Labels
- andriod ဆိုင်ရာ download များ
- android ဆိုင်ရာ down loadများ
- android ဆိုင်ရာ download များ
- androidဆိုင်ရာ down loadများ
- ကဗျာများ
- ကိုးကွယ်မှု
- ချက်နည်း ပြုတ်နည်း
- ဂါထာတော်များ
- စိတ်အာဟာရ
- ဓမ္မပဒ
- ပညာရေး
- ဘာသာရေး
- မဟာစည်ဆရာတော်ကြီး၏ အဆိုအမိန့်များ
- မိုးကုတ်ဆရာတော်ကြီး၏ အဆိုအမိန့်များ
- ရိုးရာ အစားအစာ
- လယ်တီဆရာတော်ကြီး၏ အဆိုအမိန့်များ
- သင်ယူလေ့လာ နည်းပညာ
- သင်ယူလေ့လာနည်းပညာ
- သုတအဖြာဖြာ မှတ်စရာ
- သုတအဖြာဖြာမှတ်စရာ
- ဆေးပညာ ဗဟုသုတ
- ဒေသန္တရ ဗဟုသုတ
- နိုင်ငံရေး နှင့် အမျိုးသားရေး
- နိုင်ငံရေးနှင့်အမျိုးသားရေး
Friday, March 14, 2014
တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့ (ကြည်နူးဖွယ်ကောင်းလတပေါင်း)
တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့ (ကြည်နူးဖွယ်ကောင်းလတပေါင်း)
အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ၊ ဇလေသိနော ဆဒနံ ၀ိပ္ပဟာယ။ တေ အစ္စိမန္တောဝ ပဘာသယန္တိ၊ သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘန္တေ=ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား။ ဒါနိ-ဣဒါနိ=ဆောင်းကိုလွန်မြောက်နွေးဦးပေါက်သို့ ရောက်လတ်တုံလာယခုအခါ၌။ ဒုမာ=တခေတ်ကူးပြောင်း သစ်ပင်အပေါင်းတို့သည်။ ဆဒနံ=ရှည်ကြာမြင့်ညောင်း အရွက်ဟောင်းကို။ ၀ိပ္ပဟာယ=စွန့်ပယ်သောထွေ ကြွေကျကုန်၍။ ဖလေသိနော=အသစ်ဖြစ်သော အသီးကို ရှာမှီးကြကုန်သကဲ့သို့ဖြစ်၍။ အင်္ဂါရိနော=မီးကျီးအသွေး နီးတွေးသော ရွက်နု အပွင့်အဖူးတို့နှင့် ပြည့်စုံကြကုန်၏။ တေ=ထိုသစ်ပင်အပေါင်းတို့သည်။ အစ္စိမန္တောဝ=ဥတုလှုံ့ဆောင် အရောင်ရှိကုန်သည်ဖြစ်၍ သာလျှင်။ ပဘာသယန္တိ=ပြောင်တ၀င်းဝင်း ထွန်းလင်းတောက်ပ ကြကုန်၏။ မဟာဝီရ=ကြီးမြတ်သော ၀ီရိယရှိတော်မူသော မြတ်စွာဘုရား။ အင်္ဂီရသာနံ=ကိုယ်တော်မြတ်မှ မပြတ်ငြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော=ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပ တ်ကောင်းမြတ်သောအချိန်ပါဘုရား။
(ဒေါင်းသံသာစွ တပေါင်းလ) မယူရသံဃာ ဂိရိမုဒ္ဓနသ္မိံ၊ နစ္စန္တိ နာရီဟိ သမင်္ဂီဘူတာ။ ကူဇန္တိ နာနာ မဓုရဿရေဟိ၊ သမယော မဟာဝီရ အင်္ဂီရသာနံ။ ဘန္တေ=ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံတော်မူေ သာရှင်ပင်မြတ်ဘုရား။ ဂိရိမုဒ္ဓနသ္မိံ=ကြွရာလမ်းတခွင်ဝဲယာဖြစ်သော တောင်ထိပ်အပြင်၌။ မယူရသံဃာ=ဥဒေါင်းငှက်အပေါင်းတို့သည်။ နာရီဟိ=ကြင်ဖော်မှန်လှ ချစ်ဒေါင်းမတို့နှင့်။ သမင်္ဂီဘူတာ=တကွယှဉ်နွဲ မောင်နှံတွဲကြကုန်သည်ဖြစ်၍။ နစ္စန္တိ=အမြီးကိုထောင် အတောင်ကိုကော့ ခေါင်းကိုမော့၍ ကျော့ကျော့ရွှင်ဖြိုး တင့်စနိုးလျှင် ရှေ့ထိုးနောက်ငင လူ့အသွင်သို့မြူးရွှင်ကခုန်ကြကုန်၏။ နာနာ မဓုရဿရေဟိ=အထူးထူးအထွေထွေ အိုးဝေ အိုးဝေ ဟူသော သာယာသောအသံတို့ဖြင့်။ ကူဇန္တိ=ဘာသာမဂဓ သဘာဝဖြင့် တွန်ကြမြူးကြ ကျူးရင့်ကြကုန်၏။ မဟာဝီရ=ကြီးမြတ်သောဝီရိယ ရှိတော်မူသော မြတ်စွာဘုရား။ အင်္ဂီရသာနံ=ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော် ရှိတော်မူသော မြတ်စွာဘုရားတို့၏။ သမယော=ဖွားရာဌာနီပြည်ကပ္ပီသို့နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျှောက် ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(တပေါင်းလပြည့် မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ သိမှတ်ဖွယ်ရာများ ) ၁။ တပေါင်းလပြည့်နေ့ကိုဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ အထိမ်းအမှတ်အဖြစ်ကျင်းပရခြင်းမှာ ထိုနေ့တွင် ကာဠုဒါယီမထေရ်က ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်တော်မူရန် လျှောက်ထားသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
၂။ ထိုအချိန်က မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့်မဂဓတိုင်းသားများကို တရားရေအေး တိုက်ကျွေးလျက်ရှိပါသည်။
၃။ ထိုသတင်းကိုခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကြားသိရာ ခေါင်းဆောင်အမတ် ၁၀-ဦးတို့ကိုနောက်ပါအခြံအရံ တထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာမြတ်စွာဘုရားကိုပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်လိုက်ပါသည်။နောက်ဆုံးအသုတ်က ကာဠုဒါယီအမတ်ကြီးက ခေါင်းဆောင်၍ သွားရပါသည်။ မြတ်စွာဘုရားနှင့်တွေ့၍ တရားနာရသောအခါ ကပိလ၀တ်သို့ မပြန်ကြတော့ဘဲဘုရားပင့်သွားသူအားလုံး တယောက်မကျန် သာသနာ့ဘောင်သို့ ၀င်ရောက်ပြီး ဧဟိဘိက္ခု ရဟန်းတွေချည်း ဖြစ်ကုန်ကြပါသည်။
၎။ ရဟန္တာဖြစ်ပြီးနောက်ကာဠုဒါယီမထေရ်က တပေါင်းလ၏ သာယာပုံကိုဂါထာပေါင်း ၆၄-ဂါထာ သီကုံး၍ ခမည်းတော်၏ကျေးဇူးကို သိသောအားဖြင့် ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ကြွချိန်တန်ပြီ ဖစ်ကြောင်း လျှောက်ထားလေသည်။
၅။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည်ရဟန္တာပေါင်း ၂-သောင်း ခြံရံလျက် မဟာသက္ကရာဇ်၁၀၃-ခု တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှယူဇနာ ၆၀-ဝေးကွာသော ကပိလ၀တ်ပြည်တော်သို့တနေ့လျှင်၁-ယူဇနာခရီးဖြင် ရက်ပေါင်း ၆၀- (၂-လကြာမျှ) ဒေသစာရီ ကြွချီတော်မူပါသ ည်။
