ဒါနနဲ့သီလ
ဒါနကုသိုလ်၊သီလကုသိုလ်၊ဘာဝနာကုသိုလ်ရယ် လို့ရှိရာမှာ ပါရမီတော်ခန်းမှာတော့ဒါနံဝ အာဒိံ ကတွာဒါနကိုအစပြုပြီးကုသိုလ်ကိုဆည်းပူးရမယ် လို့ဆိုထားပါတယ်။ယခုသီလကုသိုလ်နေရာမှာကျ ပြန်တော့လည်း သီလကအစဖြစ်ခဲ့ပြန်ပြီ၊ရှေးက ဘုန်းတော်ကြီးတစ်ပါးထံ ဒါယိကာမ တစ်ယောက် ဆွမ်းလာလှူတော့ ဘုန်းကြီးက ဆွမ်းအကျိုးကြီး ကြောင်း၊ဆုမတောင်းဘဲ အကျိုးထူးတရားငါးပါးရ ကြောင်းဟောသတဲ့။ နောက်ဒါယိကာမတစ်ယောက် ရေလာလှူပြန်တော့လည်းရေအကျိုးအင်မတန်ကြီး ကြောင်း ဆုမတောင်းဘဲရေအကျိုးဆယ်ပါးရနိုင် ကြောင်းဟောပြန်သတဲ့၊ဒီလိုဟောတာကိုဆွမ်းလှူ တဲ့ဒါယိကာမကမကျေနပ်လို့ ဘုန်းတော်ကြီးကို လျှောက်ထားတယ် ဆိုတာလို ဒါနအစသီလအစ နှင့် ပတ်သတ်ပြီးတော့လည်း စောဒက တက်စရာ ဖြစ်နေပါတယ်။ ဒီအကြောင်းယခုဖြေဆိုပါမယ်။
သဘာဝသီလပြခဲ့တုန်းက သီလဆိုတာပကတိပင် ကိုယ်သဘောလို့ ပြောခဲ့ပါတယ်။ ဒါကြောင့် သီလ ကိုသိုလ်ဆိုတာပကတိပင်ကိုယ်ကုသိုလ်ဖြစ်ပါတယ်။ အဲဒီပကတိပင်ကိုယ်ဆိုတာကိုမြေကြီးနှင့် ဥပမာပေး ကြပါစို့၊မြေကြီးဆိုတာ ဘယ်သူကမှ မြေဖြစ်အောင် တမင်ပြုလုပ်ထားတာမဟုတ်ပါဘူး။ ပင်ကိုယ်ပကတိ ကပင်လျှင် မြေဖြစ်ပါတယ်။အိမ်ဆောက်မယ်၊ကျောင်း ဆောက်မယ်၊ တံတားဆောက်မယ်ဆိုလျှင်ပကတိမြေ ပေါ်မှာ ဆောက်ရပါတယ်။ မြေအနေအထားမကောင်း လျှင်ကောင်းအောင်တော့အဆောက်အအုံမတည်ခင် မြေကိုပြုပြင်ပေးရပါတယ်။
ထို့အတူသီလဆိုတာ မြေကဲ့သို့ ပကတိပင်ကိုယ် သ ဘောဖြစ်ပါတယ်။ ပကတိ ပင်ကိုယ်သဘောဖြစ်တဲ့ သီလကိုအမှီပြုပြီးမှ ဒါနကုသိုလ်ဘာဝနာကုသိုလ် တု့ကိုပြုကြရပါတယ်။ ဒီနေရာမှာ မြေအနေအထား မကောင်းလျှင်အနေအထား ကောင်းအောင် ပြုပြင်ရ သလိုသီလအနေအထားမကောင်းလျှင်လည်းသီလ ကိုပြုပြင်ပေးရ ပေလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ အနေအထားမကောင်းတဲ့မြေပေါ်မှာအဆောက်အအုံ တစ်ခုခု တည်ဆောက်ခဲ့လျှင်မြေအခြေ မခိုင်တော့ တည်ဆောက်တဲ့ အဆောက်အအုံဟာ ပြိုကျပျက်ဆီး တတ်သလိုမကောင်းတဲ့သီလကိုမှီပြီးကုသိုလ်ပွားများ ခဲ့လျှင် ထိုကုသိုလ်ဟာ အရှည်မခံဘဲ မကြာခင်ပျက် ဆီးတတ်ပါတယ်။ ဤစကားရပ်ကိုအရှင်းဆုံးတင်ပြ ပါမယ်။
ဒုစရိုက်မှုပြုနေတဲ့သူတစ်ယောက်ဟာ မိမိပြုနေတဲ့ ဒုစရိုက်ကိုခွါမချဘဲ ဒါနမှုကိုပြုသည်ဖြစ်စေ၊ဘာဝနာ ကမ္မဋ္ဌာန်းကိုစီးဖြန်းသည်ပင်ဖြစ်စေ၊မိမိပြုနေတဲ့ ဒါန ကုသိုလ်ဘာဝနာ ကုသိုလ်တွေ အကြားမှာ ဒုစရိုက် အကုသိုလ်ကဘွားကနဲပေါ်လာပြီးဖြစ်ပေါ်ဆဲဒါန ကုသိုလ်ဘာဝနာကုသိုလ်ကလေးကို ၀ါးမျိုသွားမည် ဖြစ်ပါတယ်။ ဒါကြောင့်မိမိပြုမည့်ကုသိုလ် အရှည်ခံ အောင်မြေနှင့်တူတဲ့သီလကို ရှေးဦးစွာပြုပြင်ပေး ရပါတယ်။ ဤကိုရည်ရွယ်ပြီး သီလကို ကုသိုလ်တို့ ရဲ့အဦးအစလို့ဘုရားရှင်ဟောတော်မူခြင်းဖြစ်ပါတယ်။
တည်တောဆရာတော် သီလဟူသည်မှ
No comments:
Post a Comment