှာဘုရားချင်းမတူသော(တန်ခိုးကြီး၊တန်ခိုးငယ်) ခြားနားချက်မရှိ - ဆိုသောအချက်။


(၅)ဘုရားကိုတစ်ကြိမ်တွေ့၍တရားထူးရသူ၊နှစ်ကြိမ်၊ သုံးကြိမ်အကြိမ်များစွာ တွေ့ရ၍တရားထူးရသူ၊(သို့မဟုတ်)တစ်သက်လုံးတွေ့ရလျက် တရားထူး မရသူတို့၏ကွာဟချက်။ စသည်တို့ပင်ဖြစ်ပါသည်။


(၁)(၂)(၃)တို့၏အဖြေများမှာ အထက်ပါ တင်ပြချက်များတွင် ပါဝင်ပြီးဖြစ်ပါသည်။


(၄)နှင့်ပတ်သက်၍မူ-ရဟန္တာပုဂ္ဂိုလ်တို့၏အဓိဋ္ဌာန်၊တန်ခိုးကြီးနတ်ဗြဟ္မာ တို့၏အစောင့်အရှောက်နှင့်အဓိဋ္ဌာန်၊လူသူတော်ကောင်းတို့၏အဓိဋ္ဌာန်ဆုတောင်းကြောင့် စေတီတော်များကတန်ခိုးကြီးတန်ခိုးငယ်။ကျော်ကြားမကျော်ကြားစသည်ဖြင့် ခြားနားရခြင်းဖြစ်ကြောင်း"မိလိန္ဒပဉှာကျမ်း" မှာလာရှိပါသည်။


(၅)နှင့်ပတ်သက်၍မူ-အတိအကျမပြောဝံ့ပါ။


ဤ၀တ္ထုပါ တရားရှင် ရက်ကန်းသည် သမီးကလေးကဲ့သို့ ဥပကတက္ကတွန်း ကြီးသည်လည်းနှစ်ကြိမ်တွေ့ရမှ တရားထူးရပါသည်။(ဗုဒ္ဓ၀င်ကျမ်း)


ဗုဒ္ဓမြတ်စွာဘုရားသည်ထိုကဲ့သို့သောပုဂ္ဂိုလ်များအတွက်ပင်ချက်ချင်းလက်ငင်းအကျိုးမရသောခရီးစဉ်များကိုပါ ကြွတော်မူခဲ့ကြောင်း သိရ၍ ပို ကြည်ညိုမိပါသည်။


အကယ်၍ပထမအကြိမ်ကအကျိုးထူးမရ၍မကြွခဲ့လျှင်ရက်ကန်းသည်၏သမီးကလေးမှာဒုတိယအကြိမ်ကြွလာသောအခါ တရားထူးမရနိုင် ဟု သာ သဘောပေါက်မိပါသည်။


ဤသည်ကိုကြည်ညိုလှ၍ဗုဒ္ဓမြတ်စွာဘုရား၏မြတ်သောခရီးစဉ်၊ မြတ်သောဆွမ်းအနုမောဒနာ၊မြတ်သောဂုဏ်တို့ကိုပူဇော်လိုက်ပါသည်။


(၂၀၀၉ခုနှစ်၊ဒီဇင်ဘာလ၊အနန္တဂုဏ်ရည်မဂ္ဂဇင်း၊မှ"မ စိုးရိမ်စာသင်သား"၏"ဆွမ်းအနုမောဒနာတရား"အမည် ရဆောင်းပါးကို (မစိုးရိမ်စာသင်သား-၏ခွင့်ပြုချက်ဖြင့်)မှီငြမ်း၍ ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)


မူရင်းလင့်သို့ //http://buddhismworld.ning.com/


ကဆုန် ညောင်ရေသွန်းပွဲတော်

"ကဆုန် ညောင်ရေသွန်းပွဲတော်" •••••••••••••••••••••••••••• ကဆုန်လပြည့်နေ့သည် ဗုဒ္ဓသာသနာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။


ထိုနေ့၏ထူးခြားချက်များကား


၁။ ဘုရားအလောင်းတော်သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဓိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခြင်း။


၂။ မဟာသက္ကရာဇ် (၆၈)ကဆုန်လပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခြင်း။


၃။ မဟာသက္ကရာဇ် (၁၀၃) ခုကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော်သည သဗ္ဗညုတဥာဏ်တော်ကိုရရှိတော်မူခြင်း။


၎။ မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏အင်ကြင်းဥယျာဉ်၌မြတ်စွာဘုရားရှင ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ဖြစ်သည်။


ထိုကဲ့သို့မြတ်စွာဘုရားရှင်၏ အဖြစ်တော်စဉ်တွင် ထူးခြားမှတ်သား ထိုက်သော ဤကဆုန်လပြည့်နေ့အားဘုရားနေ့(ဗုဒ္ဓနေ့)ဟု ဗုဒ္ဓသာသနာဝင် အပေါင်းတို့ကအထွက်အမြတ် ထားကြလျက် မြတ်စွာဘုရားရှင်သည် ဤနေ့ဤအခါ၌သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရတော်မူရန် အားထုတ်ရာတွင် အမှီပြုတော်မူသော ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်သည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့သော ဗောဓိပင်ကိုလန်းဆန်းစိုပြည်စေရန်အတွက် ဖြစ်ပေသည်။


ထိုအလေ့အထသည် ဗုဒ္ဓသာသနာဝင်တို့တွင် ပျောက်ကွယ်ခြင်း မရှိဘဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်းပွဲ များ ပြုလုပ်ပူဇော်လျက် ရှိကြလေသည်။


( အရှင်ဝိမလဝံသ- နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)


Sunday, May 19, 2013

နိဗ္ဗာန်သည် အတ္တမဟုတ်၊ အနတ္တဖြစ်သည် ဆိုရာ၌ နိဗ္ဗာန်၏အနတ္တဖြစ်ခြင်းကို မရှင်းလင်းကြောင်း မေးမြန်းထား ချက်အား ဖြေကြားခြင်းဖြစ်ပါသည်။

မေး။ ။ (2007-ခုနှစ်၊နို ၀င်ဘာလထုတ် မြတ်ပန်းရဂှုံတွင် ပါဝင်သော ဦးသူတော်၊ မကွေးမြို့မ၏ နိဗ္ဗာန်သည် အတ္တမဟုတ်၊ အနတ္တဖြစ်သည် ဆိုရာ၌ နိဗ္ဗာန်၏အနတ္တဖြစ်ခြင်းကို မရှင်းလင်းကြောင်း မေးမြန်းထား ချက်အား ဖြေကြားခြင်းဖြစ်ပါသည်။)


သဗ္ဗေ ဓမ္မာ အနတ္တာတိ၊ ယဒါ ပညာယ ပဿတိ။ အထ နိဗ္ဗန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ၀ိသုဒ္ဓိယာ။


သဗ္ဗေ-ခပ်သိမ်းကုန်သော၊ဓမ္မာ-ခန္ဓာငါးပါးတရားတို့သည်၊ အနတ္တာ-ကိုယ်မဟုတ်ကုန်၊ဣတိ-ဤသို့၊ ယဒါ- အကြင်အခါ၌၊ပညာယ-၀ိပဿနာပညာဖြင့်၊ ပဿတိ-မြင်တတ်၏၊အထ- ထိုသို့ မြင်သောအခါ၌၊ ဒုက္ခေ-သံသရာဝဋ်ဆင်းရဲ၌၊ နိဗ္ဗိန္ဒတိ-ငြီးငွေ့၏၊ ဧသ ဧသော-ဤသို့ ငြီးငွေ့ခြင်းသည်၊ ၀ိသုဒ္ဓိယာ-ကိလေသာစင်ကြယ်ခြင်း၏၊မဂ္ဂေါ-အကြောင်းတည်း ။ (ဓမ္မပဒပါဠိတော်နိဿ၊ စာ- 218) အထက်ပါ ဂါထာ၌ ပါဝင်သော `သဗ္ဗေ ဓမ္မာ`၏ အရကို အဋ္ဌကထာတို့၌ ခန္ဓာငါးပါးကို ကောက်ယူရမည် ဟုလည်းကောင်း၊ (ဓမ္မ၊ ဋ္ဌ၊2၊ 256)၊ သင်္ခတတရားအားလုံးကို ကောက်ယူရမည်ဟုလည်းကောင်း (နေတ္တိ၊ ဋ္ဌ၊ 45)၊ တေဘူမက တရားအားလုံးကို ကောက်ယူရမည်ဟု လည်းကောင်း (နေတ္တိ၊ ဋ္ဌ၊ 253) ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။ အထက်ပါဖွင့်ဆိုချက်များအရ အနတ္တမည်သော တရားသည် ခန္ဓာငါးပါး (၀ါ) သင်္ခတ=အ၀ိဇ္ဇာ, တဏှာ,ကံ,အာဟာရစသော အကြောင်းတရားတို့သည်ပေါင်း၍ပြုပြင်အပ်သော တရား(၀ါ) တေဘူမက=ကာမ,ရူပ,- အရူပဟူသောဘုံသုံးပါး၌ဖြစ်သော တရားဖြစ်၏။ ယင်းဖွင့်ဆိုချက်သုံးမျိုးစလုံးပင် အရကောက် သရုပ် တရားကိုယ်အားဖြင့် အတူတူပင်ဖြစ်၏။ လောကီဓဓ္မကိုသာရ၏ ။ လောကုတ္တရာဓမ္မဖြစ်သော- နိဗ္ဗာန်မပါ ။ ယင်းသို့ဖြစ်လျှင် အဘယ်ကြောင့် `သဗ္ဗေဓမ္မာ အနတ္တာ´ ဓမ္မအားလုံး အနတ္တ-ဟု ဟောတော်မူခဲ့ပါသနည်း ။အနိစ္စ၊ ဒုက္ခတို့ကဲ့သို့ လောကီဓမ္မကိုသာ ကောက်ယူရမည်မှန်လျှင်သဗ္ဗေ သင်္ခါရာ အနတ္တာ ဟုသာ ဟောတော်မူသင့်၏။ယခုကား ထိုသို့မဟုတ်ဘဲ သဗ္ဗေ ဓမ္မာ= ဓမ္မအားလုံးဟုဆိုခြင်းကြောင့် သင်္ခတဓမ္မလည်းရ၊ အသင်္ခတဓမ္မလည်း ရရာ၏။လောကီဓမ္မလည်းရ လောကုတ္တရာဓမ္မလည်းရရာ၏။ ထိုသို့ဖြစ်ပါလျက် အဋ္ဌကထာ ဆရာတို့က အဘယ်ကြောင့် သဗ္ဗေ ဓမ္မာ အရ သင်္ခတဖြစ်သော တေဘူမကခန္ဓာငါးပါးကိုသာ ကောက်ယူဖွင့်ပြကြပါသနည်းဟူမူ ၀ိပဿနာဘူမိကိုပြသော အရာ ဌာနဖြစ်သောကြောင့်ဟုဖြေအပ်၏။ မှန်ပါသည်၊ဂါထာတွင် ခပ်သိမ်းသော (ခန္ဓာငါးပါး)တရားတို့ သည် အတ္တ မဟုတ်ကုန်ဟုဝိပဿနာ ရှုနိုင်သောအခါ ၀ဋ်ဒုက္ခ၌ ငြီးငွေ့လာ၏။ထိုသို့ ငြီးငွေ့လာခြင်းသည် ကိလေသာစင်ကြယ်ခြင်း၏ အကြောင်းဖြစ်၏ဟူသော စကားအသွားအလာအရ၀ိပဿနာအရှုခံ တရားကိုသာ အရာဌာနအားလျော်စွာ ကောက်ယူရမည်ဖြစ်ကြောင်း ထင်ရှား၏။ ထို့ကြောင့် နိဗ္ဗာန်သည်အနတ္တဖြစ်သော်လည်းဝိပဿနာရှုပွားဖို့ရာ ဟောတော်မူသော ဒေသနာခြင်းကြောင့် သဗ္ဗေဓမ္မာ-အရ သင်္ခတ ဖြစ်သောတေဘူမက ခန္ဓာငါးပါးကိုသာ အဋ္ဌကထာ ဆရာတို့ ကောက် ပြတော်မူကြခြင်းဖြစ်၏။


သင်္ဂဇာဆရာတော်ကလည်း ဓမ္မပဒ ပါဠိတော်နိဿယ၌ အောက်ပါအတိုင်းမှတ်ချက်ပေးထားပါသည်-´နိဗ္ဗာန်သည်နိစ္စ,သုခမည်၏ဟု နိစ္စ,သုခစင်စစ်ကိုရှာသော် ရသကဲ့သို့ အတ္တစင်စစ် ရှာ၍ မရကောင်း၊နိဗ္ဗာန်လည်းအနတ္တပင်တည်း။ ထို့ကြောင့် အဆုံးဂါထာ၌´သဗ္ဗေဓမ္မာ အနတ္တာတိ`ဟု ဟောတော်မူသည်။


ထိုသို့နိဗ္ဗာန် အနတ္တဖြစ်ငြားသော်လည်း နိဗ္ဗာန်ကိုပုထုဇဉ်တို့ အရာမဟုတ်သောကြောင့် အတ္တဟု စွဲလမ်းသူမရှိ။ ခန္ဓာငါးပါးကိုသာ အတ္တဟု စွဲလမ်းကုန်သည်ဖြစ်၍စွဲလမ်းအပ်သော ခန္ဓာငါးပါး၏သာလျှင် အနတ္တအဖြစ်ကိုပြတော်မူသည်ဟု နှလုံးထား၍ ´သဗ္ဗေ ဓမ္မာတိ ပဉ္စက္ခန္ဓာဧ၀ အဓိပ္ပေတာ` (သဗ္ဗေ ဓမ္မာအရခန္ဓာငါးပါး ကိုသာ အလိုရှိအပ်၏။)ဟုအဋ္ဌကထာဆရာ ဖွင့်တော်မူသည်။ (နှာ-218)၊ (ထေရ၊ ဋ္ဌ၊2၊ 255၌လည်းကြည့်လေ။)