(ဖြစ်ပေါ်လာသော အကျိုးဆက်များ ) မြတ်စွာဘုရား ကပိလ၀တ် နေပြည်တော်သို့ ကြွတော်မူခြင်းဖြင့် သာသနာတော်သမိုင်းတွင် ဖြစ်ပေါ်လာသော အကျိုးဆက်များမှာ-*နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်း။ *သာကီဝင်မင်းမျိုးတို့၏ မာန်စွယ်ကို နုတ်ပယ်သောအားဖြင့် ပေါက္ခရ၀ဿမိုးကို ရွာသွန်းစေခြင်း။ *ဂါထာတထောင်ဖြင့်တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောကြားခြင်း။ *မဟာဓမ္မပါလဇာတ်တော်ကြီးကို နာကြားရ၍ ခမည်းတော်ကြီး အနာဂါမ်တည်ပြီး နောင်အခါ အရဟတ္တဖိုလ်တည်ခြင်း၊ မိထွေးတော်ဂေါတမ သောတာပန်တည်ခြင်း၊ နောင်သောအခါ ဘိက္ခုနီသာသနာ ထူထောင်ခွင့် ကြုံခြင်း။ *ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီ ဇာတ်တော်ကြီး ဟောကြားခြင်း။ *ဇနပဒကလျာဏီ၏ ကြင်ယာတော် နန္ဒမင်းသား ရဟန်းဖြစ်ခြင်း။ *သားတော်ရာဟုလာ အမွေတောင်း၍ သာမဏေဘ၀သို့ ရောက်ရှိခြင်း။ *သာကီဝင်မင်းမျိုးမှမင်းသားတထောင် ရဟန်းဘောင်သို့ ရောက်ခြင်း။ *ကာဠုဒါယီမထေရ်အား ဆွေမျိုးတို့အား မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့ ကုလပ္ပသာဒ-ဧတဒဂ်ကိုချီးမြှင့်တော်မူခြင်း။ *အရှင်သာရိပုတ္တရာ လျှောက်ထား၍ ဗုဒ္ဓ၀င် ဒေသနာကို ဟောကြားတော်မူခြင်း-စသော အကျိုးဆက်များ ဖြစ်ပါသည်။
(ကာဠုဒါယီလျှောက်ထားသည့်နောက်ဆုံးဂါထာ) နာတိသီတံနာတိဥဏှံ၊ နာတိ ဒုဗ္ဘိက္ခ ဆာတကံ။ သဒ္ဒလာ ဟရိတာ ဘူမိ၊ ဧသ ကာလော မဟာမုနိ။ မုနိတို့၏ သခင်ဖြစ်တော်မူသောမြတ်စွာဘုရား-ဆောင်းနှောင်းနွေးဦး တပေါင်းလ ဤအခါထူးသည် အေးလည်း မအေးလွန်းလှပါဘုရား၊ ပူလည်း မပူလွန်းလှပါဘုရား၊ ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါသည်ဘုရား၊ မြေပြင်သည်လည်း နေဇာမြက်ညွန့် ပေါက်ရောက်ရှင်သန်၍ မြစိမ်းရောင်လွှမ်း စိုပြည်လန်းဆန်း နေပါသည်ဘုရား၊ ဆောင်းနှောင်းနွေဦး တပေါင်းလဤအခါထူးသည် မွေးရပ်ဌာနီ ကပိလ၀တ်နေပြည်တော်သို့ကြွချီရန်လျော်ကန်လျောက်ပ တ်ကောင်းမြတ်သော အချိန်ပါဘုရား။
(ရှင်အုန်းညိုရေးခဲ့သည့် ဂါထာခြောက်ဆယ်ပျို့မှ စာပိုဒ် ) လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊ သတ္တ၀ါလူ၊ ခမ်းသိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေးတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ မြတ်ရှင်ချစ်။
အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ တကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊ သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တသောင်းဗိုလ်တွင်၊ ကျွန့်ကို နောက်ဆင့်၊ ချီးပင့်ရရှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလဲပြောင်းသား၊ တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏။၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှါ၊ တောင်းပန်ထွာသည်။သွားခါကာလ တန်ပြီဘုရား။
တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့ သိကောင်းဖွယ်ရာများ ဤတွင်ပြီးဆုံး၏။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment