Friday, February 28, 2014

ဒီအချိန်ကိုသာ မိအောင်ဖမ်းပေတော့***မိုးကုတ်ဆရာတော်ကြီး***

ဆရာကောင်း သမားကောင်း မှီခိုရတဲ့အတွက် သစ္စာတရားတွေနာရလို့ရှိရင် ဒီဘဝဟာ ဘာဘဝပါလိမ့်တုံးလို့ ကိုယ့်ကိုယ်ကို သံသယမရှိကြနဲ့။ ဪတို့  နောက်ပါခဲ့တဲ့အကြောင်းဒုက္ခတွေလည်းဇာတ်သိမ်းတော့မှာပဲ၊ ရှေ့ကိုမိုက်လတ္တံ့ ဖြစ်တဲ့အကြောင်းဒုက္ခတွေလည်းဇာတ်သိမ်းတော့မှာပဲလို့ကို့ယ်ဟာကိုယ်ဆုံးဖြတ်ချက်ချပါ။ ဘာကြောင့်တုံးဆိုတော့သစ္စာတရားဆိုတာလမ်းဆုံးတရားနော် သူမပါရင် ပြီးကိုမပြီးဘူး။ အဲဒီ တရားကြီးကို ဒကာ ဒကာမတွေကိုယ်ပိုင် ကိုယ်ဆိုင်အဖြစ်ရပြီးနေတော့ နောက်တုံးက အပါယ်သွားဖို့ကံတွေကို လည်းသစ္စာသိတဲ့ဥာ ဏ်ကဖြတ်ပေးပါလိမ့်မယ်။ဒီဘဝမှာလည်း ဆရာကောင်းသမားကောင်းနှင့် မတွေ့ခင်တုံးက မသိမလိမ်မာလို့ မိုက်မဲထားတဲ့ကံတွေ အကုသိုလ်ကံတွေလည်း မရေမတွက်နိုင်အောင်ပဲ ရှိပါတယ်။အဲဒီကံတွေလည်း အလုံးစုံ အဟောသိကံဖြစ်ပြီးသကာလ သစ္စာသိတဲ့ဥာဏ်ကပဲဖြတ်ပေးပါလိမ့်မယ်။ အလုံးစုံအမှားကိုတစ်ခါတည်းနှင့်အကုန့် ပြင်ဆင်ပြီးသကာလ ချမ်းသာအစစ်နိဗ္ဗာန်ဆိုတဲ့ သဘောကိုတော့ဖြင့် ဒီတစ်ခါမရမရှိဘူး။ ငါဘုရားသခင်တိုတိုဟောပါမယ်ကွာတဲ သစ္စာဟောတတ်တဲ့ဆရာနဲ့. မင်းတို့ကနောက်က နေဥာဏ်နဲ့ကိုယ့် ခန္ဓာသစ္စာကို၊ဖြစ်ပျက်နေတဲ့ဒုက္ခသစ္စာကို မင်းတို့ကလည်း အကြည့်တည့်သွားမယ်ဆိုလို့ရှိရင် ကွာ တဲ့ ပါရမီမ လိုပါဘူး ညနေအားထုတ် မနက်ရပါတယ်။ မနက်ရတယ်ဆိုရင်ပဲ ဘဝပေါင်းများစွာက အပါယ်တွန်းချမယ့်ကံတွေ အကုန် အဟောသိကံဖြစ်။ ဒီဘဝ မသိမလိမ်မာ မှုတွေကော အကုန်အဟောသိကံဖြစ်။ တစ်ခါဝဋ်တောင့်တပြီး လှူဒါန်းပေးကမ်းတဲ့ကံတွေကော အဟောသိကံဖြစ်ရတော့မယ်ဆိုတာ သေချာပါတယ်။ ဘုန်းကြီးရဲ့တာဝန်က ဒကာဒကာမတို့၏ခန္ဓာကြီးကို မသိသေးလို့ ဒုက္ခသစ္စာကို မရှင်း ရှင်း အောင်ပြောပေးမှု ၊ဒါဆရာသမားရဲ့တာဝန်ု လို့မှတ်ပါ။ ဒကာ ဒကာမတွေက ကဲဆရာသမားတွေကဒီလိုဟော ထားတယ် ငါကိုယ်ပိုင်ဥာဏ်နဲ့ကြည့်လိုက်မယ်ဆိုပြီး ကြည့်လိုက်တဲ့အခါကျတော့ ဆရာသမားပြောတာနဲ ကိုယ့်အမြင်ဖြင့် တစ်ချက်ထဲ တစ်ထပ်ထဲဖြစ်သွားတယ်ဆိုလို့ရှိရင် မဂ်ဥာဏ်လို့ခေါ်တာပဲ ၊ အဲဒါကြောင့် ဘာမှ အားမငယ်ပါနဲ့။ ဒကာမတို့ ဘာမှပူစရာမရှိဘူး။ လမ်းကောင်းပြမယ့်သူခေါင်းဆောင်သာလိုတယ်နော်။ လမ်းကောင်းပြမယ့်သူရှိရင် တသံသရာလုံး၊တစ်သက်လုံးမိုက်လာတဲ အင်္ဂုလိမာလခိုးသူကြီးလည်း ချက်ချင်းကျွတ်တာပဲ၊ တစ်သက်လုံး မုဆိုးကြီးလုပ်လာတဲ့ပုဂ္ဂိုလ်လည်း ကျွတ်သွားတာပဲ ၊ဒုက္ခတွေဇတ်သိမ်းတာပဲဆိုတာငြင်းဖို့လိုသေးလား။ အဲတော့ ဘာလိုသတုံးလို့မေးတော့ သစ္စာပြတတ်တဲ့ဆရာ အရေးကြီးတယ်။ ဒကာ ဒကာမတွေကလည်း ဒီသစ္စာကိုကိုယ်ပိုင်ဥာဏ်နဲ ဟုတ်ပါကလားလို့ဆုံးဖြတ်ချက်ချနိုင် ကြည့်နိုင်ဖို့အရေးကြီးတယ်။ ဒီနှစ်ချက်ကိစ္စြ ပီးရင်ဖြင့် ဘာမှမပူနဲ့တော့ သဘောပါကြလား ။ အင်မတန် အားရှိစရာကောင်းပါတယ်။ ဒီအချိန်ကိုမိအောင်သာဖမ်းပေတော့ ။

(မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူသော=ကုသိုလ်ခွေး အကုသိုလ်ခွေး ၂၁.၃.၁၉၆၀)်

No comments:

Post a Comment