ပရိဝါပါဠိတော်၌ဘုရားရှင်ကိုယ်တော်တိုင်နိဗ္ဗာန်သည်အနတ္တ ဖြစ်ကြောင်း ဤသို့ဟောတော်မူ၏။ အနိစ္စာသဗ္ဗေ သင်္ခါရာ၊ ဒုက္ခာနတ္တာ စ သင်္ခတာ။ နိဗ္ဗာနဉ္စေ၀ပညတ္တိ၊ အနတ္တာ ဣတိနိစ္ဆယာ။(၀ိ၊ 5၊ 157) သဗ္ဗေ-အလုံးစုံကုန်သော၊ သင်္ခါရာ-ရုပ်နာမ်နှစ်ဝသင်္ခါရတို့သည်၊ အနိစ္စာ-မမြဲကုန်၊ သဗ္ဗေ-အလုံးစုံကုန်သော၊ သင်္ခတာ-အ၀ိဇ္ဇာ တဏှာ ကံအာဟာရ စသော အကြောင်းတရားတို့သည်ကောင်းစွာရောက်၍ ပြုစီမံအပ်သော တရားတို့သည်၊ ဒုက္ခာ-ဒုက္ခတို့သာတည်း၊အနတ္တာစ-အသက်ကောင် ၀ိညာဉ်ကောင်ဟူသောအတ္တလည်း မဟုတ်ကြကုန် (၀ါ)အတ္တလည်း မရှိကြကုန်၊ နိဗ္ဗာနဉ္စေ၀- အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ်ကိုလည်းကောင်း၊ပညတ္တိစ- ပုဂ္ဂိုလ်သတ္တ၀ါ သူငါ စသော နာမည်ပညတ်ကိုလည်းကောင်း၊ အနတ္တာ ဣတိ- အနတ္တ တို့ ဟူ၍၊ နိစ္ဆယာ- ဆုံးဖြတ်အပ်ကုန်၏။(ပရိဝါ-ဘာဋီ၊398) [`နိစ္ဆယာ´၌နိ-ပုဗ္ဗ စိ-ဓာတ် (ဆုံးဖြတ်ခြင်း အနက်ဟော)၊အ-ပစ္စည်းကို ကံ-ဟောဟုသိစေလို၍ နိစ္ဆိတာ- ဟုအဋ္ဌကထာဖွင့်သည်။ ပရိဝါအဋ္ဌကထာ၏ နိဿယ၌ကား `နိဗ္ဗာန်နှင့် ပညတ်ကိုအနတ္တဟူ၍၊ နိစ္ဆိတာ-န ဣစ္ဆိတာ-အလိုမရှိအပ်`ဟုအနက်ပေးသတတ်၊ သဘာဝဓမ္မ နှင့် ဆန့်ကျင်လေစွ။(အံ၊ သျ၊ပ၊ နိဒါန်း၊ဂေါ။) သာသနာပ တိတ္ထိတို့သည် ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးဖြင့် ပြုလုပ် ပြောဆိုသမျှ ၊ ၀ါ- ကောင်းမှု မကောင်းမှု ဟူသမျှ အတ္တက ပြုလုပ်ခြင်း ဖြစ်၏။(ကာရက)ထိုကောင်းမှု မကောင်းမှု၏ အကျိုးကိုလည်းအတ္တ သည်ပင် ခံစား၏။(ဝေဒက) -၏ဟုယူကြ၏။နိဗ္ဗာန်၌ကား ထိုသို့ တိတ္ထိတို့ကြံဆပြောဆိုအပ်သော ကာရကဝေဒက-စသော သဘော ရှိသော အတ္တမရှိ၊ ထို့ကြောင့် နိဗ္ဗာန်သည် အနတ္တ-မည်၏။(ငါသူတပါး ယောက်ျားမိန်းမတော တောင် အိမ်ကျောင်း- စသော နာမည် ပညတ် အရပ်ရပ်၌လည်းအတ္တမရှိ။) (၀ိမတိ၊ 2၊272။ဝဇိရ၊ 545) ကမ္မဿ ကာရကောနတ္ထိ= ကံကိုပြုတတ်သော ပုဂ္ဂိုလ် သတ္တ၀ါ မည်သည် မရှိ၊ ၀ိပါကဿ စဝေဒကော=အကျိုးဝိပါက်ကို ခံစားတတ် သော ပုဂ္ဂိုလ်သတ္တ၀ါသည်လည်း မရှိ၊ သုဒ္ဓဓမ္မာပ၀တ္တန္တိ= ပုဂ္ဂိုလ် သတ္တ၀ါ သူငါ မဖက် သက်သက်သောရုပ်နာမ်တရားတို့သည်သာလျှင် ဖြစ်ကုန်၏။ဧဝေတံ သမ္မဒဿနံ=ဤသို့သော မြင်ခြင်းသည်သာလျှင် မဖောက်မပြန် ဟုတ်မှန်သော မြင်ခြင်းမည်၏။ (၀ိသုဒ္ဓိ၊ဋ္ဌ၊2၊237) အတ္ထိ နိဗ္ဗုတိ= နိဗ္ဗာန်သည်ရှိ၏။


န နိဗ္ဗုတော ပုမာ=နိဗ္ဗာန်သို့ ရောက်သောပုဂ္ဂိုလ်သတ္တ၀ါ မရှိ။(၀ိသုဒ္ဓိ၊ ဋ္ဌ၊2၊143) မဟာယာန၀ါဒီတို့ကားအနောက်အရပ်တနေရာ ကောင်းကင်ဘုံ၌ သုခ၀တီဟူသော နိဗ္ဗာန်ရွှေပြည်ကြီး ရှိ၏။ထိုနိဗ္ဗာန်၌ ဘုရားလောင်းများထာဝရချမ်းသာခံစားနေကြပြီး တစ်ခါတစ်ရံ လူ့ပြည်သို့ ဆင်းသက်ကာ တရားဓမ္မများဟောပြောကြသည်ဟု ယူဆ ကြ၏။သူတို့အလို နိဗ္ဗာန်၌ အတ္တရှိ၏ဟုဆိုရမည် ဖြစ်၏။ထေရ၀ါဒ နိဗ္ဗာန်ကားအနတ္တနိဗ္ဗာန် စင်စစ်တည်း။ အရှင်ကောဝိဒ (ယော)