Saturday, March 1, 2014

ဘုရားရှိခိုးရသောအကျိုး လေးပါးဂါထာပါဌ်အနက်

ဘုရားရှိခိုးရသောအကျိုး လေးပါးဂါထာပါဌ်အနက်

၁။ ဗုဒ္ဓါနုဿတိနုယုတ္တော၊ သဂါရဝေါ သပတိေဿာ။ သဒ္ဓါသတိပညာပုညံ၊ ဝေပုလ္လံ အဓိဂစ္ဆာတိ။ ၂။ ပီတိပါမောဇ္ဇဗဟုလော၊ ဘယဘေရဝပသယှော။ ဒုက္ခာဓိဝါသနသမတ္ထော၊ သတ္ထာရာ သံဝါသသညံ။ ၃။ စေတိယံဝ ပူဇာရဟံ၊ ဗုဒ္ဓဘာဝဉ္စ နမတိ။ ဟိရောတ္တပ္ပံ ပစ္စုဋ္ဌာတိ၊ သုဂတိ သမ္ပရာယနော။ ၄။ တသ္မာ ဟဝေ အပ္ပမာဒံ၊ ကယိရာထ သုမေဓသော။ ဧဝံ မဟာနုဘာဝါယ၊ ဗုဒ္ဓါနုဿတိယာ သဒါတိ။

၁။ ဗုဒ္ဓါနုဿတိနုယုတ္တော - ဗုဒ္ဓ၏ ဂုဏ် ကိုယ်လုံးထုံလျက် ယုံကြည်မြတ်နိုး ရှိခိုးဆည်းကပ် အားထုတ်တက်သော ပုဂ္ဂိုလ်သည်၊ သဂါရဝေါ -ဂုဏ်တော်ကိုးပါး မြတ်စွာဘုရား၌ စိတ်ထားညွှတ်အိ ရိုသေခြင်းရှိ၏၊ သပတိေဿာ-ကိုယ်ရောနှုတ်ပါ လွန်စွာမြတ်နိုး ရှိခိုးကျိုးနွံ ခြင်းလည်းရှိ၏၊ သဒ္ဓါသတိပညာပုညံ - သဒ္ဓါတရား၊ သတိတရား၊ ပညာတရား၊ ကောင်းမှုကုသိုလ် တရားသည်၊ ဝေပုလ္လံ- ကောင်းကင်အလား ထင်ရှားပြန့်ပြောခြင်းကို၊အဓိဂစ္ဆာတိ - ရနိုင်၏။

၂။ ပီတိပါမောဇ္ဇဗဟုလော - နှစ်သက်ခြင်းတည်းဟူသော ပီတိတရား၊ ဝမ်းမြောက် ခြင်းတည်းဟူသော ပါမောဇ္ဇတရားသည်လည်း များစွာဖြစ်ပွားနိုင်သည်၊ ဟောတိ - ဖြစ်၏၊ ယဘေရဝပသယှော - ဘေးကြီးဘေးငယ် ရန်ကြီးရန်ငယ် အသွယ်သွယ်တို့ကို နှိပ်နယ်နိုင်နင်းသည်၊ ဟောတိ -ဖြစ်၏၊ ဒုက္ခာဓိဝါသနသမတ္ထော -ဆင်းရဲဒုက္ခ ကြုံတွေ့ကလည်း ဓမ္မနှလုံးသွင်း သည်းခံခြင်းငှာ စွမ်းနိုင်သည်၊ ဟောတိ-ဖြစ်၏၊ သတ္ထာရာ - သက်တော်ထင်ရှား မြတ်စွာဘုရားနှင့်၊ သံဝါသသညံ - အတူတကွ နေထိုင်ရသည်ဟူသော အမှတ်ကို၊ ပဋိလဘတိ - ရလေ၏။

၃။ စေတိယံဝ- ဗုဒ္ဓစံပျော် စေတီတော်ကဲ့သို့၊ ပူဇာရဟံ - ပူဇော်အထူးကို ခံယူခြင်းငှာထိုက်သည်၊ ဟောတိ-ဖြစ်၏၊ ဗုဒ္ဓဘာဝဉ္စ- သမ္မာသမ္မာုဒ္ဓလောက သင်္ကျစ် ဘုရားအဖြစ်ကိုလည်း၊ နမတိ-စိတ်ညွှတ်၏၊ ဟိရောတ္တပ္ပံ-မကောင်းမှု ဒုစရိုက်မှာ ရှက်ခြင်း၊ ကြောက်ခြင်းသည်၊ပစ္စုဋ္ဌာတိ-ရေးရှုထ င်၏၊ သုဂတိ သမ္ပရာယနော- ယခုဘဝမဂ်ဖိုလ်မရ သော်လည်း မရဏဖျက် ခန္ဓာပျက်ခဲ့လျှင အထက်သုဂတိလျှင် လဲလျောင်းရာရှိသည်၊ ဟောတိ-ဖြစ်၏။

၎။ တသ္မာ - အကျိုးတရား ထိုသို့များသောကြောင့်၊ သုမေဓသော- ကြောင်းကျိုးမြင်သိ ပညာရှိသူတော်ကောင်းသည်၊ ဧဝံ-ဤသို့ဆိုအပ် ခဲ့ပြီးသည့် အတိုင်း၊ မဟာနုဘာဝါယ-ကြီးမြတ်သော အာနုဘော်ရှိသော၊ ဗုဒ္ဓါနုဿတိယာ- ဘုရားဂုဏ်၌ လွှမ်းထုံမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်း ဗုဒ္ဓါနုဿတိတရား၌၊ ကယိရာထ -လုံ့လကြိုးကုတ်စွမ်းအားထုတ်၍ ပြုလုပ်လိုက်ကြကုန်ရာသတည်း။

No comments:

Post a Comment