Labels
- andriod ဆိုင်ရာ download များ
- android ဆိုင်ရာ down loadများ
- android ဆိုင်ရာ download များ
- androidဆိုင်ရာ down loadများ
- ကဗျာများ
- ကိုးကွယ်မှု
- ချက်နည်း ပြုတ်နည်း
- ဂါထာတော်များ
- စိတ်အာဟာရ
- ဓမ္မပဒ
- ပညာရေး
- ဘာသာရေး
- မဟာစည်ဆရာတော်ကြီး၏ အဆိုအမိန့်များ
- မိုးကုတ်ဆရာတော်ကြီး၏ အဆိုအမိန့်များ
- ရိုးရာ အစားအစာ
- လယ်တီဆရာတော်ကြီး၏ အဆိုအမိန့်များ
- သင်ယူလေ့လာ နည်းပညာ
- သင်ယူလေ့လာနည်းပညာ
- သုတအဖြာဖြာ မှတ်စရာ
- သုတအဖြာဖြာမှတ်စရာ
- ဆေးပညာ ဗဟုသုတ
- ဒေသန္တရ ဗဟုသုတ
- နိုင်ငံရေး နှင့် အမျိုးသားရေး
- နိုင်ငံရေးနှင့်အမျိုးသားရေး
Saturday, March 15, 2014
သံဝေဂတရားပွားများနိုင်ကြပါစေ
သံဝေဂတရားပွားများနိုင်ကြပါစေ
❆ ❆ ❆ ❆
★ သာသနာတော် ငါးထောင်ဆိုသည်မှာ လူ့ပြည်ကိုရည်၍ဆိုသတည်း။လူ့ပြည်၌ အနှစ်ငါးထောင်မျှသာ အရိယာဖြစ်နိုင်သော ခေါတ်ရှိသည်၊ အနှစ်ငါးထောင်မှ နောက်၌ အရိယာဖြစ်နိုင်သော ခေါတ်မရှိပြီဆိုလိုသည်။ ★ နတ်ပြည်ရှိ သာသနာနှစ် နတ်တို့၏အသက်နှင့် နှိုင်းယှဉ်သည်ရှိသည်ရှိသော် ငါတို့မြတ်စွာဘုရားရှင်၏ သာသနာတော်သည် ❀ စတုမဟာရာဇ် နတ်ပြည် မှာ လူတို့အရေအတွက် အနှစ် ကိုးသန်းတည်လတ္တံဟုသိရ၏။ ❀ တာဝတိံသာ နတ်ပြည် မှာ လူတို့အရေအတွက် အနှစ် သုံးကုဋေခြောက်သန်း တည်ထွန်းလတ္တံ ❀ ယာမာ ဘုံမှာ အနှစ် တစ်ဆယ်လေးကုဋေလေးသန်း သာသနာအဆင့်ဆင့် တိုး၍တိုး၍ တည်လတ္တံ။ အထက်ဆုံးဖြစ်သော ❀ အကနိဋ္ဌဘုံမှာ ငါတို့မြတ်စွာဘု ရားသာသနာတော်မြတ်ကြီးသည် မဟာကမ္ဘာကြီး တစ်သောင်းဖြောက်ထောင်တိုင်အောင် တည်ထွန်းလတ္တံ။ ★ ဤလိပ်ကန်း ထမ်းပိုးဥပမါ ဒေသနာတော်ကို ထောက်သဖြင့် ယခုအခါ အပါယ်သို့ကျရောက်ကြကုန်သောသူတို့သည် တစ်သိန်းတစ်သန်းတွင် တစ်ယောက်မျှ မေတ္တယျဘုရားသာသနာတော်ကို မှီအောင်အပါယ်မှ ထနိုင်သူမရှိဟု သိအပ်၏။ ★ ယခုတွေ့ကြုံနေရဆဲဖြစ်သော အရှင်ဂေါတမသာသနာတော်ကို လွန်၍သွားသောသူတို့သည် မေတ္တယျ ဘုရားတစ်ဆူကိုမဆိုထားလင့်ဦး ၊ နောက်ကို ဘုရားပေါင်းတစ်ရာကိုပင် လွဲနိုင်ကြကုန်သေး၏။အဘယ်ကြောင့်နည်းဟူမူ တွေ့ကြုံရန်လမ်းကား တစ်လမ်းသာရှိ၏၊ လွဲကြရန်လမ်းကား အသင်္ချေပေါင်း အနန္တရှိ၏။
အနတ္တဒီပနီ
❦ ❦ ❦ ❦ ★ ဘိက္ခု - ရဟန်း ၊ တုဝံ - သင်သည် ၊ ဈာယ -မနားမဆုတ် အားထုတ်ညီညာ ရှုမှတ်ပါလော့ ၊ မာ ပမာဒေါ - မေ့၍ မနေလေနှင့် ၊တေစိတ္တံ -သင်၏စိတ်ကို ၊ ကာမဂုဏေ - ငါးပါးအာရုံကာမဂုဏ်ထဲ၌ ၊ မာ ရမေဿု - မွေ့လျှော်နှစ်ခြိုက် ပျော်ပိုက်၍ မနေစေလင့် ၊ ပမတ္တော -မေ့မေ့လျော့လျော့ ပေါ့တော့တော့ နေမိသောကြောင့် ၊ နရိယံ ပတွာ -တစ်ရ့တစ်ခါ ငရဲရွှာသို့ရောက်လတ်၍ ၊ လောဟဂုဠံ - မီးလျှံတဟုန်းဟုန်း သံတုံးသံခဲကို ၊ မာဂိလီ -အလိုမကျဘဲ မမျိုရမိပါစေလင့် ၊ ဒယှမာနော - ငရဲမီးတပြောင်ြေ ပာင် အပူလောင်ခံရသည်ဖြစ်၍ ၊ ဣဒံ ဒုက္ခံန္တိ -ဒီဟာက ဆင်းရဲလှပါတကားဟူ၍ ၊ မာ ကန္ဒိ -ဟစ်အော်ယောင်ယမ်းလျက် မမြည်တမ်း မငိုကြွေးရပါစေလင့်။ ❦ ❦ ❦ ❦
Be Mind - မှ ပြန်လည် မျှဝေလိုက်ပါတယ်...။
Labels:
ဘာသာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment